သမ္မတထရမ့်က ဖိလစ်ပိင်းနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ဖိလစ်ပိင်းနဲ့ အမေရိကန်တို့ကြား ခိုင်မာတဲ့ဆက်ဆံရေးရှိကြောင်း ပြသသွားပါတယ်။ ဖိလစ်ပိင်းနိုင်ငံက တရုပ်နဲ့ ရေနယ်နမိတ်ပြဿနာရှိနေတာ ကြာပြီဖြစ်ပြီး လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ လက်ထက်မှာ အမေရိကန်နဲ့ ဆက်ဆံရေးပိုကောင်းအောင်လုပ်သလို တရုပ်ကို အလျော့မပေးပဲ ရပ်တည်ချက်အခိုင်အမာနဲ့ ဆက်ဆံနေတာဖြစ်ပါတယ်။ အရင်သမ္မတဒူတာတေး (၂၀၁၆-၂၀၂၂) လက်ထက်မှာ အမေရိကန်နဲ့ အဆင်မပြေပေမယ့် တရုပ်နဲ့ အဆင်ပြေခဲ့ပါတယ်။ ၂၀၂၅မတ်လတုန်းက အသက် ၈၀ရှိ ဒူတာတေးကို မနီလာမှာ ICC ကဝရမ်းနဲ့ဖမ်းသွားပြီး ခုထိ နယ်သာလန်က ICC တရားရုံးမှာ ချုပ်နှောင်ခံနေရပါတယ်။
ဒီခရီးစဥ်မှာ အမေရိကန်နဲ့ ထိုင်း၊ အမေရိကန်နဲ့ ဖိလစ်ပိင်းတို့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ထိုင်းက အမေရိကန်ကုန်စည် ၉၉% အပေါ် ကုန်သွယ်ခွန်ကင်းလွတ်ပေးမှာဖြစ်ပြီး အမေရိကန်ကားတွေ၊ ဆေးပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အီသနောနဲ့ ကြက်ဘဲစတဲ့ ကုန်စည်တွေပေါ်မှာ ကုန်သွယ်ခွန်မဟုတ်တဲ့ အကန့်အသတ်တွေကိုပါ ပယ်ဖျက်ပေးသွားမယ်လို့ ဆိုပါတယ်။ အသေးစိတ် အချက်အလက်အများစုအပေါ် သဘောတူညီမှုရရှိပြီးဖြစ်တာကြောင့် လာမယ့်အပတ်အနည်းငယ် (သို့) လာမယ့်နှစ်အစောပိုင်းမှာ လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ သမ္မတထရမ့်က ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ လယ်ယာထွက်ကုန် ၂.၆ဘီလီယံဖိုး ထပ်မံဝယ်ယူဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။
သမ္မတထရမ့်ရဲ့ သိပ္ပံနဲ့နည်းပညာ အကြံပေးကောင်စီဥက္ကဋ္ဌ David Sacks က Nvidia ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတွေ ဇောင်းပေးနေတာနဲ့ ကွဲလွဲတဲ့ သူ့ရဲ့အမြင်ကို ၂ပိုင်းခွဲပြီး တင်ပြသွားပါတယ်။ မီဒီယာတွေက ဂျန်ဆန်ရဲ့ လိင်အရှုပ်တော်ပုံကိုပဲ အသားပေးနေကြပေမယ့် အဓိကအချက်ကို ဖော်ပြသူမရှိတဲ့အတွက် အခုလို ရှင်းပြခဲ့တာဖြစ်ပါတယ်။ သူပြောတဲ့ ပထမအပိုင်းက အဲလစ်ဟွမ်း အပိုင်းပါ။ အဲလစ်နောက်မှာ စီစီပီရှိရှိ/ မရှိရှိ မှောင်ခိုထုတ်တာမျိုးရှိခဲ့သလား ဆိုတာကို အရင် စစ်ဆေးသင့်ပြီး တွေ့ရှိတဲ့ အချက်အလက်တွေကိုပဲ ယူသင့်တယ်လို့ ဆိုပါတယ်။ ဒေးဗစ်ဆက်စ်က နောက်ဆုံးပေါ်/ ထိပ်တန်းအဆင့်မြင့်ချစ်ပြားတွေကို တရုပ်ကို မပို့စေလိုတဲ့ ရပ်တည်မှုမျိုး ကာလရှည်ကြာ ရှိခဲ့သူဖြစ်ပြီး မှောင်ခိုထုတ်တာကို လက်မခံသူဖြစ်ပါတယ်။
