အမေရိကန်မှာ ပိုဆိုးတဲ့ ငွေဖောင်းပွမှု အဆင့်နောက်တဆင့် လာတော့မယ် (ရော့စ်မက်ခ်ကစ်ထရစ်)

ငွေဖောင်းပွမှုဟာ ပြည်သူတွေကို အဆင့်၄ဆင့်နဲ့ ရိုက်ခတ်မှာဖြစ်ကြောင်း ပီတာဆဗက်ဘ်က ကနေဒါ စီးပွားရေးပညာရှင် ရော့စ်မက်ခ်ကစ်ထရစ်ကို ကိုးကားပြီး အဲပုခ်တိုင်းမ်စ်မှာ တင်ပြထားပါတယ်။ ပုံမှန် ၂ရာခိုင်နှုန်းအောက်နားမှာသာရှိတဲ့ ငွေဖောင်းပွမှုက စတီးမြူလပ်စ်ချက်တွေ ထုတ်ပေးရာကနေ စတင်ဖောင်းပွခဲ့ပါတယ်။ အဲဒီ ၄ဆင့်ကတော့ ၁။ ငွေတံလျှပ် ကပ်ပိုးကာလမှာ ပြည်သူတွေကို ထောက်ပံ့ပေးတယ်ဆိုတဲ့ လိုလိုမလိုလို မဲရအောင် ဖားပေးတဲ့ တနည်းပြောရရင် သောက်ပျင်းတွေ မွေးထုတ်ပေးတဲ့ ချက်ခ်တွေက ဘယ်အရင်းအမြစ်ကမှ လာစရာမရှိတဲ့အတွက် ဖက်ဒရယ်ရီဆာ့ဗ်ကပဲ ရိုက်ထုတ်ရတာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ငွေလည်ပတ်မှုများလာတဲ့အတွက် စတော့ဈေး အိမ်ဈေးတွေလည်း တက်လာတာကြောင့် ပြည်သူတွေဟာ သူတို့ ပိုချမ်းသာလာတယ်လို့ အထင်ရောက်ကုန်ကြပါတယ်။ ဈေးကွက်ထဲကို လေစက္ကူတွေ ရိုက်ထည့်လိုက်တာကြောင့် မဝေးတဲ့အနာဂတ်မှာ ဈေးတွေတက် ဝင်ငွေတွေ ကြုံ့ကုန်တော့မယ့် ဒုက္ခကို မမြင်တော့ ချိတ်မမြင်ပဲ အစာပဲမြင်တဲ့ငါးတွေလိုContinue reading “အမေရိကန်မှာ ပိုဆိုးတဲ့ ငွေဖောင်းပွမှု အဆင့်နောက်တဆင့် လာတော့မယ် (ရော့စ်မက်ခ်ကစ်ထရစ်)”

ဇွန် ၂၅ ရက် ၂၀၂၂

မနေ့က ရိုးဗီဝိဒ် ကိုယ်ဝန်ဖျက်ချမှုဖြတ်ထုံးကို ပြောင်းပြန်လှန်ပေးလိုက်ပြီးနောက် ထင်ရှားတဲ့ ဒီမိုကရက်တွေရော မထင်မရှားတွေရော အမျိုးသမီးငယ်လေးတွေပါမကျန် သွေးဆူပေါက်ကွဲသံတွေ ညံသွားပါတယ်။ ပြည်တွင်းလုံခြုံရေး ဒီအိတ်ချ်အက်စ်က ကက်သလစ်ဘုရားကျောင်းတွေကို ဒေါပွနေတဲ့ ဆန္ဒပြသူတွေ မနေ့ညကစပြီး ရန်လာရှာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးလိုက်ပါတယ်။ တကယ်ဆို ပြည်သူကို လက်နက်မကိုင်စေချင်တဲ့ အစိုးရက ဖက်ဒရယ်၊ စတိတ်၊ ကောင်တီ၊ စီးတီးစတဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်က ရဲတွေနဲ့ လုံခြုံရေးစီစဥ်သင့်ပါတယ်။ ထင်ရှားသူတွေထဲမှာ ဟူစိန်အိုက တွဒ်တာကနေ ယောင်းမအကြီးစားနဲ့ မွှေပါတယ် – “ပြည်နယ်တွေမှာ ရွေးစရာမရှိအောင် ကိုယ်ဝန်ဖျက်ချတာကန့်သတ်တဲ့ ဥပဒေတွေထုတ်နေပြီ၊ သင်တုန့်ပြန်ချင်တယ် ဆိုရင် ဒီအဖွဲ့ ဒီအဖွဲ့တွေနဲ့ ဆက်သွယ်ပါ၊ အဲဒီလိုအဖွဲ့အများကြီးက ဟိုနှစ်ပေါင်းများစွာထဲက သတိပေးနေခဲ့တာ၊ ရှေ့ကို ဆက်ဖိုက်ဖို့လည်း ရှေ့တန်းက ဦးဆောင်သွားမှာ၊ သူတို့နဲ့ပေါင်း ကိုယ့်ဒေသမှာကိုယ်လှုပ်ရှား၊ ဗော်လန်တီယာလုပ်၊Continue reading “ဇွန် ၂၅ ရက် ၂၀၂၂”

ဇွန် ၂၄ ရက် ၂၀၂၂

ဒီကနေ့မှာ ဆူပရင်းမ်ကုတ်က ရိုးဗီဝိဒ်ကို ပြန်လှန်ပေးလိုက်တဲ့နောက်ပိုင်း တပြည်လုံးမှာ ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲလုပ်ကြဖို့ ဒီမိုကရက်တွေ တာစူနေကြပါတယ်။ အရင်ရေးခဲ့သလိုပဲ​ ရိုးဗီဝိဒ်ဖြတ်ထုံးဟာ ဖက်ဒရယ်ဖြတ်ထုံးဖြစ်တာကြောင့် တနိုင်ငံလုံးမှာ ဖျက်ချတာအကျုံးဝင်မယ်လို့ အဓိပ္ပါယ်ရတဲ့အတွက် အခြေခံဥပဒေနဲ့ မကိုက်ညီနေတာပါ။ အခုတော့ အဲဒီဆုံးဖြတ်ချက်ကို မူလထဲက ဖြစ်သင့်တဲ့အတိုင်း ပြည်နယ်တွေဆီ ပြန်လွှဲပေးလိုက်တဲ့အတွက် ပြည်နယ်လွှတ်တော်တွေက ပြည်သူ့ကိုယ်စားလှယ် တွေက ဆုံးဖြတ်ပေးရတော့မှာဖြစ်ပါတယ်။ အများယောင်တိုင်း လိုက်မယောင်ပဲ အဲဒီထဲမှာ ဒေါသထွက်စရာ ဆန္ဒပြစရာ ကိုယ့်လွတ်လပ်မှုကို အစိုးရက​ ဝင်စွက်နေတာ ဘာများပါနေလဲလို့ အရင်စဥ်းစားကြဖို့ လိုပါတယ်။ ဆန္ဒပြတယ်ဆိုတာလည်း ဂဖလွိုက်တုန်းကလိုပဲ ရရ မရရချဆိုတဲ့မူနဲ့ ဖျက်လိုဖျက်ဆီးလုပ်ကြတဲ့အထိ တွန်းလာရင် နဂိုထဲက ဈေးနှုန်းကြီးမြင့်မှု ငွေဖောင်းပွမှုဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လဲရာသူခိုးထောင်း ဖြစ်ကြဦးမှာပါ။ ကလင်တန်လက်ထက်က ဘဏ္ဍာရေးဝန်လုပ်ခဲ့သူ လယ်ရီဆမ်းမားစ်က လက်ရှိငွေဖောင်းပွမှု ၈.၆%ကိုContinue reading “ဇွန် ၂၄ ရက် ၂၀၂၂”

