ကိုလိုရာဒိုပြည်နယ်ဆူပရင်းမ်ကုတ်က ဂျန်၆ကိစ္စအကြောင်းပြပြီး ဒီဂျေထရမ့်ကို ပြည်နယ်ရဲ့ ပဏာမရကပမဲပြားပေါ်မှာ အမည်မထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ထက်မြင့်တဲ့ ဖက်ဒရယ် ဆူပရင်းကုတ်ကို အယူခံတက်မှာဆိုတော့ ဆူပရင်းမ်ကုတ်က လိုလိတာ8ပရက်စ်စီးတဲ့ ခေါင်းဆောင်ကြီး သွေးမကြောင်ဖို့ပဲ လိုပါတယ်။ မဲပြားပေါ်နာမည်မပါရရင် တချို့အနေအထားမှာ ကိုယ့်ဖာသာကိုယ် ရေးထည့်လို့တော့ ရပါတယ်။ ဒါပေမယ့် ပြည်နယ်ရဲ့ ရီပါဘလစ်ကန်ပါတီဝင် ၉သိန်းကျော်မှာ တဝက်လောက်က ရေးထည့်ရမယ်ဆိုရင် ဖြစ်နိုင်ခြေ နည်းသွားတာတော့ အမှန်ပါ။ ဒီအခြေအနေကို ရောက်အောင် ဒီမိုကရက်တွေက သူတို့အားကောင်းတဲ့ပြည်နယ်တိုင်းမှာ ကြိုးစားနေပါတယ်။ ပြည်နယ်တရားသူကြီးတွေနဲ့ ပြည်နယ်ဆူပရင်းမ်ကုတ်တွေ သမာသမတ်ကျဖို့ အထူးလိုအပ်ပါတယ်။ ပလိုးစီနဲ့ မက်ကာသီတို့ ထိန်ချန်ထားခဲ့တဲ့ ဂျန်၆မှာ ဖြစ်ခဲ့သမျှ ဗီဒီယိုမှတ်တမ်းတွေကို လွှတ်တော်စပီကာသစ် မိုက်ခ်ဂျွန်ဆင်က အများပြည်သူကို ထုတ်ပေးလိုက်ပြီးလို့ ဂျာနယ်လစ်အစစ်တွေကလည်း ဖြစ်ရပ်မှန်တွေကို ပြည်သူတွေသိအောင် သုံးသပ်တင်ပြခဲ့ကြပြီးပါပြီ။ ဖြစ်ခဲ့သမျှက အရင်အကြိမ်ကြိမ်Continue reading “ဒီဇင်ဘာ ၁၉ရက် ၂၀၂၃”
Category Archives: Uncategorized
ဒီဇင်ဘာ ၁၄ ရက် ၂၀၂၃
အင်္ဂါနေ့က ဇယ်လင်စကီနဲ့ အိမ်ဖြူမှာတွေ့ဆုံတဲ့အချိန်မှာ ဂျိုးနဲ့ ဇယ်လင်စကီတို့နှစ်ဦး ပါလာတဲ့စာတွေ ဖတ်ပြအပြီးမှာ သတင်းထောက်တွေက မေးခွန်းတွေ ဝိုင်းမေးကြတာကို ဂျိုးကရပ်ခိုင်းပြီး ယူကရိန်းကို ကာကွယ်ရေးဝန်ကြီးဌာနကနေ ဒေါ်လာ သန်း၂၀၀ ထပ်ပေးဖို့ လက်မှတ်ထိုးထားပြီးပြီလို့ ဆိုပါတယ်။ စစ်နဲ့အနီးဆုံး ဥရောပက အီးယူနဲ့ နေတိုးမဟာမိတ်တွေတောင် ဘာမှဟုတ်တိပတ်တိ ကူနေတာ မဟုတ်တော့ ဂျိုးတို့ တချိန်လုံးမောင်းနေတဲ့ ရုရှားအန္တရာယ်ဆိုတာကြီးက ထရမ့်ကိုစွပ်စွဲခဲ့တဲ့ ရုရှားဟုတ်စ်လိုဟာကြီးပဲ ဖြစ်နေမှာပေါ့။ ရုရှားက ယူကရိန်းကို သိမ်းချင်တာမဟုတ်ဘူး၊ ရုရှားများတဲ့ နယ်၂ခုကိုပဲ လိုချင်တာ၊ မပေးနိုင်ဘူးလို့ပြောမလို့လား။ ဟူစိန်လက်ထက်မှာ ရုရှားက ခရိုင်းမီးယားကို လုသွားတာ စစ်ပွဲက တလနဲ့ ၆ရက်ပဲကြာတယ်။ အခုစစ်ပွဲက နှစ်ချီနေပြီ၊ စစ်စားရိတ်တင် တနေ့ကို ၀.၅-၁ဘီလီယံ ကျနေပြီ၊ သေတဲ့လူလည်း သောက်သောက်လည်း၊ နိုင်ငံလည်း ပြာပုံဖြစ်လို့၊Continue reading “ဒီဇင်ဘာ ၁၄ ရက် ၂၀၂၃”
