သမ္မတထရမ့်ကို လွန်ခဲ့တဲ့ ၁၈နှစ်လောက်က အဖော်အချွတ်မယ်နဲ့ တညတာ ပျော်ပါးခဲ့တယ်လို့ အဖော်အချွတ်မယ်က စွပ်စွဲခဲ့တဲ့အမှုဟာ အရင်ကလည်း စွဲပြီး ပလပ်ပြီးသားအမှုပါ။ ယခုတဖန်ထပ်ပြီး အမှုလုပ်ရာမှာ ဒီမိုကရက်တွေ ထုတ်သုံးလာတဲ့ ထရမ့်ရှေ့နေဟောင်း မိုက်ကယ်ကိုဟန်ကိုယ်တိုင်က ထရမ့်အနေနဲ့ သူကတဆင့် နှုတ်ပိတ်ခပေးခဲ့ခြင်းမရှိကြောင်း အရင်တဲက ကျမ်းကျိန်ထွက်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကို အခုမှ တမျိုးပြောင်းပြောတာရယ်၊ သပ်သပ်စီသာ အပြစ်ချရရင် ၁၃၆နှစ် ထောင်ကျနိုင်တဲ့အထိ အမှုပေါင်းများစွာ ကလိန်စေ့ငြမ်းဆင်ပြီး လုပ်ကြံစွဲထားတာတွေရယ်၊ အမှုအကြောင်း လုံးဝ မဟရ၊ ထုတ်ပြောရင် ထောင်ထဲဝင်ဖို့ လုပ်တားတာတွေဟာ ထရမ့်ပြန်လာလို့ အာဏာလက်လွှတ်ရမှာကို ကြောက်နေကြတဲ့ ဒီမိုကရက်တွေနဲ့ ကမ္ဘာ့ရွာအီလိတွေရဲ့ ပျက်ရယ်ပြုစရာ တရားရေးစနစ်ကို မီးထိုးပြနေတာပါပဲ။ အာဏာနဲ့မှ လုပ်စားတတ်တဲ့ ခြတွေဖျက်ဆီးထားတဲ့ ကမ္ယာ့ထိပ်တန်း အမေရိကန်နိုင်ငံရဲ့ တရားရေးစနစ်ဟာ အာဏာနဲ့မှ လုပ်စားတတ်တဲ့Continue reading “မေလ ၂၉ရက် ၂၀၂၄”
Author Archives: Omma
2024 Retreat Notes
ဒီလထဲမှာ ရွှေမင်းဝံဆရာတော်ရဲ့ ၇ရက်တရားစခန်းကို ၅ကြိမ်မြောက် ဝင်ဖြစ်ခဲ့ပါတယ်။ တကြိမ်နဲ့ တကြိမ် သဘောပေါက်တာ တွေ့သိလာမှုလေးတွေဟာ မတူကြပေမယ့် သိမြင်မှုအားလုံးဟာ နက်နဲတဲ့ ပဟေဠိတခုရဲ့ အပိုင်းအစလေးတွေပဲဖြစ်လို့ ပိုကျယ်ပြန့်နက်နဲတဲ့ ဉာဏ်အလင်း ရရှိလာဖို့အတွက် တဒေါင့်တနေရာကနေ အကျိုးပြုလာမယ်လို့ ရှုမြင်မိပါတယ်။ ၇ရက်စခန်းလိုမျိုးဟာ နောင် အခြေအနေပေးလို့ ရေရှည်အားထုတ်ဖြစ်တဲ့အခါ (သို့) အိမ်မှာဆက်လက်ပြီး အားထုတ်ကြမယ့်သူတွေ အတွက် ရက်တိုသင်တန်းပဲ ဖြစ်ပါတယ်။ တခါနဲ့ပြီးတဲ့ ရက်တိုသင်တန်းမျိုးမဟုတ်ပဲ ရှုမှတ်မှု အခြေခံတွေကို စနစ်တကျ မသိရှိသေးသူများအတွက် နည်းနာယူစရာ၊ အရှိန်ဆက်/တက်အောင် လေ့ကျင့်ရာ၊ သံသယတွေ ပယ်ဖျောက်ရာအဖြစ် ပြန်ပြန်ဝင်သင့်တဲ့ သင်တန်းမျိုးပါ။ ဒီလောက် ရက်တိုလေးနဲ့ ဘာရမှာလဲဆိုရင် လုပ်သလောက်တော့ ရပါမယ်လို့ ပြောပါမယ်။ ပါရမီဆိုတာမျိုးက ဘာမှမလုပ်ပဲ အလိုလိုပြည့်လာတာမျိုးမှ မဟုတ်တာ။ အနည်းဆုံးတော့ ဝင်ချင်စိတ်ရှိတာကနေContinue reading “2024 Retreat Notes”
