Bio Research Labs in Ukraine

ဆီနိတ်တာမာကိုရူဘီယိုက ဘိုင်ဒန်ရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနူလန်ကို ယူကရိန်းမှာ ဓါတု/ဇီဝလက်နက်တွေရှိလားလို့ လွှတ််တော်မှာ မေးတော့ လ/ထနိုင်/ဝန်က အဲ…. ဇီဝဓါတ်ခွဲခန်း/စမ်းသပ်ခန်းတွေတော့ရှိတယ်၊ အဲဒါကြောင့် ရုရှားတပ်တွေ အဲဒါတွေရသွားမှာ ငါတို့ အရမ်းစိုးရိမ်နေလို့ ယူကရိန်းအရာရှိတွေနဲ့ ပူးပေါင်းအဖြေရှာနေပါတယ်လို့ ဖြေပါတယ်။ တပ်ကာက ငါသာဆို အစထဲက ရုရှားစစ်ပြင်နေမှန်းသိလျက်နဲ့ ဘာကြောင့် လုံခြုံအောင် မလုပ်ခဲ့တာလဲဆိုတဲ့အကြောင်းကို ဆက်မေးမှာလို့ ဆိုပါတယ်။ မာကိုက ယူကရိန်းမှာ ဓါတု/ဇီဝလက်နက်သုံးထားတဲ့ အရိပ်အငွေ့များတွေ့လား၊ တွေ့ရင် အဲဒါတွေက ရုရှားလက်ချက်လို့ ၁၀၀% သေသေချာချာ ပြောနိုင်မလားလို့ မေးရာမှာတော့ နူလန်က ရုရှားပဲပေါ့၊ သူတို့ပဲသူတို့လုပ်မယ့်ဟာတွေကို သူများလို့ လက်ညှိုးထိုးတာလို့ ဖြေသွားပါတယ်။ သူမအဖြေက တွေ့ရှိချက်ပေါ်မှာ အခြေခံထားတာမဟုတ်ပဲ ခံစားချက်၊ လူပြောသူပြောနဲ့ စွပ်စွဲနေတော့ နင်မဟုတ် နင့်အဖေပဲလို့ ပြောနေသလို ဖြစ်နေတာပါ။ ပူတင်ကိုContinue reading “Bio Research Labs in Ukraine”

Florida’s Parental Rights Bill

ဒီရက်ထဲ လစ်ဗျဲတွေဘက်မှာ ဂေးလို့ ရေးထား တင်ထားကြတာတွေ အများကြီးတွေ့ရမှာပါ။ အဲဒါမီဒီညာတွေ လုပ်နေကျ အမှားကြီးကို မီဒီယာအားနဲ့ဖိပြီး အမှန်လိုလုပ်ပစ်ချင်တဲ့ မုသားမှိုင်းတခုသာဖြစ်တယ်ဆိုတာ လက်တွေ့ကြည့်ကြပါ။ ဖလော်ရီဒါဂါဗာနာ ဒီဆန်းတစ်စ်က လွှတ်တော်နှစ်ရပ်လုံးမှာ အတည်ပြုပြီးတဲ့ မိဘအခွင့်အရေးဘေလ်ကို လက်မှတ်ထိုးတော့မှာပါ။ အဲဒီဘေလ်အရ ကျောင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက သူငယ်တန်းက ၃တန်းအထိ ကလေးတွေကို ကျားနဲ့မ ဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ကိုယ်ယူတဲ့အတိုင်း ဖြစ်တာအပါအဝင် အသက်အရွယ်နဲ့ မသင့်တော်တဲ့ လိင်နဲ့ပတ်သက်တဲ့ ကိစ္စများကို သင်မယ်ဆိုရင် မိဘတွေကို အကြောင်းကြား အသိပေးရမယ်ဆိုတဲ့ ပြဌာန်းချက် ပါဝင်ပါတယ်။ အဲဒါကို မီဒီညာတွေက ဒီဆန်းတစ်စ်ဟာ လိင်တူချစ်သူတွေကို ကြည့်မရတဲ့ ဂေးဆန့်ကျင်သူအဖြစ် အင်တိုက်အားတိုက် ပုံဖော်ကြပြီး သူ့ဘေလ်ကိုလည်း “ဒုန့်ဆေးဂေး” ဘေလ်လို့ လီဆယ်ခေါ်ဆိုနေကြပါတယ်။ အဲဒီဘေလ်ကို ဖတ်မကြည်ပဲ သံယောင်လိုက်ကြသူများကလည်း ဆရာဆရာမတွေကိုContinue reading “Florida’s Parental Rights Bill”

