ထရမ့်နဲ့ ကမလာ+ABC ဒီဘိတ်

ကနေ့ဒီဘိတ်ကို ဘယ်လိုမြင်သလဲဆိုရင် သူခိုးက လူ လူ ဟစ်တဲ့ပွဲကြီးလို့ပဲ မြင်ပါတယ်။ ကမလာက စိတ်ပျက်စရာကောင်းလောက်အောင် အလိမ်အညာတွေနဲ့ တိုက်ခိုက်လာတာ သူမပါးစပ်ကထွက်တာ အကုန်လုံး အမှန်ဆိုတာ တခုမှကို မပါတော့ပါဘူး။ လိမ်နေတာကသူ၊ သူကပဲ ထရမ့်ကို လူလိမ်ကြီးတဲ့။ မျက်နှာပေးတွေကလည်း စနိုက်ကျော်စရိုက်ပဲ ဖြစ်နေပြီး ဒုသမ္မတတယောက်ရဲ့ တည်ကြည်မှုမျိုး လုံးဝ မတွေ့ရပါဘူး။ အလိမ်တွေနဲ့ တိုက်ခိုက်လာတော့ အလိမ်တွေကို ပြန်ရှင်းနေရတာနဲ့ပဲ ပြီးနေတော့ တိုင်းပြည်အတွက် အရေးပါတဲ့ကိစ္စတွေ ဘာမှ ကောင်းကောင်းပြောချိန် မရတော့ပါဘူး။ ဒိုင်တွေကလည်း လစ်ဗြဲမီဒီညာဒိုင်တွေဆိုတော့ ကြိုညှိထားတာတင်အားမရသေးဘူး၊ ကမလာကို အကြပ်တွေ့မယ့်ဟာဆို ဖြတ်ပစ်၊ ထရမ့်ကို ကြပ်ရမယ်ဆိုရင် သာသာထိုးထိုးမေးကြတာ သိသာလွန်းပါတယ်။ ယခုအမေရိကန်က ထရမ့်အုပ်ချုပ်တဲ့ ၄နှစ်ကနဲ့စာရင် ပိုကောင်းလားဆိုတဲ့ မေးခွန်းကို ကမလာက မဖြေပဲ သူကContinue reading “ထရမ့်နဲ့ ကမလာ+ABC ဒီဘိတ်”

Trump Campaign Gives CNN 10 ‘Must Ask’ Questions For Kamala Interview

ထရမ့်ကမ်ပိန်းက မနက်ဖြန်မှာ ပြုလုပ်မယ့် ထရမ့်နဲ့ ကမလာတို့ရဲ့ စကားစစ်ထိုးပွဲမှာ ကမလာကို မေးကိုမေးသင့်တဲ့ မေးခွန်း ၁၀ခုကို ဩဂုတ် ၂၈ရက်နေ့ကတဲက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။  အဲဒါတွေကတော့ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လွန်းနေတယ်ဆိုတာကို ဝန်ခံသွားပြီး ကမလာကို မဲပေးလို့ သူတက်လာရင် ကုန်ဈေးနှုန်းတွေ ကျအောင် လုပ်ပေးမယ်ဆိုတော့ လွန်ခဲ့တဲ့ ၃နှစ်ခွဲမှာ ဘာလို့မလုပ်ခဲ့တာလဲ။ အိမ်ဈေးတွေ သက်သာဖို့ လူတွေဝယ်နိုင်ကြဖို့က ကမလာရဲ့ ပထမဆုံးနေ့မှာလုပ်မယ့် ဦးစားပေးအစီအစဥ်ဆိုတာမှန်ရင် အခုရော ဦးစားပေးထဲမှာ ဘာလို့မရှိနေတာလဲ။ မင်းက မက်ဒီကဲဖော်အောလ်နဲ့ ဂရင်းနယူးဒီးလ်တွေကို ပူးတွဲစပွန်ဆာ လုပ်ခဲ့တယ်။ အဲဒါတွေက ထရီလီယံပေါင်းများစွာ ကုန်ကျမှာဖြစ်ပြီး အမေရိကန်စီးပွားရေးကိုပါ အများကြီး ထိခိုက်လာမှာဖြစ်တာတောင် မင်းက ဆက်ပြီး ထောက်ခံနေဦးမှာလား။ လွတ်လပ်မှု ဖရီးဒမ်းဆိုတဲ့စကားကို အကြိမ်များစွာပြောခဲ့တာဆိုတော့ ခိုးဝင်လူရမ်းကားတွေ အသတ်ခံခဲ့ရတဲ့ လေကင်ဘေလီ၊Continue reading “Trump Campaign Gives CNN 10 ‘Must Ask’ Questions For Kamala Interview”