မေလ ၂ ရက် ၂၀၂၄
အမေရိကန်က ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ အမေရိကန်ကို အသေမုန်းတဲ့ ဟာမာ့ဇ်ကို ထောက်ခံ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျောင်းတွင်းမှာ အဆောင်တွေကိုစီး၊ tent တဲတွေ ထိုးပြီးတော့ကို အကြီးအကျယ် လုပ်နေကြလို့ ရဲတွေက ဖြိုခွင်းကြရပါတယ်။ ဘိုင်ဒန်တို့ စစ်ကြိုက်ပုံနဲ့ စစ်ကတော်တော်နဲ့ ပြီးဦးမယ့်ပုံ မရှိတာကြောင့် ဆန္ဒပြပွဲတွေဟာ ပိုကျယ်ပြန့်လာနိုင်သလို ရကပွဲတွေပြီးတဲ့အထိ ဆက်ပြီး မီးမွှေးထားမယ်ဆိုလည်း ဖြစ်နိုင်နေတာပါပဲ။ ၂၀၂၀တုန်းကလည်း ကဗနဲ့ မလောက်မှာစိုးလို့ ဘာမှ ဥပဒေနဲ့မငြိတဲ့ ဂျော့ဖလွိုက်သေတာကို အကြောင်းပြုပြီး တနှစ်လုံး တနိုင်ငံလုံး ပတ်ဆူအောင် လုပ်သွားသေးတာပဲလေ။ အခုလဲ ဘလင်ကန်က ပါလက်စ်တိုင်း ဒုက္ခသည်တွေကို အမေရိကန်ကို ခေါ်သွင်းလာဖို့ လုပ်နေပြီ။ လာဖို့ လေယာဥ်ဖရီး၊ ရောက်လာရင် နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ အကုန်စီစဥ်ပေးမှာ၊Continue reading “မေလ ၂ ရက် ၂၀၂၄”
ဧပြီ ၂၁ရက် ၂၀၂၄
မနေ့က အောက်လွှတ်တော်မှာ ယူကရိန်းကို ၆၁ဘီလီယံကူညီဖို့၊ အင်ဒိုပစိဖိတ်နဲ့ တိုင်ဝမ်ကို ကူညီဖို့၊ အစ္စရေးကို ကူညီဖို့၊ တစ်တော့မိဘကုမ္ပဏီကနေ တရုပ်အပိုင်းကိုမရှင်းထုတ်ပဲနဲ့ တစ်တော့ကို အများပြည်သူ သုံးစွဲခွင့်မပြုဖို့၊ ရုရှားတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ အစရှိတဲ့ဘေလ်တွေကို ဒီမိုကရက်မဲတွေအကူအညီနဲ့ အဆိုနိုင်သွားပါပြီ။ အဆိုပါဘေလ်တွေကို တစုတစည်းတည်းပေါင်းပြီး အထက်လွှတ်တော်ကို တင်မှာပါ၊ အထက်လွှတ်တော်မှာလည်း လွယ်လွယ်လေး အဆိုအောင်ဖို့ ရှိနေပြီး ဘိုင်ဒန်လက်မှတ်ထိုးပြီးရင် အတည်ဖြစ်ပါပြီ။ ထိုဘေလ်တွေကို ရီပါဘလစ်ကန်အမတ်တဝက်ခန့်က မထောက်ခံခဲ့ကြလို့ စပီကာဂျွန်ဆင်က ဒီမိုကရက်တွေနဲ့ ညှိလုပ်ခဲ့တာပါ။ မထောက်ခံရတာကလည်း တိုင်းပြည်နဲ့ ပြည်သူတွေလုံခြုံရေးအတွက် အလွန်အရေးကြီးတဲ့ နယ်စပ်ကိစ္စကို အရင်မလုပ်ပဲ တခြားနိုင်ငံ လုံခြုံရေးကို ဦးစားပေးလုပ်နေလို့ ကန့်ကွက်ကြတာပါ။ လွှတ်တော်မှာ အဆိုတင်တဲ့ ဘေလ်တွေ အများကြီးထဲမှာ တပါတီတည်းအင်အားနဲ့ နိုင်ခြေမရှိရင် ဒီမိုကရက်တွေ ဦးစားပေးလိုချင်တဲ့ဘေလ်နဲ့ ရီပါဘလစ်ကန်တွေContinue reading “ဧပြီ ၂၁ရက် ၂၀၂၄”
