ဧပြီ ၁၈ရက် ၂၀၂၄

တနာရီကို မိုင် ၁၂၀၀အထိ ပျံသန်းနိုင်ပြီး ကမ္ဘာမှာ အဆင့်မြင့်ဆုံး နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ F-35 တိုက်လေယာဥ်တွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အားအထားရဆုံး တိုက်လေယာဥ်တွေပါ။ လက်ရှိ ပိုင်ဆိုင်ထားတဲ့ F-35 လေယာဥ်တွေထဲက ဘယ်နှစ်စီးလောက်က တိုက်ခိုက်ဖို့ အဆင်သင့် ရှိနေပါသလဲ လို့ အမတ်မက်ထ်ဂိတ်ဇ်က ပန်တဂွန်က တာဝန်ရှိသူတွေကို မေးမြန်းတဲ့အခါ ၅၅% က ပျံသန်းလို့ရတဲ့ အခြေအနေမှာရှိပြီး ၂၉% ကသာ တိုက်ပွဲဝင်နိုင်တဲ့အနေအထားမှာ ရှိနေပါတယ်လို့ ပြန်ဖြေပါတယ်။ အဲဒီလေယာဥ်တွေကို ထုတ်လုပ်ပေးတဲ့ လော့ခ်ဟိဒ်မာတင်ကုမ္ပဏီမှာ လုပ်ပိုင်ခွင့်တွေ မြောက်များစွာ ရနေတဲ့အတွက် လေယာဥ် အလုပ်လုပ်တယ် မလုပ်ဘူး၊ အကောင်းဆုံးအနေအထား ဖြစ်/မဖြစ် ဆိုတာတွေကို အစစ်အဆေး တာဝန်ယူမှု/တာဝန်ခံမှုမရှိပဲ လုပ်ကိုင်နေကြတာလို့လည်း မက်ဂိတ်ဇ်က ထောက်ပြ မေးမြန်းသွားတာကို ဝန်ခံသွားကြပါတယ်။ ၂၀၁၈တုန်းကContinue reading “ဧပြီ ၁၈ရက် ၂၀၂၄”

ဧပြီ ၁၂ရက် ၂၀၂၄

ဒီနေ့ ဖလော်ရီဒါက မာရာလေဂိုစံအိမ်မှာ ထရမ့်နဲ့ စပီကာဂျွန်ဆင်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြပါတယ်။ နယ်စပ်ကိစ္စ အရေးကြီးနေတာကို အရင်မကိုင်ပဲ​ ဘတ်ဂျက်ဘေလ်ကို အရင်လွှတ်ပေးလိုက်လို့ ရီပါဘလစ်ကန်အမတ်တချို့ရဲ့ ဝေဖန်တာကို ခံနေရတဲ့ မိုက်ခ်ဂျွန်ဆင်က ထရမ့်ဆီသွားရောက်တွေ့ဆုံပြီးနောက် နယ်စပ်ပြဿနာ အရေးကြီးတာမှန်ကြောင်း၊ စာရင်းဇယားထဲ မဝင်တာတွေပါပေါင်းရင် ဘိုင်ဒန့်လက်ထက်မှာ တိုင်းပြည်ထဲကို တရားမဝင် ၁၆သန်းလောက်အထိ ရောက်နေနိုင်ကြောင်း၊ အဲဒီလောက်များတဲ့သူတွေကို နေဖို့ စားဖို့ ကျန်းမာရေးစတဲ့ welfare ပေးတဲ့အခါ မဲပေးဖို့ မှတ်ပုံတင်ဖို့ပါ တွဲလုပ်ဖို့ ဒီမိုကရက်တွေ လုပ်နေကြကြောင်း၊ ဝင်လာတဲ့လူရဲ့ % အနည်းငယ်ကပဲ ဝင်မဲပေးရင်တောင် မဲရလာဒ်က ဇောက်ထိုးဖြစ်သွားနိုင်ကြောင်း၊ အပြာပြည်နယ် တွေမှာ မဲပေးသူကို ID မစစ်ရဘူးလို့ကို ဥပဒေတွေ ပြဌာန်းထားကြောင်း၊ အဲဒီလို အခြေခံဥပဒေနဲ့ မညီတဲ့ ကိစ္စတွေကို တိုက်ဖျက်ဖို့Continue reading “ဧပြီ ၁၂ရက် ၂၀၂၄”

