အောက်တိုဘာ ၁၀ ရက် ၂၀၂၄

အီလွန်က အမေရိကားပက်ခ်လို့ခေါ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကော်မီတီသစ်တခုကို ဖွဲ့စည်းပြီး နယ်စပ်လုံခြုံရေးအားပေးသူ၊ ပြည်သူ/မြို့လုံခြုံရေး အားပေးသူ၊ မျှတတဲ့ တရားရေးစနစ်ကို အားပေးသူ၊ အစိုးရအသုံးစာရိတ်ကို စီစီစစ်စစ်သုံးမယ့်သူ၊ ဖရီးစပိချ်နဲ့ ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်ကို အားပေးမယ့်သူ စတဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ကန်ဒီဒိတ်တွေကို ထောက်ခံ/ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အီလွန်က တွဒ်တာကိုဝယ်လိုက်ကတဲကစပြီး ခုလို ထရမ့်နဲ့ မာဂါကို ခြေစုံပစ်ထောက်ခံလိုက်တာဟာ သူ့ကို ဘိုင်ဒန်-ဟဲရစ်အစိုးရက ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဖြစ်လာပါတယ်။ အမေရိကန်မှာ အာကသကို သွားနိုင်တဲ့ ကုမ္ပဏီ သိပ်မရှိပါဘူး။ အီလွန်ရဲ့ ဂြိုလ်တုနဲ့ အာကာသလွန်းပျံယာဥ်တို့က စိတ်အချရဆုံးဖြစ်ပေမယ့် နာဆာက ကန်ထရိုက်အများစုကို အငြင်းပွားစရာသတင်းတွေ ခဏခဏ တက်နေတဲ့ ဘိုးအင်းကိုပေးပြီး အီလွန်ရဲ့ စပေ့စ် X က နဲနဲပဲ ရတာပါ။Continue reading “အောက်တိုဘာ ၁၀ ရက် ၂၀၂၄”

အောက်တိုဘာ ၈ ရက် ၂၀၂၄

အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်တွေရဲ့ ကော်မန်ဒါဟောင်း အငြိမ်းစားကြယ်၄ပွင့်ဗိုလ်ချုပ်ကြီး ဖရန့်ခ်မက်ကန်းဇီက အီရန်ဟာ သမ္မတထရမ့်ကို လုပ်ကြံဖို့ အသည်းအသန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ထရမ့်ဟာ လက်ရှိအီရန်အစိုးရအတွက် ခြိမ်းခြောက်မှုကြီးဖြစ်တာကြောင့် မရမကကို လုပ်ကြံချင်နေကြတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးက CBS က မာဂရက်ဘရန်နန်နဲ့ အင်တာဗျူးမှာ အီရန်က ပြီးခဲ့တဲ့အပတ်က အစ္စရေးကို ဘော်လစ်စတစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကို အစ္စရေးက ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ မေးခွန်းကို အီရန်ရဲ့ အဓိကပန်းတိုင်က သူတို့အစိုးရ မြဲနေဖို့ပဲ၊ ထရမ့်တက်လာရင် သူတို့ခုံလှုပ်ပြီ၊ အစ္စရေးကို သူများမြှောက်ပေးပြီး တိုက်တာကနေ ကိုယ်တိုင် တိုက်ခိုက်လာတာလည်း ထရမ့်တက်မှာကြောက်ပြီး သွေးပျက်နေလို့ပဲလို့ ဖြေသွားပါတယ်။ အစ္စရေးက ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတော့ အီရန်ခေါင်းဆောင်ကို တခါထဲရှင်း၊ (သို့) အီရန်ရဲ့ နျူအစီအစဥ်ကို ရှင်းပစ်၊ (သို့) ရေနံတွင်း/ထုတ်ယူတဲ့စနစ်တွေကိုဖျက်ပစ်၊ (သို့)Continue reading “အောက်တိုဘာ ၈ ရက် ၂၀၂၄”

