ဇူလိုင်လ ၁၇ရက် ၂၀၂၄

အီလွန်က ထရမ့်အောင်နိုင်ရေးအတွက် တလကို ၄၅သန်းထည့်ဝင်လှုဒန်းသွားမှာြဖစ်တယ်လို့ သိရပါတယ်။ တဖက်မှာတော့ ဒီမိုကရက်အလှူရှင်တွေက ဘိုင်ဒန်ကို ဒီမိုကရက် ticket မှာ ဆက်ထားမယ်ဆိုရင် သူတို့လှူထားတဲ့ သန်း၉၀ကို အသုံးပြုခွင့်မပေးနိုင်ဘူးလို့ ရာဇသံ ပေးထားပါတယ်။ အဒမ်ရှစ်ဖ်ကလည်း ၂၁ဦးမြောက် ဒီမိုကရက်အမတ်အဖြစ် ဘိုင်ဒန်ကို ပယ်ရှားဖို့ ဖိအားပေးလာပါပြီ၊ အသက်ကြောင့်ပါတဲ့၊ ဒါပေါ့လေ၊ ဒီမန်းရှာဖြစ်နေတာ သူတို့အတွင်းစည်းကလူတွေ အသိဆုံးဆိုတော့ အကြောင်းတခုခုတော့ ကြံဖန်ပေးရတာပေါ့၊ သူတို့အတွက် လိမ်တာက ထမင်းစား​ ရေသောက်ထက် လွယ်နေတာပဲလေ။ ရှူးမားက ဘိုင်ဒန်ပြိုင်ပွဲကထွက်ပေးဖို့ တွန်းတွန်းတိုက်တိုက်ကို ပြောနေပါတယ်တဲ့။ ဖိအားတွေ သိပ်များလာလို့ထင်ပါရဲ့ ဒီကနေ့တော့ ဘိုင်ဒန်က ငါ့မှာ ကျန်းမာရေး အခြေအနေတခုခု ပေါ်လာပြီး ဆရာဝန်တွေက ငါ့ဆီလာပြီး မင်းမှာ ဒီလိုဒီလိုပြဿနာတွေရှိနေတယ်လို့ လာပြောရင် ထွက်ပေးမယ့်သဘောမျိုး ပြောလာပါပြီ။ ဩဂုတ်လထဲမှာမှContinue reading “ဇူလိုင်လ ၁၇ရက် ၂၀၂၄”

ဇူလိုင် ၁၄ရက် ၂၀၂၄

မနေ့က ပင်ဆယ်လ်ဗေးနီးယားမှာ သမ္မတထရမ့်ကို လုပ်ကြံမှုဟာ ၁၉၈၁ မတ်လ ၃၀တုန်းက ဝါရှင်တန်မှာ သမ္မတရေဂင်ကို လုပ်ကြံခဲ့မှု နောက်ပိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ သမ္မတဟောင်းတွေဟာ secret service (SS) အစောင့်အရှောက် ရတယ်ဆိုပေမယ့် ရာထူးလက်ရှိသမ္မတလောက်တော့ မရပါဘူး။ ဒါက ပုံမှန်အခြေအနေမှာ ပြဿနာမရှိပေမယ့် အခုလို အမုန်းမှိုင်း၊ မုသားမှိုင်း၊ “တရားရေး”ဌာနနဲ့ မီဒီညာတို့ အဖက်ဖက်က အကြီးအကျယ် ပုတ်ခတ်တိုက်ခိုက်တာ ခံနေရတဲ့ ထရမ့်အတွက်က တော်ရုံအစောင့်အရှောက်နဲ့ လုံလောက်ဖို့ မလွယ်ပါဘူး။ နောက်တချက်က secret service က အဖွဲ့အစည်းသေးသေးလေးဖြစ်ပြီး လက်ရှိဒါရိုက်တာ Kimberly Cheatle က DEI ကြောင့် ဒီနေရာကို ရောက်လာတာဖြစ်နိုင်သလို သူမလက်ထက်မှာ SS ရဲ့ ၃၀%လောက်က အမျိုးသမီးတွေ ဖြစ်လာဖို့ဟာContinue reading “ဇူလိုင် ၁၄ရက် ၂၀၂၄”

Prayers for Trump!! Dirty game has started.