ဧပြီ ၉ ရက် ၂၀၂၄

စနေနေ့က ဖလော်ရီဒါမှာ ကျင်းပပြုလုပ်တဲ့ ရကပရံပုံငွေညစာစားပွဲမှာ ထရမ့်က မျှော်မှန်းဝင်ငွေ ၄၃သန်းထက် ကျော်လွန်ပြီး ၅၀.၅သန်း ရရှိခဲ့ပါတယ်။ အခုလို သမိုင်းဝင် စံချိန်တင်တဲ့ ရံပုံငွေပွဲ ဖြစ်လာတာဟာ ထရမ့်အပေါ် အမှုပေါင်းများစွာ ဆင်ထားစွဲထားတာအပေါ် အယုံအကြည်မရှိကြောင်း ပြသနေသလို နစ်ကီဟေလီကို ထောက်ခံခဲ့ကြတဲ့ သူဌေးတချို့က ထရမ့်ကို ပြောင်းထောက်ခံလာကြ တာကြောင့်ရော ဘိုင်ဒန်တို့လုပ်နေတာတွေက တိုင်းပြည်ကောင်းဖို့ မဖြစ်လာနိုင်တာ ပိုမိုထင်ရှား လာတာကြောင့်ပါ လူတန်းစားမရွေး ထရမ့်ပြန်လာဖို့ အလိုရှိနေကြကြောင်းကို ပြသလိုက်တာပါပဲ။ တလောက နယူးယောက်က ဟိုတယ်တခုမှာ ပြုလုပ်သွားတဲ့ ဘိုင်ဒန်ရဲ့ ရံပုံငွေပွဲဂါလာမှာတော့ ဘေလ်ကလင်တန်၊ အိုဘမနဲ့ ဆယ်လီဘရစ်တီများစွာ တက်ရောက်ခဲ့ကြပြီး ၂၆သန်းရလာခဲ့တာ ထက်ကို ထရမ့်က ၂ဆနီးပါး သာနေတာပါ။ လက်ထဲရှိတဲ့ ငွေသားရံပုံငွေ စုစုပေါင်းမှာ ကမ္ဘာ့ရွာ အီလိကြီးတွေ၊Continue reading “ဧပြီ ၉ ရက် ၂၀၂၄”

ဧပြီ ၃ ရက် ၂၀၂၄

ဒါလီသင်္ဘောက ဘာလ်တီမိုးမြို့အဝင် ကီးတံတားကို ဖြိုချခဲ့တဲ့ဖြစ်စဥ်မှာ တံတားပေါ်ရှိ အလုပ်သမား ၈ဦး ရေထဲပြုတ်ကျသွားခဲ့ရာ ၂ဦးကို ကယ်ဆယ်ရခဲ့ပြီး ကျန် ၆ဦးကတော့ သေဆုံးပြီလို့ ယူဆကြပါတယ်။ ထရပ်ကားတစီးလည်း ရေထဲကျသွားတယ်လို့ ပြောကြပြီး တံတားမပြိုကျခင် စက္ကန့်ပိုင်းအလိုအထိ တံတားပေါ်မှာ ကားအသွားအလာမပြတ်တဲ့အတွက် သင်္ဘောက ကမ်းပေါ်က တာဝန်ရှိသူတွေကို မေဒေး၊ ငါတို့ ထိန်းမရတော့ဘူးလို့ ဖုံးခေါ်တာနဲ့ တံတားပေါ်မှာ စက္ကန့်ပိုင်းအတွင်း ကားတွေကို တံတားပေါ်မတက်အောင် တားလိုက်နိုင်တယ်ဆိုတာ ယုတ္တိရှိတယ်လို့ ပြောဖို့ ခက်ပါတယ်။ UPS တပ်ထားလို့ မီးပျက်သည့်တိုင် သူ့ဖာသူဆက်အလုပ်လုပ်နိုင်တဲ့ ဘလက်ဘောက်စ်ကလည်း မီးစပျက်တာကနေ တံတားတိုက်မှုဖြစ်တဲ့ ၂မိနစ်လောက်အတွင်း record မလုပ်ပဲ ရပ်သွားပါတယ်တဲ့။ အက်ပ်စတိန်းအမှုလိုပဲ၊ အရေးကြီးတဲ့အချိန်မှာမှ စီစီတီဗီတွေ အလုပ်မလုပ်ဘူး။ ဒါလီမှာလည်း အလုပ်လုပ်တဲ့ စီစီတီဗီက တခုပဲရှိပြီးContinue reading “ဧပြီ ၃ ရက် ၂၀၂၄”