ဇွန် ၂၂ ရက် ၂၀၂၂

စိနတိုင်းမှာ ကဗအတွက် သုံးကြတဲ့ ဆဲလ်ဖုံးအက်ပ်ကို ပြည်သူကိုထိန်းချုပ်တဲ့ကိရိယာအနေနဲ့ ပြောင်းလဲသုံးစွဲလိုက်ပါတယ်။ အဲဒီအက်ပ်က ကိုယ့်နားမှာ ပိုးရှိသူရှိသလားဆိုတာကို ပြတယ်ဆိုတဲ့အတွက် ကူးမှာကြောက်ကြသူတွေ အများဆုံး သုံးကြတာဖြစ်ပါတယ်။ ဘဏ်တွေမှာ ဆန္ဒပြကြသူတွေရဲ့ ကူးစက်နိုင်မှုအဆင့်ကို အနီရောင်ပြောင်းထားလိုက်ခြင်းဖြင့် အဲဒီလူတွေက အလိုလို ၂ပတ်ကြာ မဖြစ်မနေ ကွာရင်တိုင်းလုပ်ရမှာဖြစ်ပါတယ်။ အဲဒီအက်ပ်ကို ဆိုဗီယက်ခေတ်က အစိုးရကိုဆန့်ကျင်သူတွေကို ချွေးတပ်စခန်းတွေပို့တဲ့ ဂူလက်စနစ်ကို အမြန်ရောက်အောင် သွားတဲ့လက်မှတ် ဂူလက်ဖတ်စ်ပတ်စ်လို့ ခေါ်ကြပါတယ်။ အမေရိကန်မှာလည်း အဲဒီလိုအက်ပ်မျိုး ရှိပါတယ်။ ကိုယ့်ကို နောက်ယောင်ခံလိုက်နိုင်တဲ့ အက်ပ်မှန်သမျှကို မရှိမဖြစ်ကလွဲလို့ မထားကြဖို့ တိုက်တွန်းပါတယ်။ အစိုးရချုပ်ကိုင်မှု ပိုကြီးလာလေ ပြည်သူတွေရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးလေပါပဲ။ အမေရိကန်ကို ချောက်ကျစေမယ့် လက်ဝဲအတွေးအခေါ်တွေ အရှိန်အဟုန်နဲ့ ရိုက်သွင်းလာတဲ့ထဲမှာ နာမ်စားတွေရဲ့ ကဏ္ဍကလည်း မဖြစ်လောက်သလိုထင်ရပေမယ့် အရေးကြီးတဲ့နေရာတခုကနေ ရည်ရွယ်ချက်ရှိရှိContinue reading “ဇွန် ၂၂ ရက် ၂၀၂၂”

 ဇွန် ၂၁ရက် ၂၀၂၂

နိုင်ငံရေးမဲဆွယ်ရာမှာ မူပြစရာ ခိုင်ခိုင်မာမာမရှိတဲ့အတွက် လူပိန်းကြိုက်ဖြစ်တဲ့ အသားရောင်နဲ့ လိင်ကို ဦးစားပေးမဲဆွယ်ကြတဲ့ ဒီမိုကရက်တွေအတွက် လာတီနိုတွေကြားမှာ သူတို့ကိုထောက်ခံမှု အကြီးအကျယ်ကျဆင်းနေခဲ့တာကို ကုစားဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။ လာတီနိုတွေ အလုပ်များတဲ့ တပိုင်တနိုင်စီးပွားရေးလုပ်တာတို့ အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင် ပေါများအောင် လုပ်ပေးတာတို့တော့ မဟုတ်ပါဘူး။ အမွှေစိန်က စပန်းနစ်စကားပြောတဲ့ မီဒီယာချန်နယ်တွေ လိုက်ဝယ်နေတာပါ။ လာတီနိုတွေက ထရမ့်ရဲ့ ပထမအကြိမ်ရွေးကောက်ပွဲမှာ ဘော်ဒါဝေါဆောက်မယ်၊ မက္ကဆီကိုကို ပေးခိုင်းမယ်ဆိုတာကို နားလည်မှုလွဲခဲ့ကြလို့ ဟေလာရီကို ပုံပေးခဲ့ကြပေမယ့် ထရမ့်ရဲ့ ၄နှစ်တာက သူတို့လို တပိုင်တနိုင်စီးပွားရေးသမားတွေ၊ အခြေခံလူတန်းစားတွေအများကြီး အကျိုးရှိတာတဲ့အပြင် နယ်စပ်လုံတဲ့အတွက် နယ်စပ်နဲ့နီးတဲ့ဒေသတွေမှာ ရာဇဝတ်မှုနည်းပါးတာ သိလာကြလို့ ထရမ့်ရဲ့ ဒုတိယရွေးကောက်ပွဲမှာ လာတီနိုမဲတွေ အများကြီး တက်လာခဲ့တာပါ။ အခုလို ဘိုင်ဒန်ရဲ့ ပြည်ဖျက်စီမံကိန်းကို ကြုံလိုက်ရတော့ အနှစ် ၁၅၀ကျော်Continue reading ” ဇွန် ၂၁ရက် ၂၀၂၂”

