နိုဝင်ဘာ ၁၃ရက် ၂၀၂၆

ဒီနေ့မှာ Federal Aviation Administration က တိုင်းပြည်အဝှမ်းက လေယာဥ်ပျံသန်းမှုတွေကို ၄နာရီကျော်ကြာ ရပ်တံ့ခဲ့ရပါတယ်။ အဲဒီလို ရပ်တံ့ခဲ့ရတာက လက်ရှိသိရသလောက် Air Route Traffic Control Centers တွေက ဆက်သွယ်ရေးပြတ်တောက်လို့ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ လေထဲရောက်နေပြီးသား လေယာဥ်တွေက သူတို့ဦးတည်ရာဆီ ဆက်လက်ပျံသန်းနိုင်မှာဖြစ်ပြီး ဆိုင်ရာလေဆိပ်တွေမှာ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ဖို့ အစီအမံတွေ ပြုလုပ်ထားပါတယ်။ အခုအချိန်မှာ ပြန်ဖွင့်ပြီဆိုပေမယ့် ထောင်နဲ့ချီတဲ့ ခရီးစဥ်တွေ နှောင့်နှေးခဲ့ရတာကြောင့် ဒီ weekend အထိ သက်ရောက်မှုက ရှိနေဦးမှာဖြစ်ပါတယ်။

ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းတခုက လက်ရှိလေကြောင်းထိန်းစနစ်တွေဟာ အနှစ် ၃၀-၅၀ ရှိနေပြီး အဓိကအစိတ်အပိုင်းတွေက အနှစ် ၅၀ခန့် ရှိနေပြီဖြစ်ပါတယ်။ ရှိတဲ့စနစ်ပေါင်း ၁၃၈ခုအနက် ၅၁ခုက unsustainable နောက်ထပ် ၅၄ခုက potentially unsustainable အဆင့်ပါ။ ဒီနေ့ဖြစ်သွားတဲ့ ဆက်သွယ်ရေးပြဿနာက နှစ် ၅၀နီးပါးရှိနေပြီဖြစ်တဲ့ switch တွေ router တွေက ကြေးနီချောင်းတွေ ပေါ်ကို အားထားလွန်းနေရလို့ ဖြစ်လာတာလို့ ဆိုပါတယ်။ Information display ကလည်း အနှစ် ၄၀ ဝန်းကျင်ရှိနေပြီး တချို့နေရာတွေမှာ floppy disk တွေ သုံးနေရဆဲ ဖြစ်ပါတယ်။ Core radar data processing and automation စနစ်တွေကဆို နှစ် ၆၀ဝန်းကျင် ရှိနေပါပြီ။ တိုတိုပြောရရင် အများစုက သုံးသင့်တဲ့သက်တမ်းကို လွန်နေပါပြီ။

အလားတူပဲ အမေရိကန်တလွှားက power grid တွေဟာလည်း အနှစ် ၁၀၀ကျော်နေတာတွေကို ဖာထား ထေးထားတာတွေပါ။ အဓိကဖြန့်ဖြူးတဲ့ကွန်ယက်တွေကတော့ အနှစ် ၄၀-၇၀ခန့် ရှိနေပါပြီ။ သုံးသင့်တဲ့သက်တမ်းထက် တော်တော်ကိုလွန်နေတာပါ။ အဲဒါတွေကရော ပျက်မှ ပြင်ကြ ဖာထေးသုံးကြမလား၊ ခုထဲက ဟက်ကာတွေဒဏ်ခံနိုင်မယ့် လုံခြုံတဲ့စနစ်ကောင်းကောင်းနဲ့ တဖြည်းဖြည်းချင်း ဆောက်သွားရင် မကောင်းဘူးလား။ ပျက်လို့ ပြင်ရပြီဟေ့ဆိုရင် ချက်ချင်း ပြန်ကောင်းဖို့ မဖြစ်နိုင်တဲ့အတွက် အဆင်မပြေတာတွေ အများကြီးဖြစ်လာမှာပါ။

ဒါတွေက ရောင်းကောင်းတဲ့ကိစ္စ လူစိတ်ဝင်စားတဲ့ ကိစ္စတွေမဟုတ်တော့ မဲဆွယ်ကတိတွေထဲမှာ မပါပါဘူး။ မပါပေမယ့်လည်း သမ္မတထရမ့်တို့လို တည်ဆောက်ရေးသမားတွေက လုပ်ခွင့်ရမယ်ဆိုရင် လုပ်ပေးမှာ သေချာပါတယ်။ အရင်အစိုးရအထက်ထက် ပစ်ထားခဲ့တဲ့ စစ်ဘက်ကဏ္ဍမှာ အများကြီး တိုးတက်လာတာကိုကြည့်ရင် သိမှာပါ။ ခုတော့ ရှေ့ ၄နှစ်က ဖျက်သွားတာတွေ ပြန်ပြင်ဖို့တောင် နှစ်ပါတီခြတွေ ကန့်လန့်တိုက်တာနဲ့ ထင်သလောက် မလုပ်နိုင်တာတောင် သမ္မတနဲ့ အုပ်ချုပ်ရေးအဖွဲ့ တခုတည်းအားနဲ့ ရှေ့နှစ်များစွာ စီးပွားရေးအခြေခိုင်အောင် လုပ်ထားနိုင်ခဲ့ပါပြီ။

