ဇွန်လ ၁၁ရက် ၂၀၂၄

နယူးယောက်မှာ ထရမ့်ကို ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချခဲ့တဲ့ရုံးက ဂျချ်ဝှမ်မာချန်ဟာ ဂျူရီအဖွဲ့ဝင်တဦးရဲ့ မိသားစုဝင်တဦးက တင်ထားတဲ့ ဖဘပို့စ်အကြောင်း သိရှိလာခဲ့ကြောင်း၊ အဲဒီမှာ ဂျူရီအဖွဲ့ရဲ့  ဆုံးဖြတ်ချက်ဆိုတာကို မထုတ်ပြန်ခင် ၁ရက်အလိုကတဲက Unified Court Systemရဲ့ ဖဘပေ့ချ်မှာ ထရမ့်တယောက် ရာဇဝတ်သားအနေနဲ့ ပြစ်ဒဏ်ကျခံရတော့မယ်၊ သင်တို့အားလုံးရဲ့ အားထုတ်မှုတွေ အတွက် ကျေးဇူးပါလို့ ဂျူရီတဦးရဲ့ ကာစင်တဦးက ရေးထားကြောင်း ဖော်ပြထားပြီး နှစ်ဖက် ရှေ့နေများထံ အဲဒီအကြောင်း စာပို့ထားတယ်လို့ သိရပါတယ်။ အဲဒီအတိုင်းသာ တကယ်ဆိုရင် လက်ရှိဂျူရီဆုံးဖြတ်ချက်ဟာ တရားမဝင်ဖြစ်သွားနိုင်ပါတယ်။ ထရမ့်ကို သိပ်မုန်းနေလို့ ထရမ့်အပေါ် မတရားစီရင်ရတာကို အရသာတွေ့ပြီး ပါးစပ်မစေ့နိုင်ဖြစ်နေတဲ့ ဂျချ်က အဲဒီလို ပြောလာတာက သွေးရိုးသားရိုးလို့ ပြောဖို့တော့ ခက်ပါတယ်။ ဂျူရီဆုံးဖြတ်ချက်ထွက်ပြီး ရက်ပိုင်းအတွင်း ထရမ့်အတွက် အလှူငွေContinue reading “ဇွန်လ ၁၁ရက် ၂၀၂၄”

၃နှစ်အတွင်း ကမ္ဘာမှာအန္တရာယ်အကြီးဆုံးနိုင်ငံတခုအဖြစ်ကနေ အလုံခြုံဆုံးတိုင်းပြည်အဖြစ်ကို ပြောင်းလဲပေးခဲ့တဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံရဲ့ ပဲ့ကိုင်ရှင်သမ္မတ နာယိဘ်ဘူကလေနဲ့ တပ်ကာ အင်တာဗျူး

