နိုဝင်ဘာ ၇ ရက် ၂၀၂၁ – ကိုဗစ်ကာကွယ်ဆေး များ

သုတေသနပြုလုပ်ချက်အသစ်တခုအရ အမေရိကန်မှာ အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေး ၃မျိုးအနက် ၂မျိုးက ထိုးပြီး ၆လလောက်ကြာရင် ကာကွယ်နိုင်စွမ်းက ၅၀% အောက်ကို ကျသွားတယ်လို့ ဆိုပါတယ်။ မော်ဒါးနားဆေးက ၂ကြိမ်ထိုးပြီးချိန်မှာ ကာကွယ်နိုင်စွမ်းက ၈၉.၂% ရှိပေမယ့် စက်တင်ဘာမှာကျတော့ ၅၈% ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ဖိုင်ဇာဆေးက မူလ ၈၆.၉% ကနေ ၄၃.၃ % ကို ကျဆင်းသွားပြီး ဂျွန်ဆင်အန်ဂျွန်ဆင်က မူလ ၈၆.၄ % ကနေ ၁၃.၁ % ကို ကျဆင်းသွားတာပါ။ ဆေး ၂ကြိမ်ထိုးအပြီးမှာ ဆေးရုံတင်ရတဲ့အခြေအနေ မရောက်အောင် ကာကွယ်ပေးနိုင်မှုက မော်ဒါးနား 95%၊ ဖိုင်ဇာ 80% နဲ့ ဂျွန်ဆင်အန်ဂျွန်ဆင် 60% ဖြစ်ပါတယ်။ စစ်ပြန် ၅သိန်းအပေါ်Continue reading “နိုဝင်ဘာ ၇ ရက် ၂၀၂၁ – ကိုဗစ်ကာကွယ်ဆေး များ”

နိုဝင်ဘာ ၆ ရက် ၂၀၂၁ – ကိုဗစ် ဗက်ဆင်းမန်ဒိတ်

ဘိုင်ဒန်ရဲ့ ဗက်ဆင်းမန်ဒိတ်ကြောင့် ထရပ်ကားမောင်းသူတွေရဲ့ ၃၇% က အလုပ်ပြုတ်တော့မယ့် အနေအထားဖြစ်နေတယ်လို့ The American Trucking Associations, National Private Truck Council နဲ့ Truckload Carriers Association တို့က သတိပေးလိုက်ပါတယ်။ ဘိုင်ဒန်လက်ထက်မှာ အမေရိကန်တွေ မကြုံစဖူး ကြုံတွေ့နေရတဲ့ လက်ရှိအခက်အခဲတွေထဲကတခုက ကုန်စည်စီးဆင်းမှုပဲ ဖြစ်ပါတယ်။ ဝင်ငွေနဲရင် (သို့) အလုပ်မရှိရင် ရမယ့် ခံစားခွင့်တွေ အခွင့်အရေးတွေ အများကြီးရှိတာအပြင် တက်လာတဲ့ ဆီဈေး၊ ကုန်ဈေးနှုန်းတွေနဲ့ မီတာခတွေ စတာတွေကြောင့် ရသမျှက ပရုပ်လုံးလို အလျှင်အမြန် လုံးပါးပါးကုန်တာလည်း အလုပ်လုပ်ဖို့ စိတ်မပါကြတော့တဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ ကယ်လီဖိုးနီးယားမှာဆိုရင် မီတာခက ၂ဆလောက်ထိ တက်သွားတာပါ။ ရှေ့လျောက် ပိုအေးလို့ heatContinue reading “နိုဝင်ဘာ ၆ ရက် ၂၀၂၁ – ကိုဗစ် ဗက်ဆင်းမန်ဒိတ်”