နောက်တပိုင်းက ထလရ တဦးတယောက်ကဖြစ်စေ လူတစုကဖြစ်စေ ထိပ်တမ်းလျို့ဝှက်မီမိုကို ဖောက်ချခဲ့ရင် အဲဒါက ရာဇဝတ်မှုဖြစ်ပါတယ်၊ ရှေ့တုန်းကလည်း အဲဒီလို ဖောက်ချခဲ့လို့ ထောင်နန်းစံရသူတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီလို ထောင်ကျနိုင်မယ်မှန်း သိပါလျက်နဲ့ NYT ကို အခုလို ဖောက်ချလိုက်တာက ဘယ်သူက ဘာကြောင့်လုပ်တာလဲ၊ ဘာကြောင့် ဂျန်ဆန်ကို ဒီလောက်တောင် ပြုတ်စေချင်ရတာလဲ ဆိုတာကို ဖော်ထုတ်ဖို့ အဲဒီပေါက်ကြားမှုကို စုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ ပြောသွားပါတယ်။
ဂျန်ဆန်ကို Nvidia မှာ ပြန်ခန့်ပေးဖို့ ဝန်ထမ်းတွေ၊ ဝန်ထမ်းဟောင်းတွေအပါအဝင် လူ တသိန်းခွဲခန့် လက်မှတ်ရေးထိုးတောင်းဆိုထားကြပါတယ်။ ဂျန်ဆန်ကိုယ်တိုင်ကလည်း ဘုတ်အဖွဲ့က ဖိတ်ကြားခဲ့ရင် ပြန်လာချင်ပါတယ်လို့ ဆိုထားပါတယ်။ သမ္မတထရမ့်က ဂျန်ဆန် Nvidia ကိုပြန်လာတာ သူ့အတွက် ပြဿနာမရှိဘူးဆိုပေမယ့် ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်ကတော့ အပြင်လူတဦးကသာ ဂျန်ဆန့်နေရာကို ဝင်သင့်တယ်လို့ ပြောထားပါတယ်။ ဘုတ်အဖွဲ့ကတော့ ဂျန်ဆန်ကို ပြန်လက်ခံချင်ပုံ မပြနေပါဘူး။ ဂျန်ဆန်ကတဆင့် တရုပ်ဖက်ကို ဘာသတင်း/ နည်းပညာ ပေါက်ကြားမှုရှိထားသလဲ ဆိုတာအပေါ် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး လွှတ်တော်မှာ ခေါ်စစ်မယ့်ကိစ္စကို ဂျန်ဆန်က သူ့ရှေ့နေနဲ့အတူ လာရောက်အစစ်ခံဖို့ သဘောတူညီထားပါတယ်။
ဒီမိုကရက်အမတ်တွေက တရုပ်စပိုင်လို့ ယူဆရသူနဲ့ ငြိခဲ့တဲ့ ဂျန်ဆန်ကို အကြီးအကျယ် စစ်မေးဖို့ မောင်းတင်နေသလောက် တရုပ်စပိုင်အစစ် ဖန်းဖန်းနဲ့ ငြိခဲ့တဲ့ ဒီမိုကရက်အမတ်ဟောင်း အဲရစ်ဆွဲဝဲလ်ကျတော့ လွှတ်တော် ထလရကော်မီတီမှာ ပါနေတာကို မသင့်တော်လို့ ရီပါဘလစ်ကန်တွေက ဖယ်ရှားစေချင်တာတောင် ပလိုးစီက ဆွဲဝဲလ်ရှေ့က မားမားရပ်ပြီး မထုတ်ရအောင် လုပ်ခဲ့တာပါ။ ကော်မီတီထဲကတောင် မပြုတ်တာ စစ်မေးလည်းမခံခဲ့ရသလို အလုပ်ပြုတ်ဖို့ အဝေးကြီးပါ။ ဖန်းဖန်းနဲ့ ရှုပ်တာကို Axios က ဖော်ခဲ့တာ ၂၀၂၀ကနေ နောက်ထပ် ရကပ ၃ကြိမ်ထပ်နိုင်လိုက်ပါသေးတယ်။
အစ္စရေးဝကခ နေတန်ယာဟူနဲ့ ကာ/ဝန်ဟောင်း Yoav Gallant တို့ကို ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ICC ရဲ့ chief prosecutor ဟောင်း Karim Khan ကို အောက်တိုဘာ ၇မှာ ဟာမာ့စ်တွေအသတ်ခံခဲ့ရတဲ့ မိသားစု ၃ခုရဲ့ ရှေ့နေက ဟာမာ့စ်အကြမ်းဖက်တွေကို အရေးယူဖို့နှောင့်နှေးမှု၊ သူတို့အမှုသည်တွေကို ပြန်ပေးဆွဲခဲ့တဲ့ အခြားအကြမ်းဖက်တွေကို အရေးယူဖို့ ပျက်ကွက်မှုတို့နဲ့ NIS (အစ္စရေးငွေကြေး) ၂၅သန်း ပေးလျော်ဖို့ ဂျေရုဆလင်တရားရုံးတခုကနေ တရားစွဲလိုက်ပါပြီ။ အစ္စရေးက ICC အဖွဲ့ဝင်မဟုတ်ပေမယ့် အဖွဲ့ဝင်နိုင်ငံမှာ တရားစွဲသွားဖို့ပါ စီစဥ်ထားတယ်လို့ ဆိုပါတယ်။