လူချမ်းသာတွေကို အခွန်တိုးကောက်ခြင်းသရုပ်မှန်

နိုက်ကီကုမ္ပဏီက အခွန်မဆောင်ဘူးလို့ ပြောကြပါတယ်။ အဲဒါမျိုး ဘယ်လိုလုပ်သလဲဆိုတော့ နိုက်ကီက ကုမ္ပဏီ ၂ခု ခွဲထားပါတယ်။ ကုန်အမှတ်တံဆိပ် Trademark နဲ့ပတ်သက်တဲ့ ကုမ္ပဏီကိုတော့ အခွန် ၁% ပဲပေးရတဲ့ တောင်အမေရိကက ဘလိစ်နိုင်ငံလေးမှာ မှတ်ပုံတင်ထားပြီး ဥရောပမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကတော့ နိုက်ကီ ပစ္စည်းထုတ်လုပ်တာတွေ၊ ရောင်းချတာတွေ၊ ဝန်ထမ်းလခပေးတာတွေ၊ စတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ အပိုင်းအားလုံးကို လုပ်တဲ့အတွက် သန်းရာချီတဲ့ ဝင်ငွေရှိပါတယ်။  နှစ်ကုန်တဲ့အခါ ဥရောပက နိုက်ကီကုမ္ပဏီရဲ့ မြတ်သမျှပိုက်ဆံက အမှတ်တံဆိပ်ကို ကိုင်ထားတဲ့ ဘလိစ်ကကုမ္ပဏီကို အမှတ်တံဆိပ်သုံးစွဲခအဖြစ် ပေးလိုက်ရတော့ အမြတ်သိပ်မကျန်တော့လို့ အခွန်ဆောင်စရာ မလိုတော့ပါဘူး။ ဘလိစ်က ကုမ္ပဏီကလည်း အဲဒီနိုင်ငံရဲ့ ဥပဒေအရ ၁% ပဲဆောင်ရတာဖြစ်လို့ ပွဲက အဲဒီမှာတင် ပြီးသွားပါပြီ။​  လုပ်ငန်းခွန်မြှင့်တာဟာ အလယ်အလတ်လုပ်ငန်းတွေကို သင်းသပ်သလိုလည်း ဖြစ်တဲ့အတွက် တိုင်းပြည်အတွက် အကျိုးမဲ့သလောက်Continue reading “လူချမ်းသာတွေကို အခွန်တိုးကောက်ခြင်းသရုပ်မှန်”