နိုဝင်ဘာ ၅ ရက် ၂၀၂၁

နယူးဂျာစီပြည်နယ်ရဲ့ အထက်လွှတ်တော်ဥက္ကဌအဖြစ် ၁၀နှစ်ကျော်လုပ်လာတဲ့ ဒီမိုကရက်အမတ်ကို ထရပ်ကားမောင်းသူက မဲ၂၀၀၀ကျော်အသာနဲ့ အနိုင်ရသွားပါပြီ။ ထရပ်ကားမောင်းသူ အက်ဒ်ဘား က ပဏာမရွေးကောက်ပွဲမှာ $153 သာသုံးခဲ့ပြီး ရွေးကောက်ပွဲတလျောက်လုံးအတွက် သုံးစွဲခဲ့တာ $5000 မပြည့်ပဲ ဒီမိုကရက် စတိဗ်ဆွီနီကတော့ ၁သန်းလောက် သုံးခဲ့တာဖြစ်ပါတယ်။​ အက်ဒ်ရဲ့ ကြော်ငြာ ကိုတောင် သူ့သူငယ်ချင်းရဲ့ တူလေးက ရိုက်ပေးခဲ့တာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းငယ်လေးတွေ လုပ်ရကိုင်ရခက်တဲ့ အမိန့်တွေ အာဏာတွေကြောင့် နယူးဂျာစီက လုပ်ငန်းငယ်လေးတွေ ၃ ပုံ ၁ပုံလောက် ပိတ်သွားပြီဖြစ်ပါတယ်။ အက်ဒ်က မျက်စိမှိတ်၊ ကံကိုပုံပြီး ဝင်ပြိုင်ခဲ့တာမဟုတ်ပဲ နံပါတ်တွေကိုကြည့်ပြီး ဝင်ပြိုင်ခဲ့တာပါ။ သူတို့မဲဆန္ဒနယ်မှာ မဲပေးနိုင်သူ ၁သိန်းခွဲအနက် အကြိမ်ကြိမ်အရွေးခံခဲ့ရတဲ့ ဆွီနီက တခါမှ သုံးသောင်းကို များများကျော်ပြီး မရဖူးပါဘူး။ အဲဒီတော့ ကျန်တဲ့နံပါတ်တွေထဲက သုံးသောင်းကျော်လောက်ရဖို့ဆိုတာContinue reading “နိုဝင်ဘာ ၅ ရက် ၂၀၂၁”

နိုဝင်ဘာ ၄ ရက် ၂၀၂၁

အင်္ဂါနေ့က ပြုလုပ်တဲ့ နယူယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ရဲ့ မြို့ဝန်ရွေးကောက်ပွဲမှာ ၃ကြိမ်အရွေးခံပြီးသားဖြစ်တဲ့ လက်ရှိဒီမိုကရက်မြို့ဝန် ဘိုင်ရွန်ဘရောင်းက ပါတီတွင်း ပဏာမရွေးကောက်ပွဲတုန်းက AOC ထောက်ခံပေးထားတဲ့ လက်ဝဲစွန်း ဒီမိုကရက်တစ်ဆိုရှယ်လစ်လို့ သူ့ကိုယ်သူ သတ်မှတ်ထားသူ အင်ဒီရာ ဝေါ်လ်တန်ကို ရှုံးနိမ့်သွားခဲ့လို့ မဲစာရွက်ပေါ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ မဲပေးသူတွေက အမည်ဖော်ပြထားတဲ့ မဲလက်မှတ်ပေါ်က နာမည်တွေတင်မက ကိုယ်နှစ်သက်ရာလူကိုပါ နာမည်ရေးပေးနိုင်တဲ့ write-in နေရာလည်း ပေးထားတာကြောင့် ဘရောင်းက သူ့ကို ထောက်ခံသူတွေကို မဲစာရွက်ပေါ်က မြို့ဝန်နေရာမှာ သူ့နာမည်ကို ဖြည့်ရေးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ပုံမှန်ဆိုရင် လူတွေက အလွယ်ကြိုက်ကြတဲ့အတွက် တကူးတက နာမည်ဖြည့်နေရမှာမျိုးဆိုရင် မဲများများရဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဘတ်ဖဲလိုးမြို့က ရီပါဘလစ်ကန်နဲ့ အလယ်အလတ် ဒီမိုကရက်တွေက လက်ဝဲစွန်းအစီအစဥ်တွေကို မကြိုက်ကြတဲ့အတွက် အချင်းချင်းလှုံ့ဆော်Continue reading “နိုဝင်ဘာ ၄ ရက် ၂၀၂၁”