မတ်လ ၂၈ ရက် ၂၀၂၄

၂၆ရက်နေ့က သန်းခေါင်ကျာ် တချက်ခွဲမှာ ဘာလ်တီမိုးမြို့က ဖရန်စစ်စကော့ကီးတံတားကို ကွန်တိန်နာ သင်္ဘောက ဝင်တိုက်လို့ ပြိုကျသွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မသင်္ကာစရာ စဥ်းစားစရာတွေ အများကြီး ရှိနေပါတယ်။ ပထမဦးဆုံးအချက်က ဖြစ်ပြီး နာရီအနည်းငယ်သာကြာတဲ့ မနက် ၈နာရီမှာ ဘိုင်ဒန်က ဒီကိစ္စဟာ မတော်တဆဖြစ်တာပါ၊ ဖြစ်သွားတဲ့ ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး အစိုးရက အကုန်အကျခံပါမယ်လို့ တကူးတက ထွက်ပြောခဲ့ပါတယ်။ အဲဒီနေ့ညနေ ၃နာရီထိုးခါနီးကျမှ  National Transport Safety Board ကတော့ ကာဂိုသင်္ဘောရဲ့ ဒေတာရီကော်ဒါ (ဘလက်ခ်ဘောက်စ်)က စစ်ဆေးမှုတွေအတွက် အခရာကျလိမ့်မယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောသွားတာပါ။ အဲဒီအချိန်အထိ NTSB က သင်္ဘောပေါ် မတက်ရသေးပဲ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ US Coast Guard နဲ့ ရဲတွေContinue reading “မတ်လ ၂၈ ရက် ၂၀၂၄”

မေလ ၂၅ရက် ၂၀၂၄

သောကြာနေ့ညနေက အမေရိကန်အောက်လွှတ်တော်မှာ ၁.၂ထရီလီယံအစိုးရဘတ်ဂျက်ကို ၂၈၆-၁၃၄မဲနဲ့ အလျင်စလို အတည်ပြုခဲ့ပါတယ်။ ဒီမိုကရက်အားလုံးနဲ့ ရီပါဘလစ်ကန် ၁/၃ ကျော် ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီဘတ်ဂျက်ဘေလ်မှာ စာမျက်နှာ ၁၀၁၂ ရှိပြီး ၈၂၄.၅ဘီလီယံက ကာကွယ်ရေးဝန်ကြီးဌာနကို သွားမှာဖြစ်ပါတယ်။ လက်ရှိအသုံးစာရိတ်ထက် ၂၇.၇၅ဘီလီယံ ပိုလာတာပါ။ အစ္စရေးဒုံကျည်ကာကွယ်ရေးအတွက် သန်း၅၀၀၊ ယူကရိန်းအတွက် သန်း၃၀၀၊ ပြည်တွင်းလုံခြုံရေးအောက်က Customs and Border Protection က လက်ရှိထက် ၃ဘီလီယံတိုးပြီး ၁၉ဘီလီယံ၊ Immigration and Customs Enforcement က ၁.၁တိုးပြီး ၉.၆ဘီလီယံရပါတယ်။ ဒါပေမယ့် ဒီတိုးလာတဲ့အသုံးစာရိတ်တွေက နယ်စပ်ကို လုံအောင်ကာဖို့မဟုတ်ပဲ ဘိုင်ဒန်တို့ ကမလာတို့ ပြောနေသလို “နယ်စပ်က ကျိုးပေါက်နေတာမဟုတ်ပါဘူး၊ processing လုပ်တဲ့စနစ်ကပဲ  ကျိုးပေါက်နေတာပါ”လို့ ပြောနေတဲ့အတွက် နယ်စပ်လုံခြုံရေးအတွက်Continue reading “မေလ ၂၅ရက် ၂၀၂၄”

