သမ္မတထရမ့်အစိုးရက USAID ဝက်ဘ်ဆိုက်ကို နိုဝင်ဘာ ၂၄-၂၅မှာ အသစ်ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အဟောင်းနဲ့မတူတာက အသစ်ဆိုက်မှာ USAID Files ဆိုပြီး ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုတို့အတွက် အရင် USAID က လုပ်ခဲ့တာတွေကို ၁.၁GB ရှိတဲ့ ဖိုင်နဲ့ ဗီဒီယိုပေါင်း ၂၄၈ဖိုင်နဲ့ ဖွင့်ချပြထားတာ ဖြစ်ပါတယ်။ အဲဒါတွေကို တွေ့ရှိခဲ့သူက DoGE က Big Balls လို့ သူ့ကိုယ်သူ အမည်ပေးထားသူ Edward Coristine ဖြစ်ပါတယ်။ ၂၀၂၄ရကပမှာ ထရမ့်နိုင်သွားတာနဲ့ ဘိုင်ဒန့်လူတွေက အဲဒီဖိုင်တွေကို ဖျက်ပစ်ခဲ့ကြပြီး ဘောကြီးက အာခိုက်ဖ်ကနေ ပြန်ရှာထားတာပါ။
US Agency for International Development က ပြည်သူ့ဘဏ္ဍာ အလွဲသုံးတာတွေကို အများ သိထားပြီးသားဖြစ်လို့ ခုတခါ လူစိတ်ဝင်စားနေကြတာက ဆန့်ကျင်ဘက် အသံတွေကို ဘောင်ထဲကနေ ဘယ်လို ဆင်ဆာလုပ်ခဲ့သလဲဆိုတာပါ။ ၂၀၂၃-၂၄မှာ အေဂျင်စီရဲ့ Bureau for Democracy, Human Rights, and Governance ကလူတွေနဲ့ပေါင်းပြီး ဂျန်နရယ်ကောင်ဆယ်လ်ရုံးက ထုတ်တဲ့စာထဲမှာ ဒစ်အင်ဖော်မေးရှင်းဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးရန် အချက်များကို ဖော်ပြထားပါတယ်။
ဖဘနဲ့ ပတ်သက်လို့လည်း Partnership Language for USAID – Facebook ဆိုတဲ့စာမှာ USAID ရဲ့ ပါတနာတွေကို ဖဘရဲ့ CrowdTangle ပလက်ဖောင်မှာ ဝင်ခွင့်ပေးဖို့၊ အဲဒီပလက်ဖောင်မှာ လုပ်နိုင်တာတွေကို အေဂျင်စီရဲ့ ပါတနာတွေကို သင်ပေးဖို့၊ ကဗ၁၉၊ ကလိုင်းမိတ်ချိန့်စတဲ့ကိစ္စတွေကို reach အများဆုံးဖြစ်အောင်လုပ်ပေးဖို့၊ (သူတို့ဝင်စွက်ရမယ့်) နိုင်ငံစာရင်းကို နှစ်စဥ် update လုပ်ဖို့၊ ဖဘရဲ့ Election team နဲ့ပေါင်းပြီး မဲပေးသူတွေကို “ပညာပေးဖို့”၊ ရကပစောင့်ကြည့်ဖို့၊ ရကပပြီးရင် မတည်မငြိမ်လုပ်သူတွေကို ဖော်ထုတ်နှိပ်ကွပ်ဖို့ စတာတွေ ပါဝင်ပါတယ်။