၂၀၂၁ ရွေးကောက်ပွဲများ

မနေ့က ဗာဂျီးနီးယားမှာလုပ်တဲ့ ဂါဗာနာရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက ဝင်ပြိုင်သူက ၂၀၁၄-၁၈အထိ ဂါဗာနာ တကြိမ်ဖြစ်ပြီးသားပါ။ ၂၀၁၈တုန်းကတော့ ဝင်မပြိုင်ခဲ့ပါဘူး။ ဗာဂျီးနီးယားက ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဘိုင်ဒန်က ၁၅ ပွိုင့်အသာနဲ့ နိုင်ခဲ့တဲ့ ပြည်နယ်ပါ။ အစောပိုင်း စစ်တမ်းတွေအရတော့ ဒီမိုကရက် မက်ကောလစ်ဖ် က အသာရနေခဲ့ပါတယ်။၊ အဲဒီအခြေအနေကနေ အရှုံးကို လက်ခံလိုက်ရတာကတော့ သူ့မှာ ခိုင်မာတဲ့ ပေါ်လစီ မချပြနိုင်တဲ့အပြင် CRT နဲ့ပါတ်သက်လို့ စိုးရိမ်ကြတဲ့ မိဘတွေကို ကျောင်းကိစ္စတွေမှာ ဝင်မစွက်သင့်ဘူး၊၊ ဝင်စွက်ကြတဲ့လူတွေက လူဖြူကြီးစိုးရေးဝါဒီတွေလို့ စွပ်စွဲခဲ့တာမှာ သူ့ကို အစွန်းရောက်မဟုတ်တဲ့ ဒီမိုကရက်တွေကပါ လက်လန်သွားတာဖြစ်ပါတယ်။ သူမဲဆွယ်တဲ့ပုံစံက ၂၀၁၆ ကစပြီး ဒီမိုကရက်တွေ လက်ကိုင်ထားတဲ့ ထရမ့်မုန်းတီးရေးပလက်ဖောင်းကိုပဲ ဆက်လက်သုံးစွဲနေဆဲပါ။ တော်ရုံလူက အမုန်းအမဲရိုးလေး ပေးထားလိုက်ရင် ပေါ်လစီတွေContinue reading “၂၀၂၁ ရွေးကောက်ပွဲများ”

နိဝင်ဘာ ၂ ရက် ၂၀၂၁

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ထပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်များ၊ ဗီအိုင်ပီများဟာ ကိုယ်ပိုင်(သို့)စင်းလုံးငှား လေယာဥ်ပေါင်း ၄၀၀ကျော်နဲ့ CO2 တန်ချိန်များစွာ ထုတ်လွှင့်ပြီး ပျော်ပျော်ကြီးတက်ရောက်ခဲ့ကြပါတယ်။ အဲဒီထဲမှာ အကြီးဆုံးလေယာဥ်ကတော့ အမေဇုံက ဂျက်ဖ်ဘေဇိုစီးတဲ့ Gulf Stream jet ဖြစ်ပြီး ဗီအိုင်ပီတွေထဲမှာ ဘိုင်ဒန်၊ မင်းသားချားလ်စ်၊ ဘောရစ်ဂျွန်ဆင်၊ မက်ခရွန်၊ အန်ဂျလာ မာကဲယ်လ်၊ မိုဒီ၊ စကော့ မော်ရစ်ဆင်။ အယ်လ်ဂိုး၊ အာနိုး၊ ဘေလ်ဂိတ်စ်၊ ဒီကာပရီယို၊ အဆိုတော် Ellie Goulding< မိုနာကိုက မင်းသား အဲလ်ဘတ်နဲ့ လက်ဝဲသမားတွေရဲ့ ရာသီဥတုကိစ္စကို ထောက်ခံကြတဲ့ ကော်ပိုရေးရှင်းကြီးတွေက စီအီးအိုတွေလည်း ပါဝင်ပါတယ်။ သူတို့က ဂလပ်စဂိုနဲ့ အီဒင်ဘာရာမှာ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေက ရောက်ရှိခဲ့ကြတာပါ။Continue reading “နိဝင်ဘာ ၂ ရက် ၂၀၂၁”