ဒီနေ့မဲဆွယ်ပွဲမှာ သေနတ်နဲ့ အပစ်ခံရပါတယ်၊ ထရမ့်တင်တဲ့ပို့စ်ထဲမှာ နားရွက်ကို ဖောက်သွားပါတယ်တဲ့။ ပွဲလာသူတဦး သေနတ်ထိမှန်သေဆုံးပြီး နောက်တဦး ဒဏ်ရာပြင်းပါတယ်။ ပစ်တဲ့သူကို အပစ်ခံရပြီး သေသွားပြီဖြစ်လို့ သူဘယ်သူလဲ သူ့ကိုဘယ်သူခိုင်းသလဲဆိုတာတော့ ဖော်ဖို့ မလွယ်တော့ပါဘူး။ ဘိုင်ဒန့်လက်ထက် ကျောင်းပစ်ခတ်မှုတွေမှာရော အခုပစ်ခတ်မှုမှာပါ ပစ်သူကို အသေပစ်လိုက်တော့ ဆက်လိုက်လို့ မရတော့တာချည့်ပါပဲ။ မနိုင်နိုင်တာ သေချာတော့ ရှေ့လျောက် ဒီထက်ညစ်တာတွေ လာဦးမှာပါ။ ဓမ္မနဲ့ အဓမ္မ သိသိသာသာ ကွဲပြားနေပါပြီ။ ဒီလိုတွေဖြစ်စေချင်လို့ ဒီမိုကရက်တွေက သမ္မတ/သမ္မတဟောင်းတိုင်းရတဲ့ secret service ကို ရုပ်သိမ်းဖို့ လွှတ်တော်မှာ ကြိုးစားကြတာပါ။ ရီပါဘလစ်ကန်က အများစုဖြစ်နေလို့သာ မနိုင်ခဲ့တာပါ။ လွှတ်တော်တွေကအစ ဒီမိုကရက်အများစုဖြစ်နေရင် အမေရိကန်က ဒီမိုကရေစီနိုင်ငံအဖြစ်က နိဂုံးချုပ်ပါပြီ။ ဓမ္မဘက်က နိုင်စေချင်ရင် ကမ္ဘာမှာ လွတ်လပ်ခြင်းတွေ ငြိမ်းချမ်းခြင်းတွေContinue reading “Prayers for Trump!! Dirty game has started.”

ဇူလိုင် ၇ ရက် ၂၀၂၄

ဟာမာ့စ်နဲ့ ပတ်သက်တဲ့ ငွေဖြူလျော်ဖွတ်တဲ့လုပ်ငန်းစဥ်မှာ အဓိကပါဝင်ပတ်သက်နေတဲ့ ယူအန် Relief & Works Agency (အန်ဝါ)ကို ရှေ့နေတစုက တရားစွဲဆိုလိုက်ပါတယ်။ အောက်တိုဘာ 7 တိုက်ခိုက်မှု မတိုင်ခင် ဆယ်စုနှစ်တခုလောက်ကတဲက အန်ဝါအဖွဲ့ဟာ ဂါဇာကို လူမှုရေးအကူအညီခေါင်းစဥ်နဲ့ ငွေသားအကူအညီပေးခဲ့တာ စုစုပေါင်း ၁ ဘီလီယံလောက် ဖြစ်နေပြီလို့ ယူအန်ရီပို့တွေကို ကိုးကားပြီး ရှေ့နေဂယ်ဗရီယယ်မရုန်းက ဖောက်စ်ဘဇ်နက်ဇ်ကို ပြောသွားပါတယ်။ ဂါဇာက ဒုက္ခသည်တွေအတွက် ဆိုပြီး တီဗီတွေ၊ လူမှုကွန်ယက်တွေမှာ အကြီးအကျယ် အလှူခံနေကြတာမှာ အလှူရှင်တွေဟာ နယူးယောက်က ဂျေပီမော်ဂန်ဘဏ်ထဲကို ပိုက်ဆံထည့်ပေးရပြီး နယူးယောက်က ဝန်ထမ်းတဦးက ဘတ်ဂျက်ကိုကြည့်ပြီး လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ ဝက်စ်ဘန့်ခ်နဲ့ ဂါဇာတွေမှာရှိတဲ့ အန်ဝါရုံးခွဲတွေကို လစဥ်ငွေလွှဲပေးပါတယ်။ ဂါဇာကရုံးအတွက် နယူးယောက် ဂျေပီမော်ဂန်ကနေ အနောက်ဘက်ကမ်းContinue reading “ဇူလိုင် ၇ ရက် ၂၀၂၄”

