အမေရိကန်ဘက်က အီရန်ရဲ့ ဒုံးကျည်သိုလှောင်ရုံတွေ၊ ပစ်ခတ်လွှတ်တင်ရာနေရာတွေကို အရှိန်အဟုန်မြှင့် ဗုံးကြဲနေသလိုပဲ အီရန်ကလည်း အဘရာဟင်လင်ကွန်းလေယာဥ်တင်သင်္ဘောကြီးကို ဒုံကျည် ၁၁၁စင်း ပစ်ခတ်ခဲ့ပါတယ်။ ကွာတာက အီရန်မှာ လေကြောင်းကာကွယ်ရေးစနစ်ရော ကိုယ့်ကိုကိုယ်ခုခံကာကွယ်နိုင်စွမ်းပါ ဖျက်ဆီးခံထားရတော့ အမေရိကန်တွေရဲ့ တိကျတဲ့ ပစ်ခတ်မှုတွေဟာ တလုံးဆိုတလုံး ထိရောက်တာဖြစ်ပါတယ်။ သူတို့မှာ အကာအကွယ်ဆိုလို့ သဘာဝ ကပေးထားတဲ့ ကျောက်တောင်တွေပဲ ရှိတော့တာပါ။ လင်ကွန်းသင်္ဘောကြီးကတော့ သူ့ဆီ ပစ်သမျှ ဒုံး ၁၁၁ စင်းလုံးကို လွယ်လင့်တကူ ဖျက်ချနိုင်ခဲ့ပါတယ်။ အမေရိကန်စစ်သင်္ဘောကို ပစ်တာမအောင်မြင်တဲ့ အီရန်တပ်တွေဟာ ကူဝိတ်၊ ဘာရိန်းနဲ့ ဂျော်ဒန်တို့မှာ ရှိတဲ့ အမေရိကန်စစ်စခန်းတွေကို လှမ်းပစ်ခဲ့ပါတယ်။ အမေရိကန်တိုက်တိုင်း အီရန်က အဲဒီလို အရှက်ပြေ ပြန်ဆော်တာ ထုံးစံပါ။ ဒါပေမယ့် ကျည်ကုန်တာပဲရှိတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒေါသတွေကိုContinue reading “Operation Epic Fury (101)”
Category Archives: Uncategorized
ရုတ်တရက် နှလုံးဖောက်တာ မဖြစ်ခင် ပြတတ်တဲ့ လက္ခဏာများ
ရုတ်တရက် နှလုံးဖောက်တာ မဖြစ်ခင် ပြတတ်တဲ့ လက္ခဏာများ နှလုံးသွေးလွှတ်ကြောမကြီးရဲ့ အတွင်းနံရံစုတ်ပြဲရာက ရုတ်တရက် သေဆုံးသွားခဲ့တဲ့ ဆီနိတ်တာ လင်ဒ်ဇီဂရမ်ဟာ သမ္မတထရမ့်နဲ့ ထိတွေ့မှုများသူဖြစ်တာကြောင့် မဆုံးခင်က ဘယ်လိုလက္ခဏာတွေ ပြသလဲဆိုတာကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။ မဆုံးခင် ၁ – ၂နာရီအလိုမှာ ပင်ပန်းနေတယ်လို့ ပြောခဲ့ပြီး အဲဒီမတိုင်ခင်မှာတော့ backpain ရနေတတ်သူလို့ မှတ်မိကြောင်းနဲ့ backpain က သွေးလွှတ်ကြောမကြီးရဲ့ အတွင်းနံရံစုတ်ပြဲလို့ ရုတ်တရက်သေဆုံးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတခုလို့ သိထားကြောင်း ပြောသွားပါတယ်။ လင်ဒ်ဇီလိုမျိုး နှလုံးသွေးလွှတ်ကြောမကြီးရဲ့ အတွင်းနံရံ စုတ်ပြဲခြင်း (Aortic dissection) ဖြစ်လို့ သွေးလွှတ်ကြောအလွှာတွေထဲမှာ သွေးတွေပြည့်လာတဲ့အခါ တခြားအင်္ဂါတွေဆီ သွေးမရောက်နိုင်တော့တာ၊ (သို့) အသက်ပါပါနိုင်တဲ့ ပေါက်/ကွဲမှုမျိုး ဖြစ်နိုင်ပါတယ်။ တခုရှိတာက နှလုံး/နှလုံးသွေးကြောကြောင့် ရုတ်တရက်သေဆုံးမှုတွေထဲမှာContinue reading “ရုတ်တရက် နှလုံးဖောက်တာ မဖြစ်ခင် ပြတတ်တဲ့ လက္ခဏာများ”
Operation Epic Fury (100)
အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေနဲ့ ကမ်းရိုးတန်းတလျောက်ကို မနက်ဖြန် ၁၄ရက်နေ့ 2000 GMT ကစပြီး ပိတ်ဆို့တော့မှာဖြစ်ပါတယ်။ အီရန်ကိုသွားတာ၊ အီရန်ကလာတာမဟုတ်တဲ့ အခြားသင်္ဘောတွေက အခုပိတ်ဆို့မှုနဲ့ မသက်ဆိုင်ပဲ အရင်လို လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်မှာပါ။ လူသားချင်းစာနာမှုနဲ့ ပေးပို့တဲ့ကုန်စည်တွေကတော့ အစစ်ဆေးခံပြီးမှ ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ အီရန်နဲ့ မသက်ဆိုင်တဲ့သင်္ဘောတွေ ဖြတ်သန်းရာမှာ လုံခြုံဖို့အတွက် အမေရိကန်က “Guardian of the Hormuz Strait” အဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပြီး ခုလို အန္တရာယ်များတဲ့နေရာမှာ လုံခြုံရေးအတွက် ကုန်ကျစရိတ်မျှခံတဲ့အနေနဲ့ သင်္ဘောတွေက သယ်ဆောင်လာတဲ့ ကုန်စည်/ရေနံတန်ဖိုးရဲ့ ၂၀% ကို ပေးရမှာဖြစ်ကြောင်းနဲ့ မကြာမီမှာ အသေးစိတ်လုပ်ငန်းစဥ် ထွက်လာမှာဖြစ်ကြောင်း သမ္မတထရမ့်ရဲ့ ထရုသ်ပို့စ်မှာ ဖော်ပြထားပါတယ်။ ဒီတခါဟော်မုဇ်မှာ ပန်တဂွန်က လူမပါတဲ့ Corsair ပင်လယ်ဒရုန်းတွေနဲ့Continue reading “Operation Epic Fury (100)”
Operation Epic Fury (99)
အီရန်က ဟော်မုဇ်မှာ ဖြတ်သန်းနေတဲ့ ဆိုက်ပရပ်စ်အလံတင် ကွန်တိန်နာသင်္ဘောတစီးကို ဒုံးကျည်နဲ့ ကနေ့ ပစ်ခတ်ခဲ့တဲ့အတွက် အမေရိကန်က တတိယအကြိမ်အဖြစ် ပစ်မှတ် ၁၄၀ကို ပစ်ခတ်ပြီးဒဏ်ခတ်လိုက်ပါတယ်။ ပစ်ခတ်ခံရတဲ့ သင်္ဘောက သင်္ဘောသားတဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး သင်္ဘောက မီးလောင်၊ အင်ဂျင်ခန်းပျက်စီးမှုဖြစ်လို့ ရှေ့ဆက်သွားနိုင်တဲ့ အခြေအနေ မရှိပါဘူး။ အီရန်ဘက်ကတော့ ခွင့်မပြုထားတဲ့ လမ်းကြောင်းကနေ သွားပြီး သတိပေးပစ်ဖောက်မှုတွေကို လစ်လျူရှုခဲ့လို့လို့ အကြောင်းပြပါတယ်။ ဒါပေမယ့် ဟော်မုဇ်ဟာ နိုင်ငံတကာ ရေပိုင်နက်ဖြစ်ပြီး ဟိုးတုန်းကတဲက လွတ်လွတ်လပ်လပ် သွားလာနေတဲ့ နိုင်ငံတကာ ရေလမ်းကြောင်းဖြစ်တဲ့အတွက် သူတို့ခွင့်ပြုချက် ယူရမယ်ဆိုတာ နိုင်ငံတကာဥပဒေတွေနဲ့ ကွဲလွဲနေပါတယ်။ အဲဒီနောက်မှာတော့ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီလို့ IRGC က ကြေငြာသွားပါတယ်။ အီရန်တပ်တွေရဲ့ ကြီးကြပ်မှုမပါပဲ ဘယ်သင်္ဘောမှ မဖြတ်ရဘူးလို့ ဆိုလိုတာပါ။ CENTCOMContinue reading “Operation Epic Fury (99)”
Operation Epic Fury (98)
အစ္စရေးက အီရန်တွေဟာ အမေရိကန်သမ္မတထရမ့်ကို လုပ်ကြံမယ့် အစီအစဥ်သစ်ကို ကြိုးပမ်းနေကြောင်း ဖော်ပြလိုက်တဲ့နောက် သမ္မတထရမ့်က အဲဒီသတင်းဟာ အသစ်မဟုတ်ကြောင်း၊ အစ္စရေးက ပြောမှသိရတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ ၂၀၂၀ ကတည်းက ဆိုလေမာနီကို ရှင်းပစ်ခဲ့လို့ အီရန်က လက်စားချေဖို့ ကြိုးစားနေခဲ့တာဖြစ်ကြောင်း၊ အီရန်ရဲ့ စာရင်းမှာ သူက ထိပ်ဆုံးမှာရှိကြောင်း၊ သူလုပ်ကြံခံခဲ့ရသည်ရှိသော် ဘာဆက်လုပ်ရမယ်ဆိုတာ အစိုးရအဖွဲ့ကို သေချာ မှာကြားခဲ့ပြီး ဖြစ်ကြောင်း ပြောခဲ့တာပါ။ သူတိုက သိပ်ချစ်စရာကောင်းတဲ့သူတွေ၊ ငါ့ကို ထိပ်ဆုံးမှာတင်ထားတာ၊ ငါမရှိတော့ရင် သူတို့ငါ့ကို လွမ်းနေတော့မှာပဲလို့လည်း အရွှန်းဖောက်သွားခဲ့ပါတယ်။ နောက်ဆုံးရတဲ့ သတင်းမှာတော့ အမေရိကန်က ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေကို အီရန်ဆီ အဆင့်သင့် ချိန်ရွယ်ထားပြီးဖြစ်ပြီး ငါကို လုပ်ကြံဖို့ ကြိုးစားခဲ့ရင် နောက်ထပ် ထောင်ချီတဲ့ ဒုံးကျည်တွေ ထပ်လွှတ်ပြီး တနှစ်လုံးလုံးContinue reading “Operation Epic Fury (98)”
Operation Epic Fury (97)
အမေရိကန်က အီရန်ကို ဆက်လက်ဗုံးကြဲခဲ့ရာမှာ ဟော်မုဇ်ထဲ ရေကြောင်းသွားလာရေးကို နှောက်ယှက်ဖို့ အီရန်ပြန်ပြန်ဆောက်ထားတဲ့ ရေဒါထားရှိတဲ့နေရာတွေ၊ စောင့်ကြည့်တဲ့နေရာတွေနဲ့ အပစ်ရပ်ကာလမှာ အီရန်ပြန်ဆောက်ထားတဲ့နေရာတွေနဲ့ စပိဘုတ် ၂၈စီး အပါအဝင် ပစ်မှတ် ၈၀ ကို မနေ့ညက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ခါ့ဂ်ကျွန်းကိုပါ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အီရန်က အပစ်ရပ် သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့အတွက် သမ္မတထရမ့်က သူ့အတွက်တော့ အပစ်ရပ်ကာလ ပြီးဆုံးသွားခဲ့ပြီလို့ ဆိုပါတယ်။ အပစ်ရပ်ကာလ ပြီးသွားပေမယ့် မပြီးသေးတာက တိုက်ခိုက်မှုတွေပါ။ လိုအပ်ရင် ဒီညလည်း ထပ်တိုက်ဦးမှာဖြစ်ပြီး ပိတ်ဆို့မှုတွေကိုလည်း ပြန်ချထားဖို့ရှိတယ်လို့ ဆိုပါတယ်။ ခါ့ဂ်ကျွန်းကို သိမ်းကောင်းသိမ်းမယ်လို့ ပြောသွားပြီး တိုက်ခိုက်မှုတွေမှာ ခါ့ဂ်ကျွန်းပေါ်က ရေနံပိုက်လိုင်းတွေကို ရှောင်ပြီးပစ်ကြဖို့ ညွှန်ကြားထားပါတယ်။ အခုလို အမေရိကန်က တိုက်ခိုက်မှုတွေ ပြန်လည်စတင်နေချိန်မှာ အီရန်သမ္မတနဲ့Continue reading “Operation Epic Fury (97)”
Operation Epic Fury (96)
ပြီးခဲ့တဲ့ ၂၄နာရီအတွင်းလောက်မှာ အီရန်က အမေရိကန်တပ်တွေ စောင့်ရှောက်ပေးနေတဲ့ ဟောမုဇ်ရဲ့ အိုမန်ဘက်နိုင်ငံတကာရေပြင်မှာ ဖြတ်သန်းနေတဲ့ ကုန်သင်္ဘော ၃စင်းကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သမ္မတထရမ့်က ဒါဟာ လက်ခံနိုင်စရာမရှိဘူးဆိုပြီး အမေရိကန်က အီရန်ကို ရေနံရောင်းချဖို့ ယာယီခွင့်ပြုထားတာကို ပြန်ရုတ်သိမ်းလိုက်တဲ့အပြင် အီရန်အနောက်တောင်ပိုင်းက Bandar Abbas ကို အကြီးအကျယ် ဗုံးကြဲခဲ့ပါတယ်။ CENTCOM ကတော့ အီရန်က သူတို့ရဲ့ ရန်လိုမှုတွေအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ဆိုပါတယ်။ အီရန်နဲ့ ထိုးထားတဲ့ MOU အရ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ Office of Foreign Assets Control အောက်က the financial enforcement and sanctions arm of the agencyContinue reading “Operation Epic Fury (96)”
Podcast Episode: Operation Epic Fury (95)