ဒီဇင်ဘာ ၁၁ ရက် ၂၀၂၃
ပြီးခဲ့တဲ့အပတ်ထဲမှာ ဂျိုးက ဆရာဝန်ဆေးစာနဲ့ ဝယ်ရမယ့် ဈေးကြီးတဲ့ ဆေးတွေရဲ့ မူပိုင်ခွင့်ကို အစိုးရကသိမ်းယူပြီး အစိုးရက ထုတ်လုပ်ဖြန့်ဖြူသွားမယ်လို့ ကြေငြာပါတယ်။ ဒါဟာ ဘာမှ မသိတဲ့ ကလေးဦးနှောက်နဲ့ အပေါ်ယံ တွေးကြည့်ရင် ဟုတ်သလိုလို ဖြစ်နေနိုင်ပေမယ့် တကယ်တမ်းမှာ ဘယ်လိုရှုဒေါင့်ကကြည့်ကြည့် ကြောက်စရာကောင်းတဲ့ အစီအစဥ်တခုဖြစ်ပါတယ်။ ဆေးတခု ထုတ်လုပ်ဖို့ မူပိုင်ခွင့်ရဖို့ စမ်းသပ်ရတာဟာ အချိန်ရော ပိုက်ဆံပါ အကုန်အကျ များလွန်းတာကြောင့် ဆေးကုမ္ပဏီတိုင်း နိုင်ငံတိုင်းတောင် လက်လှမ်းမမှီနိုင်ကြသေးပါ။ စမ်းသပ်မှုတွေ အောင်မြင်လို့ မူပိုင်ခွင့်ရပြီး ထုတ်လုပ်တော့မယ်ဆိုမှ အစိုးရက ဝင်သိမ်းမယ်ဆိုတော့ နောက်ကို ဘယ်သူက ငွေလုံးငွေရင်းအကုန်အကျခံ အချိန်ပေးပြီး ဆေးကောင်းတွေထွက်အောင် စမ်းသပ်တာတွေ လုပ်ကြတော့မှာလဲ။ မဆလခေတ်က ပြည်သူပိုင်သိမ်းတာတွေလိုပဲ ဖြစ်နေမှာပေါ့။ အသိမ်းခံရတဲ့ကုမ္ပဏီလည်း အကျိုးယုတ်၊ အစိုးရကလည်း ကျွမ်းကျင်မှုမရှိ၊ စီးပွားရေးContinue reading “ဒီဇင်ဘာ ၁၁ ရက် ၂၀၂၃”
ဒီဇင်ဘာ ၇ ရက် ၂၀၂၃
မနေ့က အိမ်ဖြူနဲ့ သမ္မတရုံးအင်တန်း ၄၀ကျော်ပါဝင်တဲ့အုပ်စုဟာ ပါလက်စ်တိုင်းတွေပေါ် ဂျီနိုဆိုက်လုပ်နေတာတွေနဲ့ ပတ်သက်ပြီး အသံတိတ်မနေနိုင်တော့တဲ့အကြောင်းနဲ့ အစ္စရေးနဲ့ဟာမာ့စ်ကြား အပြီးအပိုင်အပစ်အခတ်ရပ်စဲဖို့ ဂျိုးကို တိုက်တွန်းထားတဲ့စာတစောင် ရေးသားတောင်းဆိုလိုက်ပါတယ်။ စာထဲမှာ အဲဒီလူ ၄၀ကျော်ကို နာမည်ဖော်ထားခြင်းမရှိပေမယ့် အောက်ခြေ လက်မှတ်ထိုးတဲ့နေရာမှာတော့ “သွေးစည်းလျက်, ပါလက်စ်တိုင်းတွေအတွက် အိမ်ဖြူနဲ့ သမ္မတရုံးအင်တန်း ၄၀ ကျော်”လို့ ဖော်ပြထားပါတယ်။ ဂျိုးအစိုးရဟာ အမေရိကန်အစိုးရအဆက်ဆက် အစဥ်အလာအတိုင်း အသံအားဖြင့် ဒီမိုကရေစီဘက်သားလည်းဖြစ် မဟာမိတ်လည်းဖြစ်တဲ့ အစ္စရေးကို ထောက်ခံပေးရပေမယ့် နောက်ကွယ်မှာတော့ ဟူစိန်အိုလမ်းစဥ်အတိုင်း အကြမ်းဖက်တွေ အာဏာရှင်တွေကို တဖက်လှည့်နဲ့ ပံ့ပိုးပေးနေတာပါ။ ဒါတွေကို အဆိုပါအင်တန်းတွေနဲ့ ကောလိပ်က မဟာပညာယှိတွေ မသိပဲမနေပါဘူး။ အမြှောင်ဘဝကနေ တရားဝင် တင်းပြည့်ကျပ်ပြည့် အာဏာရှင်နိုင်ငံအဖြစ်ကို ကူးပြောင်းဖို့ ခြေလှမ်းစနေတာကို သဘောပေါက် သတိပြုဖို့ လိုပါတယ်။ ဂျိုးဘဒကContinue reading “ဒီဇင်ဘာ ၇ ရက် ၂၀၂၃”