ဩဂုတ် ၃၀ရက် ၂၀၂၄

မနေ့က ကမလာရဲ့ ဘိုင်ဒန်ဆင်းပြီးနောက် ပထမဦးဆုံး အင်တာဗျုူးကို CNN မှာ ပြုလုပ်ခဲ့ပါတယ်။ ထရမ့်အင်တာဗျူးတွေလို live လွှင့်တာမဟုတ်ပဲ တိပ်သွင်းပြီး တည်းဖြတ်ပြီးမှ ပြန်လွှင့်တာဖြစ်ပါတယ်။ အမေရိကန်တင်မက လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ ခေါင်းဆောင်လုပ်ချင်တဲ့သူက ကြိုရေးထားတာကို ဖတ်ပြရတာမဟုတ်ရင် တီ ဆားနဲ့တို့သလို ကြောက်နေတာ ဖြစ်သင့်ပါသလား။ ထုတ်လွှင့်ပေးတဲ့သူက CNN က Dana Bash ဆိုတော့ သက်သက်ညှာညှာလည်းမေးမယ်၊ မေးခွန်းလည်း ကြိုရနိုင်မယ်၊ ကြိုလည်း လေ့ကျင့်ထားလို့ရမယ်၊ ဒါတောင် ဘေးမှာ ယောက်ျားတယောက်မပါပဲ မသွားရဲတာဆိုတော့ ပြောစရာစကားတောင် မကျန်တော့အောင်ပါပဲ။ အင်တာဗျူးက အားလုံးပေါင်းမှ ၂၇မိနစ်လားပါ၊ မေးခွန်းမေးတဲ့အချိန်နဲ့၊ တမ်ပွန်တင်မ်ပြောတာနဲ့ နှုတ်ဆက်စကားတွေ နှုတ်လိုက်ရင် သူ့အတွက်က ကျန်လှ ၁၀မိနစ်ပါ။ အဲဒီထဲမှာ ဝေ့နေတာနဲ့၊ မဖြေချင်တဲ့ဟာကို နောက်မေးခွန်းသွားပါဆိုပြီး လူလည်ကျတာနဲ့ဆိုတော့Continue reading “ဩဂုတ် ၃၀ရက် ၂၀၂၄”

ကမ္ဘာပေါ်မှာ ဘယ်သူအာဏာအရှိဆုံးလဲ။

ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးက အမေရိကန်သမ္မတလား၊ ပူတင်လား၊ ရှီလား၊ တယောက်မှ မဟုတ်ပါဘူး။ သူတို့ရဲ့နာမည်တွေကိုလည်း လူများစုက သိကြမှာမဟုတ်ပါဘူး။ ဘလက်ရော့ခ်၊ စတိတ်စထရိနဲ့ ဗန်ဂတ်တို့ဟာ S&P 500 ရဲ့ ၈၈% ကို ကိုင်ထားကြပြီး ကမ္ဘာမှာ လည်ပတ်နေတဲ့ ၄၄၀ထရီလီယံဒေါ်လာအနက်က ၆၆ထရီလီယံက သူတို့လက်ထဲမှာ ဖြစ်ပါတယ်။ အဲဒီ ၃ခုရဲ့ စီအီးအိုတွေက ကမ္ဘာကြီးကို ချယ်လှယ်နေကြတာပါ။ ဒီသုံးခုပိုင်တဲ့ထဲမှာ ဂျန်နရယ်ဒိုင်နမစ်၊ စထရမ် ရူးဂါးကုမ္ပဏီ၊ လော့ဟိမာတင်၊ နော်သရော့ပ်၊ ဘိုးရင်း၊ စတဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်း ထုတ်လုပ်သူတွေရဲ့ ရှယ်ယာတွေ ပါကြတော့ စစ်ဖြစ်တာဟာ သူတို့ကို ပိုကြွယ်ဝအောင် လုပ်ပေးလိုက်သလိုပါပဲ။ ဒါကြောင့်လဲ စစ်မကြိုက်တဲ့ ထရမ့်က သူတို့ရဲ့ ရန်သူ နံပါတ် ၁ ဖြစ်လာတာပါ။Continue reading “ကမ္ဘာပေါ်မှာ ဘယ်သူအာဏာအရှိဆုံးလဲ။”