ဒီမိုကရက်တွေက ကုန်ဈေးနှုန်း၊ အခမဲ့ကျန်းမာရေးဆိုပြီး ကြွေးကြော်ခဲ့ကြပေမယ့် လွှတ်တော်ထဲ မရောက်ခင်မှာတင် ပြည်သူဆိုတဲ့ ဦးတည်ချက်ပျောက်ပြီး သူတို့အကျွမ်းကျင်ဆုံးဖြစ်တဲ့ သမ္မတထရမ့်နဲ့ အစိုးရအဖွဲ့ကို ခြိမ်းခြောက် ပြဿနာရှာဖို့ စိုင်းပြင်းနေတာပဲ တွေ့ရပါတယ်။ ဒီလို ကန့်လန့်တိုက်နေလို့ တိုင်းပြည်အတွက် ဘာမှမလုပ်နိုင်ရင် ဘယ်သူနစ်နာမှာပါလဲ။​ အဲဒီလို ရန်လုပ်နေမယ့်အစား တိုင်းပြည်အတွက် ပိုလုံခြုံအောင်၊ အလုပ်အကိုင်တိုးအောင်၊ ကုန်ထုတ်လုပ်မှုတိုးအောင် လုပ်ဖို့များ မကြိုးစားကြည့်ချင်ကြဘူးလား။

မမပြည်မှာ ဒေါ်စုလက်ထက်တုန်းက လမ်းတွေကောင်း၊ မီးပျက်နည်း၊ ဆေးရုံတွေမှာ ဆေးရှိ၊ ဆက်ဆံရေးကောင်း၊ ကျောင်းတွေမှာ ကလေးတွေပျော်ရွှင်တက်ကြွနေကြတာ၊ ဘတ်ဂျက်ပိုရလို့ မဟုတ်ပါဘူး။ တကယ်စေတနာနဲ့ အလုပ်လုပ်ခဲ့လို့ပါ။ တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်။ အကုန်အခမဲ့ပဲ​ လိုချင်နေရင်တော့ အဖြစ်မရှိတဲ့ လူလိမ်သူခိုးအစိုးရပဲ ရမှာပါ။

ကလေးတွေကျန်းမာရေးနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ဝန်ထမ်းချုပ် စတီဖန်မေလာက

  • ကမ္ဘာပေါ်မှာ လူ/မျောက်/မျောက်ဝံ စတဲ့ ကိုင်ဆုပ်နိုင်တဲ့ လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊ ရှေ့တူရူကိုကြည့်နိုင်တဲ့မျက်လုံး၊ ကိုယ်အလေးချိန်နဲ့စာရင် ကြီးမားတဲ့ ဦးနှောက်ရှိကြတဲ့ နို့တိုက်သတ္တဝါ primate တွေထဲမှာ ဘာကြောင့် လူကလေးငယ်တွေမှာပဲ ကင်ဆာဖြစ်တဲ့နှုန်းက မြင့်မားနေရသလဲ၊
  • အဲဒီလူကလေးငယ်တွေမှာတောင်မှ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ယှဥ်ရင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက ကလေးငယ်တွေမှာ အများကြီးပိုပြီး အဖြစ်များနေတာက ဘာကြောင့်လဲ၊
  • ဖွံ့ဖြိုးဆဲနိုင်ငံတွေကလူတွေ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ပြောင်းလာကြပြီးနောက်မှာ မျိုးဆက်တခုအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာမွေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပြောင်းလာတဲ့ မိဘတွေရဲ့ ကလေးတွေမှာလည်း ကင်ဆာဖြစ်နှုန်း လိုက်တက်လာတာ ဘာကြောင့်လဲ
  • အဲဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင် ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ၊ သောက်ရေ/သုံးရေတွေမှာ၊ စားသောက်ကုန်တွေမှာ၊ ကျန်းမာရေးကုထုံးတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာကို အရင်ကြည့်မှ ရပါမယ်။

စိုက်ခင်းတွေမှာ ဂလိုင်ဖိုဆိတ်စတဲ့ ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေကို ဖြန်းတာ၊ ရိတ်သိမ်းပြီးချိန်မှာလည်း ကောက်နှံတွေ အခြောက်မြန်အောင် ပိုးမတက်အောင် ဆေးဖြန်းတာ၊ သောက်သုံးရေတွေမှာ ဖလူအိုရွိုက်၊ ကလိုရင်း။ စက်မှုသုံးဖော့စဖိတ်ခတ်တာ၊ ကလေးအများစုက အလွန်အကျွံပြုပြင်ထားတဲ့ အစားအစာတွေစားတာ၊ ကျန်းမာရေးဘက်မှာ မွေးကင်းစလေးတွေကို ကကဆပေါင်းများစွာနဲ့ တနှစ်မပြည့်ခင် ၁၅-၂၀လောက်၊ ၅နှစ်မပြည့်ခင် ၃၅-၄၀လောက်အထိ ထိုးနေရတာတွေက ဝမ်းနည်းစရာအဖြစ်ဆိုးတွေဆီကို ဦးတည်သွားနိုင်ပါတယ်။

