ဖေဖေါ်ဝါရီ ၁၅ရက် ၂၀၂၄

ယူကရိန်းမှာ ဇယ်လင်စကီက နိုင်ငံသား ၅သိန်းကို စစ်တိုက်ရန် ဆင့်ခေါ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ မီဒီညာမှာ ပြောနေကြသလို နိုင်ငံသားတွေက ကိုယ့်သဘောနဲ့ကိုယ် ရရာလက်နက်စွဲကိုင်ပြီး ထွက်တိုက်မယ်ဆိုတာ စစ်ဖြစ်ခါစက အမေရိကန်မီဒီညာကပြတဲ့ထဲမှာပါ။ အခုအချိန်မှာ ညှိနှိုင်းဆွေးနွေးဖို့လည်း အစီအစဥ်မရှိ၊ စစ်ကို ပံ့ပိုးပေးနိုင်တဲ့ ကိုယ်ပိုင်ဝင်ငွေလည်းမရှိ၊ နိုင်ခြေလည်းမရှိတဲ့စစ်ကို တိုက်နေတာ ကြာလာတော့ ဘယ်သူမှ စစ်ထဲမဝင်ချင်ကြတော့လို့ အကြပ်ကိုင်တဲ့ဥပဒေ ပြဌာန်းဖို့ လုပ်နေတာပါ။ ဇယ်လင်စကီအစိုးရကတော့ ယာဥ်မောင်းလိုင်စင်တွေကို သက်တမ်းတိုးမပေးတဲ့နည်း၊ ဘဏ်အကောင့်တွေကို ထိန်းချုပ်တဲ့နည်းတွေသုံးနေလို့ ယူကရိန်းယောက်ျားတွေဟာ အိမ်ထဲမှာပဲ တံခါးပိတ် သော့ခတ်နေကြတယ်လို့ သိရပါတယ်။ အတိုက်အခံပါတီများအားလုံးကို ဖျက်သိမ်းထားပြီး မီဒီယာကို ချုပ်ကိုင်ထားတဲ့အတွက် ယူကရိန်းသတင်းဟာ ဂျိုးတို့ရဲ့ အမေရိကန်မီဒီညာကြီးတွေ ပြောသလောက်ပဲ ကမ္ဘာက သိနေကြတာပါ။ မနေ့က ပြုလုပ်သွားတဲ့ ပူတင်နဲ့ ဇရူဘင်အင်တာဗျူးမှာ အမေရိကန်မှာ ဘယ်သူ့ကိုContinue reading “ဖေဖေါ်ဝါရီ ၁၅ရက် ၂၀၂၄”

ဖေဖေါ်ဝါရီ ၁၂ရက် ၂၀၂၄

တပ်တာနဲ့ ပူတင်အင်တာဗျူးဂယက်က လစ်ဗြဲမီဒီယာတွေကြားမှာ အတော်ကို ထသွားပါတယ်။​ သတင်းထောက်တယောက်က စစ်ဖြစ်နေတဲ့နိုင်ငံက ခေါင်းဆောင်နဲ့ သွားတွေ့မေးမြန်းတာ သမိုင်းမှာ လုပ်ရိုးလုပ်စဥ်ဖြစ်ပေမယ့် တပ်ကာကျမှ သတင်းကို သတင်းလိုမရေးပဲ တပ်ကာမေးခွန်းတွေက ပျော့လွန်းတယ်တို့၊ ပျင်းစရာကြီးတို့၊ အဲဒါအကုန်မဟုတ်သေးဘူးတို့၊ ကွန်ဆာဗေးတစ် ညာစွန်း တပ်ကာက ပူတင့်ဘောပြေးမတာတို့၊ တပ်ကာက ရုရှားအကြောင်း ဘာမှမသိတာကြောင့် သူ့ကိုရွေးလက်ခံတာတို့၊ ပူတင်က တပ်ကာကို ဘယ်လို အမြတ်ထုတ်သွားတာတို့ စသဖြင့် လှိုင်လှိုင်ကြီးကို အပုပ်ချနေကြတာပါ။ အီးယူထဲက အမတ်တချို့ကလည်း တပ်ကာကို ခရီးသွားခွင့်ပိတ်ဖို့ အကြံပြုကြသလို အီးယူကော်မရှင် စပီကာကလည်း ပူတင်က အနောက်ကမ္ဘာကို ရန်ရှာဖို့ တပ်ကာကို အသုံးချနေတာ၊ ယူကရိန်းနဲ့ ပတ်သက်ပြီးတော့လည်း လိမ်မှာပဲလို့ တကူးတကကို စင်ပေါ်တက် ပြောသွားပါတယ်။ ဒီမိုကရက်တွေကလည်း တပ်ကာနဲ့ ပူတင်ဟာ သိပ်ချစ်ကြတဲ့Continue reading “ဖေဖေါ်ဝါရီ ၁၂ရက် ၂၀၂၄”