USAID ရဲ့ ပါတနာဆိုတဲ့ထဲမှာ International Fact-Checking Network ဆိုတာက third ပါတီ ဖက်ချက်ကာအနေနဲ့ ပါနေပြီး သူတို့အာဘော်နဲ့မကိုက်ရင် မစ်/ဒစ်အင်ဖော်မေးရှင်း၊ ဟိတ်စပိချ် စသဖြင့် တံဆိပ်ကပ်ပြီး ဆင်ဆာလုပ် နှိပ်ကွပ်ကြတာပါ။ ယခင် USAID အုပ်ချုပ်ရေးမှူး ဆမန်သာပါဝါစ်က ဖဘ၊ ယူကျု၊ ဂူဂယ်၊ မိုက်ခရိုဆော့ဖ် စတဲ့ ဘစ်တက်ခ်က executive တွေနဲ့ တွေ့ဆုံပြီး USAID နဲ့ ပါတနာတွေကို ထိခိုက်မယ့် ပို့စ်တွေကို ရီဗျူးလုပ်/ ဖယ်ရှားဖို့ ညွှန်ကြားခဲ့ပါတယ်။
ဘိုင်ဒန်လက်ထက် ကဗကာလမှာ ဈေးချိုပေါများတဲ့ သန်ချဆေး အိုင်ဗာမက်တင်နဲ့ ငှက်ဖျားဆေး အသုံးပြုတာ ထိရောက်တဲ့အကြောင်း၊ ကဗကကဆထိုးရာက ဖြစ်လာတဲ့ ထိခိုက် သေဆုံးမှုတွေ အကြောင်း၊ ကဗနဲ့ပတ်သက်တဲ့ သေဆုံးမှုတွေ မများသင့်ပဲ များနေတဲ့အကြောင်း စသဖြင့် မှန်ကန်ပေမယ့် ဒီမိုကရက်အစိုးရရဲ့ အာဘော်နဲ့ ဆန့်ကျင်နေတာတွေကို ဆင်ဆာလုပ်ဖို့ ဖဘကို ဖိအားပေးခဲ့လို့ လုပ်ပေးခဲ့ရတဲ့အကြောင်း မာ့ခ်ဇတ်ကဘတ်ကိုယ်တိုင် ဝန်ခံထားခဲ့ပါတယ်။
၂၀၂၁ ဖေဖေါ်ဝါရီမှာ ချမှတ်ခဲ့တဲ့ ၉၂မျက်နှာရှိတဲ့ USAID Disinformation Premier ဆိုတဲ့ လမ်းညွှန်ကို University of Chicago က National Opinion Research Center နဲ့အတူ ပူးပေါင်းရေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အခြေခံသဘောတရား၊ ခြိမ်းခြောက်မှုနဲ့ သတင်းအချက်အလက် ချို့ယွင်းမှုတွေကို ဘယ်လိုချဥ်းကပ်သင့်သလဲဆိုတာကို ရေးထားတာဖြစ်ပါတယ်။
သူတို့က Global Disinformation Index ဆိုတာကိုလည်း ထားရှိပြီး နိုင်ငံတချို့ရဲ့ မီဒီယာဈေးကွက် သုံးသပ်ချက်၊ ကြော်ငြာရှင်တွေနဲ့ဆက်ဆံရေး၊ “စိုးရိမ်ရတဲ့”သတင်းဌာနတွေ ပို့စ်တွေကို reach ချဖို့၊ မီဒီယာ/ ဆိုရှယ်မီဒီယာပလက်ဖောင်ပေါ်က ကန်ချဖို့၊ စတာတွေ စီစဥ်ထားတာပါ။ အဲဒါကိုတော့ University of Texas (Austin) Global Disinformation Lab က နည်းလမ်းရှာပေးထားတာပါ။ အဲဒီထဲမှာ ရို/ဘင်တွေအပေါ် အကြမ်းဖက်မှုဖြစ်လာအောင် မီးပင့်ပေးတဲ့ content လိုဟာမျိုးကို အန္တရာယ်ရှိတယ်လို့သတ်မှတ်ဖို့ ကွန်ဂရက်စ်က အတည်ပြုထားတယ်လို့ ပါပါတယ်။