ဇူလိုင် ၃ ရက် ၂၀၂၄

ပထမဒီဘိတ်ပြီးသွားပေမယ့် ရိုက်ခတ်မှုကကြီးတော့ ခုထိ သတင်းတွေ တက်နေဆဲပါ။ ထင်ရှားတာက ဘိုင်ဒန့်အနေအထားဟာ ကမ္ဘာကို အများကြီး ရိုက်ခတ်မှုရှိနိုင်တဲ့ နိုင်ငံကြီးတခုကို အုပ်ချုပ်ဖို့ မဆိုထားနဲ့ ကိုယ့်ခန္ဓာကိုယ်လိုအပ်ချက် ကိုယ့်ရဲ့ တနေ့တာကိုတောင် စီမံခန့်ခွဲနိုင်စွမ်း ရှိပုံမရပါဘူး။ အဲဒီလိုလူမျိုး သမ္မတဖြစ်နေရင် တိုင်းပြည်နဲ့ ကမ္ဘာကို သက်ရောက်မယ့် အရေးကြီးကိစ္စရပ်တွေကို သူကဦးဆောင်လမ်းညွှန်မှု ပြုနိုင်မလား၊ သူ့ကို ရုပ်ပြထားပြီး ဘယ်သူဘယ်ဝါမှန်း မသိရသူတွေက ချယ်လှယ်နေမလား သိပ်စဥ်းစားစရာမလိုပဲ သိနိုင်ပါတယ်။ ရကပဆက်ဝင်/မဝင်ကိစ္စကို မိသားစုနဲ့ တွေ့ဆုံတိုင်ပင်မယ်ဆိုပြီးတဲ့နောက်မှာ ထွက်ကြေငြာတာက ဂျိုးဘဒမဟုတ်ပဲ ဂျေးလ်ဖြစ်နေတာပါ။ ဘိုင်ဒန်လုပ်ခဲ့သမျှကို မိနစ် ၉၀လေးနဲ့ မဆုံးဖြတ်ပါနဲ့တဲ့၊ သူ့ရဲ့ ၃နှစ်ခွဲအတွင်း စွမ်းဆောင်ခဲ့မှုများနဲ့ ဆုံးဖြတ်ပါ၊ ဒီဘိတ်မှာလည်း ထရမ့်ပြောသွားသမျှတွေက အလိမ်တွေပါ၊ ဘိုင်ဒန်ကမှသာ ကောင်းကောင်းဖြေခဲ့တာပါ၊ you did aContinue reading “ဇူလိုင် ၃ ရက် ၂၀၂၄”

Trump – Biden “Debate”