ဖေဖော်ဝါရီ ၉ရက် ၂၀၂၄

တပ်ကာနဲ့ ပူတင်အင်တာဗျူးမှာ ပူတင်က ယူကရိန်းကို ဘာကြောင့် ဝင်တိုက်ရတာလဲဆိုတာကို သမိုင်းနဲ့ချီပြီး ပြောသွားပါတယ်။ တပ်ကာက ဒါဆို ကမ္ဘာကြီးက လွန်ခဲ့တဲ့ ၁၆ရာစုကနယ်နမိတ်တွေ အတိုင်း ဆက်လက်တည်ရှိပေးရမှာလားဆိုတာကိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သူ့ရဲ့ အရံအပါးက နိုင်ငံတခုအနေနဲ့ရော ရားရှန်းတွေနဲ့ ယူကရိန်းမဟုတ်သူတွေပါ နေထိုင်နေတဲ့နိုင်ငံတခုကို နီယိုကွန်ဖြစ်မလာစေလိုတာရော နေတိုး ဩဇာလွမ်းမိုးလာနိုင်တာကို ဟန့်တားဖို့ရောကြောင့်ပါ၊ ဆိုဗီယက်ယူနီယံပြိုကွဲပြီး ၁၉၉၁မှာ ငါတို့ကို နေတိုးက ၂၀၀၈အလွန်မှာ ရှိမှာမဟုတ်တော့ဘူးလို့ ကတိပေးခဲ့တယ်၊ တကယ်တမ်းကျတော့ နေတိုးက ငါတို့ရဲ့ ဝန်းရံနိုင်ငံ/မဟာမိတ်ဟောင်းတွေကိုပါ လက်ခံပြီး တဖြည်းဖြည်းချဲ့လာနေတော့ ငါတို့က ဘယ်လိုလုပ်ရမလဲလို့ ဆိုပါတယ်။ ရှူးမားရဲ့ ယူကရိန်းကို ဆက်မကူရင် အမေရိကန်စစ်သားတွေ ယူကရိန်းမှာသွားတိုက်ရလိမ့်မယ်လို့ ပြောသွားတဲ့အပေါ် ပူတင်က အမေရိကန်ကြေးစားစစ်သားတွေတော့ ရှိတာပဲလေ၊ ဒါပေမယ့် တကယ့်စစ်တပ်နဲ့Continue reading “ဖေဖော်ဝါရီ ၉ရက် ၂၀၂၄”