နိုဝင်ဘာ ၁၆ ရက် ၂၀၂၃
မနေ့က ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှာ အေပက်အစည်းအဝေးလာတက်တဲ့ ဦးပေါက်ဆီနဲ့ ဂျိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သမ္မတချင်း တိုက်ရိုက်ဆက်သွယ်မှုနဲ့အတူ တပ်အချင်းချင်း ဆက်သွယ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ နယ်စပ်က ဖန်တနောလ်တွေ ဝင်နေတဲ့ကိစ္စကိုတော့ လျော့ချပေးမယ်လို့ ဆိုပါတယ်။ လျော့ချမယ်ဆိုတော့ ဘယ်လို ဘယ်ပုံနဲ့လဲ၊ ဘာပေတံနဲ့ တိုင်းမလဲဆိုတာတွေက မေးစရာ ဖြစ်လာပါပြီ။ အဲဒီကိစ္စတွေက ဂျိုးတို့အုပ်စုအာဘော်အတိုင်း စကားလုံးတွေပဲ ဖောင်းပွပြီး တိုင်းပြည်နဲ့ ပြည်သူအတွက် ဘာအနှစ်သာရမှ တကယ်ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဂျိုးသတိပေးသင့်တာက အီရန်နဲ့ အကြမ်းဖက်ကို နောက်ခံပြုနေတာ ရပ်တံ့ဖို့၊ သိန်းနဲ့ချီတဲ့ အမေရိကန်တွေကို သတ်နေတဲ့ နယ်စပ်ကနေ ဝင်နေတဲ့ မူးယစ်ဆေးတွေ ရပ်တံ့အောင်လုပ်ဖို့တွေဖြစ်ပေမယ့် လက်တွေ့မှာ ဂျိုးက အမြှီးကုပ်နေပြီး ပေါက်ဆီကပဲ တိုင်ဝမ်အရေးမှာ ဝင်မပါဖို့ ဟိန်းဟောက်သွားသေးတာပါ။ တွေ့ဆုံပွဲအပြီး သတင်းထောက်အမျိုးသမီးတဦးက ဂျိုးကို အရင်ကContinue reading “နိုဝင်ဘာ ၁၆ ရက် ၂၀၂၃”
နိုဝင်ဘာ ၁၅ရက် ၂၀၂၃
အီရန်နိုင်ငံဖွား ပန်တဂွန်ဝန်ထမ်းတဦး(လ/ထကာဝန်ရဲ့ ဝန်ထမ်းချုပ်)ဟာ တီဟီရန်နောက်ခံပေးထားတဲ့ အီရန်ဩဇာဖြန့်ကျက်မယ့် နှစ်ရှည်စီမံကိန်းမှာ ပါဝင်နေတယ်ဆိုတာကို ဒီနှစ်ဆန်းကမှ ဖွင့်ချခဲ့ပါတယ်။ အရိန်းတာဘာတာဘေ ဆိုတဲ့မိန်းမက အာဏာရှင်ခါမေနီကို ဆန့်ကျင်တဲ့ အဓိကဒီမိုကရေစီအုပ်စုကိုပါ ပြိုကွဲအောင် လုပ်နေခဲ့ကြောင်း ဂျိုးဆီကိုတက်လာတဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။ ဘာသာရေးရော နိုင်ငံရေးရာထူးကိုပါ အုပ်စီးထားတဲ့ ခါမေနီတို့ကို ဆန်ကျင်တဲ့အဓိကအဖွဲ့က (MEK) မိုဂျာဟေဒင်-အီခါ့ခ် ဖြစ်ပြီး အရိန်းတို့ဟာ MEKကို ဝါရှင်တန်မှာ နာမည်ကောင်း သတင်းကောင်းတွေ ပေါ့ပျက်အောင် လုပ်ခြင်းအားဖြင့် အယာတိုလာတွေကလွဲရင် အီရန်မှာ ဘယ်အဖွဲ့မှ လောက်လောက်လားလားမရှိကြောင်းပြဖို့ တာဝန်ယူထားကြတာပါ။ အရိန်းဟာ ဂျော့တောင်းတက္ကသိုလ် လုံခြုံရေးဗေဒဌာနရဲ့ တွဲဖက်ပါမောက္ခ လုပ်တုန်းကလည်း အယာတိုလာ အစိုးရကို ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြသူတွေကို ရာထူးသုံးပြီး လက်စားချေခဲ့သေးတယ်လို့ နယူးယောက်ပို့စ်မှာ တင်ပြထားပါတယ်။ မြွေပွေးခါးပိုက်တဲ့ ဂျိုးအစိုးရContinue reading “နိုဝင်ဘာ ၁၅ရက် ၂၀၂၃”
နိုဝင်ဘာ ၁၁ရက် ၂၀၂၃
ဂျိုးလက်ထက်အိမ်ဖြူဟာ ဟူစိန်ရဲ့ တတိယသက်တမ်းလို့ ပြောနေကြတာ ကြာပါပြီ။ ခုတော့ အိမ်ဖြူဝန်ထမ်းတွေက ဟူစိန်ဟာ အိမ်ဖြူမှာ အေအိုင်နဲ့ ပတ်သက်ပြီး အကြံပေးနေခဲ့တာ ၅လ ကျော်ပြီလို့ ဝန်ခံလိုက်ပါတယ်။ တကယ်တော့ အဲဒီအေအိုင်ဇာရာထူးကို ကမလာကို ပေးတာပါ။ နယ်စပ်ဇာအဖြစ်ရော ဘာရာထူးပေးပေး သုံးမရပေမယ့် အေအိုင်ကို ဗန်းပြပြီး ပြည်သူတွေကို ဦးနှောက်ပုံစံခွက်ထဲထည့်ဖို့၊ ဆင်ဆာလုပ်ဖို့အခွင့်အလမ်းကို လက်မလွှတ်ချင်တာကြောင့် ဟူစိန်အိုက ပေါ်ပေါ်ထင်ထင် ဝင်ကိုင်နေပုံရပါတယ်။ ဟူစိန်ဝင်ပါနေတာ အေအိုင်တင်လည်း ကချင်မှ ကမှာပါ။ ပြည်သူကို လှည့်စားဖို့ အေအိုင်က ကီးဆိုတော့ အေအိုင်ကွန်ဖရန့်စ်မှာ သူတို့ဩဇာခံမယ့် ဂူဂဲတို့ မိုက်ခရိုဆော့တို့ ကိုပဲ ဖိတ်တာပါ။ အေအိုင်အကြောင်း သေချာလည်းသိ အန္တရာယ်တွေကိုလည်း ကြိုသတိပေးနေတဲ့ အီလွန်ကို မဖိတ်သလို ဇကာပေါက်ကိုလည်း မဖိတ်ပါဘူး။ အကျိုးဆက်ကတော့ ဂူဂဲကိုContinue reading “နိုဝင်ဘာ ၁၁ရက် ၂၀၂၃”
အစ္စရေးစစ် (၇)
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ထားကြတဲ့ အစ္စရေးနဲ့ ဟာမာ့စ်တို့မှာ ဟာမာ့စ်ဘက်က စာချုပ်ဖောက်ဖျက်ပြီး ဝင်တိုက်ခဲ့တာ ၁လပြည့်ပါတော့မယ်။ နှစ်ဘက်စလုံးမှာ ရှင်းလင်းတိကျတဲ့ ဗျူဟာရယ်လို့ မတွေ့နေရသေးပါဘူးလို့ ထရမ့်အစိုးရရဲ့ အကြံပေးအဖွဲ့ဝင်တဦး ဖြစ်ခဲ့သူ အငြိမ်းစား ကာနယ် ဒေါက်ဂလပ်စ်မဂ္ဂရီဂေါ်က ဆိုပါတယ်။ သူပြောတဲ့ ဗျူဟာဆိုတာက စစ်ဆင်နွဲခြင်းရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ဘာကို လိုချင်တာလဲ၊ အဲဒါရအောင် ဘာလုပ်မလဲ၊ ဘယ်လောက်အထိ ပေးဆပ်ပြီး အချိန်ဘယ်လောက်အတွင်း ရအောင်လုပ်မှာလဲ၊ စတာတွေ ဖြစ်ပါတယ်။ အောက်တိုဘာ ၇ရက်နေ့က ဟာမာ့စ်တွေရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ကြုံနေရဆဲဖြစ်တဲ့ အစ္စရေးတွေကြားမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မဖြစ်အောင်ဆိုရင် ဟာမာ့စ်တွေကို မြေလှန်ပစ်မှ ဖြစ်တော့မယ်လို့ အမြင်ရှိကြသူတွေ များနေနိုင်ပါတယ်။ ဘယ်သူမဆို မိမိရဲ့ ရင်နှစ်သည်းချာကလေးငယ်လေးတွေ၊ သမီးလေးတွေ နှမတွေ အမတွေကို မုဒိန်းကျင့်Continue reading “အစ္စရေးစစ် (၇)”
