ဖေဖေါ်ဝါရီ​ ၁၇ ရက် ၂၀၂၆

တရုတ်အစိုးရက အမေရိကန်မှာ အစိုးရကို ကိစ္စမျိုးစုံနဲ့ ဆန္ဒပြကြ၊ တရုတ်ကို အကောင်းမြင်အောင် လော်ဘီလုပ်ကြဖို့အတွက် အဖွဲ့တွေ ဖွဲ့ပေးထားတာကို နိုင်ငံခြားရေးဌာနက ဖော်ထုတ်လိုက်ပါတယ်။ အဲဒီအဖွဲ့တွေက non-profit တွေအဖြစ် အခွန်ကင်းလွတ်ခွင့်တွေလည်း ရတားပါတယ်။ CODEPINK အဖွဲ့ကို ၂၀၀၂ကစလို့ အမျိုးသမီးအင်အားစုတွေနဲ့ ဖွဲ့စည်းပေးထားပြီး ငြိမ်းချမ်းရေးအတွက်၊ လူသားချင်း စာနာမှု စတာတွေအတွက်လို့ အယောင်ပြထားပါတယ်။ သူတို့က ၂၀၀၃မှာ အီရတ်စစ်ပွဲကို ဟန့်တားဖို့ဆိုပြီး စတင်လှုပ်ရှားခဲ့ပြီး ခုတော့ ပါလက်စ်တိုင်းတွေဘက်က ထောက်ခံဆန္ဒပြကြတာပါ။ အဲဒီအဖွဲ့ကို အများဆုံးငွေထောက်ပံ့နေသူက နယ်လ်ဗေးလ်ရွိုင်ဆင်ဂမ် ဆိုတဲ့ တရုတ်ပြည်မှာနေတဲ့ စီစီပီကို သစ္စာခံတဲ့ အမေရိကန်စီးပွားရေးသမားနဲ့ သူ့ဇနီး ဂျိုဒီအီဗန်စ် ဖြစ်ပါတယ်။ ဂျိုဒီက ကုဒ်ပင့်ခ်ရဲ့ ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။ တရုတ်က နောက်ခံပေးနေတဲ့ နောက်တဖွဲ့က The People’sContinue reading “ဖေဖေါ်ဝါရီ​ ၁၇ ရက် ၂၀၂၆”

လက်ဝဲမှိုင်းမိနေတဲ့ ဒီမိုကရက်တွေရဲ့ လော့ဂျစ်

– မိန်းမဆိုတာ ဘာလို့ အဓိပ္ပါယ် မဖွင့်ဆိုနိုင်ဘူး။ ဒါပေမယ့် မိန်းမသမ္မတ လိုချင်ကြတယ်။ Save America Act မှာ မဲမှတ်ပုံတင်ဖို့ ID လိုတယ်ဆိုပြန်တော့ – မိန်းမတွေက အိမ်ထောင်ကျပြီးရင် ယောက်ျားမျိုးရိုးနာမည် ယူရတော့ ID လုပ်ဖို့ မလွယ်ဘူးတဲ့။ Save Act က မိန်းမတွေ မဲပေးဖို့ မဖြစ်နိုင်အောင် လုပ်တာတဲ့။ – မိန်းမတွေ အိမ်ထောင်ကျပြီး နာမည်ပြောင်းကြတာ နှစ်ပေါင်း ရာထောင်ချီနေပါပြီ။ မိန်းမတွေ အလုပ်လုပ်၊ မဲပေး၊ ပရော်ဖက်ရှင်နယ်အလုပ်တွေ ဝင်၊ အိမ်/ကား/ဘဇ္ဇနက် ပိိုင်နေကြတာတောင် နှစ်ရာဂဏန်းရှိနေပြီဟာကို ခုမှ ID တောင် မလုပ်နိုင်ကြတဲ့ ခေတ်ကြီးကို ပြန်ရောက်သွားတယ်ဆိုတော့ ခက်တော့နေပါပြီ။ စာမတတ်ကြတော့လို့လား၊ ဒါဆိုလည်း ပညာရေးစနစ်ကို ဖျက်ဆီးခဲ့တာContinue reading “လက်ဝဲမှိုင်းမိနေတဲ့ ဒီမိုကရက်တွေရဲ့ လော့ဂျစ်”

