နိုဝင်ဘာ ၁၅ရက်  ၂၀၂၃

အီရန်နိုင်ငံဖွား ပန်တဂွန်ဝန်ထမ်းတဦး(လ/ထကာဝန်ရဲ့ ဝန်ထမ်းချုပ်)ဟာ တီဟီရန်နောက်ခံပေးထားတဲ့ အီရန်ဩဇာဖြန့်ကျက်မယ့် နှစ်ရှည်စီမံကိန်းမှာ ပါဝင်နေတယ်ဆိုတာကို ဒီနှစ်ဆန်းကမှ ဖွင့်ချခဲ့ပါတယ်။ အရိန်းတာဘာတာဘေ ဆိုတဲ့မိန်းမက အာဏာရှင်ခါမေနီကို ဆန့်ကျင်တဲ့ အဓိကဒီမိုကရေစီအုပ်စုကိုပါ ပြိုကွဲအောင် လုပ်နေခဲ့ကြောင်း ဂျိုးဆီကိုတက်လာတဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။ ဘာသာရေးရော နိုင်ငံရေးရာထူးကိုပါ အုပ်စီးထားတဲ့ ခါမေနီတို့ကို ဆန်ကျင်တဲ့အဓိကအဖွဲ့က (MEK) မိုဂျာဟေဒင်-အီခါ့ခ် ဖြစ်ပြီး အရိန်းတို့ဟာ MEKကို ဝါရှင်တန်မှာ နာမည်ကောင်း သတင်းကောင်းတွေ ပေါ့ပျက်အောင် လုပ်ခြင်းအားဖြင့် အယာတိုလာတွေကလွဲရင် အီရန်မှာ ဘယ်အဖွဲ့မှ လောက်လောက်လားလားမရှိကြောင်းပြဖို့ တာဝန်ယူထားကြတာပါ။  အရိန်းဟာ ဂျော့တောင်းတက္ကသိုလ် လုံခြုံရေးဗေဒဌာနရဲ့ တွဲဖက်ပါမောက္ခ လုပ်တုန်းကလည်း အယာတိုလာ အစိုးရကို ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြသူတွေကို ရာထူးသုံးပြီး လက်စားချေခဲ့သေးတယ်လို့ နယူးယောက်ပို့စ်မှာ တင်ပြထားပါတယ်။ မြွေပွေးခါးပိုက်တဲ့ ဂျိုးအစိုးရContinue reading “နိုဝင်ဘာ ၁၅ရက်  ၂၀၂၃”

နိုဝင်ဘာ ၁၁ရက် ၂၀၂၃

ဂျိုးလက်ထက်အိမ်ဖြူဟာ ဟူစိန်ရဲ့ တတိယသက်တမ်းလို့ ပြောနေကြတာ ကြာပါပြီ။ ခုတော့ အိမ်ဖြူဝန်ထမ်းတွေက ဟူစိန်ဟာ အိမ်ဖြူမှာ အေအိုင်နဲ့ ပတ်သက်ပြီး အကြံပေးနေခဲ့တာ ၅လ ကျော်ပြီလို့ ဝန်ခံလိုက်ပါတယ်။ တကယ်တော့ အဲဒီအေအိုင်ဇာရာထူးကို ကမလာကို ပေးတာပါ။ နယ်စပ်ဇာအဖြစ်ရော ဘာရာထူးပေးပေး သုံးမရပေမယ့် အေအိုင်ကို ဗန်းပြပြီး ပြည်သူတွေကို ဦးနှောက်ပုံစံခွက်ထဲထည့်ဖို့၊ ဆင်ဆာလုပ်ဖို့အခွင့်အလမ်းကို လက်မလွှတ်ချင်တာကြောင့် ဟူစိန်အိုက ပေါ်ပေါ်ထင်ထင် ဝင်ကိုင်နေပုံရပါတယ်။ ဟူစိန်ဝင်ပါနေတာ အေအိုင်တင်လည်း ကချင်မှ​ ကမှာပါ။ ပြည်သူကို လှည့်စားဖို့ အေအိုင်က ကီးဆိုတော့ အေအိုင်ကွန်ဖရန့်စ်မှာ သူတို့ဩဇာခံမယ့် ဂူဂဲတို့ မိုက်ခရိုဆော့တို့ ကိုပဲ ဖိတ်တာပါ။ အေအိုင်အကြောင်း သေချာလည်းသိ အန္တရာယ်တွေကိုလည်း ကြိုသတိပေးနေတဲ့ အီလွန်ကို မဖိတ်သလို ဇကာပေါက်ကိုလည်း မဖိတ်ပါဘူး။ အကျိုးဆက်ကတော့ ဂူဂဲကိုContinue reading “နိုဝင်ဘာ ၁၁ရက် ၂၀၂၃”