ဧပြီ ၁၈ရက် ၂၀၂၄
တနာရီကို မိုင် ၁၂၀၀အထိ ပျံသန်းနိုင်ပြီး ကမ္ဘာမှာ အဆင့်မြင့်ဆုံး နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ F-35 တိုက်လေယာဥ်တွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အားအထားရဆုံး တိုက်လေယာဥ်တွေပါ။ လက်ရှိ ပိုင်ဆိုင်ထားတဲ့ F-35 လေယာဥ်တွေထဲက ဘယ်နှစ်စီးလောက်က တိုက်ခိုက်ဖို့ အဆင်သင့် ရှိနေပါသလဲ လို့ အမတ်မက်ထ်ဂိတ်ဇ်က ပန်တဂွန်က တာဝန်ရှိသူတွေကို မေးမြန်းတဲ့အခါ ၅၅% က ပျံသန်းလို့ရတဲ့ အခြေအနေမှာရှိပြီး ၂၉% ကသာ တိုက်ပွဲဝင်နိုင်တဲ့အနေအထားမှာ ရှိနေပါတယ်လို့ ပြန်ဖြေပါတယ်။ အဲဒီလေယာဥ်တွေကို ထုတ်လုပ်ပေးတဲ့ လော့ခ်ဟိဒ်မာတင်ကုမ္ပဏီမှာ လုပ်ပိုင်ခွင့်တွေ မြောက်များစွာ ရနေတဲ့အတွက် လေယာဥ် အလုပ်လုပ်တယ် မလုပ်ဘူး၊ အကောင်းဆုံးအနေအထား ဖြစ်/မဖြစ် ဆိုတာတွေကို အစစ်အဆေး တာဝန်ယူမှု/တာဝန်ခံမှုမရှိပဲ လုပ်ကိုင်နေကြတာလို့လည်း မက်ဂိတ်ဇ်က ထောက်ပြ မေးမြန်းသွားတာကို ဝန်ခံသွားကြပါတယ်။ ၂၀၁၈တုန်းကContinue reading “ဧပြီ ၁၈ရက် ၂၀၂၄”
ဧပြီ ၁၂ရက် ၂၀၂၄
ဒီနေ့ ဖလော်ရီဒါက မာရာလေဂိုစံအိမ်မှာ ထရမ့်နဲ့ စပီကာဂျွန်ဆင်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြပါတယ်။ နယ်စပ်ကိစ္စ အရေးကြီးနေတာကို အရင်မကိုင်ပဲ ဘတ်ဂျက်ဘေလ်ကို အရင်လွှတ်ပေးလိုက်လို့ ရီပါဘလစ်ကန်အမတ်တချို့ရဲ့ ဝေဖန်တာကို ခံနေရတဲ့ မိုက်ခ်ဂျွန်ဆင်က ထရမ့်ဆီသွားရောက်တွေ့ဆုံပြီးနောက် နယ်စပ်ပြဿနာ အရေးကြီးတာမှန်ကြောင်း၊ စာရင်းဇယားထဲ မဝင်တာတွေပါပေါင်းရင် ဘိုင်ဒန့်လက်ထက်မှာ တိုင်းပြည်ထဲကို တရားမဝင် ၁၆သန်းလောက်အထိ ရောက်နေနိုင်ကြောင်း၊ အဲဒီလောက်များတဲ့သူတွေကို နေဖို့ စားဖို့ ကျန်းမာရေးစတဲ့ welfare ပေးတဲ့အခါ မဲပေးဖို့ မှတ်ပုံတင်ဖို့ပါ တွဲလုပ်ဖို့ ဒီမိုကရက်တွေ လုပ်နေကြကြောင်း၊ ဝင်လာတဲ့လူရဲ့ % အနည်းငယ်ကပဲ ဝင်မဲပေးရင်တောင် မဲရလာဒ်က ဇောက်ထိုးဖြစ်သွားနိုင်ကြောင်း၊ အပြာပြည်နယ် တွေမှာ မဲပေးသူကို ID မစစ်ရဘူးလို့ကို ဥပဒေတွေ ပြဌာန်းထားကြောင်း၊ အဲဒီလို အခြေခံဥပဒေနဲ့ မညီတဲ့ ကိစ္စတွေကို တိုက်ဖျက်ဖို့Continue reading “ဧပြီ ၁၂ရက် ၂၀၂၄”