ဖေဖေါ်ဝါရီ​၁၄ ရက် ၂၀၂၆

ဒီနေ့ နိုင်ငံခြားရေးဝက မာကိုရူဘီယို မြူးနစ်ကွန်ဖရန့်စ်မှာ ပြောခဲ့တာတွေက သိပ်ကို တန်ဖိုးရှိပါတယ်။ ထရမ့်အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ် လွဲမှားနေတဲ့ အမြင်တွေကို ရှင်းလင်းတင်ပြပေးခဲ့တဲ့အပြင် နှစ်ပေါင်းများစွာကျင့်သုံးလာတဲ့ လက်ရှိပေါ်လစီတွေကြောင့် ဥရောပဟာ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်က အကျဖက်ကို ရောက်နေခဲ့တာပါ။ နယ်စပ်ဖွင့်ပြီး ကိုယ့်ယဥ်ကျေးမှု၊ သမိုင်း အစဥ်အလာ စံနှုန်းတွေကို တန်ဖိုးမထားတဲ့ လူတွေကို ခေါ်သွင်းတာ၊ အဲဒါတွေက နိုင်ငံတွေမှာ ချက်ချင်းကြီး မတူတာတွေ များလာစေပြီး တည်ငြိမ်မှု ပျက်ပြားစေတာ၊ စီးပွားရေး စစ်ရေးတွေမှာ အားမထည့်ပဲ (မဲချူတဲ့အနေနဲ့) ဟိုဟာဖရီး ဒီဟာဖရီးပေးမယ့်အစီအစဥ်တွေပဲ အာရုံစိုက်တာ၊ စတာတွေကို ဝေဖန်သွားပါတယ်။ မာကိုက ထရမ့်လက်ထက်မှာ အမေရိကန်က အနောက်ကမ္ဘာခြမ်းရဲ့ တူညီတဲ့ ယုံကြည်မှူ၊ ယဥ်ကျေးမှု အမွေအနှစ်တွေ အပေါ်Continue reading “ဖေဖေါ်ဝါရီ​၁၄ ရက် ၂၀၂၆”

ဖေဖေါ်ဝါရီ ၁၁ ရက် ၂၀၂၆

ထွက်လာတဲ့ အက်ပ်စတိန်းဖိုင်တွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးက စတိဘန်နွန်က အက်ပ်စတိန်းကို အင်တာဗျူးထားတာပဲဖြစ်ပါတယ်။ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ သိပ္ပံနဲ့ ယုံကြည်မှုတွေ အကြောင်း မေးမြန်းခဲ့ပြီး ဘဏ်တွေအကြပ်အတည်းကြီးတွေဖြစ်တာ၊ စတော့မားကက် ပြိုလဲတာ စတာတွေနဲ့ ပတ်သက်လို့ အက်ပ်စတိန်းက subprime mortgage/ loan တွေစတာက ကလင်တန် လက်ထက်က စတာဖြစ်ကြောင်း၊ ကလင်တန်က မဲလိုချင်တော့ ဘဏ်လုပ်ငန်းရှင်တွေကိုခေါ်ပြီး ချေးငွေရဖို့ အရည်အချင်းမမှီသူတွေ အိမ်ဝယ်လို့ရအောင် လုပ်ပေးဖို့ ဆွေးနွေးကြောင်း၊ ဘဏ်တွေက ဆုံးရှုံးနိုင်ခြေ များလို့ မလုပ်ချင်ကြောင်းပြောတဲ့အခါ ဆုံးရှုံးမှုများလို့ ဘဏ်တွေအခက်တွေ့တဲ့အခါ မပြိုလဲရအောင် အစိုးရက အဲဒီချေးငွေတွေကို ပြန်ဝယ်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း ဖြေသွားပါတယ်။ လူတွေက အိမ်ပိုင်ချင်ကြပေမယ့် စုငွေလည်းမလုံလောက်၊ ခရက်ဒစ် သမိုင်း ကလည်းမကောင်းတော့ အိမ်မဝယ်နိုင်သူ များလာတာမှာ subprime loanContinue reading “ဖေဖေါ်ဝါရီ ၁၁ ရက် ၂၀၂၆”