ဩဂုတ် ၂၃ ရက် ၂၀၂၄

ဒီကနေ့မှာ ရောဘတ်ကနေဒီဂျူနီယာက သမ္မတရကပကနေ နှုတ်ထွက်ပြီး သမ္မတထရမ့်ကို ထောက်ခံမှုပေးလိုက်ပါတယ်။ ကနေဒီအနေနဲ့ ကနေဒီတမိသားစုလုံး ဒီမိုကရက်တွေဖြစ်ကြတဲ့အတွက် ရီပါဘလစ်ကန်ခေါင်းဆောင်တဦးကို ထောက်ခံမှုပေးလိုက်တာဟာ အထူးသဖြင့် အခုလို မကွဲကွဲအောင် မမုန်း မုန်းအောင် မီဒီယာမျိုးစုံနဲ့ ရန်တိုက်ပေးနေတဲ့ခေတ်မှာ ဘယ်လောက်တောင်ခက်ခဲမလဲဆိုတာ မှန်းကြည့်နိုင်ပါတယ်။ ဒီမိုကရက်ဖြစ်ပေမယ့် ဒီမိုကရက် ပရိုင်မရီမှာ တရားသဖြင့် ပါဝင်ယှဥ်ပြိုင်ဖို့ကို အိုဘမတို့ ဘိုင်ဒန်-ဟဲရစ်တို့ အပိုင်စီးထားတဲ့ပါတီက ညစ်ထားတဲ့အတွက် ဝင်ပြိုင်ခွင့် မရခဲ့ပါဘူး။ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတဲ့အခါမှာ facility၊ ငွေကြေး ကစလို့ အောက်ခြေလူထုအထိ ထိုးဖောက်နိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ မဲပြားပေါ် ရောက်လာဖို့အတွက် မီရှီဂန်လိုပြည်နယ်မျိုးမှာ လူသိနည်းတဲ့ Natural Law Party ကနေ ဝင်ခဲ့ရပြီး ဝါရှင်တန်မှာတော့ Wd the People ပါတီကိုContinue reading “ဩဂုတ် ၂၃ ရက် ၂၀၂၄”

ဩဂုတ် ၂၂ရက် ၂၀၂၄

ကမလာဟဲရစ်ရဲ့ လမ်းသစ်ဆိုတာ တရုပ်ကို ဖျင်ကုန်းပေးရမယ့် လမ်းပါ။ သိပ်တော့မသစ်ပါဘူး၊ အိုဘမတို့ ဘိုင်ဒင်-ဟဲရစ်တို့လည်း လုပ်ခဲ့တာပါပဲ၊ ကမလာနဲ့ တရုပ်ကေဒါ တမ်ပွန်တင်မ်လက်ထက်မှာ ပိုဆိုးမှာပါ။ ဘာလို့လုပ်သလဲ၊ ကွန်မီစနစ်ကို သိပ်ယုံနေလို့လားဆိုတော့ မဟုတ်ပါဘူး။ ကွန်မီစနစ်ကို တကယ်ယုံတဲ့လူတွေက အာဏာရပြီးမှ မီလျံနာတွေ ဖြစ်လာပါ့မလား။ အာဏာဆုပ်ကိုင်ထားချင်တဲ့လူတိုင်း လက်ဝဲစနစ်ကိုပဲ ခုတုံးလုပ်ကြတယ်ဆိုတာ သမိုင်းလေ့လာသူတိုင်း သိကြပါတယ်။ ကမလာကမ်ပိန်းကလည်း မုသာဝါဒကမ်ပိန်းပဲ။ တခုမှ အမှန်မပါဘူး။ ထရမ့်နဲ့ ဗန့်စ် မပြောတာတွေကို ပြောတယ်၊ မလုပ်တာတွေကို လုပ်တယ်လိုပြောပြီး သူတို့ပြောခဲ့ လုပ်ခဲ့တာတွေကျတော့ မလုပ်ခဲ့သယောင် မဖြစ်ခဲ့သယောင် ပြောကြတယ်။ အလိမ်ခံချင်တဲ့သူ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲရှီသူကတော့ သေချာလေ့လာတာမျိုး ဘယ်လုပ်မလဲ။ ထရမ့်နဲ့ပတ်သက်ပြီး မကောင်းပြောသမျှကလည်း ဘာမှ ရေရေရာရာ မဟုတ်ဘူး။ သွားပုပ်လေလွင့်ပြောတာထက် ဘာမှမပိုဘူး။ ၄ရက်သာContinue reading “ဩဂုတ် ၂၂ရက် ၂၀၂၄”