နိုဝင်ဘာ ၁ ရက် ၂၀၂၁

Hertz ကားဌားတဲ့ ကုမ္ပဏီကြီးက တက်စ်လာကားပေါင်း ၁သိန်းဝယ်ဖို့ စာချုပ်ချုပ်အပြီးမှာ တက်စ်လာစတော့ဈေးတွေ ထိုးတက်ပြီး ကမ္ဘာ့အချမ်းသာဆုံးဖြစ်သွားတဲ့ Elon Musk ကို WFP က ဒါရိုက်တာက မင်းရဲ့ ပိုင်ဆိုင်မှုတွေထဲက ၂% ဖြစ်တဲ့ ၆ ဘီလီယံကိုသာ ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးနေကြတဲ့ လူ ၄၂သန်းကို လှူလိုက်မယ်ဆိုရင် သူတို့တွေဘဝ ဆက်လက်ရှင်သန်နိုင်မှာဖြစ်တယ်လို့ စိန်ခေါ်ခဲ့ပါတယ်။ အီလွန်က ဟုတ်ပြီ၊ မင်းတို့ယူအန်က ဘာတွေဘယ်လိုဘယ်လောက် သုံးတယ်ဆိုတာ စာရင်းတိတိကျကျ ပြနိုင်ရင် ငါက ၆ဘီလီယံ လှူဖို့ အဆင်သင့်ပဲလို့ တုန့်ပြန်ပါတယ်။ အဲဒီစာရင်းက လိုသလို ပြုပြင်ထားတဲ့ဟာမျိုး၊ တိတ်တိတ်လေး ကျိတ်ပြတာမျိုး မဖြစ်ရပဲ အများပြည်သူဝင်ရောက်ကြည့်ရှုနိုင်တဲ့ စာရင်းမျိုးဖြစ်ရမယ်လို့လည်း အီလွန်က တုန့်ပြန်စိန်ခေါ်သွားပါတယ်။ WFP က ဒေးဗစ် ဘီစလီကContinue reading “နိုဝင်ဘာ ၁ ရက် ၂၀၂၁”

ငွေနောက် ခြေရာခံခြင်း – နှစ် ၅၀အတွင်းမှာ ဒီမိုကရက်သမ္မတတွေ ၅ကြိမ် လာဘ်ယူခဲ့တဲ့အကြောင်း

(Rabbi Dov Fischer/ Daily Wire) လွန်ခဲ့တဲ့ နှစ် ၅၀ကို ပြန်ကြည့်လိုက်ရင် ဒီမိုကရက်တွေက လာဘ်လာဘ ရှာဖွေနေသူတွေ ရယူနေသူတွေကို အိမ်ဖြူတော်ကို ပို့ခဲ့ကြတာ အံ့ဩဖွယ် မြင်ရမှာပါ။ ဒီမိုကရက်တွေက သေချာအကွက်ချပြီး နိုင်ငံရေးသမားတွေကို ဘယ်လို ထိထိရောက်ရောက် ဝယ်ယူခဲ့ကြသလဲဆိုတာလဲ စိတ်ဝင်စားစရာပါ။ သူတို့က ပုန်းလျှိုးကွယ်လျှိုးတောင် လုပ်စရာမလိုပဲ အများအမြင်မှာကို သန်းနဲ့ချီတဲ့ လာဘ်ထိုးမှုတွေလုပ်နေပြီး အဲဒီအတွက်လည်း ဘာပြစ်ဒဏ်မှ​ ခံစရာ မလိုနေဘူးလေ။ နိုင်ငံရေးသမားတွေကို ကြိုးဆွဲချင်တဲ့လူတွေက သူတို့ရွေးကောက်ပွဲတွေမှာ ငွေများများလှူပြီး အတွင်းစည်းထဲရောက်အောင် လုပ်တတ်ကြတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒါပေမဲ့လည်း လူများစုက အဲဒီလောက်မပြောနဲ့​ $1000 လောက်လှူရင် xxx နဲ့ ညစာစားခွင့်ရမယ်ဆိုတဲ့ ပွဲမျိုးတောင် မတတ်နိုင်ကြတော့ သူတို့စိတ်ထဲ ကောင်းမယ်ထင်တဲ့လူကို $5 ကနေContinue reading “ငွေနောက် ခြေရာခံခြင်း – နှစ် ၅၀အတွင်းမှာ ဒီမိုကရက်သမ္မတတွေ ၅ကြိမ် လာဘ်ယူခဲ့တဲ့အကြောင်း”