ထုံးစံအတိုင်းပါပဲ အားလုံးဖြစ်သလားဆိုတော့ မဖြစ်ပါဘူး။ အများစုလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်မှာ အသက် ၂၀ မတိုင်ခင် ကင်ဆာဖြစ်နိုင်ခြေက ၂၈၅ဦးမှာ ၁ဦးဆိုတာက ဖြစ်သင့်တာထက် အင်မတန့် အင်မတန် များနေပါတယ်။ လူကီးမီးယားက ၂၈-၃၀% နဲ့ အဖြစ်အများဆုံးပါ။ လော်ဘီတွေလိုလားတဲ့ ကိစ္စတွေမှာ ၁ယောက်ဆိုတာတောင် များလွန်းတယ်လို့ ပြောလေ့ရှိကြပေမယ့် ခုလို တနှစ်ကို ကလေး ၁၆,၀၀၀ လောက် ဖြစ်နေတာက အရေးတကြီးကိုင်တွယ်ဖို့ လိုသလားဆိုတာ မေးနေစရာကိစ္စ မဟုတ်ပါဘူး။

ကလေးကင်ဆာမှာ အသက်ရှင်နှုန်းက ၈၅-၈၈% ရှိတယ်ဆိုပေမယ့် အစကတည်းက မဖြစ်အောင် အဖြစ်အများကြီးပိုနည်းအောင်လုပ်လို့ ရနိုင်နေတာကို ဘယ်လိုအသည်းနှလုံးတွေနဲ့များ မလုပ်ခဲ့ကြတာပါလိမ့်။​ ကင်ဆာဖြစ်ပြီးတော့မှ ကုသဖို့ဖို့ ကြိုးစားတာ၊ သုတေသနလုပ်တာက တပိုင်း၊ မဖြစ်အောင် ကာကွယ်ရမှာက တပိုင်းပါ။ ခုတော့ စတီဖန်မေလာက လော်ဘီတွေ အိမ်ဖြူကိုလာဖို့ တင်းကြပ်လိုက်ပါပြီ​။

ခက်တာက ပြည်သူအတွက် ဘာဆိုဘာမှမလုပ်တဲ့လူတွေက အတိုက်ခိုက် အဝေဖန် မခံရပေမယ့် အခုလို ပြည်သူ့အကျိုးအတွက် လော်ဘီတွေနဲ့ ဆန့်ကျင်တဲ့သူတွေက ခြအုံကြီးရဲ့ခြိမ်းခြောက်မှုတွေကို အများဆုံးခံကြရပါတယ်။ ထရမ့်အစိုးရအဖွဲ့ထဲက မာကိုရူဘီယို၊ စကော့ဘက်ဆန့်၊ ပိဟက်ဆက်သ်၊ တော့ဒ်ဘလန့်ချ်တို့နဲ့အတူ စတီဖန်မေလာလည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက် စစ်စခန်းထဲမှာ သွားနေနေရပါပြီ။

စကော့ဘက်ဆန့်ကိုဆိုရင် Wall Street Journal က သူ့အိမ်တည်နေရာကို ဓါတ်ပုံနဲ့အတူ ဖွင့်ချလိုက်တာကို ခံခဲ့ရတာပါ။ မတော်တဆမဟုတ်ပါဘူး။ အယ်ဒီတာကို တည်နေရာမပြပါနဲ့လို့ မေတ္တာရပ်ခံခဲ့တဲ့ကြားက တမင်ကို ထည့်လိုက်တာပါ။ စကော့ဘက်ဆန့်လုပ်နေတဲ့ Operation Economic Outcast က အီရန်နဲ့ နောက်ကွယ်ကပံ့ပိုးပေးနေသူတွေကို ထိခိုက်စေတာဖြစ်လို့ ဘက်ဆန့်ကို နာစေချင်တဲ့သူက အမေရိကန်ရဲ့ ရန်သူဖြစ်တဲ့ အီရန်ကို ထောက်ခံသူပဲ ဖြစ်မှာပါ။ တိုင်းပြည်ကောင်းဖို့လုပ်နေတဲ့ ကိုယ့်တပြည်ထဲသားချင်းက ရန်သူ၊ အမေရီက ကျဆုံးပါစေလို့ ကြွေးကြော်နေတဲ့ရန်သူကမှ မဟာမိတ်ဆိုရင်တော့ အဲဒီလူတွေက ပြည်သူရဲ့ ရန်သူတွေပါပဲ။

Leave a Reply