ဖေဖေါ်ဝါရီ ၆ ရက် ၂၀၂၆

၂၀၂၅ စတုတ္ထ သုံးလပတ်အတွက် အမေရိကန်ရဲ့ GDP က ၅.၃% တက်လာခဲ့ပြီး တရုတ်က ၄.၅% ဖြစ်ပါတယ်။ ထရမ့် ဒုတိယသမ္မတသက်တမ်းရဲ့ နောက်ဆုံးနှစ်မှာ Dow Jones Industrial Average ကို ၅၀,၀၀၀အထိ တက်လာမယ်လို့ ခန့်မှန်းခဲ့ပေမယ့် တနှစ်နဲ့ ရက်ပိုင်းအတွင်းမှာပဲ ၅၀,၀၀၀ ကျော်သွားခဲ့ပါပြီ။ ဒါတောင် စတော့ဈေးကွက်မှာ တရုတ်က ramp and dump လုပ်ပြီး ဝင်ရှုပ်နေတာ တွေ့ရတယ်လို့ SEC ဥက္ကဋ္ဌက သတိပေးထားပါတယ်။ အဲဒါကြောင့် ဈေးကွက်တခုလုံး မငြိမ်မသက် ဖြစ်နေခဲ့တာ ဖြစ်နိုင်ပါတယ်။ ramp and dump ဆိုတာ ကမ္ဘာတလွှားက exchange တွေမှာ တရုတ်တွေက စတော့တခု/တချို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ အတင်းလိုက်ဝယ်၊ တဖက်ကလည်းContinue reading “ဖေဖေါ်ဝါရီ ၆ ရက် ၂၀၂၆”

ဖေဖေါ်ဝါရီ ၅ ရက် ၂၀၂၆

ဒီကနေ့ သမ္မတထရမ့်က ပြည်သူတွေ ဈေးကြီးပေးဝယ်သောက်နေရတဲ့ ဆေးတွေကို အနိမ့်ဆုံးဈေးနဲ့ ဝယ်လို့ရအောင် လုပ်ပေးထားကြောင်း ကြေငြာသွားပါတယ်။ trumprx.gov ကိုသွားကြည့်ရင် ရနိုင်တဲ့ ဆေးတွေကို ဈေးနဲ့တကွ တွေ့ပါလိမ့်မယ်။ ဘယ်လိုဆေးဆိုင်တွေမှာ ရနိုင်တယ်ဆိုတာလည်း ကြည့်လို့ရပါတယ်။ ခရက်ဒစ်ကဒ်အတိုးကိုလည်း ၁၀% ထက် ပိုမယူဖို့ အမိန့်ထုတ်ထားတဲ့အတွက် ခရက်ဒစ်ကဒ်ကြွေးထူကြတဲ့ အမေရိကန်အများစု အသက်ရှူချောင်သွားမှာပါ။ အခွန်ပိုင်းမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ထားတဲ့အတွက် ဒီနှစ်ပြည်သူတွေ အခွန်ဆောင်တဲ့အခါ ဝမ်းသာစရာတွေ တွေ့ကြရမှာပါ။ တခုရှိတာက အဲဒီပြောင်းလဲမှုတွေဟာ လွှတ်တော်က အမြဲတမ်းအဖြစ် အတည်မပြုသ၍ ထရမ့်သက်တမ်းအတွင်းမှာပဲ အကျုံးဝင်မှာဖြစ်ပါတယ်။ ယူကရိန်းက အချမ်းသာဆုံး မိသားစု ၁၂ခုကို ဟန်းတားဘိုင်ဒန်က အမေရိကန်က Burisma ကို ဝယ်မှာဖြစ်လို့ ဒီကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားရင် သူဌေးဖြစ်လိမ့်မယ်လို့ အယုံသွင်းခဲ့တဲ့အတွက် သူတို့မှာ ရှိတာတွေContinue reading “ဖေဖေါ်ဝါရီ ၅ ရက် ၂၀၂၆”