ဇွန် ၁၇ ရက် ၂၀၂၂

ပတ်ဝန်းကျင်ရေးရာတက်ကြွလှုပ်ရှားသူတွေက ဘိုင်ဒန်အစိုးရကို ပြည်တွင်းမှာ ရေနံဆက်တူးခွင့်ပေးနေလို့ဆိုပြီး တရားစွဲလိုက်ပါတယ်။ ဘိုင်ဒန့်စာကို တုန့်ပြန်တဲ့ ရှက်ဗရွန်က ပြည်တွင်းမှာ ရေနံတွင်းအသစ် မတူးရတော့တာ နှစ်ပေါင်း ၃၀ကျော်ပြီ၊ ဒီပုံစံအတိုင်းဆို နောက်လည်း အသစ်တူးခွင့်ပေးတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ရှိတဲ့တွင်းတွေကိုလည်း လုပ်ရကိုင်ရခက် စားရိတ်တက်အောင် ကြိုးနီတွေ ချုပ်ချယ်စည်းမျဥ်းတွေ ပိုလုပ်၊ ပိုက်လိုင်းတွေနဲ့ မြန်ကောင်းသက်သာ ပို့နိုင်မယ့် အစီအစဥ်တွေကို ဖျက်ပစ်နေတာတောင် ပတ်ဝန်းကျင်သမားတွေ မကျေနပ်သေးတော့ တဖက်လက်က ခြောက်ပြလိုက် နောက်တဖက်က ကြောက်ဟန်ဆောင် လိုက်လျောလိုက်နဲ့ သူတို့ဇတ်နဲ့ သူတို့တော့ ဟုတ်နေတာပါပဲ။ ပြည်သူတွေမှာသာ မျက်ဖြူဆိုက်နေတာ။ စံချိန်တင် ငွေဖောင်းပွမှုကို ချိန်ညှိဖို့ ဖက်ဒရယ်ရီဆာဗ်က ဘဏ်တိုးနှုန်းကို တကြိမ်ထဲမှာ သုံးမတ်တိုးလိုက်တဲ့နောက် ချေးငွေနဲ့ လည်ပတ်နေရတဲ့ အမေရိကန်လုပ်ငန်းရှင်တွေ ပြည်သူတွေ အခက်ကြီးကြုံလာရတဲ့အပြင် အတိုးနှုန်းမြင့်လာရင် ဖြစ်လေ့ရှိတဲ့အတိုင်း စတော့မားကက်ကContinue reading “ဇွန် ၁၇ ရက် ၂၀၂၂”

ဇွန်လ ၁၆ ရက် ၂၀၂၂

ပြဿနာပေါင်း သောင်းခြောက်ထောင်ကြုံနေရတဲ့ တိုင်းပြည်မှာ ဘဘဂျိုး အရေးတကြီး လုပ်လိုက်တာကတော့ ကလေးတွေလိင်ပြောင်းလဲမှုလုပ်လို့လွယ်အောင် သမ္မတအာဏာနဲ့ လက်မှတ်ထိုးထုတ်ပြန်လိုက်တာပါ။ ပုံမှန်အားဖြင့် တိုင်းပြည်မှာ အရေးတကြီး/ချက်ခြင်း လိုအပ်နေတာမျိုး မဟုတ်ရင် လွှတ်တော်ကနေပဲ သွားတာက အဖြစ်သင့်ဆုံးနဲ့ ခြေ/ဥနဲ့အကိုက်ဆုံး ဥပဒေပြုနည်းပါ။ ဒါပေမယ့် ဒီလိုအရူးချီးပန်းဥပဒေမျိုးကို သူတို့ကြီးစိုးထားတဲ့အချိန်မှာတောင် မတင်နိုင်တာ၊ လွှတ်တော်မှာ အခြေအတင် ဆွေးနွေးကြမှာကို ရင်မဆိုင်ရဲတာက ပြည်သူထောက်ခံမှု မရနိုင်တဲ့အခြေအနေကို ဖော်ပြနေတာပါ။ အဲဒီအမိန့်ဥပဒေ ထုတ်ပြန်ရတဲ့အကြောင်းကိုတော့ ပြည်နယ်တွေမှာ လိင်တူ/လိင်ပြောင်းတွေကို မုန်းလို့ချမှတ်တဲ့ဥပဒေတွေကို ကာပြန်ဖို့ဖြစ်ပြီး ဘူလီတွေကို ဂျိုးက အမြဲရင်ဆိုင်နေကြဖြစ်တယ်လို့ ထိပ်တန်းအစိုးရအရာရှိက ဆိုပါတယ်။ သူတို့ပြောတဲ့ မုန်းတီးတဲ့ဥပဒေတွေဆိုတာ မူလတန်းကလေး တွေကို လိင်တူကြိုက်/လိင်ပြောင်းကိစ္စသင်ဖို့ မသင့်တော်တဲ့ အရွယ်ဖြစ်လို့ မိဘမသိပဲ သင်ရိုးမှာ မထည့်ရဘူးလို့ ပြဌာန်းကြတာပါ။ ဘိုင်ဒန်တို့လုပ်မယ့် ဂျန်ဒါအဖမ်းမင်းကဲဆိုတာက အပျိုဖော်Continue reading “ဇွန်လ ၁၆ ရက် ၂၀၂၂”

