ပြီးခဲ့တဲ့အပတ်က တီဗွီရှိုးမန်းတဦးဖြစ်တဲ့ Dr. Phil ဟာ တက္ကဆက်စ်နယ်စပ်ကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီမှာ သူတွေ့ခဲ့ရတာက လက်တွေမှာ နံပါတ်တွေ၊ ဖုံးနံပါတ်တွေ ရေးထိုးထားတဲ့ ကလေးတွေပါ။ ပုံမှန်အားဖြင့် လူကုန်ကူး လိင်ကုန်ကူးဂိုဏ်းတွေမှာ ရောင်းစားခံရသူ တွေမှာပဲ ကျွန်ခေတ်ကလိုမျိုး တက်တူးနဲ့ ရေးထိုးထားကြတာပါ။ အဲဒါကို နယ်စပ်ရဲတဦးကို အဆိုပါ ကလေးတွေနဲ့ ဂိုဏ်းတွေ ပတ်သက်နေနိုင်ခြေရှိ/မရှိ မေးမြန်းခဲ့ရာမှာတော့ ဖြစ်နိုင်ခြေရှိရုံမက၊ ဖြစ်ကိုဖြစ်နေတာလို့ ပြန်ဖြေပါတယ်။ နယ်စပ်က ဝင်လာတဲ့ကလေးတွေကို မယောကာ့စ်တို့ ပြည်ထဲရေးက စာရင်းဖျောက်ပြီး ပို့ချင်ရာပို့နေတာက အစိုးရကဦးစီးပြီး လူကုန်ကူး/လိင်ကုန်ကူးဂိုဏ်း ထောင်ထားသလို ဖြစ်နေတာပါ။ ဂျက်ဖရေအက်ပ်စတိန်းရဲ့ ဧည့်သည်စာရင်းကိုလည်း ခုထိ အပြည့်အဝ ထုတ်ပြန်မပေးနိုင်တာကိုကြည့်ရင် အာဏာ/ငွေ/ဩဇာရှိသူ အကြီးစားကြီးတွေ ပါဝင်ပတ်သက်နေမှာ အသေအချာပါပဲ။ လူ့အခွင့်အရေးတွင်တွင်ပြောပြီး နယ်စပ်ဖွင့်တာကို ကာကွယ်ပေးကြသူများContinue reading “မတ်လ ၃ ရက် ၂၀၂၄”
Author Archives: Omma
ဖေဖေါ်ဝါရီ ၂၉ ရက် ၂၀၂၄
လွှတ်တော်မှာ ယူကရိန်းကို ကူညီမယ့်ဥပဒေကြမ်းကို မိုက်ခ်ဂျွန်ဆန်ဦးဆောင်တဲ့ ရီပါဘလစ်ကန် တွေက တင်းခံနေသလို ပူတင်ကလည်း သူစစ်ရပ်ဖို့ ညှိနှိုင်းလိုကြောင်း ကမ်းလှမ်းခဲ့တာ အကြိမ်ကြိမ် ရှိပြီဆိုတဲ့အကြောင်း တပ်ကာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ကို အမေရိကန်တို့ ဆက်ပြီး သက်ဆိုးရှည်အောင် လုပ်သင့်လားလို့ စဥ်းစားရင် ရုရှား-ယူကရိန်းစစ် စဖြစ်ရတဲ့ နောက်ခံသမိုင်းကို သိဖို့လိုအပ်လာပါပြီ။ ရုရှားနဲ့ ယူကရိန်းအကြောင်း ပြောမယ်ဆိုရင် အရှေ့ဂျာမဏီမှာ ချထားတဲ့ ဆိုဗီယက်တပ် ၄သိန်းခွဲကို သမ္မတဂိုဘာချော့ဗ်က ရုပ်သိမ်းပြီး ဂျာမဏီနှစ်နိုင်ငံ ပြန်ပေါင်းစီးစေဖို့ ကမ်းလှမ်းခဲ့တာက စပြောမှ ပြည့်စုံပါလိမ့်မယ်။ အပြန်အလှန်အားဖြင့် ဂိုဘာချော့ဗ်က