တနေ့ကလုပ်တဲ့ “ဒီဘိတ်”မှာ ထရမ့်ရဲ့ အားသာချက်မှန်သမျှကို မပါစေတဲ့ တဖက်သက် စည်းမျဥ်းတွေ ထုတ်ပြီး ဘိုင်ဒန်အခြေမလှတိုင်း ဝင်ကယ်ပေးတဲ့ host တွေနဲ့ တပတ်လုံးလုံး ဘယ်မှမသွားပဲ အပြည့်အဝ ဇတ်တိုက်ထားတဲ့ ဘိုင်ဒန်ဟာ ဆေးဘယ်လောက်သုံးထားထား သူ့ရဲ့ ယိုင်နဲ့နဲ့ အူလယ်လယ် ဖြစ်နေတဲ့ပုံစံရယ်၊ စကားကို လေသံတောင် မနဲကြိုးစားညှစ်ထုတ်နေရတဲ့ အနေအထားရယ်၊ စကားမှား၊ အကြောင်းအရာမှားပြောတာတွေရယ်၊ ဆေးသုံးထားသူတွေရဲ့ ထုံးစံအတိုင်း ရန်လိုတတ်တာတွေရယ်က SOTU ပြောစဥ်ကလို တယောက်တည်း စာကြည့်ဖတ်တာမျိုးမှာ သိပ်မသိသာတဲ့ အခြေအနေတခုကို ဖွင့်ပြလိုက်သလိုပါပဲ။ အများစုကတော့ အံ့ဩမယ် မထင်ပါဘူး။ ဒီဘိတ်မပြီးခင်မှာပဲ ဘိုင်ဒန့်ဘက်သားတွေက ဘိုင်ဒန်အအေးမိနေလို့ အသံက အဲဒီလိုဖြစ်နေတာပါလို့ ကြိုကာပါတယ်။ အအေးမိတာလား၊ အကြိမ်ကြိမ် ဇတ်တိုက်ထားရလို့ အသံမထွက်နိုင်တော့တာလား ဆိုတာလောက်တော့ လူတွေခွဲသိကြမှာပါ။ ထရမ့်ကတော့ ပရိသတ်မရှိတဲ့Continue reading “Trump – Biden “Debate””

ဇွန်လ ၂၀ ရက် ၂၀၂၄

ထရမ့်နဲ့ ဘိုင်ဒန်တို့ ဒီဘိတ်လုပ်ကြဖို့ကို ဘိုင်ဒန်တို့ဖက်က ဒီလ ၂၇ရက်ကို ရွေးထားပါတယ်။ အဲဒါဟာ သမ္မတရကပအတွက် ဒီဘိတ်ကို တီဗီက လွှင့်ကြတဲ့သမိုင်းမှာ အစောဆုံးပါပဲ။ ဒီအန်စီက တရားဝင် နိုမီနေးရှင်းပေးမှာက ဩဂုတ်လမှပါ။ ဒီဘိတ်ကိုတော့ စီအန်အန် ဌာနချုပ်မှာလုပ်မှာဖြစ်ပြီး ခါတိုင်းလို တက်ရောက်ကြည့်ရှုသူများကို အဲဒီနေ့မှာ ခွင့်ပြုမှာ မဟုတ်ပါဘူး။ စာရွက်အလွတ်နဲ့ ဘောပင်ကလွဲလို့ ကြိုရေးထားတာ ဘာတခုမှ ယူမလာရဘူးလို့ ဆိုပါတယ်။ ကြည့်ပဲဖတ်တတ်တဲ့ ဘိုင်ဒန်အတွက် ဒီဘိတ်မှာ အခြေမလှရင် အကြောင်းတခုခုပြ ဖြုတ်ပြီး တခြားတယောက်နဲ့ လွှဲထည့်မယ်လို့ ခန်းမှန်းကြသူတွေ ရှိနေပါတယ်။ တကယ်သာ အဲဒီလိုဖြစ်လာခဲ့ရင် ပဏာမရကပတွေမှာ ပြည်သူတွေ မဲပေးထားတာကို ပစ်ပယ်ဖို့ မလွယ်ဘူးလို့ ထင်ပါတယ်။ အခုဘိုင်ဒန်သုံးမရတာ လူတိုင်းသိနေလျက်နဲ့ ပါတီစွဲ မုန်းစွဲနဲ့ ပေးနေကြတာပဲလေ။ ပူတင်ကContinue reading “ဇွန်လ ၂၀ ရက် ၂၀၂၄”