အောက်တိုဘာ ၆ ရက် ၂၀၂၄

မနေ့က ထရမ့်က သူသေနတ်ပစ်ခံခဲ့ရတဲ့ ဘတ်တလာမြို့ကို ထပ်မံသွားရောက်ခဲ့ပါတယ်။ ဒီတခါတော့ ကျည်ကာမှန်တွေ ကာထားပေးတာတွေ့ရပါတယ်။ ကျည်ကာမှန်ကာ တဖက်က ကောင်းသလို တဖက်မှာလည်း စီးကရက်ဆားဗစ်က ဒီလိုဖက်စလတီမပေးနိုင်ဘူးဆိုပြီး တချို့သော rally တွေကို ခွင့်မပြုခဲ့ပါဘူး။ အဲဒီပွဲမှာ ကွင်းထဲ ဝင်ခွင့်မရမှာစိုးလို့ ညအိပ်စောင့်သူတွေ အများကြီးရှိတာ တွေ့ရသလို ထရမ့်အပစ်ခံရပြီးမှ ထရမ့်ကို လုံးဝ ခြေစုံပစ် ထောက်ခံလာခဲ့တဲ့ အီလွန်မတ်စ်လဲ တက်ရောက်ခဲ့ပါတယ်။ ထရမ့်က သူ့အစိုးရဟာ ပြည်သူတွေရဲ့ အလားအလာတွေကို အဟန့်အတား အကန့်အသတ်မရှိ အစွမ်းရှိသလောက် ထိပ်ဆုံးကို ရောက်စေဖို့ ရေခံမြေခံကောင်းဖြစ်အောင် အဖက်ဖက်က ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း၊ ဘဝကို ကျေနပ်ဂုဏ်ယူတဲ့၊ မိသားစုကို ဖူဖူလုံလုံ ပံ့ပိုးပေးနိုင်တဲ့ ပြည်သူတွေ ဖြစ်လာတာ မြင်ချင်ကြောင်း၊ ရာဇဝတ်မှုတွေမရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာအောင်လည်း ကြိုးစားသွားမှာဖြစ်ကြောင်း၊ ငါတို့ရဲ့Continue reading “အောက်တိုဘာ ၆ ရက် ၂၀၂၄”

အောက်တိုဘာ ၄ရက် ၂၀၂၄

မမျှော်လင့်ပဲ ရေလွှမ်းခဲ့တဲ့ မြောက်ကာရိုလိုင်းနားနဲ့ တန်နက်စီတို့မှာ ရောက်ရှိနေတဲ့ ဖီးမားတပ်ဖွဲ့ဝင်တွေဟာ အလွယ်တကူဝင်လို့မရတဲ့နေရာကို မဝင်ပေးနိုင်ဘူးဆိုလို့ ဒေသခံတွေက ပေါက်ကွဲနေကြပါတယ်။ အမေရိကန်မှာ ထုံးစံအတိုင်း တခုခုဖြစ်ရင် လာဝိုင်းကူကြတဲ့လူတွေ ဝိုင်းလှူကြတာတွေ ရှိပါတယ်။ အဲဒီလို အပြင်က လာကူကြ၊ လာလှူကြတဲ့လူတွေကိုလည်း လာခွင့်မပြုပါဘူးတဲ့။ အဲဒီဒေသကလူတွေက မီးမရ၊ ရေမရအပြင် ရေလွှမ်းတဲ့ ဒေသတွေဟာ ကျယ်ပြန့်လွန်းလို့ ပြည်သူရဲ့ အကူအညီမပါပဲ ဒုက္ခရောက်နေတဲ့လူတွေဆီ အကူအညီ အမြန်ဆုံး ရောက်နိုင်ဖို့ လုံးဝ မလွယ်ပါဘူး။ အီလွန်က ရေဘေးဒုက္ခသည်တွေဆီ ကယ်ဆယ်/ကူညီရေးပစ္စည်းတွေ အစားအစာတွေ ချပေးမယ့် ရဟတ်ယာဥ်တွေ ဆင်းသက်နိုင်ဖို့ ကွင်းအကြီး၂ခုကို မီးအပြည့်အစုံနဲ့ ဆင်ထားပေးတဲ့အပြင် ဆက်သွယ်ရေးအဆင်ပြေဖို့အတွက် စတားလင့်ခ်ပေါင်း ၃၀၀ကျော်ကိုလည်း အဲဒီဒေသအတွက် ချထားပေးလိုက်ပါတယ်။ ပြဿနာက ဖီးမားက မအလတို့လိုပဲ ကူညီ/ကယ်ဆယ်ပစ္စည်းတွေကို ဝင်မရအောင်Continue reading “အောက်တိုဘာ ၄ရက် ၂၀၂၄”