နေတိုးကို အဲဒီတုန်းကထက် အရှေ့ဘက်ကို တိုးမလာစေဖို့ ကတိတောင်းခဲ့တာကို ဘုရှ် ၄၁လက်ထက် အမေရိကန်နိုင်ငံခြားဝန် ဂျိမ်းစ်ဘေကာက တလက်မမှ မတိုးစေရဘူးလို့ လူသိရှင်ကြား ကတိပြုခဲ့ပါတယ်။Continue reading “ဖေဖေါ်ဝါရီ ၂၉ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၂၇ ရက် ၂၀၂၄
ဒီလ ၁၂ရက်နေ့က ဆီနိတ်တာမက်ကောနဲရဲ့ ခယ်မဖြစ်သူ အန်ဂျလာချောင်ဟာ တက္ကဆက်ပြည်နယ်မှာ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ အမေရိကန်သတင်းတွေထဲမှာ ယာဥ်မတော်တဆမှုလို့ပဲ ပြောထားပေမယ့် အသေးစိတ် မဖော်ပြထားသလို ရဲဌာနကလည်း ဘယ်သူက ဖုံးဆက်ခေါ်ပြီး ဘာကြောင့်သေဆုံးရတယ်၊ သူမ သေဆုံးတဲ့ ranch က ဘယ်သူပိုင်တာ စသဖြင့် သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ သို့ပေမယ့် တရုပ်သတင်းစာဆိုင်းရှင်က အန်ဂျလာဟာ မီးပွိုင့်မှာ တဖက်က ကုန်ကားက ဝင်တိုက်ခဲ့လို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မူးနေတဲ့ ကုန်ကားမောင်းသမားကိုလည်း ဖမ်းဆီးသွားကြောင်း ချက်ခြင်းထုတ်ဝေခဲ့ပါတယ်။ အဲဒီနောက်တော့ တခြားတရုပ်သတင်းစာတွေမှာပါ အလားတူ ဖော်ပြကြပါတယ်။ အခင်းဖြစ်ပြီး နှစ်ပတ်နီးပါးကြာမှ ထွက်ပေါ်လာတာက အန်ဂျလာဟာ အော်စတင်မြို့မှာ ဆွေးနွေးပွဲတခုကိုအသွား ranch တခုထဲက ရေကန်ထဲမှာ ကားနောက်ဆုတ်ရင်း ကျနေပြီး ရေနစ်သေဆုံးနေကြောင်း တွေ့ရတယ်လို့Continue reading “ဖေဖေါ်ဝါရီ ၂၇ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၄
မန်ဟက်တန်တရားရုံးက ဘဏ်မှာ ငွေချေးရာမှာ ပေါင်နှံတဲ့ အဆောက်အဦတန်ဖိုး ပိုပြလို့ဆိုတဲ့ အမှုနဲ့ ထရမ့်ကို ၃၅၄သန်း ဒဏ်ချခဲ့တာကြောင့် သမိုင်းမှာ နစ်နာသူမရှိ၊ မြီရှင်/မြီစား/နေထိုင်သူ ဘယ်သူမှ မကျေနပ်သူမရှိပဲ အစိုးရက အသားလွတ် ကြားဝင် တရားစွဲ ပြစ်ဒဏ်ချတဲ့ ပထမဆုံးအမှုအဖြစ် သမိုင်းဝင်သွားခဲ့ပါပြီ။ အပြစ်ရှိတယ်ဆိုရင်တောင် ပြစ်ဒဏ်နဲ့ပြစ်မှု မမျှပါဘူး။ မြန်မာပြည်မှာ အီးမေးလ်ရှိလို့ ထောင် ၆၅နှစ်ချသလိုပါပဲ။ သူတို့က သန်း၅၄၀ လောက်အထိ ဒဏ်ချချင်တာပါ။ အမှူက အရင်ကချေးခဲ့တာအပေါ် နောက်ပြန်စွဲတဲ့အမှုဖြစ်လို့ ခုမှ အမိန့်ချတာ ဖြစ်ပေမယ့် လက်ရှိမှာ အတိုးအပါအဝင် ဒဏ်ကြေး၄၅၄သန်း ဖြစ်နေပြီး မဆောင်သ၍ တနေ့ကို အတိုး $ ၈၇,၅၀၂ တက်နေမှာ ဖြစ်ပါတယ်။ ပြဿနာက ထရမ့်ရဲ့ ဓနအင်အားဟာ အဆောက်အဦပိုင်ဆိုင်မှုတွေမှာများပြီး ငွေသားအလုံးအရင်းမရှိတဲ့အတွက်Continue reading “ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၂၄
မနေ့ကအင်တာနက်တခွင် ဖုံးလွှမ်းသွားတဲ့သတင်းကတော့ ရုရှားက ရွေးကောက်ပွဲနှစ်ဖြစ်တဲ့ ဒီနှစ်မှာ အတိုက်အခံခေါင်းဆောင် အလက်ဆီ နဗားလ်နီ ထောင်ထဲမှာ ရုတ်တရက် သေဆုံးသွားတဲ့သတင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်းက အရေးကြီးတဲ့ကိစ္စတွေမှာတောင် လူရှေ့မထွက်တဲ့ ဂျိုးအိုဟာ ဒီသတင်းအတွက် တကူးတက လူရှေ့ထွက်ပြီး ပူတင်ကို အပြစ်တင်ကာ နဗားလ်နီကို ချီးမွမ်းဂုဏ်ပြုသွားတာပါ။ ဂျိုးလိုပဲ အနောက်ကမ္ဘာက ခေါင်းဆောင်တွေလည်း အသီးသီးထွက်ပြိး ပူတင်ကို ရှုတ်ချကြ၊ နဗားလ်နီကို ဂုဏ်ပြုကြပါတယ်။ အမ်အက်စ်အမ် မီဒီယာကြီးတွေကလည်း ခါတိုင်း ဇတ်တိုက်ထားသလိုပဲ တင်ဆက်သူ/ချန်နယ်သာကွဲမယ်၊ စကားလုံးနဲ့ အကြောင်းအရာတွေက တစက်ရုံထဲက ပုံနှိပ်လွှတ်လိုက်သလို အတူတူတွေချည့် ဖြစ်နေတာပါ။ နဗားလ်နီက အရင်ကလည်း ပူတင်သူ့ကို အဆိပ်ခတ်ပါတယ်ဆိုပြီး ဂျာမဏီကိုထွက် ဆေးကုခံခဲ့ပါသေးတယ်။ အဆိပ်ခတ်တယ်ဆိုတဲ့ ရေဗူးကိုလည်း ဂျာမဏီမှာ ဓါတ်ခွဲစစ်ဆေးမယ်ဆိုပြီး ယူသွားခဲ့ပါတယ်။ ရီဒက်တစ်သတင်းချန်နယ်ကတော့ နဗားလ်နီပြောတဲ့Continue reading “ဖေဖေါ်ဝါရီ ၁၇ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၁၅ရက် ၂၀၂၄