အစ္စရေးစစ် (၇)

အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ထားကြတဲ့ အစ္စရေးနဲ့ ဟာမာ့စ်တို့မှာ ဟာမာ့စ်ဘက်က စာချုပ်ဖောက်ဖျက်ပြီး ဝင်တိုက်ခဲ့တာ ၁လပြည့်ပါတော့မယ်။ နှစ်ဘက်စလုံးမှာ ရှင်းလင်းတိကျတဲ့ ဗျူဟာရယ်လို့ မတွေ့နေရသေးပါဘူးလို့ ထရမ့်အစိုးရရဲ့ အကြံပေးအဖွဲ့ဝင်တဦး ဖြစ်ခဲ့သူ အငြိမ်းစား ကာနယ် ဒေါက်ဂလပ်စ်မဂ္ဂရီဂေါ်က ဆိုပါတယ်။ သူပြောတဲ့ ဗျူဟာဆိုတာက စစ်ဆင်နွဲခြင်းရဲ့ ပန်းတိုင်ဖြစ်ပါတယ်။ ဘာကို လိုချင်တာလဲ၊ အဲဒါရအောင် ဘာလုပ်မလဲ၊ ဘယ်လောက်အထိ ပေးဆပ်ပြီး အချိန်ဘယ်လောက်အတွင်း ရအောင်လုပ်မှာလဲ၊ စတာတွေ ဖြစ်ပါတယ်။ အောက်တိုဘာ ၇ရက်နေ့က ဟာမာ့စ်တွေရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ကြုံနေရဆဲဖြစ်တဲ့ အစ္စရေးတွေကြားမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မဖြစ်အောင်ဆိုရင် ဟာမာ့စ်တွေကို မြေလှန်ပစ်မှ ဖြစ်တော့မယ်လို့ အမြင်ရှိကြသူတွေ များနေနိုင်ပါတယ်။ ဘယ်သူမဆို မိမိရဲ့ ရင်နှစ်သည်းချာကလေးငယ်လေးတွေ၊ သမီးလေးတွေ နှမတွေ အမတွေကို မုဒိန်းကျင့်Continue reading “အစ္စရေးစစ် (၇)”

Transgender Lies

ထရန်စ်အာဂျင်ဒါကို တွန်းကြသူတွေဟာ နတ်ရေကန်ထဲဆင်းလိုက်သလို ကျားက မ အဖြစ် မ က ကျားအဖြစ် ပြောင်းနိုင်ကြောင်း၊ ကလေးတွေရဲ့ စိတ်ကျန်းမာရေးအတွက် ပြောင်းချင်ရင် ပြောင်းပေးသင့်ကြောင်း၊ မိဘတွေက ထရန်စ်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှနားလည်တာမဟုတ်လို့ မိဘတွေကို အသိပေးနေစရာကို မလိုကြောင်း၊ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ပြောင်းလဲပေးလိုက်ရင် မင်းတို့အိ်ပ်မက်ထဲကလို အနေအထားမျိုး ရောက်သွားမှာဖြစ်ကြောင်း ရွှန်းရွှန်းဝေအောင် ပြောကြပေမယ့် အရင် အလားတူခွဲစိတ်မှုမျိုး ဘယ်နှစ်ကြိမ် ပြုလုပ်ဖူးသလဲ၊ ဘယ်လောက်အောင်မြင်သလဲ၊ ဘယ်လိုလူ ဘယ်လိုအခြေအနေမျိုးတွေမှာ အောင်မြင်နိုင်ခြေ ပိုများသလဲ၊ နောက်ဆက်တွဲအကျိုးဆက်တွေက ဘာတွေရှိသလဲ၊ အဆိုးဆုံးက ဘာတွေဖြစ်လာနိုင်မလဲ၊ အဲဒါတွေကြုံလာရင် ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လောက်ကြာကြာ နာကျင်မှုခံစားရမှာလဲ၊ စတာတွေ ဘာမှ ပြောပြခြင်းမရှိပါဘူး။ မိဘတွေကလည်း ကန့်ကွက်ရင် အားမပေးရင် ကလေးကိုပါ လက်လွတ်ဆုံးရှုံးနိုင်မယ့်အထိ လက်ဝဲတွေက မောင်းနေကြတော့ ပိုက်ဆံပုံပေးပြီးContinue reading “Transgender Lies”