မတ်လ ၂၂ ရက် ၂၀၂၄

နယူးယောက်ပြည်နယ်ရှေ့နေချုပ် လတီးရှာက သူမမဲဆွယ်ပွဲမှာကတဲက မောင်းတင်ထားတဲ့ ထရမ့်ကို ထိုးနှက်ဖို့အကြံကို သူမနဲ့အကြံတူတဲ့ တရားရုံးသူကြီးအန်ဂိုရွန်နဲ့ပေါင်းပြီး နစ်နာသူ/ မကျေနပ်သူ မရှိတဲ့အမှုကို ပြစ်မှုကြီးဖြစ်အောင်လုပ်၊ သမိုင်းဝင်လောက်တဲ့ ဒဏ်ကြေး ၃၅၅သန်းချမှတ်ခဲ့ပြီး အယူခံဝင်ဖို့ဆိုရင် ဒဏ်ကြေးအပြင် အမှုစတင်ဖြစ်တယ်ဆိုတဲ့ backdate ကနေစပြီး အတိုး ၁၀၉သန်း စုစုပေါင်း ၄၆၄သန်းကို ငွေသားအာမခံအဖြစ် မတ်လ ၂၅ရက် နောက်ဆုံးထားတင်ရမယ်၊ မတင်နိုင်ရင် ပိုင်ဆိုင်မှုတွေသိမ်းမယ်လို့ တဖက်သတ် အမိန့်ချခဲ့ပါတယ်။ လုပ်ငန်းရှင်တွေ ထုံးစံအတိုင်း ပိုင်ဆိုင်မှုတွေရှိပေမယ့် ငွေသားများများ လက်ဝယ်မရှိတဲ့ထရမ့်ဟာ တနေ့ဆိုင်းတိုင်းတနေ့ တက်လာတဲ့ အတိုးတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ လတီးရှာကတော့ အာမခံ မတင်နိုင်ရင် ထရမ့်ရဲ့ ပိုင်ဆိုင်မှုတွေ ထဲက ထရမ့်တန်ဖိုးအထားဆုံး၊ တန်ဖိုးအများဆုံးတခုဖြစ်တဲ့ မန်ဟက်တန်မြောက်ဖက် ဝက်ချက်စတာ ကောင်တီက ဧက ၃၇၀ရှိတဲ့ ဂေါက်ကွင်းပါတဲContinue reading “မတ်လ ၂၂ ရက် ၂၀၂၄”

အာဏာရှင်စနစ်သို့ သွားရာလမ်း

ကမ္ဘာ့နံပါတ် ၅ အကြီးဆုံးစီးပွားရေးအဆင့်ရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အချမ်းသာဆုံးမြို့တွေထဲက တခုမှာ ဘာမှ တန်ဖိုးမများတဲ့သကြားလုံးတို့ chewing gum တို့ကိုတောင် ဘီဒိုထဲ သော့ခတ်သိမ်းရတဲ့ အခြေအနေတွေ ဖြစ်ကုန်ပါပြီ။ အနိမ့်ဆုံးလုပ်ခတွေကိုလည်း တိုးမြှင့်လိုက်တဲ့အတွက် ဆိုင်တွေမှာ လူလျော့ထားကြတော့ တခုခုလိုချင်ရင် အချိန်တော်တော်ပေးနိုင်မှ ရပါတော့တယ်။ ဘိုင်ဒန့်နဲ့ နူဆမ်လက်ထက် တိုးတက်မှုတွေ ဆိုပါတော့။ ဒီမိုကရက်တွေရဲ့ လူဆိုး သူခိုးချစ်ပေါ်လစီတွေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအားမပေးတဲ့ ပေါ်လစီတွေကြောင့် ဆိုင်တွေ ပြည်သူတွေ ဒုက္ခများကြပေမယ့် တဖက်မှာ အမြတ်ထွက်မှာက အမေဇုန်လို ကုမ္ပဏီမျိုးဖြစ်ပါတယ်။ ဆိုင်တွေသွားရတာ အဆင်မပြေတော့ရင် online ကပဲ ဝယ်ကြဖို့ များပါတယ်။ကဗဖြစ်တုန်းကလည်း အမေဇုန်တို့ အမြတ်ကြမ်းခဲ့ပါတယ်။ ဒီလိုခွင်တွေ ဖြစ်လာဖို့အတွက် အမေဇုန်က ဖက်ဒရယ်အစိုးရကို လော်ဘီလုပ်ဖို့ ၂၀၂၃ တနှစ်ထဲမှာတင် သန်း ၂၀Continue reading “အာဏာရှင်စနစ်သို့ သွားရာလမ်း”