မတ်လ ၉ ရက် ၂၀၂၂

အမေရိကန်နဲ့တခြားနိုင်ငံတချို့ကတော့ ရုရှားဆီက ဆီအဝယ်ရပ်မယ်/လျော့ချသွားမယ်လို့ ဆုံးဖြတ်လိုက်ကြပြီးတဲ့နောက် ပိုက်လိုင်းနဲ့သွားတာတွေက ဆက်ရှိနေသေးပေမယ့် သင်္ဘောနဲ့သွားတာတွေက မထွက်နေတော့ဘူးလို့ ဆိုပါတယ်။ ရုရှားဆီက ရေနံ ၆၆% လောက်က ဝယ်မယ့်သူ မရှိတော့ဘူးလို့ ဆိုပါတယ်။ အဲဒါဆို ပျော်ရတော့မှာလားလို့ မေးရင်တော့ နိုးပါလို့ ဖြေရမှာပါပဲ။ သေချာစီစဥ်ပြီးမှ မပြောမဆို ကောက်လုပ်ချလိုက်တာမျိုးက ပိုထိရောက်ပါတယ်။ လေနဲ့အကြိမ်ကြိမ် ဘီလူးကြိမ်းကြိမ်းထားပေမယ့် ရုရှားဖက်ကလျော့သွားမယ့် စွမ်းအင်အတွက် ချက်ချင်းမစီစဥ်နိုင်ရင် ကမ္ဘာကြီးက ရုပ်ရှင်လို pause လုပ်ထားလို့မှ မရတာ။ (ကိုဗစ်တုန်းကတော့ လုပ်ခဲ့ကြတာပါပဲ။ အဲဒါကြောင့်လည်း ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြစ်ကုန်တာပေါ့။) အခုရုရှားဆီက မဝယ်ကြဘူးဆိုရင် အမေရိကန်ကတော့ နောက်အာဏာရှင်နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားက ဝယ်ဖို့ စီစဥ်နေပါတယ်။ အိုပက်အဖွဲ့ဝင် ဗင်နီဇွဲလားက ကမ္ဘာမှာ နံပါတ် ၂၆၊ မလေးရှားလောက်တောင် ရေနံမထွက်ပါဘူး။ ကမ္ဘာ့ရေနံအထွက်ဆုံးထဲမှာContinue reading “မတ်လ ၉ ရက် ၂၀၂၂”

ဘလင်ကန်၊ ဘိုင်ဒန်နဲ့ ရုရှား၊ ယူကရိန်းဆက်စပ်မှုသမိုင်း

ဘလင်ကန်နဲ့ ဘိုင်ဒန်တို့ အိုဘားမားတို့အကြောင်းကို ထောက်လှမ်းရေးသတင်းထောက် မေရီဖန်းနင်းနဲ့ အလန်ဂျုံးစ်တို့က ရေးသားထားတာဖတ်လိုက်ရပါတယ်။ ဘလင်ကန်တို့မိသားစုက ဘိုင်ဒန်နဲ့ နှစ်ပေါင်းရှည်ကြာ ရင်းနှီးခဲ့တာ လူတွေသိကြပေမယ့် ဆိုရော့စ်တို့ ရုရှားထောက်လှမ်းရေးတို့နဲ့ အင်မတန်နီးစပ်ခဲ့တာကိုတော့ သိပ်မသိကြပါဘူး။ ဆိုရော့စ်မိဘတွေက တကမ္ဘာလုံးမှာ Esperanto ဆိုတဲ့ စကားတမျိုးပဲပြောတဲ့ ကမ္ဘာ့ရွာကြီးတခုကို တည်ထောင်ချင်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာ အဲဒီစကား ပျောက်ပျယ်သွားပြီဖြစ်ပေမယ့် ကမ္ဘာ့ရွာစိတ်ကူးကတော့ ရှိနေဆဲ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။ ဆိုရော့စ်ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာက ပွင့်လင်းတာကလွဲရင် ကျန်တာ အကုန်လုပ်တယ်လို့ ဆိုပါတယ်။ ဘလင်ကန်ရဲ့ မိဘတွေက ဟန်ဂေရီမှာ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် ငွေအများကြီးလှူခဲ့တဲ့အတွက် အဲဒီ Archive ကို သူ့မိဘတွေနာမည်နဲ့ ဂုဏ်ပြုထားကြတာပါ။ ဘလင်ကန်ရဲ့ ပထွေး Samuel Pisar ကတော့ ဆိုဗီယက်စပိုင်လို့ သင်္ကာမကင်းဖြစ်နေတဲ့ Robert MaxwellContinue reading “ဘလင်ကန်၊ ဘိုင်ဒန်နဲ့ ရုရှား၊ ယူကရိန်းဆက်စပ်မှုသမိုင်း”