ဒီနေ့ထွက်တဲ့ ဘိုင်ဒန်ရဲ့အတ္ထုပ္ပတ္တိစာအုပ်မှာ ဇွန်လ ၂၀၂၄တုန်းက ထရမ့်နဲ့ ဒီဘိတ်လုပ်ဖို့ဟာကို မလုပ်ဖို့ ပလိုးစီက တိတ်တိတ်လေး ဖိအားပေးခဲ့တဲ့အကြောင်း၊ ပြီးတော့ ဒီဘိတ်မှာ တကြိမ်အခြေမလှတာနဲ့ နောက်တခါလုပ်ခွင့် မပေးတော့ပဲ အရွေးချယ်ခံအရာရှိတွေနဲ့ (ပါတီ)ကိုယ်စားလှယ်တွေကို သူ့ကိုစွန့်ပြီး ကမလာကိုရွေးဖို့ နောက်ကွယ်ကနေ တိတ်တဆိတ်လှုပ်ရှားခဲ့ကြောင်း၊ ပြီးတော့မှ သူ့(ဘိုင်ဒန့်) ဆုံးဖြတ်ချက်ပါလို့ ပြောခဲ့တဲ့အကြောင်း ရေးထားကြောင်း သိရပါတယ်။ အဲဒီအချက်တွေကို ဘိုင်ဒန်ရဲ့ အိမ်ဖြူဝန်ထမ်းတွေနဲ့ ဒီမိုကရက်ခေါင်းဆောင်တွေက အမြဲငြင်းနေခဲ့ကြတာပါ။ နိုးကင်းဆန္ဒပြချင်ရင် ပလိုးစီကို ပြရမှာပါ။
ယူကရိန်းသမ္မတနဲ့ ပတ်သက်ပြီးတော့လည်း ဘိုင်ဒန်က သူ့စာအုပ်မှာ ဇယ်လန်းစကီးဟာ ကင်မရာနောက်ကွယ်မှာ အလွန်ခေါင်းမာပြီး စိတ်ပြောင်းလဲလွယ်သူဖြစ်ကြောင်း၊ သူမျှော်လင့်သလောက်လည်း ကျေးဇူးမသိတတ်ကြောင်း၊ ဘိုင်ဒန်လို ယူကရိန်းကို ဘယ်လောက်အထိကူရကူရလို့ သဘောထားတဲ့ သူတောင် ဇယ်လန်းစကီရဲ့ တောင်းပြီးရင်းတောင်းနေတာတွေကို စိတ်ပျက်လာကြောင်း၊ သူ့ရဲ့ သရုပ်ဆောင်နောက်ခံဘဝကလည်း စစ်ဖြစ်ချိန်ခေါင်းဆောင်လုပ်ရာမှာ အများကြီးအသုံးဝင်ကြောင်း၊ (ဒါက ကင်မရာရှေ့တမျိုး ကင်မရာနောက်တမျိုး မျက်နှာနှစ်ဖက်ရှိတာကို ပြောချင်တာပါ)၊ ဇွန် ၂၀၂၂ မှာ ၁ဘီလီယံပေးဖို့ အတည်ပြုပြီးပြီးချင်း နောက်ထပ်ဘာလိုချင်တယ်ဆိုတာကို ချက်ချင်းစာရင်း တင်လာခဲ့ကြောင်းလည်း ရေးထားပါတယ်။ ဒါတွေကလည်း မီဒီယာဖော်ပြတာတွေနဲ့ ကွဲလွဲနေပြန်ပါတယ်။
နေတိုး sec gen Jens Stoltenberg က ဘိုင်ဒန်က ကွယ်ရာမှာ ဇယ်လန်းစကီးကို pain in the -ss လို့ ပြောခဲ့တယ်လို့ဆိုပါတယ်။ မီဒီညာတွေကတော့ ဒါတွေမဖော်ပြပဲ ဇယ်လန်းစကီးနဲ့ ဘိုင်ဒန်တို့ သိပ်ချစ်ပြကြတာပဲ ဖော်ပြကြပါတယ်။ ထရမ့်နဲ့ကျတော့ နဲနဲအခြေအတင်ဖြစ်တာနဲ့ များများပြူးပြဲ ဖော်ပြကြတာကို ယှဥ်ကြည့်စေချင်ပါတယ်။
ဘိုင်ဒန်လက်ထက်မှာ ယူကရိန်းကို ဘီလီယံ ၁၀၀ကျော် ပေးခဲ့တာပါ။ ဒီပိုက်ဆံတွေက အမေရိကန် အခွန်ထမ်းတွေဆီက လာတာဖြစ်တဲ့အပြင် အခုလိုပေးတဲ့အကျိုးဆက်ကြောင့် ငွေဖောင်းပွမှု ၉% အထိ ဖြစ်ခဲ့ပြီး စစ်လက်နက်တွေပါ အများကြီးပြုန်းတီးခဲ့တာပါ။ မကြာသေးမီက ကုန်ဈေးနှုန်း/ ကြပ်တည်းတယ်လို့ လှိမ့်အော်ခဲ့ကြသူများ မေ့နေမှာစိုးလို့ပါ။