အကျပ်အတည်းနဲ့ နိုင်ငံရေး

အာဖဂန်က ဘိုင်ဒန်တို့ ခေါ်သွင်းလာတဲ့လူတွေကို အမေရိကန်က ဘယ်နေရာတွေမှာ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ နေရာချပေးနေကြတယ်ဆိုတာကို ဘုရှ်လက်ထက်က အကြီးတန်း အကြံပေးနဲ့ ဒု-အိမ်ဖြူတော်ဝန်ထမ်းချုပ် လုပ်ခဲ့တဲ့ Karl Rove ကို Fox News က Lawrence Jones က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ရထားတဲ့ ဒေတာတွေအရ သူတို့ပို့တာက ဒီမိုကရက်တွေအတွက် ရွေးကောက်ပွဲမှာ အရေးနိမ့်နိုင်ခြေရှိတဲ့ ဒေသတွေကို ရွေးပို့နေတာ တွေ့ရပါတယ်။ ၄၀၀၀ နဲ့အထက်ပို့တာက တက္ကဆက်စ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေဖြစ်ပြီး တခြား battleground state တွေဖြစ်တဲ့ အရီဇီုးနား၊ ဂျော်ဂျာ၊ မီရှီဂန်အပါအဝင် တပြည်လုံးနီးပါးကို တထောင်စီ နှစ်ထောင်စီလောက် ပို့ဖို့ အတည်ပြုပြီးဖြစ်ပါတယ်။ ဖြစ်နိုင်တာက အဲဒီပြည်နယ်တွေထဲက ရီပါဘလစ်ကန်နဲ့ ဒီမိုကရက် အရေအတွက် မတိမ်းမယိမ်းဖြစ်နေတဲ့ ကောင်တီတွေကိုContinue reading အကျပ်အတည်းနဲ့ နိုင်ငံရေး

ရာသီဥတုပြောင်းလဲမှုနဲ့ စီးပွားရေးတိုးတက်မှု

ကမ္ဘာပေါ်မှာ တိုးတက်လာတဲ့ နိုင်ငံတိုင်းမှာ မလွဲမသွေ တွေ့ရမယ့်အချက်တခုကတော့ ကာဗွန်ထုတ်လွှင့်မှု မြင့်တက်လာတာပါပဲ။ အဲဒီနိုင်ငံတွေမှာ ထူးထူးခြားခြား ရာသီဥတု ပြောင်းသလားဆိုရင် ကာဗွန်ထုတ်လွှင့်မှုနဲ့ ရာသီဥတုက အချိုးညီပြောင်းနေတာမဟုတ်ဘူးလို့ပဲ ဖြေရမှာပါ။ ကမ္ဘာကြီးမှာရှိတဲ့ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အရာတိုင်းက လုံးဝပြီးပြည့်စုံကောင်းမွန်မှု perfect ဖြစ်မနေကြတော့ ပြုပြင်စရာတွေ တိုးတက်အောင် ကြံဆနိုင်တာတွေက နေရာတိုင်းမှာ ရှိကြတာပါ။ ကလိုင်းမိတ်သမားတွေကိုးကားတဲ့ ဥပမာတွေက အဆိုးတကာ့ အဆိုးဆုံးတွေကိုပဲ ရွေးပြလေ့ရှိပြီး အခုချက်ချင်း ကာဗွန်ထုတ်လွှင့်မှုကို မလျော့ချရင် ၁၂နှစ်လောက်ကြာရင် ကမ္ဘာကြီး ဆုံးခန်းတိုင်တော့မယ်ဆိုတဲ့ သဘောမျိုး ပြောနေခဲ့တာ လွန်ခဲ့တဲ့ အနှစ် ၄၀ကျော်ထဲကဖြစ်ပါတယ်။ နောက်အမှန်တရားတခုက ကလိုင်းမိတ်သမားတွေဟာ သဘာဝတရားကြီးရဲ့ တခြားအချက်အလက်တွေကို စုံလင်အောင် ပြလေ့မရှိပဲ ထိန်ချန်ထားတတ်တာ တွေ့ရမှာပါ။ အာတိတ်က ရေခဲတောင်တွေ လျော့လာပြီဆိုတာ တစိတ်တပိုင်းမှန်ပေမယ့် အန္တာတိကတိုက်ကContinue reading ရာသီဥတုပြောင်းလဲမှုနဲ့ စီးပွားရေးတိုးတက်မှု