ဟန်းတားရဲ့ အသံဖိုင်

ဟန်းတားလက်ပ်တော့ပ်ထဲက ဟန်းတားရဲ့ အသံဖိုင်ထွက်လာပါတယ်။ ၂၀၁၈ ဒီဇင်ဘာ ၃ရက်နေ့က အသံဖိုင်ထဲမှာ ဟန်းတားက သူ့ဖခင်ဂျိုးကို ဘယ်လောက်ပိုင်ကြောင်း ကြွားထားပါတယ်။ အဖေက သူ့နိုင်ငံရေးထိမှာတို့ဘာတို့ တွေးမှာမဟုတ်ဘူး၊ ငါကသာ ဒီကိစ္စငါ့အတွက် အရေးကြီးတယ်လို့ ပြောလိုက်ရင် အဖေက ငါဖြစ်ချင်တယ်ဆိုတာကို သူ့ပလက်ဖောင်ထဲ ကြံဖန်ပြီး ထည့်ပေးမှာ အသေအချာပဲ၊ ငါပြောစေချင်တာဆိုလည်း ဘာဖြစ်ဖြစ် သူက ပြောပေးမှာပဲ၊ အဖေက ကမ္ဘာပေါ်က ဘယ်သူ့ထက်မဆို ငါ့ကိုပို အလေးထားတယ်၊ မင်းသိသမျှ လူတွေထက်ကောင်းတဲ့သူ၊ အဖေက ဒီလောက်ကောင်းတယ် ဆိုပေမယ့် အဖေ့ထက်ကောင်းတာကတော့ ငါပေါ့၊ ဘာလို့လဲဆိုတော့ ငါ ၂နှစ်သားထဲက အဖေက ငါကသူ့ထက်သာတယ်လို့ တချိန်လုံး ပြောနေခဲ့တာလေလို့ သူ့မိတ်ဆွေ ဗြိတိသျှအနုပညာသမား ဖိလစ်ပါဟိုရန်ကို ကြွားထားပါတယ်။ အဲဒီအသံဖိုင်ရက်စွဲက ဂျိုးက ၂၀၂၀သမ္မတရွေးကောက်ပွဲကိုဝင်မယ်လို့ မကြေငြာခင်လေးမှာContinue reading “ဟန်းတားရဲ့ အသံဖိုင်”

Who’s pulling the strings of WHO?