လက်တင်အမေရိကမှာ ထောင်တွေဟာ အစိုးရက ဦးစီးလည်ပတ်တာမဟုတ်ပဲ ဂိုဏ်းတွေက ထိန်းချုပ်ထားတာပါ။ အစိုးရက အစားအသောက်၊ ဆေးဝါးစတဲ့ ထောင်/ထောင်သားတွေအတွက် လိုအပ်တာတွေကိုပဲ ပို့ပေးရပြီး ဝင်ချင်ရင်တောင် ဂိုဏ်းခွင့်ပြုချက်နဲ့မှ ဝင်ရတဲ့အခြေအနေပါ။ သမ္မတ နာယိဘ်ဘူကလေးရဲ့ အုပ်ချုပ်မှုအောက်မှာ အယ်လ်ဆာဗေးဒိုးအကျဥ်းထောင်စနစ်ဟာ အစိုးရလက်အောက်ကို ပြန်လည်ရောက်ရှိလာပြီး နာမည်ကြီး အမ်အက်စ်၁၃ ဂိုဏ်းကို ရှင်းပစ်နိုင်ခဲ့တာကြောင့် ၃နှစ်အတွင်း အနောက်ကမ္ဘာမှာ တရားဥပဒေ အစိုးမိုးဆုံးဖြစ်လာတဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ လူဆိုးဂိုဏ်းတွေကို လက်မြှောက်အရှုံးပေးနေရတဲ့ အခြားနိုင်ငံတွေ အားကျစရာ၊ လာရောက်နည်းခံ အတုယူစရာ ဖြစ်လာနေပါပြီ။ ယှဥ်ကြည့်ရင် လက်ရှိအခြေအနေအရ အမေရိကန်မှာ လူတသိန်းကို ၆ယောက် အသတ်ခံနေရပြီး အယ်လ်ဆာဗေးဒိုးမှာက ၂ယောက်နှုန်းပါ။ အဲဒီလို လူဆိုးဂိုဏ်းတွေကို နှိမ်နှင်းတဲ့နေရာမှာ လူဆိုးတွေက ပြည်သူထဲက ဘယ်သူ့ကိုမဆို ရက်စက်ပြ သတ်ပြပြီး ကြောက်အောင် ခြိမ်းခြောက်နိုင်ပေမယ့်Continue reading “၃နှစ်အတွင်း ကမ္ဘာမှာအန္တရာယ်အကြီးဆုံးနိုင်ငံတခုအဖြစ်ကနေ အလုံခြုံဆုံးတိုင်းပြည်အဖြစ်ကို ပြောင်းလဲပေးခဲ့တဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံရဲ့ ပဲ့ကိုင်ရှင်သမ္မတ နာယိဘ်ဘူကလေနဲ့ တပ်ကာ အင်တာဗျူး”

Attention Organ Donors

အမေရိကန်ပြည်ထောင်စုမှာ ယာဥ်မောင်းလိုင်စင်လုပ်ဖို့ ဖောင်ဖြည့်တဲ့အခါ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ကလီစာတွေ လှူမလားလို့ မေးပါတယ်။ အများစုက သေပြီးမှတော့ ကျန်တဲ့သူ အကျိုးရှိတာ လှူမှာပေါ့ဆိုပြီး လှူဖို့ ရွေးတတ်ကြပါတယ်၊ ဒီဆောင်းပါးထဲမှာတော့ လူတယောက်သေသွားရင် အောက်ဆီဂျင်ပြတ်သွားတာကြောင့် သေပြီးသားလူဆီက ကလီစာက အစားထိုးဘို့အတွက် သုံးလို့မရပါဘူးလို့ ဆိုပါတယ်။ သေပြီးသားသူဆီက မျက်ကြည်လွှာ၊ အရိုး၊ အရေပြား၊ အရွတ်/အကြော စတာတွေပဲ အစားထိုးဖို့ သုံးနိုင်ပါတယ်။ လူတွေအများစု လိုအပ်နေတာက ကျောက်ကပ်တို့ နှလုံးတို့ စတာတွေဖြစ်တော့ မသေသေးတဲ့သူဆီကပဲ ယူမှ ဖြစ်တာပါ။ လူကောင်းကြီးက ကလီစာထုတ်ရောင်း/ လှူတာမျိုးကလည်း သိပ်များမှာမဟုတ်တော့ ကလီစာအလှူရှင်တွေရဲ့ ၉၀%က ဘရိန်းဒက်လို့ သတ်မှတ်ခံရတဲ့သူတွေ ဖြစ်နေကြပါတယ်။ အရင်ကတော့ ဦးနှောက်သေသွားပြီဆိုရင် သူ့ဖာသာသူ အသက်မရှုနိုင်တဲ့အတွက် စက်နဲ့ရှုပေးရင် နှလုံးကစလို့ ကျန်အင်္ဂါတွေContinue reading “Attention Organ Donors”