ဖေဖေါ်ဝါရီ ၇ ရက် ၂၀၂၄

ဆန်ဒီယေးဂိုးတောင်ဖက် မက္ကဆီကိုနယ်စပ် နယ်ခြားတံတိုင်းတိုင်တွေရဲ့ အဆုံးမှာ အနည်းငယ်ဟနေတဲ့ သံဆူးကြိုးကာထားတဲ့ နေရာကနေ ခိုးဝင်တွေ အလုံးအရင်းနဲ့ ဝင်လာနေကြပါတယ်။ တက္ကဆက်စ်မှာ တင်းကြပ်လိုက်တာကြောင့် ကယ်လီဖိုးနီးယားဘက်ကို အဝင်များလာတာ ဖြစ်နိုင်တဲ့အပြင် အပြာရင့် ကယ်လီဖိုးနီးယားမှာက တော်ရုံဝင်ငွေနဲ့ နိုင်ငံသားတောင် အခမဲ့မရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခိုးဝင်တွေအတွက် အခမဲ့လို့ နူဆမ်က လုပ်ပေးလိုက်တဲ့အပြင် ယူစီလို အစိုးရတက္ကသိုလ် တက်ချင်ရင်လည်း တခြားပြည်နယ်ကလာသူတွေ၊ နိုင်ငံတကာကျောင်းသားတွေလို နယ်ခံမဟုတ်သူဈေးမပေးရပဲ ကယ်လီဖိုးနီးယားပြည်နယ်သူ/သားတွေအတွက် သတ်မှတ်ဈေးနဲ့ တက်ခွင့်ပြုဖို့ ဝင်ငွေနည်းထောက်ပံ့ကြေး၊ ဂရန့်၊ စကော်လာရှစ်မျိုးစုံကိုပါ လျောက်ထားခွင့်ပြုမယ်လို့ ဆိုပါတယ်။ အဲဒီလိုလုပ်တာဟာ ဥပဒေလိုက်နာသူများကို သောက်ပေါဖြစ်စေပြီး ဥပဒေချိုးဖောက်နိုင်မှ ချီးမြှောက်တာဖြစ်ပါတယ်။ နူဆမ်လက်ထက် $၉၅၀အောက်ပဲခိုးရင် ဖမ်းမရတာနဲ့၊ ကြမ်းတမ်းရာဇဝတ်မှု ကျူးလွန်သူတွေကိုတောင် အာမခံမလိုစေပဲ ပြန်လွှတ်ပေးရတာနဲ့ သဘောချင်း အတူတူပါပဲ။ ဒီမိုကရက်တွေရဲ့ ပေါ်လစီတွေဟာContinue reading “ဖေဖေါ်ဝါရီ ၇ ရက် ၂၀၂၄”

ဖေဖေါ်ဝါရီ ၂ ရက် ၂၀၂၄

နယူးယောက်မြို့ဝန်အဲရစ်အဒမ်အစိုးရဟာ တရားမဝင်ဝင်ရောက်လာတဲ့သူတွေကို ဟိုတယ်တွေမှာ ထည့်ထားတဲ့အပြင် စားစရာဝယ်ဖို့အတွက် ၅၃သန်းတန်ဖိုးရှိတဲ့ ငွေထည့်ထားပြီးသားခရက်ဒစ်ကဒ် တွေကိုပါ စတင်ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ နယူးယောက်မြို့ကြီးမှာ စစ်မှုထမ်းဟောင်းတွေ အပါအဝင် နိုင်ငံသားအိမ်ယာမဲ့တွေ စာရင်းအရတောင် ၉သောင်းကျော်ရှိနေတာပါ။ အဲဒီလူတွေက ဟိုတယ်မရ၊ စားဖို့ခရက်ဒစ်ကဒ်မရပဲ ဥပဒေဖောက်ဖျက်ပြီး နိုင်ငံနဲ့ ပြည်သူကို ဒုက္ခပေးမယ့်သူတွေ ပါနေနိုင်တဲ့ ခိုးဝင်လာသူတွေက ဟိုတယ်မှာနေ စားဖို့ကဒ်နဲ့ဆိုတော့ တော်ရုံလွဲတာ မဟုတ်ပါဘူး။ မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မှာလည်း ဂါဗာနာနဲ့ မြို့ဝန်က လူမည်းအများစုနေတဲ့ရပ်ကွက်က အားကစားရုံ/အပန်းဖြေအဆောက်အဦမှာ ခိုးဝင်၄၀၀အတွက် အိပ်စင်တွေ ကလေးကစားဖို့နေရာတွေနဲ့ နေရာချထားတဲ့အတွက် အဆိုပါရပ်ကွက်က ကလေး/လူငယ်တွေ စု/ဆုံပြီး အားကစားလုပ်လို့ မရကြတော့ပါဘူး။ ဂါဗာနာလူဖြူမကတော့ သူ့မှာရွေးစရာမရှိပါဘူးလို့ ဆိုပါတယ်။ အဂတိဂျိုးရဲ့ ရန်သူဖား မိတ်ဆွေ/ပြည်သူဖိပေါ်လစီကြောင့် အမေရိကန်ရဲ့ အစဥ်အလာ မဟာမိတ်တွေဖြစ်တဲ့ ဆော်ဒီ၊ ယူအေအီးနဲ့Continue reading “ဖေဖေါ်ဝါရီ ၂ ရက် ၂၀၂၄”