ယူကရိန်းမှာ ဇယ်လင်စကီက နိုင်ငံသား ၅သိန်းကို စစ်တိုက်ရန် ဆင့်ခေါ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ မီဒီညာမှာ ပြောနေကြသလို နိုင်ငံသားတွေက ကိုယ့်သဘောနဲ့ကိုယ် ရရာလက်နက်စွဲကိုင်ပြီး ထွက်တိုက်မယ်ဆိုတာ စစ်ဖြစ်ခါစက အမေရိကန်မီဒီညာကပြတဲ့ထဲမှာပါ။ အခုအချိန်မှာ ညှိနှိုင်းဆွေးနွေးဖို့လည်း အစီအစဥ်မရှိ၊ စစ်ကို ပံ့ပိုးပေးနိုင်တဲ့ ကိုယ်ပိုင်ဝင်ငွေလည်းမရှိ၊ နိုင်ခြေလည်းမရှိတဲ့စစ်ကို တိုက်နေတာ ကြာလာတော့ ဘယ်သူမှ စစ်ထဲမဝင်ချင်ကြတော့လို့ အကြပ်ကိုင်တဲ့ဥပဒေ ပြဌာန်းဖို့ လုပ်နေတာပါ။ ဇယ်လင်စကီအစိုးရကတော့ ယာဥ်မောင်းလိုင်စင်တွေကို သက်တမ်းတိုးမပေးတဲ့နည်း၊ ဘဏ်အကောင့်တွေကို ထိန်းချုပ်တဲ့နည်းတွေသုံးနေလို့ ယူကရိန်းယောက်ျားတွေဟာ အိမ်ထဲမှာပဲ တံခါးပိတ် သော့ခတ်နေကြတယ်လို့ သိရပါတယ်။ အတိုက်အခံပါတီများအားလုံးကို ဖျက်သိမ်းထားပြီး မီဒီယာကို ချုပ်ကိုင်ထားတဲ့အတွက် ယူကရိန်းသတင်းဟာ ဂျိုးတို့ရဲ့ အမေရိကန်မီဒီညာကြီးတွေ ပြောသလောက်ပဲ ကမ္ဘာက သိနေကြတာပါ။ မနေ့က ပြုလုပ်သွားတဲ့ ပူတင်နဲ့ ဇရူဘင်အင်တာဗျူးမှာ အမေရိကန်မှာ ဘယ်သူ့ကိုContinue reading “ဖေဖေါ်ဝါရီ ၁၅ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၁၂ရက် ၂၀၂၄
တပ်တာနဲ့ ပူတင်အင်တာဗျူးဂယက်က လစ်ဗြဲမီဒီယာတွေကြားမှာ အတော်ကို ထသွားပါတယ်။ သတင်းထောက်တယောက်က စစ်ဖြစ်နေတဲ့နိုင်ငံက ခေါင်းဆောင်နဲ့ သွားတွေ့မေးမြန်းတာ သမိုင်းမှာ လုပ်ရိုးလုပ်စဥ်ဖြစ်ပေမယ့် တပ်ကာကျမှ သတင်းကို သတင်းလိုမရေးပဲ တပ်ကာမေးခွန်းတွေက ပျော့လွန်းတယ်တို့၊ ပျင်းစရာကြီးတို့၊ အဲဒါအကုန်မဟုတ်သေးဘူးတို့၊ ကွန်ဆာဗေးတစ် ညာစွန်း တပ်ကာက ပူတင့်ဘောပြေးမတာတို့၊ တပ်ကာက ရုရှားအကြောင်း ဘာမှမသိတာကြောင့် သူ့ကိုရွေးလက်ခံတာတို့၊ ပူတင်က တပ်ကာကို ဘယ်လို အမြတ်ထုတ်သွားတာတို့ စသဖြင့် လှိုင်လှိုင်ကြီးကို အပုပ်ချနေကြတာပါ။ အီးယူထဲက အမတ်တချို့ကလည်း တပ်ကာကို ခရီးသွားခွင့်ပိတ်ဖို့ အကြံပြုကြသလို အီးယူကော်မရှင် စပီကာကလည်း ပူတင်က အနောက်ကမ္ဘာကို ရန်ရှာဖို့ တပ်ကာကို အသုံးချနေတာ၊ ယူကရိန်းနဲ့ ပတ်သက်ပြီးတော့လည်း လိမ်မှာပဲလို့ တကူးတကကို စင်ပေါ်တက် ပြောသွားပါတယ်။ ဒီမိုကရက်တွေကလည်း တပ်ကာနဲ့ ပူတင်ဟာ သိပ်ချစ်ကြတဲ့Continue reading “ဖေဖေါ်ဝါရီ ၁၂ရက် ၂၀၂၄”