CA Call to Action

ကယ်လီဖိုးနီးယားမှာ ကလေးငယ်များနဲ့ပတ်သက်တဲ့ မလုပ်မနေရဥပဒေများအပြင် စီစီပီပိုးအကြောင်းပြပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို တင်းကြပ်ကန့်သတ်ပစ်မယ့် ဥပဒေကြမ်းတွေကို ပြဌာန်းဖို့ ကြိုးစားနေကြပါတယ်။​ အဲဒါတွေကတော့ SB 871 မွေးကင်းစကနေ ၁၇နှစ်အထိ ကလေးအားလုံးကို ကလေးထိန်းကျောင်း (သို့) ကျောင်းတက်ဖို့ လိုအပ်ချက်တခုအဖြစ် အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ကာကွယ်ဆေးကို မထိုးမနေရလို့ သတ်မှတ်ဖို့။ (ဘာကြောင့်အငြင်းပွားစရာ ဖြစ်နေသလဲဆိုတာ အကျဥ်းရေးပြရရင် မ မျိုးပွားမှုပြဿနာ၊ ကိုယ်ဝန်ပျက်ကျ၊ နှလုံးရပ်၊ ကျားလူငယ်နှလုံးယောင်၊ သွေးမတိတ်၊ ရေယုံ၊ အာရုံကြောပုံမှန်မဟုတ်၊ အစရှိတာတွေအပြင် ထုတ်လုပ်စဥ်ကလည်း ဖုတ်ပူမီးတိုက် ထုတ်လုပ်ခဲ့လို့ ပုံမှန်ပြုလုပ်ရတဲ့ ဘေးကင်းစေမယ့် အဆင့်တွေကို ကျော်သွားခဲ့ပါတယ်။ ကာကွယ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မှတ်တမ်းတင်တဲ့အဖွဲ့က မနှစ်က ဒီဇင်ဘာလဆန်းအထိ ဘေးထွက်ဆိုးကျိုးပေါင်း ၉သိန်း၂သောင်း ၇ထောင်ကျော်ရှိပြီး အဲဒီထဲက နှစ်သောင်းနီးပါးက အသက်ပါဆုံးရှုံးသွားတာဖြစ်ပါတယ်။ ဆေးထိုးတဲ့လူတသိန်းမှာContinue reading “CA Call to Action”

DeSantis on Russia

ဖလော်ရီဒါက တပ်ထွက်ဂါဗာနာ ရွန်ဒီဆန်းတစ်စ်က ပူတင်ကို ဆိုဗီယက်ထံက နျူလက်နက်တွေ အမွေရထားတဲ့ အာဏာရူး ဓါတ်ဆီဆိုင်ဝန်ထမ်းလို့ ဝေဖန်သွားပါတယ်။ အိုဘားမားလက်ထက်နဲ့ ထရမ့်လက်ထက်အစောပိုင်းမှာ ဒီဆန်းတစ်စ်က အမတ်ဖြစ်ခဲ့တဲ့အတွက် သူ့အတွေ့အကြုံအရ အိုဘားမားလက်ထက်တုန်းက ပြည်တွင်းရေနံလုပ်ငန်းတွေကို ပိတ်ပင်ပြီး ရုရှားဆီက ရေနံဝယ်ယူခဲ့တဲ့အပြင် ယူကရိန်းကို လက်နက်မထောက်ပံ့ခဲ့ဘူးလို့ ဆိုပါတယ်။ ထရမ့်တက်လာတော့မှ သူက လွတ်လပ်စွာ ကုန်သွယ်မှုကို အားပေးသူဖြစ်ပေမယ့် တိုင်းပြည်လုံခြုံရေးနဲ့ဆိုင်တဲ့ စွမ်းအင်လို ကဏ္ဍတွေမှာ တပါးနိုင်ငံ အထူးသဖြင့် ရန်လိုသူနိုင်ငံတွေအပေါ် မမှီခိုသင့်တာကြောင့် ပြည်တွင်းစွမ်းအင်ဖူလုံရေးကို ဦးစားပေးခဲ့ပါတယ်။ ရုရှားရဲ့ အင်အားကောင်းမလာအောင် ငွေဝင်ပေါက်တွေ ပိတ်တဲ့အနေနဲ့ ရေနံအဝယ်ရပ်လိုက်သလို မဟာမိတ်နိုင်ငံများကိုလည်း ရုရှားဆီက မဝယ်ဖို့ တားမြစ်ခဲ့ပါတယ်။ ထရမ့်လက်ထက်ပထမ ၂နှစ်မှာ ယူကရိန်းကို အထောက်အပံ့ပေးဖို့ ထရမ့်က သဘောမတူခဲ့ဘူးလို့ ဟိုဖက်က ပြောနေကြတာ တစိတ်တပိုင်းပဲContinue reading “DeSantis on Russia”