ဇန်နဝါရီ ၃၁ရက် ၂၀၂၄

ဆီးရီးယားနယ်စပ် ဂျော်ဒန်အရှေ့မြောက်ဘက်မှာ အီရန်ထောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေက ဒရုန်းနဲ့ ပစ်ခတ်လို့ အမေရိကန်တပ်သား ၃ဦးကျဆုံးပြီး အနည်းဆုံး ၁၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ခုမှ အကျအဆုံးရှိပေမယ့် ပစ်နေတာ ကြာပြီဖြစ်သလို ဒဏ်ရာရထားသူတွေလည်း မနည်းပါဘူး။ အရင် ၂ပတ်လောက်က ဟူသီတွေဆီသွားတဲ့သင်္ဘောကို တက်ရှာတုန်းက အီရန်လုပ်ဒုံးကျည် အစိတ်အပိုင်းတွေ မိခဲ့ပေမယ့် အမေရိကန် နေဗီဆီးလ် နှစ်ဦး ပျောက်ဆုံးသွားခဲ့ပါသေးတယ်။ ဂျိုးအစိုးရက လက်စားချေမယ်ပြောပေမယ့် အမေရိကန်တပ်တွေကို စပစ်ကတဲက ပညာပေးထားခဲ့ရင် ခုလိုအနေအထားအထိ ဖြစ်လာစရာမရှိပါဘူး။ ဂျိုးရဲ့ လက်စားချေမယ်ဆိုတဲ့ ဟစ်လုံးကလည်း အင်ကြီးဆိုတာ အစ္စရေးကို နှစ်နိုင်ငံအဖြစ် အတင်းဖိအားပေးလက်ခံခိုင်းပြီး အစ္စရေးက လက်မခံတော့ ပါလက်စ်တိုင်းကို အချုပ်အချာအာဏာနိုင်ငံအဖြစ် လုပ်ပေးဖို့ ကြံနေကြတာကိုကြည့်ရင် သိနိုင်ပါတယ်။ ပါလက်စ်တိုင်းကို အချုပ်အခြာအာဏာပေးမယ်ဆိုတာက မဲရဖို့ ငါးစာချတဲ့လုပ်ရပ်တခုထက် မပိုပါဘူး။ နှစ်နိုင်ငံဆိုတာလည်း အကြိမ်ကြိမ်Continue reading “ဇန်နဝါရီ ၃၁ရက် ၂၀၂၄”

ကမ္ဘာ့လက်မဲကြီးများ၏ဖိုရမ်

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မှာ နှစ်တိုင်းလုပ်တဲ့ ကမ္ဘာ့စပရဖိုရမ်မှာ တက်ရောက်ကြသူများက ကမ္ဘာကြီးရဲ့ အနာဂတ်ကို တနည်းတဖုံ ပုံဖော်ပေးနေကြသူများလို့ ပြောလို့ရပါတယ်။ ကမ္ဘာတလွှားက အီလိကြီးများ တွေ့ဆုံပြီး ပျော်ကြ ပါးကြ ဇိမ်ခံကြ၊ အနာဂတ်ကို သူတို့စိတ်တိုင်းကျ ပုံဖော်ဖို့ တနှစ်တခါ ချိန်းတွေ့ကြတာပါ။ လာတဲ့ပုဂ္ဂိုလ်တွေကလည်း နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ တက်ခ်ကဏ္ဍ၊ စသဖြင့် အစားစားဖြစ်တော့ လာတဲ့သူတွေကို အဆင့်ခွဲခြားသတ်မှတ်ပြီး ဘယ်အဆင့်က ဘယ်နေရာတွေကို ဝင်ပျော်ပါးခွင့်ရှိတာဆိုတာကအစ ခွဲခြားထားတယ်လို့ သိရပါတယ်။ အနာဂတ်ကို ထုဆစ်ကြမယ့် ပုဂ္ဂိုလ်ကြီးများရဲ့ စကားဝိုင်းဆိုတော့ သူတို့ ဘာဉာဏ်နီဉာဏ်နက်တွေ ထုတ်နေသလဲဆိုတာ သိထားဖို့တော့ လိုပါမယ်။ တကယ်တော့လည်း သူတို့ပြောမှ မဟုတ်ပါဘူး၊ သဲလွန်စတွေက သတိထားကြည့်ရင် တွေ့နေတာပါပဲ။ အဲဒီမှာတော့ တစုတစည်းထဲ တနေရာထဲမှာ ပြောကြတာဆိုတော့Continue reading “ကမ္ဘာ့လက်မဲကြီးများ၏ဖိုရမ်”