ဖေဖော်ဝါရီ ၉ရက် ၂၀၂၄
တပ်ကာနဲ့ ပူတင်အင်တာဗျူးမှာ ပူတင်က ယူကရိန်းကို ဘာကြောင့် ဝင်တိုက်ရတာလဲဆိုတာကို သမိုင်းနဲ့ချီပြီး ပြောသွားပါတယ်။ တပ်ကာက ဒါဆို ကမ္ဘာကြီးက လွန်ခဲ့တဲ့ ၁၆ရာစုကနယ်နမိတ်တွေ အတိုင်း ဆက်လက်တည်ရှိပေးရမှာလားဆိုတာကိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သူ့ရဲ့ အရံအပါးက နိုင်ငံတခုအနေနဲ့ရော ရားရှန်းတွေနဲ့ ယူကရိန်းမဟုတ်သူတွေပါ နေထိုင်နေတဲ့နိုင်ငံတခုကို နီယိုကွန်ဖြစ်မလာစေလိုတာရော နေတိုး ဩဇာလွမ်းမိုးလာနိုင်တာကို ဟန့်တားဖို့ရောကြောင့်ပါ၊ ဆိုဗီယက်ယူနီယံပြိုကွဲပြီး ၁၉၉၁မှာ ငါတို့ကို နေတိုးက ၂၀၀၈အလွန်မှာ ရှိမှာမဟုတ်တော့ဘူးလို့ ကတိပေးခဲ့တယ်၊ တကယ်တမ်းကျတော့ နေတိုးက ငါတို့ရဲ့ ဝန်းရံနိုင်ငံ/မဟာမိတ်ဟောင်းတွေကိုပါ လက်ခံပြီး တဖြည်းဖြည်းချဲ့လာနေတော့ ငါတို့က ဘယ်လိုလုပ်ရမလဲလို့ ဆိုပါတယ်။ ရှူးမားရဲ့ ယူကရိန်းကို ဆက်မကူရင် အမေရိကန်စစ်သားတွေ ယူကရိန်းမှာသွားတိုက်ရလိမ့်မယ်လို့ ပြောသွားတဲ့အပေါ် ပူတင်က အမေရိကန်ကြေးစားစစ်သားတွေတော့ ရှိတာပဲလေ၊ ဒါပေမယ့် တကယ့်စစ်တပ်နဲ့Continue reading “ဖေဖော်ဝါရီ ၉ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၇ ရက် ၂၀၂၄
ဆန်ဒီယေးဂိုးတောင်ဖက် မက္ကဆီကိုနယ်စပ် နယ်ခြားတံတိုင်းတိုင်တွေရဲ့ အဆုံးမှာ အနည်းငယ်ဟနေတဲ့ သံဆူးကြိုးကာထားတဲ့ နေရာကနေ ခိုးဝင်တွေ အလုံးအရင်းနဲ့ ဝင်လာနေကြပါတယ်။ တက္ကဆက်စ်မှာ တင်းကြပ်လိုက်တာကြောင့် ကယ်လီဖိုးနီးယားဘက်ကို အဝင်များလာတာ ဖြစ်နိုင်တဲ့အပြင် အပြာရင့် ကယ်လီဖိုးနီးယားမှာက တော်ရုံဝင်ငွေနဲ့ နိုင်ငံသားတောင် အခမဲ့မရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခိုးဝင်တွေအတွက် အခမဲ့လို့ နူဆမ်က လုပ်ပေးလိုက်တဲ့အပြင် ယူစီလို အစိုးရတက္ကသိုလ် တက်ချင်ရင်လည်း တခြားပြည်နယ်ကလာသူတွေ၊ နိုင်ငံတကာကျောင်းသားတွေလို