Trump on NATO over Dependence on Russia

ထရမ့်က နေတိုးအတွင်းရေးမှုးချုပ် စတိုလ်တန်ဘာ့ဂ်ကို ရုရှားရန်က ကာကွယ်ဖို့မှာ ဂျာမဏီက ရုရှားဆီက ရေနံဝယ်နေတာနဲ့ ဂျာမဏီကို ရုရှားရန်က ကာကွယ်ပေးနေတဲ့ နေတိုးရဲ့အသုံးစရိတ်အပေါ် အပြည့်အဝ မထည့်နေတဲ့အပေါ် နေတိုးအရာရှိက ဘာမှမလုပ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်နေတာပါ။ ထရမ့်လက်ထက်မှာ ဂျာမဏီကလည်း အရင်လို ချိုမိုင်မိုင်လုပ်မနေရဲပဲ ထည့်ဝင်သင့်တာ ထည့်ဝင်ခဲ့ရတဲ့အပြင် ရုရှားရဲ့ ပိုက်လိုင်းဆောက်တာတွေလည်း ရပ်ထားပြီး ရုရှားဆီက ရေနံ မဝယ်ခဲ့လို့ ပူတင်လိမ္မာနေခဲ့ရတာပါ။ ထရမ့်ရဲ့လေသံနဲ့ ဘိုင်ဒန်တို့ ကမလာတို့လေသံ ဘယ်သူက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ တကယ့်ခေါင်းဆောင်လဲဆိုတာ နှစ်ခါ စဥ်းစားစရာမလိုဘူးထင်ပါတယ်။ ဂျာမဏီက အရင်က ကျောက်မီးသွေးစက်ရုံတွေ နျူဓါတ်အားပေးစက်ရုံတွေ ရှိခဲ့ပေမယ့် ပိတ်ပစ်ခဲ့ပြီး ရုရှားဆီက ဆီဝယ်သုံးလာကြတာပါ။ သိပ္ပံပညာနဲ့ သက်သေမပြနိုင်တဲ့ ဂလိုဘယ်ဝမ်းမင်းကိစ္စကြီးက ကွန်မြူနစ်နိုင်ငံ အာဏာရှင်နိုင်ငံတွေကို အားကောင်းစေပြီး ဒီမိုကရေစီထွန်းကားတဲ့Continue reading “Trump on NATO over Dependence on Russia”

မတ်လ ၅ ရက် ၂၀၂၂

ယူကရိန်းကနေ အရပ်သားတွေ မြို့တွေကို စွန့်ခွာပြီး စစ်ရှောင်နိုင်ဖို့ တချို့နေရာတွေမှာ အပစ်ရပ်ဖို့ ရုရှားဖက်က သဘောတူထားတာကို ဖောက်ဖျက်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲထားစဥ်မှာပဲ ဒီနေ့မနက်စောစောမှာတော့ ရုရှားတပ်တွေ ဦးတည်ချီတက်လာနေတဲ့ မြို့တော် ကိဗ်ကနေ လေကြောင်းရန်သတိပေးဥဩသံတွေကြားက လူအများကြီး ထွက်ခွာလာနေကြပါတယ်။ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာ တောင်ဖက်က မာရီပိုလ်နဲ့ ဗော်လ်နိုဗာခါမြို့တွေမှာဖြစ်ပြီး ​ရုရှားဖက်ကတော့ ယူကရိန်းက ပြည်သူတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုနေတယ်လို့ တန်ပြန်စွပ်စွဲထားပါတယ်။ အဲဒါက အာဏာရှင်နိုင်ငံအမြင်နဲ့ ဒီမိုကရေစီနိုင်ငံအမြင် ကွဲပြားတာကို ပြနေတာပါပဲ။ အာဏာရှင်စနစ်မှာ အားလုံးက သေနတ်ပြောင်းကြောက်လို့ လုပ်ကြရပြီး ဒီမိုကရေစီစနစ်မှာတော့ ပြည်သူက သူတို့ချစ်တဲ့တိုင်းပြည်ကို ကာကွယ်ဖို့ ကိုယ့်အသက်ကိုယ်ကို လိုလိုလားလား စတေးကြတာပါ။   ဒီကနေ့မှာ ဘိုင်ဒန်နဲ့ ဇယ်လန်းစကီးတို့ နာရီဝက်ခန့်ကြာ အမေရိကန်နဲ့ မဟာမိတ်တွေ ပုဂ္ဂလိကကဏ္ဍတွေဖက်ကContinue reading “မတ်လ ၅ ရက် ၂၀၂၂”