မေလ ၃၀ရက် ၂၀၂၄

ကနေ့မှာ ထရမ့်ရဲ့ တညတာအပျော်မယ်ကို ရှေ့နေကတဆင့် ငွေပေးနှုတ်ပိတ်ခြင်းဖြင့် စီးပွားရေးအရ မလျော်မကန်ပြုကျင့်မှုဆိုတဲ့ အမှုနဲ့ ပတ်လည်အဆွယ်အပွား ၃၄မှုစလုံးမှာ အပြစ်ရှိကြောင်း ၂ရက်တောင်မကြာသေးတဲ့အချိန်အတွင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ပေးလိုက်ပါတယ်။ ပထမတော့ ဒီနေ့ ဂျူရီဆုံးဖြတ်ချက် မထွက်တော့ဘူးဆိုလို့ သတင်းထောက်တွေပါ ပြန်ဖို့ ပြင်နေကြပြီးမှ တရားသူကျီးက ဂျူရီဆုံးဖြတ်ချက်ရပြီလို့ ဖြစ်သွားတာပါ။ ဂျူရီက ဒီမိုကရက်အများစုလိုပဲ ထရမ့်မှာ အပြစ်ရှိတယ်၊ ဘာအပြစ်လဲဆိုရင်တော့ မပြောနိုင်ကြသူတွေ များမယ်လို့ မှန်းထားတဲ့ကြားကပဲ တရားသူကြီးက ထရမ့်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ပေးဖို့ ပိုသေချာအောင် “ကျောင်း”ပေးနေခဲ့တာပါ။  ခိုးဆိုးလုနှိုက်တွေကျတော့ ပြန်လွှတ်ပေးဖို့လွယ်အောင် ရာဇဝတ်မှုအထိ မရောက်တဲ့ misdemeanor အဆင့်နဲ့ အတင်းထိန်းထားသလို ရန်သူနိုင်ငံတွေဆီက လာဘ်ယူထားကြတဲ့ ဘိုင်ဒန်မိသားစုတို့ ကေလာရီတို့ကို ဖုံးကွယ်ပေးနေတဲ့ ဒီမိုကရက်တွေရဲ့ ခြတရားရေးစနစ်ဟာ ဘယ်သူတဦးတယောက် ကိုမှ မထိခိုက်တဲ့Continue reading “မေလ ၃၀ရက် ၂၀၂၄”

မေလ ၂၉ရက် ၂၀၂၄

သမ္မတထရမ့်ကို လွန်ခဲ့တဲ့ ၁၈နှစ်လောက်က အဖော်အချွတ်မယ်နဲ့ တညတာ ပျော်ပါးခဲ့တယ်လို့ အဖော်အချွတ်မယ်က စွပ်စွဲခဲ့တဲ့အမှုဟာ အရင်ကလည်း စွဲပြီး ပလပ်ပြီးသားအမှုပါ။ ယခုတဖန်ထပ်ပြီး အမှုလုပ်ရာမှာ ဒီမိုကရက်တွေ ထုတ်သုံးလာတဲ့ ထရမ့်ရှေ့နေဟောင်း မိုက်ကယ်ကိုဟန်ကိုယ်တိုင်က ထရမ့်အနေနဲ့ သူကတဆင့် နှုတ်ပိတ်ခပေးခဲ့ခြင်းမရှိကြောင်း အရင်တဲက ကျမ်းကျိန်ထွက်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကို အခုမှ တမျိုးပြောင်းပြောတာရယ်၊ သပ်သပ်စီသာ အပြစ်ချရရင် ၁၃၆နှစ် ထောင်ကျနိုင်တဲ့အထိ အမှုပေါင်းများစွာ ကလိန်စေ့ငြမ်းဆင်ပြီး လုပ်ကြံစွဲထားတာတွေရယ်၊ အမှုအကြောင်း လုံးဝ မဟရ၊ ထုတ်ပြောရင် ထောင်ထဲဝင်ဖို့ လုပ်တားတာတွေဟာ ထရမ့်ပြန်လာလို့ အာဏာလက်လွှတ်ရမှာကို ကြောက်နေကြတဲ့ ဒီမိုကရက်တွေနဲ့ ကမ္ဘာ့ရွာအီလိတွေရဲ့ ပျက်ရယ်ပြုစရာ တရားရေးစနစ်ကို မီးထိုးပြနေတာပါပဲ။ အာဏာနဲ့မှ လုပ်စားတတ်တဲ့ ခြတွေဖျက်ဆီးထားတဲ့ ကမ္ယာ့ထိပ်တန်း အမေရိကန်နိုင်ငံရဲ့ တရားရေးစနစ်ဟာ အာဏာနဲ့မှ လုပ်စားတတ်တဲ့Continue reading “မေလ ၂၉ရက် ၂၀၂၄”