Pip: Omma's Notes — where the Middle East refuses to slow down long enough for anyone to catch their breath. Mara: Today we're covering a stretch of news that moves from a military emergency in the Arabian Sea to the internal politics surrounding a supreme leader's funeral, and ceasefire talks that may or may notContinue reading “Podcast Episode: Operation Epic Fury (95)”
ဇူလိုင် ၆ ရက် ၂၀၂၆
အမေရိကန်ပြည်ထောင်စုရဲ့ နှစ် ၂၅၀ပြည့် မွေးနေ့မှာ တိုင်းပြည်ဟာ တိုင်းပြုပြည်ပြုဖခင်ကြီးများရဲ့ အမျှော်အမြင်ကြီးကြီးနဲ့ ရေးဆွဲချမှတ် ထားတဲ့ အခြေခံဥပဒေပေါ်မှာ လျောက်လှမ်းခဲ့လို့ ကမ္ဘာမှာ တပေါင်းတည်း စုစည်းရေးဆွဲထားတဲ့ သက်တမ်းအရင့်ဆုံး ခြေ/ဥအဖြစ်ရော ဆက်တိုက်သက်တမ်း အကြာဆုံး ခေတ်သစ်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံအဖြစ်ပါ မှတ်တမ်းတွင်ခဲ့ပါပြီ။ တိုင်းပြည်ကို အခုလို ဂရိတ်ဖြစ်လာအောင် တဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေ အရည်အချင်းတွေကို ကန့်သတ်မထားသလို ပြည်နယ် တခုချင်းစီရဲ့ ဆုံးဖြတ်ချက်ကို လေးစားတဲ့စနစ်ကို ဆက်လက် ထိန်းသိမ်းရမယ့်အစား ဒီမိုကရက်တွေက ဖျက်ဆီးဖို့ ကြိုးစားနေခဲ့တာ ကျွန်စနစ်ကို မဖျက်သိမ်းချင်၊ လူမည်းတွေကို တန်းတူအခွင့်အရေး မပေးချင်တဲ့ ကေသုံးလုံးလက်ထက်ကတည်းကပါပဲ။ အခုကျပြန်တော့လည်း မဲရဖို့အတွက် အလုပ်ကြိုးစားသူနဲ့ အလုပ်မလုပ်ချင်သူ၊ ရိုးသားသူနဲ့ ခိုးစားသူ၊ နိုင်ငံသားနဲ့ ခိုးဝင်၊ ဥပဒေလေးစားသူနဲ့ ရာဇဝတ်ကောင်၊ တော်သူနဲ့ လျှော်သူ၊Continue reading “ဇူလိုင် ၆ ရက် ၂၀၂၆”
Operation Epic Fury (95)
USS George H. W. Bush လေယာဥ်တင်သင်္ဘောမှာ တာဝန်ကျနေတဲ့ MH-60 Seahawk စစ်ဘက် ရဟတ်ယာဥ်ဟာ အာရေဗျပင်လယ်ပြင်မှာ အရေးပေါ်ဆင်းသက်မှုပြုလုပ်ခဲ့ရပါတယ်။ အဲဒီမှာ ပါသွားတဲ့ တပ်ဖွဲ့ဝင် ၄ဦးအနက် ၃ဦးကို ကယ်ဆယ်ရရှိခဲ့ပြီး တဦးက ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကယ်ဆယ်ပြီး ၃ဦးဟာ ဒဏ်ရာအသီးသီး ရရှိထားပေမယ့် အခြေအနေတည်ငြိမ်မှု ရှိနေတယ်လို့ သိရပြီး ကျန်တဦးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ အခုလို ဖြစ်သွားတာဟာ ရန်သူလက်ချက်ကြောင့် မဟုတ်ပဲ အကြောင်းရင်းကို စစ်ဆေးဆဲ ဖြစ်ပါတယ်။ ရဟတ်ယာဥ်တွေဟာ ပန်ကာရှိတဲ့ အပေါ်ပိုင်းက ပိုမိုလေးလံတဲ့အတွက် ရေပြင်ပေါ်ဆင်းသက်ရင် လေးတဲ့အပေါ်ပိုင်းက အောက်ရောက်ပြီး ပြောင်းပြန်ဖြစ်သွားနိုင်တာကြောင့် အတွေ့အကြုံများသူတွေအတွက်တောင် အင်မတန် အန္တရာယ်ကြီးတာ ဖြစ်ပါတယ်။ အီရန်နိုင်ငံခြားဝက အာရာ့ချီက ပုံမှန်ဆိုရင်Continue reading “Operation Epic Fury (95)”