မတ်လ ၁၆ ရက် ၂၀၂၄

လေယာဥ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီရဲ့ 787 Dreamliner တွေထုတ်လုပ်တဲ့ မြောက်ချာလ်စ်တန် စက်ရုံမှာ ၃၂နှစ်ကြာ အရည်အသွေးထိန်းအင်ဂျင်နီယာလုပ်သွားတဲ့ ဂျွန်ဘာနက်ဟာ ရုံးချိန်းလာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သူ့ရှေ့နေက လိုက်ရှာရာမှာ ဟိုတယ်တခုရဲ့ ပါကင်လော့မှာ ရပ်ထားတဲ့ သူ့ထရပ်ကားပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို ပြီးခဲ့တဲ့ စနေနေ့က တွေ့ရှိခဲ့ကြပါတယ်။ တာဝန်ရှိသူတွေက သေနတ်ဒဏ်ရာဟာ ကိုယ့်ဖာသာကိုယ်ပစ်တာနဲ့ တူကြောင်း ကနဦးကောက်ချက် ချကြပေမယ့် အပြီးသတ်ဆုံးဖြတ်ချက်မချခင် ထပ်စစ်ဦးမယ်လို့ ဆိုပါတယ်။ သေဆုံးပြီး နောက်တရက်မှာ သူဟာ ဘိုးရင်းကုမ္ပဏီကို စွဲဆိုထားတဲ့ အမှုအတွက် တရားရုံးမှာ တတိယမြောက်နေ့ အဖြစ် တံခါးပိတ် သက်သေခံထွက်ချက် ပေးရမယ့်နေ့ဖြစ်ပြီး ပေါ်မလာတော့မှ လိုက်ရှာကြတာပါ။ အရင် ၂ရက်ကလည်း ထွက်ချက်တွေ ပေးထားခဲ့ပါသေးတယ်။ ဂျွန်ဘားနက်နဲ့ ရင်းနှီးတဲ့မိတ်ဆွေတဦးက ဂျွန်မဆုံးခင် ၂ပတ်ကContinue reading “မတ်လ ၁၆ ရက် ၂၀၂၄”

မတ်လ ၁၄ ရက် ၂၀၂၄

အမေရိကန်အောက်လွှတ်တော်မှာ အဆိုအောင်မြင်သွားတဲ့ တစ်တော့ဘန်းမယ့် ဥပဒေကြမ်းဟာ အဆိုတင်ထားသူတွေ ပုံဖော်ထားသလောက် မရိုးစင်းဘူးလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ဆီနိတ်တာ Rand Paul က ပြည်သူသန်း ၁၇၀သုံးနေတဲ့ app တခုကို အစိုးရအာဏာနဲ့ ဘန်းလုပ်တယ် ဆိုတာ ခြေ/ဥပါ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို စွက်ဖက်ကန့်သတ်လိုက်သလိုပဲလို့ ဝေဖန်ခဲ့ပြီး ထရမ့်ကတော့ တစ်တော့ရဲ့ အမေရိကန်အပေါ် အန္တရာယ်က ဖဘလောက် မကြီးဘူး၊ ဖဘက ပြီးခဲ့တဲ့ ရကပမှာ သန်း၅၀၀ အကုန်ခံပြီး ဘဒတို့ဘက်ကို နိုင်အောင်လုပ်သွားတာဆိုတော့ ကန့်သတ်မယ်ဆိုရင် ဖဘကို နိုင်ငံရေးမှာ ဝင်မရှုပ်အောင်၊ နိုင်ငံရေးကိစ္စတွေမှာ ငွေမသုံးနိုင်အောင် ကန့်သတ်ရမှာလို့ ဆိုပါတယ်။ တစ်တော့ဟာ ဘိုက်ဒန့်စ်ဆိုတဲ့ ကာရစ်ဘီယံပင်လယ်ထဲက ကေမန်ကျွန်းမှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ တရုပ်အင်တာနက်ကုမ္ပဏီရဲ့ ဖောင်ဒါက ဖန်တီးခဲ့ပေမယ့် သူတို့ဟာ တရုပ်စီးပွားရေးသမားတွေဖြစ်ပြီးContinue reading “မတ်လ ၁၄ ရက် ၂၀၂၄”