USAID မွေးထားတဲ့ထဲမှာ ဂျာနယ်လစ်ဆိုသူ ၆ထောင်နဲ့ သတင်းဌာနပေါင်း ၇၀၀ခန့် ပါဝင်နေပါတယ်။ ဒါကြောင့်လည်း သတင်းဌာနနာမည်သာကွဲပြီး သတင်းတွေက တလေသံတည်း ဖြစ်နေကြတာပါ။ ခုဒီသတင်းထွက်တာ ၃-၄ရက်ရှိပြီဆိုပေမယ့် MSM မီဒီညာကြီးတွေ ရေငုံနေကြသလို မမသတင်းဌာနတွေမှာ တင်တာလည်း မတွေ့မိပါဘူး။) ဟောလီဝုဒ်ကလည်းတွေ ဗြဲနေကြတာလည်း အဲဒီလိုရလမ်းဖြောင့်နေလို့ပါပဲ။ USAID က ဆယ်လီတွေကို ယူကရိန်းကိုသွားကြဖို့ သန်းချီပေးပြီး ပရိုမုတ်လုပ်ကြပါတယ်။ UN သံတမန်ဆိုတဲ့ အန်ဂျလီနာဂျိုလီဆိုရင် သန်း ၂၀ရခဲ့တယ်လို့ ဆိုပါတယ်။ ကျန်ဆယ်လီတွေလည်း ရကြမှာပါ။
၂၀၂၀-၂၀၂၄အတွင်း USAID က နိုင်ငံခြားအစိုးရတွေကို ၃၃.၁ဘီလီယံ (၂၆.၈က ယူကရိန်းအစိုးရ)၊ ဌာနရဲ့ လည်ပတ်ကုန်ကျစားရိတ်ကတင် ၁၆.၄ဘီလီယံ၊ “democracy”, governance and “peace” ပရိုဂရမ်က ၈.၈ဘီလီယံ၊ ဒစ်အင်ဖော်မေးရှင်းနဲ့ မီဒီယာဆင်ဆာလုပ်တာက သန်း၅၆၀၊ ဂျန်ဒါနဲ့ ဒီအီးအိုင်အတွက် ၃၀၂သန်း စသဖြင့်သုံးထားတာ စုစုပေါင်း ၁၆၆ဘီလီယံကုန်ကျခဲ့ပြီး အမေရိကန်နဲ့ ကမ္ဘာ့ပြည်သူတွေအတွက် အနှုတ်လက္ခဏာပဲ ယူလာပေးတာဖြစ်ပါတယ်။
USAID က ရောင်စုံတော်လှန်ရေးတွေလုပ်ပြီး ကမ္ဘာမှာ သူတို့ကြိုးဆွဲလို့ရမယ့် အစိုးရတွေ တက်လာအောင် လှော်ရတဲ့ ရည်ရွယ်ချက်က ကမ္ဘာ့ရွာရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာကြီးကို တခုတည်းသောအစိုးရနဲ့ ထိန်းချုပ်ဖို့ပါပဲ။ UN, WHO စတဲ့ နိုင်ငံတကာအဖွဲ့ကြီးတွေကို လုပ်ပိုင်ခွင့်တွေ တိုးတိုးပေးနေတာလည်း အဲဒီလမ်းကြောင်းကိုသွားဖို့ ပြင်နေတာပဲ ဖြစ်ပါတယ်။ တကယ်တော့ USAID က စီအိုင်အေလိုပါပဲ၊ စီအိုင်အေတရားဝင်လုပ်လို့ မရနိုင်တာတွေကို USAID ကနေ လုပ်ကြတာပါလို့ ဖော်ပြကြပါတယ်။
ယူကရိန်းမှာ ရုရှားနဲ့ အလွမ်းသင့်တဲ့သမ္မတကို ဖြုတ်ချခဲ့တာလည်း သူတို့လက်ချက်ဖြစ်သလို အီရန်အစ္စလာမ္စစ်တော်လှန်ရေးကလည်း သူတို့လက်ရာပါ။ ဥရောပက သူတို့မဟာမိတ်တွေလည်း ပါတာပေါ့။ ဒီလိုကိစ္စတွေက နေ့ချင်းညချင်း ဖြစ်တာမဟုတ်ပါဘူး။ ရှားဘုရင်ခြစားကြောင်း၊ မကောင်းကြောင်း