Submerged Vehicle Guidance

ရေလွှမ်းခံရတဲ့ ဒေသတွေက လျှပ်စစ်ကားတချို့မှာ ရေထိထားတဲ့ ဘက်ထရီက ရှော့ဆားကစ်ဖြစ်ရာက မီးထလောင်တာ ပေါက်ကွဲတာတွေအထိ ဖြစ်နိုင်ပါတယ်။ ဖလော်ရီဒါမှာ ရေနစ်ထားတဲ့ လျှပ်စစ်ကားတွေကနေ မီးထလောင်တာ တမ်ပါဘေးမှာတင် ၁၆စီး ရှိပြီဖြစ်ပြီး အနည်းဆုံး အိမ် ၆လုံး မီးလောင်သွားပါတယ်။ ဖြစ်တာက ဘယ်လျှပ်စစ်ကားမှာမဆို ဖြစ်နိုင်သလို ဟိုက်ဘရစ်တွေလည်း သတိထားနိုင်ရင် ပိုကောင်းပါတယ်။ တက်စ်လာက သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ရေနစ်ထားတဲ့ ကားတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက် ပေးထားပါတယ်။ လိုအပ်မယ့်သူတွေအတွက် ဘာသာပြန်ပေးလိုက်ပါတယ်။  ရေမြုပ်တဲ့မော်တော်ယာဥ်ဟာ ရေကြီးတာကြောင့်ဖြစ်နိုင်သလို အခြားရာသီဥတုအကြောင်း တခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အန္တရာယ်အနည်းဆုံးဖြစ်အောင် အောက်ပါအချက်တွေကို သေချာဖတ်ရှုပြီး သတိထားကိုင်တွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ မိုးလေဝသဟောကိန်းမှာ ရေကြီးနိုင်ခြေရှိတယ်လို့ ပါလာရင် အကောင်းဆုံးက သင့်ရဲ့ လျှပ်စစ်ကားကို ရေလွှမ်းနိုင်ခြေမှ လွတ်မယ့်နေရာ (သို့)Continue reading “Submerged Vehicle Guidance”

အောက်တိုဘာ ၂ ရက် ၂၀၂၄

မနေ့က ဒုသမ္မတလောင်းဒီဘိတ်မှာ ဗန့်စ်က ဒုသမ္မတလောင်းတယောက်အဖြစ် သူ့ရဲ့ အရည်အချင်းကို အပီအပြင် ပြသနိုင်ခဲ့သလောက် တင်မ်ကတော့ မြို့နယ်အဆင့်လောက်မှာတောင် နိုင်နိုင်တဲ့ အရည်အချင်းရှိသူမဟုတ်တာ ထင်ရှားနေပါတယ်။ ထရမ့်နဲ့ ကမလာဒီဘိတ်လိုပဲ ၃ယောက် ၁ယောက် ဒီဘိတ်ဖြစ်တဲ့အပြင် ဗန့်စ်ကို အတင်းဖက်ချက်၊ မိုက်ခ်ပိတ်၊ မုသားတွေဆင်နဲ့ ဗျာများနေကြတာလည်း ရီစရာကောင်းသလို စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ တင်မ်တို့ ကမလာတို့လိုအဆင့်နဲ့ ကမ္ဘာမှာ ဘယ်လိုပွဲလည်တင့်ကြမှာတဲ့လဲ၊ အဲဒီ ၂ယောက်လုံးက ဘက်မလိုက်တဲ့ဌာနတွေမှာလုပ်မယ့် ဒီဘိတ်ဆိုရင် တီဆားကြောက်သလို တွန့်ကြလွန်းလို့ အစဥ်အလာကိုဖျက်ပြီး ဒီမိုကရက်ဘက်လိုက်တဲ့ ဆီမှာချည့် လုပ်ပေးနေရတာ ရှက်တတ်ရင် ရှက်စရာပါ။ ဒီဘိတ်သာ ဘက်လိုက်တဲ့ဌာနမှာ လုပ်ဖို့ သဘောတူလို့ရပေမယ့် သတင်းစာရှင်းလင်းပွဲကျတော့ သူတို့လူချည့်ထည့်ထားဖို့ မလွယ်တဲ့အတွက် လုံးဝ မလုပ်ရဲဘူးဖြစ်နေတာ တွေ့ရမှာပါ။ မလွယ်ဘူးလို့ပဲပြောတာက ရာထူးမရခင်အထိ မလွယ်တာကြောင့်ပါ၊Continue reading “အောက်တိုဘာ ၂ ရက် ၂၀၂၄”