Speaker Mike Jackson’s 7 Core Principles

Speaker Mike Johnson lists the seven core principles that have made us the most successful nation in the history of the world: 1. Individual Freedom 2. Limited Government 3. The Rule of Law 4. Peace Through Strength 5. Fiscal Responsibility 6. Free Markets 7. Human Dignity အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ လူဝီစီယားနားက ရီပါဘလစ်ကန်အမတ် မိုက်ခ်ဂျွန်ဆန်က သမိုင်းတလျောက်မှာ အမေရိကန်ကို အအောင်မြင်ဆုံးနိုင်ငံအဖြစ်ကို ပို့ပေးခဲ့တဲ့Continue reading “Speaker Mike Jackson’s 7 Core Principles”

အစ္စရေးစစ် (၆)

အစ္စရေး-ဟာမာ့စ်စစ်မှာ အကြမ်းဖက်အဖွဲ့တွေ အာဏာရှင်နိုင်ငံတွေအနဲ့အတူ အမေရိကန်ရဲ့ ဆန့်ကျင်ဘက်မှာ ရပ်တဲ့ အဖွဲ့အစည်းကတော့ အမေရိကန်က အကောင်းဆုံးမြေနေရာ ပေးထားပြီး အများဆုံး ငွေထည့်ဝင်ပေးထားတဲ့ ယူအန်အဖွဲ့ကြီးပဲ ဖြစ်ပါတယ်။ တရုပ်ကြောက်ယူအန်အဖွဲ့ကြီးရဲ့ ထွေ/တွင်းမှူး အန်တိုနီယိုဂုတဟက်ရှ်က ဟာမာ့စ်ရဲ့ လုပ်ရပ်က အကြောင်းမဲ့ ပေါ်ထွက်လာတာ မဟုတ်ကြောင်း၊ ပါလက်စ်တိုင်းတွေဟာ အနှစ် ၅၀-၆၀လောက် အသက်တောင် ဝအောင်မရှုနိုင်တဲ့ အနေအထားမျိုးမှာ နေခဲ့ကြရကြောင်း၊ သူတို့နေတဲ့နေရာကို ဂျူးတွေ ဝင်နေရာယူပြီး အကြမ်းဖက်မှုတွေနဲ့ ကြုံရ၊ စီးပွားရေးတွေ ပျက်စီးရ၊ အိမ်တွေ အဖျက်ခံရကြောင်း၊ အဲဒီအတွက် နိုင်ငံရေးအရ အဖြေရှာဖို့ အခွင့်အလမ်းတွေလည်း ခမ်းခြောက်လာခဲ့ကြောင်း မျက်နှာပြောင်ပြောင်နဲ့ ပြောသွားပါတယ်။​ အဲဒီပြောဆိုချက်နဲ့ အမေရိကန်မြို့ကြီးတွေ တက္ကသိုလ်တွေမှာ အလံရှူးတွေအော်နေကြတဲ့ ဖရီးပါလက်စ်တိုင်းဆိုတာနဲ့ တထပ်တည်း သွားကျနေတာကို တွေ့ရမှာပါ။ ၁၉၄၈မှာ ယူအန်ဆုံးဖြတ်ချက်အရေContinue reading “အစ္စရေးစစ် (၆)”

အစ္စရေးစစ် (၅)

အိုင်ဆင်ဟောင်ဝါလေယာဥ်တင်သင်္ဘောအုပ်စုဟာ ဥရောပကိုသွားနေရာကနေ လမ်းကြောင်းပြောင်းပြီး မြေထဲပင်လယ်အရှေ့ဖက်ကို သွားနေတယ်လို့ ဂျိုးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ပြီးခဲ့တဲ့အပတ်က ကြေငြာခဲ့ပါတယ်။ အဲဒီလမ်းကြောင်းအတိုင်းဆိုရင် သင်္ဘောအုပ်စုဟာ အစ္စရေးအနောက်ဖက်ကို ရောက်သွားပါလိမ့်မယ်။ ၂၂ရက် စနေနေ့မှာတော့ အော်စတင်က တိုက်သင်္ဘောအုပ်စုဟာ ဗဟိုထိန်းချုပ်မှုဒေသကို သွားတော့မယ်လို့ စာထုတ်ပါတယ်။ ဗဟိုထိန်းချုပ်မှုဒေသမှာ ပါရှန်းပင်လယ်နဲ့ ပင်လယ်နီတွေအပါအဝင် အရှေ့အလယ်ပိုင်းက နေရာတော်တော်များများ ပါဝင်နေတဲ့အတွက် အစ္စရေးကို ခြိမ်းခြောက်နေတဲ့ အီရန်နဲ့ ပိုနီးသွားတာ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီနေရာက တရုပ်စစ်သင်္ဘောအုပ်စုတွေ လွန်ခဲ့တဲ့လတွေက စခန်းချနေခဲ့တဲ့ နေရာ ဖြစ်နေတာပါ။ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေ တိုက်ခိုက်ခံရပြီး ပင်လယ်နီထဲက ဖျက်သင်္ဘော ကာနေက ၉နာရီအတွင်းမှာ ယီမင်က ဟူသီစစ်သွေးကြွတွေ ပစ်လွှတ်တဲ့ ခရုစ်ဒုံးကျည် ၄စင်းနဲ့ ဒရုန်း ၁၅စင်းတို့ကို ပစ်ချပေးခဲ့ရပါတယ်။Continue reading “အစ္စရေးစစ် (၅)”