Kari Lake rejects bribe

အရီဇိုးနားဆီးနိတ်ရကပအတွက် ရီပါဘလစ်ကန်အနေနဲ့ ဝင်ပြိုင်မယ့် ကယ်ရီလိတ်ခ်ကို အရီဇိုးနားရီပါဘလစ်ကန်ပါတီဥက္ကဋ္ဌဂျက်ဖ်ဒီဝစ်က ဆက်သွယ်ပြီး ပါတီက အရာရှိကြီးတွေက ကယ်ရီကို ဝင်မပြိုင်စေဖို့ ညှိပါတယ်။ ဘယ်ကုမ္ပဏီကြီးမှာ ဘာရာထူး ဘယ်လောက်လခ လိုချင်သလဲ ပြော၊ ဝင်မပြိုင်ဖူးဆို လိုချင်တာရအောင် လုပ်ပေးမယ်၊ တသက်လုံးမပြိုင်ဖို့မဟုတ်ဘူး၊ ဒီတကြိမ်မပြိုင်ပဲ ခဏဆိုင်းထားဖို့ပါလို့ ဆိုပါတယ်။ ကယ်ရီက ဘယ်လောက်လဲ သန်းဂဏန်းမပြောနဲ့ ဘီလီယံနဲ့ချီလာပေးလည်း ငါနောက်မဆုတ်နိုင်ဘူး၊ ဒီတကြိမ်က တိုင်းပြည်အတွက် အရမ်းအရေးကြီးနေတော့ ဆိုင်းလည်း မဆိုင်းပေးနိုင်ဘူး၊ ငါက တိုင်းပြည်အတွက် ဒီလမ်းကို လျောက်လာတာ၊ ငါ့အရည်အချင်းကို အသိအမှတ်ပြုရင် ငါ့ကို ပါတီကိုယ်စားပြုခွင့်သာပေးလိုက်လို့ ပြန်ပြောခဲ့ပါတယ်။ တကယ်တော့ သူမကို ဆက်သွယ်ခဲ့တဲ့ ပြည်နယ်ရီပါဘလစ်ကန်ပါတီဥက္ကဋ္ဌဂျက်ဖ်ကို အဲဒီရာထူးရဖို့ ထရမ့်ရော ကယ်ရီလိတ်ခ်ရောက ထောက်ခံပေးထားရတာပါ။ အဲဒီလူက အခုလို လာဘ်ပေးဖို့ ကြိုးစားလာတဲ့အတွက် ရာထူးကContinue reading “Kari Lake rejects bribe”