အပုတ်ချသတင်းတွေနဲ့ မှိုင်းတိုက်၊ ဘာသာရေးအစွန်းရောက်တွေ ဖွဲ့စည်း၊ ကောလိပ် ကျောင်းသားတွေကို လူချမ်းသာတွေကို မုန်းတဲ့ လက်ဝဲမှိုင်းသွင်း၊ အဲဒီလက်ဝဲမှိုင်းမိနေသူတွေနဲ့ ဘာသာရေးမှိုင်းမိနေတဲ့ ဆန့်ကျင်ဖက်အဖွဲ့တွေကို ရှားဘုရင်ကိုဖြုတ်ချဖို့ဆိုတဲ့ ဘုံရည်ရွယ်ချက်နဲ့ စုစည်းစေပြီးမှ ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ အယာတိုလာလည်းတက်လာရော သူ့ကို ပခုံထမ်းတင် ပေးခဲ့တဲ့ လက်ဝဲသမားတွေကို ကိုယ့်နိုင်ငံကိုယ်မှ သစ္စာမရှိတဲ့လူတွေကို ငါက ဘယ်လိုယုံရမလဲ ဆိုပြီး အရင်ရှင်းပစ်ခဲ့တာပါ။ ရှားဘုရင်လက်ထက်မှာ နိုင်ငံက အဖွံ့ဖြိုး အတိုးတက် အငြိမ်းချမ်းဆုံးဖြစ်ခဲ့တဲ့ အမှန်တရားကို အမုန်းမှိုင်းနဲ့ ဖုံးထားကြတာပါ။ အခုအမေရိကန်မှာလည်း တပုံစံတည်း ဖြစ်လာနေပါပြီ။
အခုလို ဖိုင်တွေဖွင့်ချပြလိုက်တဲ့အပေါ် ဒီမိုကရက်တွေက အကြီးအကျယ်ဒေါပွနေကြပြီး မာကိုကို ပြန်ဖြုတ်ပေးခိုင်းဖို့ ကြိုးစားနေကြပါတယ်။ မာကိုက USAID ဟာ State Dept နဲ့စင်ပြိုင်လို ဖြစ်နေပြီး အိမ်ရှင်နိုင်ငံမှာ လုပ်ကိုင်ရမဲ့ကိစ္စတွေမှာ အစိုးရနဲ့ သံရုံးရဲ့မူတွေ အာဘော်တွေနဲ့ USAID လုပ်နေတာတွေက ကန့်လန့်တွေဖြစ်နေကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ တက်လာတတ်တဲ့ ကွန်ပလိန့်တွေထဲက တခုက USAID ဟာ နိုင်ငံတခုကို သူတို့ရွေးချယ်ထားတဲ့ အန်ဂျီအိုတွေ အများကြီး ခေါ်လာပြီး အဲဒီအန်ဂျီအိုတွေက အစိုးရရဲ့ ညွှန်ကြားချက်မပါပဲ သူတို့အာဂျန်ဒါနဲ့သူတို့ လုပ်ချင်တာ လုပ်သွားကြကြောင်း၊ တချို့ကိစ္စတွေမှာ အစားအစာ ဆေးဝါးဝေရုံဝင်မကတော့ပဲ နိုင်ငံရေးအရပါ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားခဲ့ကြကြောင်း၊ ဒါတွေက အမေရိကန်အကျိုးစီးပွားကို ထိခိုက်စေသလို အမေရိကန်အပေါ် ယုံကြည်ကိုးစားထိုက်မှုကိုပါ ပျက်စီးစေကြောင်း ပြောသွားပါတယ်။