နယ်ခံမဟုတ်သူဈေးမပေးရပဲ ကယ်လီဖိုးနီးယားပြည်နယ်သူ/သားတွေအတွက် သတ်မှတ်ဈေးနဲ့ တက်ခွင့်ပြုဖို့ ဝင်ငွေနည်းထောက်ပံ့ကြေး၊ ဂရန့်၊ စကော်လာရှစ်မျိုးစုံကိုပါ လျောက်ထားခွင့်ပြုမယ်လို့ ဆိုပါတယ်။ အဲဒီလိုလုပ်တာဟာ ဥပဒေလိုက်နာသူများကို သောက်ပေါဖြစ်စေပြီး ဥပဒေချိုးဖောက်နိုင်မှ ချီးမြှောက်တာဖြစ်ပါတယ်။ နူဆမ်လက်ထက် $၉၅၀အောက်ပဲခိုးရင် ဖမ်းမရတာနဲ့၊ ကြမ်းတမ်းရာဇဝတ်မှု ကျူးလွန်သူတွေကိုတောင် အာမခံမလိုစေပဲ ပြန်လွှတ်ပေးရတာနဲ့ သဘောချင်း အတူတူပါပဲ။ ဒီမိုကရက်တွေရဲ့ ပေါ်လစီတွေဟာContinue reading “ဖေဖေါ်ဝါရီ ၇ ရက် ၂၀၂၄”
ဖေဖေါ်ဝါရီ ၂ ရက် ၂၀၂၄
နယူးယောက်မြို့ဝန်အဲရစ်အဒမ်အစိုးရဟာ တရားမဝင်ဝင်ရောက်လာတဲ့သူတွေကို ဟိုတယ်တွေမှာ ထည့်ထားတဲ့အပြင် စားစရာဝယ်ဖို့အတွက် ၅၃သန်းတန်ဖိုးရှိတဲ့ ငွေထည့်ထားပြီးသားခရက်ဒစ်ကဒ် တွေကိုပါ စတင်ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ နယူးယောက်မြို့ကြီးမှာ စစ်မှုထမ်းဟောင်းတွေ အပါအဝင် နိုင်ငံသားအိမ်ယာမဲ့တွေ စာရင်းအရတောင် ၉သောင်းကျော်ရှိနေတာပါ။ အဲဒီလူတွေက ဟိုတယ်မရ၊ စားဖို့ခရက်ဒစ်ကဒ်မရပဲ ဥပဒေဖောက်ဖျက်ပြီး နိုင်ငံနဲ့ ပြည်သူကို ဒုက္ခပေးမယ့်သူတွေ ပါနေနိုင်တဲ့ ခိုးဝင်လာသူတွေက ဟိုတယ်မှာနေ စားဖို့ကဒ်နဲ့ဆိုတော့ တော်ရုံလွဲတာ မဟုတ်ပါဘူး။ မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မှာလည်း ဂါဗာနာနဲ့ မြို့ဝန်က လူမည်းအများစုနေတဲ့ရပ်ကွက်က အားကစားရုံ/အပန်းဖြေအဆောက်အဦမှာ ခိုးဝင်၄၀၀အတွက် အိပ်စင်တွေ ကလေးကစားဖို့နေရာတွေနဲ့ နေရာချထားတဲ့အတွက် အဆိုပါရပ်ကွက်က ကလေး/လူငယ်တွေ စု/ဆုံပြီး အားကစားလုပ်လို့ မရကြတော့ပါဘူး။ ဂါဗာနာလူဖြူမကတော့ သူ့မှာရွေးစရာမရှိပါဘူးလို့ ဆိုပါတယ်။ အဂတိဂျိုးရဲ့ ရန်သူဖား မိတ်ဆွေ/ပြည်သူဖိပေါ်လစီကြောင့် အမေရိကန်ရဲ့ အစဥ်အလာ မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီ၊ ယူအေအီးနဲ့Continue reading “ဖေဖေါ်ဝါရီ ၂ ရက် ၂၀၂၄”