ဖေဖေါ်ဝါရီ ၃ ရက် ၂၀၂၆

အက်ပ်စတိန်းအမှုနဲ့ ပတ်သက်တဲ့ စာမျက်နှာပေါင်း ၃သန်းလောက် ထွက်လာခဲ့ပေမယ့် အဲဒီထဲမှာ ဒီမိုခရက်တွေ အမျှော်လင့်ကြီးမျှော်လင့်ထားတဲ့ ထရမ့်နဲ့ အက်ပ်စတိန်းပတ်သက်နေတာ မပါပေမယ့် ပါသယောင်ယောင် ပုံအတုတွေ ထင်ယောင်ထင်မှားခေါင်းစဥ်တွေနဲ့ ဒီမိုလေတပ်သားအုပ်စုက ဖြန့်ကြပါတယ်။ ပါတဲ့တခုတည်းသောအကြောင်းက ထရမ့်က မာရာလေဂိုနဲ့နီးတဲ့ ဖလော်ရီဒါ Palm Beach က အက်ပ်စတိန်းအိမ်ကို ရောက်ဖူးခဲ့ပေမယ့် ကြာကြာမနေခဲ့သလို အနှိပ်ခံတာမျိုး မရှိခဲ့ဘူး ဆိုတာပါပဲ။ ထရမ့်ရော အက်ပ်စတိန်းရောက မန်ဟက်တန်နဲ့ Palm Beach မှာ အိမ်တွေ ရှိကြလို့ အကြောင်းမသိခင်က လေယာဥ်ကြုံ စီးဖူးတာ ၁-၂ကြိမ်ရှိခဲ့ပေမယ့် အက်ပ်စတိန်းကျွန်းကို မသွားခဲ့သလို အကြောင်းသိကတည်းက မာရာလေဂိုကို အလာမခံတော့တာပါ။ ထွက်လာတဲ့ ဖိုင်တွေထဲမှာပါတဲ့ ထရမ့်နာမည်က သူ့ရဲ့ပေါ်လစီနဲ့ နိုင်ငံရေးအကြောင်းတွေဖြစ်ပါတယ်။ တကယ်လို့ ထရမ့်က အက်ပ်စတိန်းရဲ့ ပီဒိုဖောက်သည်ဖြစ်ခဲ့ရင်Continue reading “ဖေဖေါ်ဝါရီ ၃ ရက် ၂၀၂၆”

ဇန်နဝါရီ ၂၈ရက် ၂၀၂၆

LA ကောင်တီမှာ အမေရိကန်ရဲ့ အကြီးဆုံး ကျန်းမာရေးဝန်ဆောင်မှုအလိမ်အညာတွေ ရှိနေတယ်လို့ မက်ဒီကိတ်/ကဲအကြီးအကဲ ဒေါက်တာမာမက်အော့ဇ်က ဆိုပါတယ်။ Van Nuys အရပ်က ဘလောက် ၄ခု ပတ်ဝန်းကျင်လေးမှာ သေခါနီးလူနာတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ Hospice  ၄၂ခုတောင် ရှိနေတာပါ။ တချို့ Hospice က ဓါတ်လှေကားတောင် ရှိပုံမရတဲ့ ဆိုင်ခန်းလို အဖြစ် အဆောက်အဦ သေးသေးလေးရဲ့ အပေါ်ထပ်မှာ ရှိနေတာပါ။ ကျန်တာတွေကလည်း ဆံပင်ညှပ်ဆိုင်အသေးလောက်ပဲ ကျယ်တာဖြစ်ပါတယ်။ အဲဒီလောက် Hospice တွေများနေတာက လူတွေ အသေများနေလို့လား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ သေသူမရှိတဲ့ Hospice တွေပါ။ ဒါတွေဖြစ်နေတာကို မြို့/ပြည်နယ် အစိုးရက သိပေမယ့် ပိုက်ဆံတွေက ဖက်ဒရယ်ကလာတာ ဖြစ်တာရယ် လူဆိုးတွေကိုမှချစ်တဲ့ အစိုးရ ဖြစ်တာရယ် ကိုယ်တိုင်ခြစားနေတာရယ်ကြောင့်Continue reading “ဇန်နဝါရီ ၂၈ရက် ၂၀၂၆”