USAID ကြောင့် ဘယ်နိုင်ငံမှ ကြီးပွားမသွားသလို ၎င်းကို အကြီးအကျယ်လျော့ချပစ်လိုက်လို့လည်း ဘယ်သူမှ သေမသွားတာ အမှန်တရားပါ။ နိုင်ငံတွေကို လိုအပ်တဲ့အကူအညီတွေလည်း ဆက်ပို့နေဆဲပါ။ ဒါပေမယ့် အရင်လို ယိုပေါက်တွေ၊ အာဂျင်ဒါဆိုးတွေနဲ့ ပြည့်နှက်နေတဲ့ အန်ဂျီအိုလမ်းကြောင်းတွေကနေ မသွားတော့တာပဲ ကွာတာပါ။ ကောင်းတာတခုကတော့ ပြည်သူ့ဘဏ္ဍာ သက်သာသလို USAID ရဲ့ စနက်ကြောင့် ဖြစ်ရတဲ့ အာဏာသိမ်းလှုပ်ရှားမှုတွေ၊ ကလိုင်းမိတ်၊ လိင်တူအိပ်၊ ဒီအီးအိုင် စတဲ့ ဂလိုဘယ်လစ်အာဂျင်ဒါတွေကို ရှေ့တန်းမတင်နိုင်တော့တာပါပဲ။
အခု USAID မရှိသလောက် ဖြစ်သွားပြီမို့ မီဒီညာကို ကလဖန်ထိုး မှိုင်းတိုက် ဆင်ဆာလုပ်တာတွေ မရှိတော့ဘူးလို့ အထင်မစောပါနဲ့ဦး။ အရင် ၄နှစ်လုံး ဖိနှိပ်ခံတားရတာကနေ ထရမ့်တက်လာပြီးနောက် ဖဘမှာ လွတ်လပ်တဲ့အရသာကို သိသိသာသာ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ အရင်လောက် ပေါ်ပေါ်ထင်ထင် ဆင်ဆာလုပ်တာ မတွေ့ပေမယ့် လွတ်လပ်မှုဒီဂရီ လျော့နည်းသွားပြီလို့ ခံစားရပါတယ်။
အဲဒါနဲ့ဆက်စပ်နေတဲ့သတင်းက SI ရဲ့အရေးပါမှုကို သိမြင်တဲ့ အိုဘမက စက်တင်ဘာ အောက်တိုဘာ ထဲမှာ ဒီမိုကရက်ပါတီရဲ့ နောက်မျိုးဆက် ခေါင်းဆောင်ပိုင်းတွေကို အစိုးရအနေနဲ့ ကုဒ်ရေးနိုင်တဲ့၊ သန်းရာချီအတွက် အဖြေထုတ်ပေးနိုင်တဲ့၊ လူတွေအများကြီးကို သူတို့ကိုယ်သူတို့ သံသယရှိလာအောင် လုပ်ပေးနိုင်တဲ့၊ prompt-engineering generative SI နဲ့ “အဖြစ်မှန်”ဆိုတာတွေကို ဖန်တီးပေးနိုင်တဲ့ စနစ်တွေ အားလုံးကို ကိုင်ထားသင့်ကြောင်း လေ့ကျင့်ပေးနေတယ်ဆိုတာပါ။ အဲဒီအတွက် ၂၀၂၈အတွက် အလားအလာရှိတဲ့သူတွေနဲ့ တက်ခ်စီအီးအိုတွေ အကယ်ဒမီးယားတွေနဲ့ တွေ့ပြီး ဗျူဟာဆက်ရှင်တွေ လုပ်နေတာ ဖြစ်ပါတယ်။ အဲဒါတွေဖြစ်လာဖို့ ဝိုင်းလှော်ပေးကြမယ့် useful idiots တွေကလည်း နည်းမှာမဟုတ်ပါဘူး။
တိုင်းပြည်စီးပွားရေး တိုးတက်အောင်၊ လူတွေ ချောင်လည်အောင်၊ အလုပ်အကိုင်ပေါအောင်၊ လုံခြုံအောင်၊ ဘယ်ကဏ္ဍတွေကို ဘယ်လိုလုပ်မယ်ဆိုတာမျိုး မရှိပဲ ပြည်သူကို ဘယ်လိုလှည့်ဖြားပြီး အာဏာယူရမလဲပဲ လုပ်နေတာက ပြည်သူ့ကောင်းကျိုးအတွက် ဖြစ်နိုင်ပါ့မလားဆိုတာ စဥ်းစားရင် သိနိုင်ပါတယ်။