စက်တင်ဘာ ၃၀ ရက် ၂၀၂၄

အမေရိကန်လဝက ICE မှ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ဘိုင်ဒန်-ဟဲရစ်အစိုးရဟာ လူသတ်ကောင် ၁၃,၀၀၀ နဲ့ ရာဇဝတ်ကောင် ၆၆၂,၀၀၀ ကျော်တို့ကို ပြည်တွင်းမှာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။ အဲဒီထဲမှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်လို့ အပြစ်ပေးခံရသူ ၅၀၀၀ကျော်အပြင် အခြား လိင်ရာဇဝတ်သားနဲ့ ပြန်ပေးဆွဲသူ ထောင်ကျော် ပါဝင်နေပါတယ်။ ICE ရဲ့ ဒုညွှန်မှူး ပက်ထရစ် လေလစ်တနာက ဘိုင်ဒန်အစိုးရဟာ ၂၀၂၃ မေလလယ်ကစလို့ လူပေါင်း ၈၉၃,၀၀၀ ကို ပြန်ပို့တယ်လို့ အစီရင်ခံထားပေမယ့် ရာဇဝတ်သားအများအပြားကတော့ ပြည်တွင်းမှာ ရှိနေပါသေးတယ်။ ကမလာ အီရီဇိုးနားက နယ်စပ်ကို သွားတဲ့ပွဲမှာ ကယ်လီဖိုးနီးယားခရိုင်ရှေ့နေဟောင်း ဗစ်တိုးရီးယား ဗာဘာစလေဇာကို ပွဲထုတ်ခဲ့ပါတယ်။ ဗစ်တိုးရီးယားက ရာဇဝတ်ကောင်တွေ အထူးသဖြင့် ကလေးလိင်မုဆိုး ပီဒိုတွေပေါ်မှာ အလွန်ကိုContinue reading “စက်တင်ဘာ ၃၀ ရက် ၂၀၂၄”

စက်တင်ဘာ ၂၇ ရက် ၂၀၂၄

၂၀၂၄မှာ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားမှု ၂ကြိမ်မဖြစ်ခင် ၁နှစ်ကျော်ကတည်းက အီရန်က ဒရုန်းနဲ့ လုပ်ကြံနိုင်ခြေရှိတာကို စီးကရက်ဆားဗစ်ကို သတိပေးထားပြီးဖြစ်ကြောင်း အေးဂျင့်တဦးက ဆီးနိတ်မှာ ထွက်ဆိုခဲ့ပါတယ်။ အီရန်က ဆိုလေမာနီကို လုပ်ကြံခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ ထရမ့်ရော ပွန်ပေယိုနဲ့ ဂျွန်ဘိုလ်တန်တို့ကိုပါ ပစ်မှတ်ထားကြောင်း သိရပါတယ်။ ဇူလိုင်လမှာ အပစ်ခံခဲ့ရတုန်းက စီးကရက်ဆားဗစ်မှာ ဒရုန်းကို ထောက်လှမ်းနိုင်တဲ့စနစ်က အဆင်သင့် မဖြစ်နေသေးတာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။ အီရန်က ဒရုန်းနဲ့ လုပ်ကြံနိုင်ခြေရှိတယ် ဆိုတာကို အန်နီမေးရှင်းဗီဒီယိုတွေနဲ့ လူသိအောင် လုပ်လာနေတာတောင်မှ စီးကရက်ဆားဗစ်မှာ ဒရုန်းနဲ့ လုပ်ကြံမှာကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်မနေသေးတာက တမင် ဟ ပေးထားသလို ဖြစ်နေတာပါ။ အိုဘမ၊ ကလင်တန်ကစလို့ ဘိုင်ဒန်/ကမလာအထိ အီရန်ကို မျက်နှာအညှိုးမခံပဲ ငွေသားပုံပေးပြီး ပေါင်းတာဆိုတော့Continue reading “စက်တင်ဘာ ၂၇ ရက် ၂၀၂၄”