ဧပြီ ၉ ရက် ၂၀၂၄
စနေနေ့က ဖလော်ရီဒါမှာ ကျင်းပပြုလုပ်တဲ့ ရကပရံပုံငွေညစာစားပွဲမှာ ထရမ့်က မျှော်မှန်းဝင်ငွေ ၄၃သန်းထက် ကျော်လွန်ပြီး ၅၀.၅သန်း ရရှိခဲ့ပါတယ်။ အခုလို သမိုင်းဝင် စံချိန်တင်တဲ့ ရံပုံငွေပွဲ ဖြစ်လာတာဟာ ထရမ့်အပေါ် အမှုပေါင်းများစွာ ဆင်ထားစွဲထားတာအပေါ် အယုံအကြည်မရှိကြောင်း ပြသနေသလို နစ်ကီဟေလီကို ထောက်ခံခဲ့ကြတဲ့ သူဌေးတချို့က ထရမ့်ကို ပြောင်းထောက်ခံလာကြ တာကြောင့်ရော ဘိုင်ဒန်တို့လုပ်နေတာတွေက တိုင်းပြည်ကောင်းဖို့ မဖြစ်လာနိုင်တာ ပိုမိုထင်ရှား လာတာကြောင့်ပါ လူတန်းစားမရွေး ထရမ့်ပြန်လာဖို့ အလိုရှိနေကြကြောင်းကို ပြသလိုက်တာပါပဲ။ တလောက နယူးယောက်က ဟိုတယ်တခုမှာ ပြုလုပ်သွားတဲ့ ဘိုင်ဒန်ရဲ့ ရံပုံငွေပွဲဂါလာမှာတော့ ဘေလ်ကလင်တန်၊ အိုဘမနဲ့ ဆယ်လီဘရစ်တီများစွာ တက်ရောက်ခဲ့ကြပြီး ၂၆သန်းရလာခဲ့တာ ထက်ကို ထရမ့်က ၂ဆနီးပါး သာနေတာပါ။ လက်ထဲရှိတဲ့ ငွေသားရံပုံငွေ စုစုပေါင်းမှာ ကမ္ဘာ့ရွာ အီလိကြီးတွေ၊Continue reading “ဧပြီ ၉ ရက် ၂၀၂၄”
ဧပြီ ၃ ရက် ၂၀၂၄
ဒါလီသင်္ဘောက ဘာလ်တီမိုးမြို့အဝင် ကီးတံတားကို ဖြိုချခဲ့တဲ့ဖြစ်စဥ်မှာ တံတားပေါ်ရှိ အလုပ်သမား ၈ဦး ရေထဲပြုတ်ကျသွားခဲ့ရာ ၂ဦးကို ကယ်ဆယ်ရခဲ့ပြီး ကျန် ၆ဦးကတော့ သေဆုံးပြီလို့ ယူဆကြပါတယ်။ ထရပ်ကားတစီးလည်း ရေထဲကျသွားတယ်လို့ ပြောကြပြီး တံတားမပြိုကျခင် စက္ကန့်ပိုင်းအလိုအထိ တံတားပေါ်မှာ ကားအသွားအလာမပြတ်တဲ့အတွက် သင်္ဘောက ကမ်းပေါ်က တာဝန်ရှိသူတွေကို မေဒေး၊ ငါတို့ ထိန်းမရတော့ဘူးလို့ ဖုံးခေါ်တာနဲ့ တံတားပေါ်မှာ စက္ကန့်ပိုင်းအတွင်း ကားတွေကို တံတားပေါ်မတက်အောင် တားလိုက်နိုင်တယ်ဆိုတာ ယုတ္တိရှိတယ်လို့ ပြောဖို့ ခက်ပါတယ်။ UPS တပ်ထားလို့ မီးပျက်သည့်တိုင် သူ့ဖာသူဆက်အလုပ်လုပ်နိုင်တဲ့ ဘလက်ဘောက်စ်ကလည်း မီးစပျက်တာကနေ တံတားတိုက်မှုဖြစ်တဲ့ ၂မိနစ်လောက်အတွင်း record မလုပ်ပဲ ရပ်သွားပါတယ်တဲ့။ အက်ပ်စတိန်းအမှုလိုပဲ၊ အရေးကြီးတဲ့အချိန်မှာမှ စီစီတီဗီတွေ အလုပ်မလုပ်ဘူး။ ဒါလီမှာလည်း အလုပ်လုပ်တဲ့ စီစီတီဗီက တခုပဲရှိပြီးContinue reading “ဧပြီ ၃ ရက် ၂၀၂၄”