ဇန်နဝါရီ ၂၆ ရက် ၂၀၂၆

မင်နီဆိုးတားမှာ ရေခဲတွေကို လိုက်လံနှောက်ယှက်တိုက်ခိုက်ကြတဲ့ အဖွဲ့တွေကို ဘယ်သူတွေက စုစည်းပေး၊ ငွေထောက်ပံ့ပေးနေတာလဲလို့ FBI က လိုက်နေတာမှာ ပေါ်လာတဲ့အဖွဲ့က Skye Whispers လို့ခေါ်တဲ့ Signal က အုပ်စုဖြစ်ပြီး စုစည်းသူခေါင်းဆောင်က ဒု-ဂါဗာနာ ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့အဖွဲ့လို့ ပေါ်သွားတဲ့နောက် အဖွဲ့ဝင်တွေက ဘယ်ကိုပြေးရမလဲ တိုင်ပင်နေကြပါတယ်။ အဲဒါကြောင့်ထင်ပါရဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်အော်နေတဲ့ ဂါဗနာတမ်ပွန်တင်မ်ရော မင်နီယားပုလိစ်မြို့ဝန်ပါ သမ္မတထရမ့် ဖုံးဆက်တာကို ဒီည တွမ်ဟိုမန်လွှတ်လိုက်မယ်ဆိုတာကို လက်ခံပါ့မယ် ဖြစ်သွားတော့တာပါပဲ။ ဒီအန်တီအိုက်စ်အဓိကရုဏ်းတွေက ဆိုမာလီလိမ်လည်မှုတွေ ပေါ်သွားပြီးမှ ပြင်းထန်လာခဲ့တာ သတိထားမိကြမှာပါ။ အခုလက်ဝဲတွေ အာဇာနည်လို ပုံဖော်နေတဲ့ အဲလက်စ်ပရက်တီကို ဟိုးတုန်းက လူရိုသေ ရှင်ရိုသေ သူနာပြုပုံနဲ့ ဖွကြဖြန့်ကြပေမယ့် တကယ်တမ်းမှာ အလုပ်ထွက်ထားတာ လအတန်ကြာ ပြီဖြစ်ပြီးContinue reading “ဇန်နဝါရီ ၂၆ ရက် ၂၀၂၆”

ဆရာမကြီးZoom 1/18/26

ဒီနေ့ ဆရာမဒေါက်တာဒေါ်ခင်နွယ်ဝင်းရဲ့ Zoom session မှာ ကြက်ဥအနှစ်မှာပါတဲ့ choline အကြောင်းရယ်၊ ဆားနဲ့ သွေးတိုးအကြောင်း ပြောသွားတာကို အကျဥ်းချုပ်ပြန်တင်ပေးပါမယ်။ ဆရာမရဲ့ To A Better Health page က မနာလိုသူ အဖျက်သမားတွေလက်ချက်နဲ့ ကျသွားပါပြီ။ Zoom ကတော့ အရင်အတိုင်း ဆက်ရှိနေဆဲပါ။ တနင်္ဂနွေမှာ ကျန်းမာရေး၊ ကြာသပတေးနေ့မှာ ဘာသာရေးအကြောင်း သိသင့်သိထိုက်တာလေးတွေကို ရှင်းပြပေးပါတယ်။ အချိန်က အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နံနက် 8:30 မြန်မာစံတော်ချိန် ည၈နာရီ ဖြစ်ပါတယ်။ Zoom ID နဲ့ Passcode က အရင်အတိုင်းပါပဲ။ ကြက်ဥနဲ့ပတ်သက်တဲ့ အယူလွဲ အမှတ်လွဲတွေကတော့ အများကြီးပါ။ သက်သတ်လွတ်သလားတို့၊ အနှစ်စားရင် ကိုလက်စထရောတက်လိမ့်မယ်တို့၊ နှလုံးသွေးကြောပိတ်လိမ့်မယ်တို့ အစုံပါပဲ။Continue reading “ဆရာမကြီးZoom 1/18/26”