စက်တင်ဘာ ၂၄ရက် ၂၀၂၄

ထရမ့်ကို ဂေါက်ကွင်းမှာ လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ရိုင်ယန်ဝက်စ်လေရုသ်ဟာ ပင်ဆယ်လ်ဗေးနီးယားမှာ ထရမ့်မျက်နှာကို သေနတ်နဲ့ပစ်ခဲ့တဲ့ သောမတ်စ်ခရွတ်စ်လိုပဲ ကမ္ဘာမှာ အာဏာအရှိဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတခုဖြစ်တဲ့ ဘလက်ရော့ခ်ရဲ့ ကြော်ငြာတွေမှာ ပါခဲ့ဖူးသူဖြစ်နေတာ တွေ့ရပါတယ်။​ ရုသ်က ရေးထားတဲ့ စာထဲမှာ ငါကတော့ ဒီလုပ်ငန်းကို အောင်မြင်အောင် အဆုံးမသတ်နိုင်ခဲ့ဘူး၊ အောင်မြင်စွာ အဆုံးသတ်ပေးနိုင်မယ့်သူကို ငါက တသိန်းခွဲ ပေးပါမယ်လို့ ရေးထားပါတယ်။ သူဟာ ထရမ့်ဂေါက်ကွင်းထဲကို မဖမ်းမိခင် ၁၂နာရီလောက် ကြိုရောက်နေတာဖြစ်ပြီး ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတာကို အလွန်မြင့်မြတ်တဲ့အလုပ်လို့ ခံယူထားပုံရတဲ့အပြင် အမှုမှာလည်း အသနားခံတာ၊ ညှိနှိုင်းတာမျိုး မလုပ်ကြောင်း သိရပါတယ်။ ရုသ်ကို ရာဇဝတ်ပြစ်မှု ကျခံထားဖူးသူက သေနတ်ကိုင်ဆောင်မှု၊ သေနတ်က စီရီရယ်နံပါတ်ဖျက်ထားတဲ့ သေနတ်ကိုင်ဆောင်မှုတို့အပြင် ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းမှုဖြင့်ပါContinue reading “စက်တင်ဘာ ၂၄ရက် ၂၀၂၄”

စက်တင်ဘာ ၂၀ရက် ၂၀၂၄

မြန်မာပြည်မှာ ရေကြီး ရေလွှမ်းတာတွေဖြစ်တော့ ဒါမျိုးတွေဟာ အမေရိကန်မှာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတပုဒ်ကို သွားသတိရမိပါတယ်။ ဒီမှာကတော့ သဘာဝဘေးဆိုတာမှာ နယ်မြေအကန့်အသတ်ရှိပြီး ကြိုတင်ခန့်မှန်းလို့ ပြင်ဆင်လို့ ရနိုင်ပေမယ့် အကြမ်းဖက်တွေရဲ့ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ဆိုရင် အချိန် နေရာမရွေး ဖြစ်နိုင်တာရယ် ခန့်မှန်းဖို့ခက်တာရယ်ကြောင့် ပျက်စီးဆုံးရှုံးနိုင်ခြေက ပိုကြီး၊ ပိုဆိုးပါတယ်။ နိုင်ငံတနိုင်ငံကို ဆိုင်ဘာတိုက်ခိုက်မှု အောင်အောင်မြင်မြင် ဆင်နွဲနိုင်ခဲ့တာက ၂၀၀၇မှာဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းတီထွင်ထားတဲ့ Stuxnet ကွန်ပြူတာဗိုင်းရပ်စ်ကို အသုံးပြုကာ အီရန်ရဲ့ ယူရေနီယံသန့်စင်စနစ်ကို ဖျက်ဆီးခဲ့လို့ အီရန်ယူရေနီယံသန့်စင်စနစ်ရဲ့ ၂၀%လောက် ပျက်စီးသွားခဲ့ပါတယ်။ အဲဒီတီထွင်မှုကို နှစ်နိုင်ငံလုံးက ဝန်မခံကြပေမယ့် အော်ပရေးရှင်းအိုလံပစ်ဂိမ်းစ် လို့ခေါ်ကြောင်း နေရှင်နယ်အင်းထရက်စ်သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီဗိုင်းရပ်စ်ကို နောက်ပိုင်းမှာ ဂက်စ်ပိုက်တို့၊ ဓါတ်အားပေးရုံ တို့၊ ရေပေးစနစ်တို့ကိုပါ တိုက်ခိုက်လာနိုင်အောင် ပြုပြင်မွမ်းမံလာကြပါတယ်။Continue reading “စက်တင်ဘာ ၂၀ရက် ၂၀၂၄”