2024 Retreat Notes

ဒီလထဲမှာ ရွှေမင်းဝံဆရာတော်ရဲ့ ၇ရက်တရားစခန်းကို ၅ကြိမ်မြောက် ဝင်ဖြစ်ခဲ့ပါတယ်။ တကြိမ်နဲ့ တကြိမ် သဘောပေါက်တာ တွေ့သိလာမှုလေးတွေဟာ မတူကြပေမယ့် သိမြင်မှုအားလုံးဟာ နက်နဲတဲ့ ပဟေဠိတခုရဲ့ အပိုင်းအစလေးတွေပဲဖြစ်လို့ ပိုကျယ်ပြန့်နက်နဲတဲ့ ဉာဏ်အလင်း ရရှိလာဖို့အတွက် တဒေါင့်တနေရာကနေ အကျိုးပြုလာမယ်လို့ ရှုမြင်မိပါတယ်။ ၇ရက်စခန်းလိုမျိုးဟာ နောင် အခြေအနေပေးလို့ ရေရှည်အားထုတ်ဖြစ်တဲ့အခါ (သို့) အိမ်မှာဆက်လက်ပြီး အားထုတ်ကြမယ့်သူတွေ အတွက် ရက်တိုသင်တန်းပဲ ဖြစ်ပါတယ်။ တခါနဲ့ပြီးတဲ့ ရက်တိုသင်တန်းမျိုးမဟုတ်ပဲ ရှုမှတ်မှု အခြေခံတွေကို စနစ်တကျ မသိရှိသေးသူများအတွက် နည်းနာယူစရာ၊ အရှိန်ဆက်/တက်အောင် လေ့ကျင့်ရာ၊ သံသယတွေ ပယ်ဖျောက်ရာအဖြစ် ပြန်ပြန်ဝင်သင့်တဲ့ သင်တန်းမျိုးပါ။ ဒီလောက် ရက်တိုလေးနဲ့ ဘာရမှာလဲဆိုရင် လုပ်သလောက်တော့ ရပါမယ်လို့ ပြောပါမယ်။ ပါရမီဆိုတာမျိုးက ဘာမှမလုပ်ပဲ အလိုလိုပြည့်လာတာမျိုးမှ မဟုတ်တာ။ အနည်းဆုံးတော့ ဝင်ချင်စိတ်ရှိတာကနေContinue reading “2024 Retreat Notes”