မတ်လ ၄ ရက် ၂၀၂၂

ရုရှားဖက်က ပူတင်ကိုယ်တိုင်ခန့်ထားတဲ့ Dy Commander of the Combined Arms Army of the Central Military District Maj. General Andrei Sukhovetsky နဲ့ နောက်ထိပ်တန်းစစ်ဖက်အရာရှိကြီး ၂ဦးတို့ဟာ ယူကရိန်းနိုင်ငံထဲမှာ အသတ်ခံလိုက်ရပါတယ်။ စနိုက်ပါတွေက ပစ်သတ်ခဲ့ကြတာပါ။ အဲဒါကိုကြည့်ရင် အဆိုပါအရာရှိကြီးတွေက ရှေ့တန်းအထိဆင်းပြီး ကွပ်ကဲနေကြရပုံပါပဲ။ သူတို့ဘယ်မှာရှိနေတယ် ဆိုတာကို ယူကရိန်းစနိုက်ပါတွေက သိနေပုံထောက်ရင် ရုရှားတပ်တွေထဲက သတင်းပေးတွေကြောင့် ဖြစ်ဖို့များပါတယ်။ ယူကရိန်းကတော့ အဲဒီလိုဒလံတွေ ငှားထားနိုင်မယ် မထင်ပါဘူး၊ အာဏာရှင်ပူတင်လုပ်တာ မဟုတ်မတရားမှန်းသိနေတဲ့ လူသားဆန်တဲ့သူတွေက သတင်းပေးတာပဲဖြစ်မှာပါ။ အဲဒီလို စစ်ဖက်အကြီးအကဲတွေ သေဆုံးသွားတဲ့အတွက် မြို့တော်ကိဗ်ကို ချီလာတဲ့ ရုရှားကွန်ဗွိုင်တွေဟာလည်း ကိဗ်မရောက်ခင် ၁၈မိုင်လောက်မှာ အခက်အခဲတွေကြားက ရှေ့ဆက်ဖို့ ကြိုးစားနေကြပါတယ်။Continue reading “မတ်လ ၄ ရက် ၂၀၂၂”

မတ်လ ၃ ရက် ၂၀၂၂

အိုဘားမားလက်ထက်မှာ စစ်ထောက်လှမ်းရေးဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်စဥ် အိုဘားမားရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်ခဲ့လို့ အိုဘားမားငြိုးတာခံခဲ့ရပြီး ထရမ့်လက်ထက်မှာ အမျိုးသားလုံခြုံရေးအကြံပေးမခန့်ဖို့ တားနေတဲ့ကြားက ထရမ့်ကခန့်ခဲ့တဲ့အတွက် ထောင်ချောက်ဆင်ဖမ်းဆီးတာ ခံခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးဖလင်းက ရူရှားကျူးကျော်စစ် အဆုံးသတ်အောင် ဘယ်လို လုပ်နိုင်မယ်ဆိုတာကို တင်ပြသွားပါတယ်။ သူက ဒီစစ်ပွဲက လုံးဝ ရှောင်လို့ရနိုင်တယ်ဆိုတာ သူရေးခဲ့ပြီးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ဘိုင်ဒန်အစိုးရက ယူကရိန်းကို သွားခဲ့တာကို ပြန်ဆန်းစစ်ကြဖို့ ပြောလိုက်ပါတယ်။ ယူကရိန်းက ဆိုဗီယက်ယူနီယံက ခွဲထွက်လာချိန်မှာ အမေရိကန်နဲ့ ရုရှားပြီးရင် ကမ္ဘာမှာ တတိယနျူလက်နက်အများဆုံး ပိုင်ဆိုင်ခဲ့တဲ့နိုင်ငံဖြစ်ကြောင်း၊ အဲဒါကို ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ၁၉၉၄ခု ဒီဇင်ဘာ ၅ရက်မှာကျင်းပခဲ့တဲ့ ဘူဒါပက်စ်သဘောတူညီချက်အရ ဘယ်လာရုစ်၊ ကာဇက်စ်တန်နဲ့ ယူကရိန်းတို့က နျူလက်နက် မပြန့်ပွားရေးစာချုပ်ကို လက်မှတ်ထိုးခဲ့ကြောင်း၊ စာချုပ်ပါ သဘောတူညီချက်အရ အမေရိကန်နဲ့Continue reading “မတ်လ ၃ ရက် ၂၀၂၂”