ဂေါက်ရောဂါနဲ့ပတ်သက်တဲ့ အယူအမှတ်အလွဲများ

ဂေါက်ရောဂါရှင်တွေအပါအဝင် လူအများ အသိအမှတ်မှားနေကြတဲ့ အကြောင်းလေးတွေနဲ့ ဘယ်လိုစားသောက်နေထိုင်ရင် အရှင်းပျောက်ကင်းနိုင်မလဲဆိုတာကို ဒေါက်တာကန်ဘယ်ရီက ရှင်းပြထားတာလေးကို စိတ်ဝင်စားမယ့်မိတ်ဆွေများအတွက် ပြန်ရေးပေးလိုက်ပါတယ်။ အမှတ်မှားနေကြတာတခုက အနီရောင်အသားတွေ အချို့ပင်လယ်စာတွေဟာ purine များတဲ့အတွက် ဂေါက်ရောဂါကို ဖြစ်စေတာရယ် နောက်တခုက ယူရစ်အက်ဆစ် မြင့်ရင် ဂေါက်အဆစ်နာ ဖြစ်တာကြောင့် ယူရစ်အက်ဆစ်ကို ထိန်းပေးဖို့ ဆေးပေးတာကလွဲလို့ လုံးဝအရှင်းပျောက်ကင်းဖို့ မဖြစ်နိုင်ဘူးဆိုတာရယ်ပါ။ အဲဒါတွေကလည်း ကိုလက်စထရောလိုပါပဲ၊ လူတွေယုံနေကြတာနဲ့ သိပ္ပံပညာတွေ့ရှိချက်တွေက ကွဲလွဲနေကြတဲ့အတွက် ပျောက်ကင်းမယ့်လမ်းက ဝေးနေကြတာပါ။ ခန္ဓာကိုယ်က ဆဲလ်တွေက ATP တို့ GTP တို့ကိုဖြိုခွဲပြီး စွမ်းအင်အဖြစ် အသုံးချတိုင်းသော်လည်းကောင်း DNA တို့ RNA တို့ကို ဖြိုခွဲပြီး စွမ်းအင်ထုတ်လျှင်သော်လည်းကောင်း ခန္ဓာကိုယ်က purine ထုတ်ပေးပါတယ်။ ဘယ်လောက်ထုတ်သလဲဆိုတော့ အစားအစာမှာ ပါတဲ့ပမာဏထက် အနည်းဆုံးContinue reading “ဂေါက်ရောဂါနဲ့ပတ်သက်တဲ့ အယူအမှတ်အလွဲများ”

ဇန်နဝါရီ ၁၉ရက် ၂၀၂၄

ကမ္ဘာ့စီးပွားရေး တိုးတက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့  ကမ္ဘာ့စီးပွားရေးဖိုရမ် ဟာ လွန်ခဲ့တဲ့ ၁၀စုနှစ်တွေကစလို့ သမိုင်းစဥ်တလျောက် လူမှုစီးပွားရေးတိုးတက်စေခဲ့တဲ့ စနစ်၊ ဖြစ်စဥ်၊ သမိုင်းတွေကို မျက်ကွယ်ပြုပြီး အာဏာရှင်အားပေးတဲ့ လက်ဝဲအယူအဆတွေ တွန်းထဲ့လာတာ ကြာခဲ့ပါပြီ။ ဒီတကြိမ်မှာလည်း ဥက္ကဋ္ဌကြီး ကလော့စ်ရွှက်ဘ်က ထုံးစံအတိုင်း ကမ္ဘာကြီးက ဆက်သွယ်မှုတွေ ပိုများလာသလောက် ပိုပြီး ဒဗိုက်ဒက် ကွဲလာကြကြောင်း၊ စီးပွားရေးတွေက နှေးကွေးနေရတဲ့ကြားထဲ မညီမျှမှုတွေ၊ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင်၊ ကလိုင်းမိတ်ကြီးလည်း ချိန့်ပြီး အမြဲစိန်ခေါ်နေတာတွေက လူတွေကို အကြောက်တရားနဲ့ တကိုယ်ရည်အောင်မြင်မှု တွေဘက်ကို တွန်းပို့လိုက်သလိုပါပဲ၊ ဒါကြောင့် ငါတို့ဟာ အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့အတွက် တယောက်နဲ့ တယောက် ပိုပြီး ယုံကြည်မှုကို တည်ဆောက်ရမယ်၊ တယောက်ကောင်းဖို့ထက် အများကောင်းဖို့ကို ဦးတည်ရမယ်လို့ ပြောသွားပါတယ်။ အပေါ်ယံရှပ်ကြည့်မယ်ဆိုရင်Continue reading “ဇန်နဝါရီ ၁၉ရက် ၂၀၂၄”