မေလ ၂ ရက် ၂၀၂၄

အမေရိကန်က ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ အမေရိကန်ကို အသေမုန်းတဲ့ ဟာမာ့ဇ်ကို ထောက်ခံ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျောင်းတွင်းမှာ အဆောင်တွေကိုစီး၊ tent တဲတွေ ထိုးပြီးတော့ကို အကြီးအကျယ် လုပ်နေကြလို့ ရဲတွေက ဖြိုခွင်းကြရပါတယ်။ ဘိုင်ဒန်တို့ စစ်ကြိုက်ပုံနဲ့ စစ်ကတော်တော်နဲ့ ပြီးဦးမယ့်ပုံ မရှိတာကြောင့် ဆန္ဒပြပွဲတွေဟာ ပိုကျယ်ပြန့်လာနိုင်သလို ရကပွဲတွေပြီးတဲ့အထိ ဆက်ပြီး မီးမွှေးထားမယ်ဆိုလည်း ဖြစ်နိုင်နေတာပါပဲ။ ၂၀၂၀တုန်းကလည်း ကဗနဲ့ မလောက်မှာစိုးလို့ ဘာမှ ဥပဒေနဲ့မငြိတဲ့ ဂျော့ဖလွိုက်သေတာကို အကြောင်းပြုပြီး တနှစ်လုံး တနိုင်ငံလုံး ပတ်ဆူအောင် လုပ်သွားသေးတာပဲလေ။​ အခုလဲ ဘလင်ကန်က ပါလက်စ်တိုင်း ဒုက္ခသည်တွေကို အမေရိကန်ကို ခေါ်သွင်းလာဖို့ လုပ်နေပြီ။ လာဖို့ လေယာဥ်ဖရီး၊ ရောက်လာရင် နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ အကုန်စီစဥ်ပေးမှာ၊Continue reading “မေလ ၂ ရက် ၂၀၂၄”

ဧပြီ ၂၁ရက် ၂၀၂၄

မနေ့က အောက်လွှတ်တော်မှာ ယူကရိန်းကို ၆၁ဘီလီယံကူညီဖို့၊ အင်ဒိုပစိဖိတ်နဲ့ တိုင်ဝမ်ကို ကူညီဖို့၊ အစ္စရေးကို ကူညီဖို့၊ တစ်တော့မိဘကုမ္ပဏီကနေ တရုပ်အပိုင်းကိုမရှင်းထုတ်ပဲနဲ့ တစ်တော့ကို အများပြည်သူ သုံးစွဲခွင့်မပြုဖို့၊​ ရုရှားတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ အစရှိတဲ့ဘေလ်တွေကို ဒီမိုကရက်မဲတွေအကူအညီနဲ့ အဆိုနိုင်သွားပါပြီ။ အဆိုပါဘေလ်တွေကို တစုတစည်းတည်းပေါင်းပြီး အထက်လွှတ်တော်ကို တင်မှာပါ၊ အထက်လွှတ်တော်မှာလည်း လွယ်လွယ်လေး အဆိုအောင်ဖို့ ရှိနေပြီး ဘိုင်ဒန်လက်မှတ်ထိုးပြီးရင် အတည်ဖြစ်ပါပြီ။​ ထိုဘေလ်တွေကို ရီပါဘလစ်ကန်အမတ်တဝက်ခန့်က မထောက်ခံခဲ့ကြလို့ စပီကာဂျွန်ဆင်က ဒီမိုကရက်တွေနဲ့ ညှိလုပ်ခဲ့တာပါ။ မထောက်ခံရတာကလည်း တိုင်းပြည်နဲ့ ပြည်သူတွေလုံခြုံရေးအတွက် အလွန်အရေးကြီးတဲ့ နယ်စပ်ကိစ္စကို အရင်မလုပ်ပဲ တခြားနိုင်ငံ လုံခြုံရေးကို ဦးစားပေးလုပ်နေလို့ ကန့်ကွက်ကြတာပါ။ လွှတ်တော်မှာ အဆိုတင်တဲ့ ဘေလ်တွေ အများကြီးထဲမှာ တပါတီတည်းအင်အားနဲ့ နိုင်ခြေမရှိရင် ဒီမိုကရက်တွေ ဦးစားပေးလိုချင်တဲ့ဘေလ်နဲ့ ရီပါဘလစ်ကန်တွေContinue reading “ဧပြီ ၂၁ရက် ၂၀၂၄”