Transgender Lies
ထရန်စ်အာဂျင်ဒါကို တွန်းကြသူတွေဟာ နတ်ရေကန်ထဲဆင်းလိုက်သလို ကျားက မ အဖြစ် မ က ကျားအဖြစ် ပြောင်းနိုင်ကြောင်း၊ ကလေးတွေရဲ့ စိတ်ကျန်းမာရေးအတွက် ပြောင်းချင်ရင် ပြောင်းပေးသင့်ကြောင်း၊ မိဘတွေက ထရန်စ်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှနားလည်တာမဟုတ်လို့ မိဘတွေကို အသိပေးနေစရာကို မလိုကြောင်း၊ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ပြောင်းလဲပေးလိုက်ရင် မင်းတို့အိ်ပ်မက်ထဲကလို အနေအထားမျိုး ရောက်သွားမှာဖြစ်ကြောင်း ရွှန်းရွှန်းဝေအောင် ပြောကြပေမယ့် အရင် အလားတူခွဲစိတ်မှုမျိုး ဘယ်နှစ်ကြိမ် ပြုလုပ်ဖူးသလဲ၊ ဘယ်လောက်အောင်မြင်သလဲ၊ ဘယ်လိုလူ ဘယ်လိုအခြေအနေမျိုးတွေမှာ အောင်မြင်နိုင်ခြေ ပိုများသလဲ၊ နောက်ဆက်တွဲအကျိုးဆက်တွေက ဘာတွေရှိသလဲ၊ အဆိုးဆုံးက ဘာတွေဖြစ်လာနိုင်မလဲ၊ အဲဒါတွေကြုံလာရင် ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လောက်ကြာကြာ နာကျင်မှုခံစားရမှာလဲ၊ စတာတွေ ဘာမှ ပြောပြခြင်းမရှိပါဘူး။ မိဘတွေကလည်း ကန့်ကွက်ရင် အားမပေးရင် ကလေးကိုပါ လက်လွတ်ဆုံးရှုံးနိုင်မယ့်အထိ လက်ဝဲတွေက မောင်းနေကြတော့ ပိုက်ဆံပုံပေးပြီးContinue reading “Transgender Lies”
Speaker Mike Jackson’s 7 Core Principles
Speaker Mike Johnson lists the seven core principles that have made us the most successful nation in the history of the world: 1. Individual Freedom 2. Limited Government 3. The Rule of Law 4. Peace Through Strength 5. Fiscal Responsibility 6. Free Markets 7. Human Dignity အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ လူဝီစီယားနားက ရီပါဘလစ်ကန်အမတ် မိုက်ခ်ဂျွန်ဆန်က သမိုင်းတလျောက်မှာ အမေရိကန်ကို အအောင်မြင်ဆုံးနိုင်ငံအဖြစ်ကို ပို့ပေးခဲ့တဲ့Continue reading “Speaker Mike Jackson’s 7 Core Principles”