ဂိတ်စ်နဲ့ တရုပ်ကြိုးဆွဲ ဟူးအဖွဲ့ကြီးက ပြီးခဲ့တဲ့ကပ်ပိုးကာလက တကမ္ဘာလုံးကို ဒီမိုကရက်တွေ  မီဒီယာတွေနဲ့အတူ ညာသံပေး အကြောက်မှိုင်း တိုက်ခဲ့ပြီးနောက် ကမ္ဘာမှာ သူတို့အလိုကျ အာဏာရှင်တွေ ခေါင်းထောင်လာတာ ဖြစ်ပါတယ်။ သူတို့အကြောက်မှိုင်းတိုက်ခဲ့သလိုပဲ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း လော့ဒေါင်းတွေ ခြိမ့်ခြိမ့်သဲ လုပ်ခဲ့ကြလို့ အဲဒီလိုလုပ်ခဲ့တဲ့ နိုင်ငံတွေရဲ့ စီးပွားရေး/ပညာရေး (အထူးသဖြင့် ဝင်ငွေနည်းသူတွေနဲ့ သူတို့ရဲ့သားသမီးတွေ) စီးပွားရေး ပညာရေး အဖက်ဖက်က နောက်ကျခဲ့ကြပြီး ကမ္ဘာ့ပြည်သူအများ လူမှုရေးအပါအဝင် ဒုက္ခအပေါင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျန်းမာရေးကတော့ အားလုံးသိတဲ့အတိုင်းပေါ့။ ကမ္ဘာ့သမိုင်းရဲ့ ဖြစ်ခဲ့သမျှကပ်တွေမှာ မလုပ်ခဲ့ကြတဲ့ လော့ဒေါင်းတွေကို အလံရှူးလို စပြီး အင်တိုက်အားတိုက် လုပ်ပြတာက စိနတိုင်းကဖြစ်ပြီး ၂၀၂၀ ဖေဖော်ဝါရီ ၂၄မှာကထဲက ဟူးရဲ့ လထညွှန်ချုပ် ဘရုစ်အိုင်လ်ဝါဒ်က ကပ်ပိုးရန်ကာကွယ်ဖို့အတွက် လော့ဒေါင်းတွေက ထိရောက်ပြီး လုပ်သင့်တဲ့ကိစ္စလို့Continue reading “Who’s pulling the strings of WHO?”

ဇွန်လ ၁၃ရက် ၂၀၂၂

တန်နက်စီပြည်နယ် ဂိုင်းလ်စ်ကောင်တီ ရဲဌာနက လမ်းပေါ်မှာ ခေါက်ထားတဲ့ငွေစက္ကူတွေကိုတွေ့ရင် မကောက်ယူကြဖို့ ကောင်တီသူ/သားတွေကို သတိပေးထားပါတယ်။ ဓါတ်ဆီဆိုင်တွေမှာ ကျနေတဲ့ ပိုက်ဆံခေါက်တွေထဲမှာ မက်သ်/ဖန်တနိုင်းလ်မူးယစ်ဆေးအဖြူမှုန့်လေးတွေကိုတွေ့တာ ၂ကြိမ်ရှိပါပြီ။ အဲဒီမူးယစ်ဆေးက နဲနဲလေး ရှူမိရုံနဲ့တင် နှလုံးခုန်မြန်လာ၊ သွေးတိုးလာနိုင်ပြီး အဲဒီထက်ပိုလာရင် ဆေးလွန်သေနိုင်တာကြောင့် အခုလို သတိပေးတာဖြစ်ပါတယ်။ အဆိုပါမူးယစ်ဆေးဟာ အနံ့၊ အရသာမရှိတာကြောင့် ခွဲခြားဖို့မလွယ်သလို ထိမိရင်လည်း အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီလဟာ အမေရိကန်ရဲ့ အယ်လ်ဂျီဘီတီအေတူဇီဂုဏ်ပြုလဖြစ်တာကြောင့် မက္ကဆီကိုက ၆၀၀၀လောက်ရှိတဲ့ ခိုးဝင်လောင်းတွေကို သယ်ဆောင်လာတဲ့ ကားတန်းကြီးဟာလည်း အဆိုပါအုပ်စုကိုကိုယ်စားပြုတဲ့ အရောင်စုံအလံတွေ တလူလူလွှင့်ပြီး ချီတက်လာပြီလို့ဆိုပါတယ်။ ဒီဖက်ဘော်ဒါပက်ထရိုလ်က ငြင်းရင် သူတို့ရဲ့ ကွဲပြားမှုကို ခွဲခြားတာပါဆိုပြီး ပြဿနာရှာဖို့ အကြောင်းတခုရသွားပြန်တာပေါ့။ ခိုးဝင်တွေအတွက်ကတော့ အမြတ်ချည့်ဖြစ်ပြီး ကိုယ့်အလုပ်ကိုယ် တိတိကျကျ လုပ်ချင်တဲ့ ဘော်ဒါပက်ထရိုတွေကတော့ အခက်တွေ့ကြဦးမှာပါ။Continue reading “ဇွန်လ ၁၃ရက် ၂၀၂၂”