မတ်လ ၂၈ ရက် ၂၀၂၄
၂၆ရက်နေ့က သန်းခေါင်ကျာ် တချက်ခွဲမှာ ဘာလ်တီမိုးမြို့က ဖရန်စစ်စကော့ကီးတံတားကို ကွန်တိန်နာ သင်္ဘောက ဝင်တိုက်လို့ ပြိုကျသွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မသင်္ကာစရာ စဥ်းစားစရာတွေ အများကြီး ရှိနေပါတယ်။ ပထမဦးဆုံးအချက်က ဖြစ်ပြီး နာရီအနည်းငယ်သာကြာတဲ့ မနက် ၈နာရီမှာ ဘိုင်ဒန်က ဒီကိစ္စဟာ မတော်တဆဖြစ်တာပါ၊ ဖြစ်သွားတဲ့ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး အစိုးရက အကုန်အကျခံပါမယ်လို့ တကူးတက ထွက်ပြောခဲ့ပါတယ်။ အဲဒီနေ့ညနေ ၃နာရီထိုးခါနီးကျမှ National Transport Safety Board ကတော့ ကာဂိုသင်္ဘောရဲ့ ဒေတာရီကော်ဒါ (ဘလက်ခ်ဘောက်စ်)က စစ်ဆေးမှုတွေအတွက် အခရာကျလိမ့်မယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောသွားတာပါ။ အဲဒီအချိန်အထိ NTSB က သင်္ဘောပေါ် မတက်ရသေးပဲ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ US Coast Guard နဲ့ ရဲတွေContinue reading “မတ်လ ၂၈ ရက် ၂၀၂၄”
မေလ ၂၅ရက် ၂၀၂၄
သောကြာနေ့ညနေက အမေရိကန်အောက်လွှတ်တော်မှာ ၁.၂ထရီလီယံအစိုးရဘတ်ဂျက်ကို ၂၈၆-၁၃၄မဲနဲ့ အလျင်စလို အတည်ပြုခဲ့ပါတယ်။ ဒီမိုကရက်အားလုံးနဲ့ ရီပါဘလစ်ကန် ၁/၃ ကျော် ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဘတ်ဂျက်ဘေလ်မှာ စာမျက်နှာ ၁၀၁၂ ရှိပြီး ၈၂၄.၅ဘီလီယံက ကာကွယ်ရေးဝန်ကြီးဌာနကို သွားမှာဖြစ်ပါတယ်။ လက်ရှိအသုံးစာရိတ်ထက် ၂၇.၇၅ဘီလီယံ ပိုလာတာပါ။ အစ္စရေးဒုံကျည်ကာကွယ်ရေးအတွက် သန်း၅၀၀၊ ယူကရိန်းအတွက် သန်း၃၀၀၊ ပြည်တွင်းလုံခြုံရေးအောက်က Customs and Border Protection က လက်ရှိထက် ၃ဘီလီယံတိုးပြီး ၁၉ဘီလီယံ၊ Immigration and Customs Enforcement က ၁.၁တိုးပြီး ၉.၆ဘီလီယံရပါတယ်။ ဒါပေမယ့် ဒီတိုးလာတဲ့အသုံးစာရိတ်တွေက နယ်စပ်ကို လုံအောင်ကာဖို့မဟုတ်ပဲ ဘိုင်ဒန်တို့ ကမလာတို့ ပြောနေသလို “နယ်စပ်က ကျိုးပေါက်နေတာမဟုတ်ပါဘူး၊ processing လုပ်တဲ့စနစ်ကပဲ ကျိုးပေါက်နေတာပါ”လို့ ပြောနေတဲ့အတွက် နယ်စပ်လုံခြုံရေးအတွက်Continue reading “မေလ ၂၅ရက် ၂၀၂၄”