ဩဂုတ် ၂၀ရက် ၂၀၂၄

မနေ့က ဒီမိုကရက်နေရှင်နယ်ကွန်ဗန်းရှင်း (DNC) ကို ရှီကာဂိုမှာ စတင်ကျင်းပပါတယ်။ DNC မှာ ကမလာက လူကြည့်အများဆုံးအချိန် prime time ည ၉နာရီမှာ စကားပြောခွင့်ရခဲ့ပေမယ့် ဂျိုးက ဘယ်သူမှ မကြည့်တော့တဲ့ ည ၁၁း၂၈ နာရီမှာမှ စကားပြောခွင့် ရခဲ့ပါတယ်။ “လက်ရှိသမ္မတ”လည်းဖြစ် သက်ကြီးရွယ်အိုတွေထုံးစံအတိုင်း ညစောစောအိပ်တာ နာမည်ကြီးတဲ့ ဂျိုးကို ညသန်းခေါင်နီးမှ စကားပေးပြောတာ ပလိုးစီအော်နေတဲ့ “ဝီလပ်ဖ်ဂျိုး”နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ အဲဒီလုပ်ရပ်က ဂျိုးကို တာ့တာပြလိုက်တာပါပဲ၊ ဒီမှာတော့ ခေါင်းထဲတည့်ပြီး သံရိုက်လိုက်သလိုပဲလို့ ဆိုကြပါတယ်။ ဂျိုးနေရာကို ကမလာလုလိုက်တာ ၁လလောက်ရှိပေမယ့် DNC document တွေမှာ ဂျိုးရဲ့ ဒုတိယသက်တမ်း ဆိုတာကို ဖော်ပြထားတဲ့ အကြိမ် ၂၀ကျော် ဆိုတော့ ဒီအန်စီကContinue reading “ဩဂုတ် ၂၀ရက် ၂၀၂၄”

မီဒီယာတွေက ဖုံးကွယ်ထားတဲ့ ကမာလာ့အကြောင်း

ကမလာက လူမည်းသွေးပါဆိုပြီး လူမည်းမဲတွေ ချူနေပေမယ့် လွန်ခဲ့တဲ့ ၅နှစ်လောက်အထိက တလျောက်လုံး သူမကိုယ်သူမ အင်န္ဒိယနွယ် လို့ပဲ ဖော်ပြခဲ့တာပါ။ သူမမိခင်က အိန္ဒိယလူမျိုးဖြစ်ပြီး သူမဖခင်က လူမည်းသွေးပါတဲ့ ဂျမေကာနိုင်ငံဖွားဖြစ်ပါတယ်။ သူမဖခင်ဖက်က လူဖြူအိုင်းရစ်ရှ်  အဖွားက ကျွန်ထောင်ကျော်ပိုင်တဲ့ ကျွန်ပိုင်ရှင်ဟေမေလ်တန်ဘရောင်းက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဘာသာရေးကတော့ ငယ်စဥ်က ဟိန္ဒူအနေနဲ့ မိခင်နဲ့ ဘိုးဘွားတွေက ပျိုးထောင်ခဲ့ပေမယ့် ကြီးလာတော့ အမေရိကန်ရဲ့ အကြီးဆုံး ခရစ်ယာန်အုပ်စုဖြစ်တဲ့ Baptist အဖြစ်ဖော်ပြခဲ့ပါတယ်။ သူမမိဘတွေက မာ့က်စ်ဝါဒီတွေဖြစ်ကြပြီး ဖီဒယ်ကက်စထရိုနဲ့ ချီကွေဗားရားကို ကိုးကွယ်တဲ့ ဘာ့ကလေက အာဖရိုအမေရိကန်အသင်းမှာ တက်ကြွသူများဖြစ်ပါတယ်။ အဲဒီအသင်းရဲ့ ခေါင်းဆောင် ဒေါ်နယ်ဝါဒန်(ခ) ခါလစ်အယ်လ်မန်ဆော်ရဲ့ လမ်းညွှန်မှုနဲ့ အာဖရို-အမေရိကန် အသင်းဝင်၂ဦးဖြစ်တဲ့ ဟွေးနျူတန်နဲ့ ဘော်ဘီဆီးလ်တို့ဟာ မော်စီတုန်းလမ်းစဥ်လိုက်တဲ့ ဘလက်ပန်သာပါတီကို တည်ထောင်ခဲ့တာမှာContinue reading “မီဒီယာတွေက ဖုံးကွယ်ထားတဲ့ ကမာလာ့အကြောင်း”