ဧပြီ ၁၈ရက် ၂၀၂၄

တနာရီကို မိုင် ၁၂၀၀အထိ ပျံသန်းနိုင်ပြီး ကမ္ဘာမှာ အဆင့်မြင့်ဆုံး နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ F-35 တိုက်လေယာဥ်တွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အားအထားရဆုံး တိုက်လေယာဥ်တွေပါ။ လက်ရှိ ပိုင်ဆိုင်ထားတဲ့ F-35 လေယာဥ်တွေထဲက ဘယ်နှစ်စီးလောက်က တိုက်ခိုက်ဖို့ အဆင်သင့် ရှိနေပါသလဲ လို့ အမတ်မက်ထ်ဂိတ်ဇ်က ပန်တဂွန်က တာဝန်ရှိသူတွေကို မေးမြန်းတဲ့အခါ ၅၅% က ပျံသန်းလို့ရတဲ့ အခြေအနေမှာရှိပြီး ၂၉% ကသာ တိုက်ပွဲဝင်နိုင်တဲ့အနေအထားမှာ ရှိနေပါတယ်လို့ ပြန်ဖြေပါတယ်။ အဲဒီလေယာဥ်တွေကို ထုတ်လုပ်ပေးတဲ့ လော့ခ်ဟိဒ်မာတင်ကုမ္ပဏီမှာ လုပ်ပိုင်ခွင့်တွေ မြောက်များစွာ ရနေတဲ့အတွက် လေယာဥ် အလုပ်လုပ်တယ် မလုပ်ဘူး၊ အကောင်းဆုံးအနေအထား ဖြစ်/မဖြစ် ဆိုတာတွေကို အစစ်အဆေး တာဝန်ယူမှု/တာဝန်ခံမှုမရှိပဲ လုပ်ကိုင်နေကြတာလို့လည်း မက်ဂိတ်ဇ်က ထောက်ပြ မေးမြန်းသွားတာကို ဝန်ခံသွားကြပါတယ်။ ၂၀၁၈တုန်းကContinue reading “ဧပြီ ၁၈ရက် ၂၀၂၄”

ဧပြီ ၁၂ရက် ၂၀၂၄

ဒီနေ့ ဖလော်ရီဒါက မာရာလေဂိုစံအိမ်မှာ ထရမ့်နဲ့ စပီကာဂျွန်ဆင်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြပါတယ်။ နယ်စပ်ကိစ္စ အရေးကြီးနေတာကို အရင်မကိုင်ပဲ​ ဘတ်ဂျက်ဘေလ်ကို အရင်လွှတ်ပေးလိုက်လို့ ရီပါဘလစ်ကန်အမတ်တချို့ရဲ့ ဝေဖန်တာကို ခံနေရတဲ့ မိုက်ခ်ဂျွန်ဆင်က ထရမ့်ဆီသွားရောက်တွေ့ဆုံပြီးနောက် နယ်စပ်ပြဿနာ အရေးကြီးတာမှန်ကြောင်း၊ စာရင်းဇယားထဲ မဝင်တာတွေပါပေါင်းရင် ဘိုင်ဒန့်လက်ထက်မှာ တိုင်းပြည်ထဲကို တရားမဝင် ၁၆သန်းလောက်အထိ ရောက်နေနိုင်ကြောင်း၊ အဲဒီလောက်များတဲ့သူတွေကို နေဖို့ စားဖို့ ကျန်းမာရေးစတဲ့ welfare ပေးတဲ့အခါ မဲပေးဖို့ မှတ်ပုံတင်ဖို့ပါ တွဲလုပ်ဖို့ ဒီမိုကရက်တွေ လုပ်နေကြကြောင်း၊ ဝင်လာတဲ့လူရဲ့ % အနည်းငယ်ကပဲ ဝင်မဲပေးရင်တောင် မဲရလာဒ်က ဇောက်ထိုးဖြစ်သွားနိုင်ကြောင်း၊ အပြာပြည်နယ် တွေမှာ မဲပေးသူကို ID မစစ်ရဘူးလို့ကို ဥပဒေတွေ ပြဌာန်းထားကြောင်း၊ အဲဒီလို အခြေခံဥပဒေနဲ့ မညီတဲ့ ကိစ္စတွေကို တိုက်ဖျက်ဖို့Continue reading “ဧပြီ ၁၂ရက် ၂၀၂၄”