ဇွန်လ ၁၁ရက် ၂၀၂၄

နယူးယောက်မှာ ထရမ့်ကို ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချခဲ့တဲ့ရုံးက ဂျချ်ဝှမ်မာချန်ဟာ ဂျူရီအဖွဲ့ဝင်တဦးရဲ့ မိသားစုဝင်တဦးက တင်ထားတဲ့ ဖဘပို့စ်အကြောင်း သိရှိလာခဲ့ကြောင်း၊ အဲဒီမှာ ဂျူရီအဖွဲ့ရဲ့  ဆုံးဖြတ်ချက်ဆိုတာကို မထုတ်ပြန်ခင် ၁ရက်အလိုကတဲက Unified Court Systemရဲ့ ဖဘပေ့ချ်မှာ ထရမ့်တယောက် ရာဇဝတ်သားအနေနဲ့ ပြစ်ဒဏ်ကျခံရတော့မယ်၊ သင်တို့အားလုံးရဲ့ အားထုတ်မှုတွေ အတွက် ကျေးဇူးပါလို့ ဂျူရီတဦးရဲ့ ကာစင်တဦးက ရေးထားကြောင်း ဖော်ပြထားပြီး နှစ်ဖက် ရှေ့နေများထံ အဲဒီအကြောင်း စာပို့ထားတယ်လို့ သိရပါတယ်။ အဲဒီအတိုင်းသာ တကယ်ဆိုရင် လက်ရှိဂျူရီဆုံးဖြတ်ချက်ဟာ တရားမဝင်ဖြစ်သွားနိုင်ပါတယ်။ ထရမ့်ကို သိပ်မုန်းနေလို့ ထရမ့်အပေါ် မတရားစီရင်ရတာကို အရသာတွေ့ပြီး ပါးစပ်မစေ့နိုင်ဖြစ်နေတဲ့ ဂျချ်က အဲဒီလို ပြောလာတာက သွေးရိုးသားရိုးလို့ ပြောဖို့တော့ ခက်ပါတယ်။ ဂျူရီဆုံးဖြတ်ချက်ထွက်ပြီး ရက်ပိုင်းအတွင်း ထရမ့်အတွက် အလှူငွေContinue reading “ဇွန်လ ၁၁ရက် ၂၀၂၄”

၃နှစ်အတွင်း ကမ္ဘာမှာအန္တရာယ်အကြီးဆုံးနိုင်ငံတခုအဖြစ်ကနေ အလုံခြုံဆုံးတိုင်းပြည်အဖြစ်ကို ပြောင်းလဲပေးခဲ့တဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံရဲ့ ပဲ့ကိုင်ရှင်သမ္မတ နာယိဘ်ဘူကလေနဲ့ တပ်ကာ အင်တာဗျူး