ကလိုင်းမိတ်ချိန့်အာဂျင်ဒါက ဘယ်သူ့အကျိုးအတွက်လဲ။

လာမယ့်ရကပမှာ စဥ်းစားတတ်တဲ့သူတိုင်းက တိုင်းပြည်အတွက်ရော ကမ္ဘာကြီးအတွက်ပါ ဘယ်သူက ကောင်းကျိုးပိုပြုနိုင်မလဲ ဆိုတဲ့ ပေတံနဲ့တိုင်းပြီး မဲပေးကြမယ်လို့ ယုံကြည်ပါတယ်။ ကမ္ဘာကြီးကို ဒီမိုကရက်တွေ မောင်းနေတဲ့ ကလိုင်းမိတ်အာဂျင်ဒါက ကမ္ဘာကြီးကို အမှန်တကယ် ကောင်းစေလိုတာလား၊ ဂျင်းကျွေးနေတာလားဆိုတာကို သိအောင်လုပ်ဖို့ လိုလာပါပြီ။ ကမ္ဘာမြေထု လေထု ကျန်းမာဖို့အတွက် အဓိကက သစ်ပင်တွေလို့ပြောရင် မမှားနိုင်ပါဘူး။ ကလိုင်းမိတ်ချိန့် အော်နေတဲ့ ဘယ်ဒီမိုကရက်ကများ သစ်ပင်စိုက်ဖို့ အမှိုက်ထွက်နည်းဖို့ ပြောကြပါသလဲ။ ကမ္ဘာကြီးကို ကာဗွန်ဖွတ်ပရင့်တွေလျော့ချဖို့အတွက် ကလိုင်းမိတ်လက်ချာပေးဖို့ ဒါဗို့စ်ကို သွားကြတဲ့ ဒီမိုကရက်နဲ့ ဒီမိုကရက်မိတ်ဆွေအီလိကြီးများရဲ့ ကိုယ်ပိုင်လေယာဥ်တစင်း တနာရီထွက်တဲ့ ကာဗွန်က ကားတစီး ပျမ်းမျှတနှစ်စာထွက်တဲ့ ကာဗွန်နဲ့ တူတယ်ဆိုတာ သိပါသလား။ ဒီမိုကရက်မိတ်ဆွေ ဆယ်လီများ ကိုယ်ပိုင်လေယာဥ်တဝီဝီနဲ့ ကမ္ဘာပတ် မုန့်စား၊ ဈေးဝယ်ထွက်နေကြတာက ကမ္ဘာကြီးကို မထိခိုက်ပဲContinue reading “ကလိုင်းမိတ်ချိန့်အာဂျင်ဒါက ဘယ်သူ့အကျိုးအတွက်လဲ။”