လက်တင်အမေရိကမှာ ထောင်တွေဟာ အစိုးရက ဦးစီးလည်ပတ်တာမဟုတ်ပဲ ဂိုဏ်းတွေက ထိန်းချုပ်ထားတာပါ။ အစိုးရက အစားအသောက်၊ ဆေးဝါးစတဲ့ ထောင်/ထောင်သားတွေအတွက် လိုအပ်တာတွေကိုပဲ ပို့ပေးရပြီး ဝင်ချင်ရင်တောင် ဂိုဏ်းခွင့်ပြုချက်နဲ့မှ ဝင်ရတဲ့အခြေအနေပါ။ သမ္မတ နာယိဘ်ဘူကလေးရဲ့ အုပ်ချုပ်မှုအောက်မှာ အယ်လ်ဆာဗေးဒိုးအကျဥ်းထောင်စနစ်ဟာ အစိုးရလက်အောက်ကို ပြန်လည်ရောက်ရှိလာပြီး နာမည်ကြီး အမ်အက်စ်၁၃ ဂိုဏ်းကို ရှင်းပစ်နိုင်ခဲ့တာကြောင့် ၃နှစ်အတွင်း အနောက်ကမ္ဘာမှာ တရားဥပဒေ အစိုးမိုးဆုံးဖြစ်လာတဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ လူဆိုးဂိုဏ်းတွေကို လက်မြှောက်အရှုံးပေးနေရတဲ့ အခြားနိုင်ငံတွေ အားကျစရာ၊ လာရောက်နည်းခံ အတုယူစရာ ဖြစ်လာနေပါပြီ။ ယှဥ်ကြည့်ရင် လက်ရှိအခြေအနေအရ အမေရိကန်မှာ လူတသိန်းကို ၆ယောက် အသတ်ခံနေရပြီး အယ်လ်ဆာဗေးဒိုးမှာက ၂ယောက်နှုန်းပါ။ အဲဒီလို လူဆိုးဂိုဏ်းတွေကို နှိမ်နှင်းတဲ့နေရာမှာ လူဆိုးတွေက ပြည်သူထဲက ဘယ်သူ့ကိုမဆို ရက်စက်ပြ သတ်ပြပြီး ကြောက်အောင် ခြိမ်းခြောက်နိုင်ပေမယ့်Continue reading “၃နှစ်အတွင်း ကမ္ဘာမှာအန္တရာယ်အကြီးဆုံးနိုင်ငံတခုအဖြစ်ကနေ အလုံခြုံဆုံးတိုင်းပြည်အဖြစ်ကို ပြောင်းလဲပေးခဲ့တဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံရဲ့ ပဲ့ကိုင်ရှင်သမ္မတ နာယိဘ်ဘူကလေနဲ့ တပ်ကာ အင်တာဗျူး”

Attention Organ Donors

အမေရိကန်ပြည်ထောင်စုမှာ ယာဥ်မောင်းလိုင်စင်လုပ်ဖို့ ဖောင်ဖြည့်တဲ့အခါ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ကလီစာတွေ လှူမလားလို့ မေးပါတယ်။ အများစုက သေပြီးမှတော့ ကျန်တဲ့သူ အကျိုးရှိတာ လှူမှာပေါ့ဆိုပြီး လှူဖို့ ရွေးတတ်ကြပါတယ်၊ ဒီဆောင်းပါးထဲမှာတော့ လူတယောက်သေသွားရင် အောက်ဆီဂျင်ပြတ်သွားတာကြောင့် သေပြီးသားလူဆီက ကလီစာက အစားထိုးဘို့အတွက် သုံးလို့မရပါဘူးလို့ ဆိုပါတယ်။ သေပြီးသားသူဆီက မျက်ကြည်လွှာ၊ အရိုး၊ အရေပြား၊ အရွတ်/အကြော စတာတွေပဲ အစားထိုးဖို့ သုံးနိုင်ပါတယ်။ လူတွေအများစု လိုအပ်နေတာက ကျောက်ကပ်တို့ နှလုံးတို့ စတာတွေဖြစ်တော့ မသေသေးတဲ့သူဆီကပဲ ယူမှ ဖြစ်တာပါ။ လူကောင်းကြီးက ကလီစာထုတ်ရောင်း/ လှူတာမျိုးကလည်း သိပ်များမှာမဟုတ်တော့ ကလီစာအလှူရှင်တွေရဲ့ ၉၀%က ဘရိန်းဒက်လို့ သတ်မှတ်ခံရတဲ့သူတွေ ဖြစ်နေကြပါတယ်။ အရင်ကတော့ ဦးနှောက်သေသွားပြီဆိုရင် သူ့ဖာသာသူ အသက်မရှုနိုင်တဲ့အတွက် စက်နဲ့ရှုပေးရင် နှလုံးကစလို့ ကျန်အင်္ဂါတွေContinue reading “Attention Organ Donors”