အောက်တိုဘာ ၂၂ ရက် ၂၀၂၃

ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းက ဟူစိန့်ရဲ့ မာသာ့စပျစ်ခြံက ရေကန်ရဲ့ တောင်ဖက် ကမ်းခြေမှာ ရေနစ်သေဆုံးသွားတယ်ဆိုတဲ့ ဟူစိန်အိုရဲ့ ထမင်းချက် တဖာရီကမ့်ဘဲလ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်လေးတွေ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် ထပ်မံထွက်ပေါ်လာပါတယ်။ အဲဒီအမှုမှာ ဘာမှ သေချာလည်း မစစ်ဆေး၊ မေးခွန်းတွေမေးကြတာ ကိုလည်း ပြန်မဖြေပဲ ရက်အနည်းငယ်အတွင်းမှာပဲ မတော်တဆသေတာပါလို့ ဆုံးဖြတ်ပေးခဲ့တာပါ။ (ဂျက်ဖရေအက်ပ်စတိန်းအမှုလိုပါပဲ။) ရဲတပ်ဖွဲ့ရဲ့ အရေးပေါ် ၉၁၁ ဖုံးအဝင်စာရင်းမှာ ဖုံးခေါ်ရခြင်းအကြောင်းရင်းတွေ ရေးသွင်းရတာ ပုံမှန်ဖြစ်ပေမယ့် အဲဒီနေ့က ကမ့်ဘဲလ်ရေနစ်တဲ့ကိစ္စအတွက် ဖုံးအဝင်စာရင်းမှာတော့ ဘာအကြောင်းရင်းမှ ရေးသွင်းထားခြင်းမရှိတာ အံ့ဩဖွယ် တွေ့ရှိရတာပါ။ ရဲတပ်ဖွဲ့ကတော့ ရုံးဖုံးကို ခေါ်လို့ ဖြစ်မှာပါလို့ ကာပါတယ်။ တကယ်တမ်း ရဲရုံးဖုံးကို ခေါ်တာမှန်ရင်တောင် အော်ပရေးရှင်းကို လွှဲပေးရမှာဖြစ်လို့ အဝင်မှတ်တမ်းကတော့ ရှိရမှာပါပဲ။ နောက်လွဲနေတာတချက်ကContinue reading “အောက်တိုဘာ ၂၂ ရက် ၂၀၂၃”

အစ္စရေးစစ် (၄)

အစ္စရေး ဟာမာ့စ်စစ်မှာ အစဥ်အလာအရ အမေရိကန်နဲ့ အနောက်အုပ်စု၊ ဒီမိုကရေစီနိုင်ငံများက အစ္စရေးဘက်မှာ ရပ်တည်နေကြောင်း ပြကြသလို အာရပ်ကမ္ဘာနဲ့ အခြားက ဘာသာတူနိုင်ငံအများစု၊ (ကွန်မြူနစ်အပါအဝင်) အာဏာရှင်နိုင်ငံများကတော့ အကြမ်းဖက်ဟာမာ့စ်ဘက်မှာ တညီတညွတ်တည်း ရပ်တည်ကြပါတယ်။ နေတိုးမဟာမိတ်အုပ်စုထဲက တူရကီသမ္မတအာဒိုဂန်က ဟာမာ့စ်က စတင်ကျူးကျော်ပြီး အပြစ်မဲ့အရပ်သား ၁၄၀၀လောက်ကို အကြမ်းကြုတ်ဆုံးနည်းတွေနဲ့ သတ်ဖြတ်ခဲ့တဲ့အပေါ် လုံးဝအပြစ်မပြောပဲ လက်တုံ့ပြန်တဲ့ အစ္စရေးကိုပဲ အကြီးအကျယ် အပြစ်တင်ပါတယ်။ ဂျိုးအိမ်ဖြူရောက်ပြီးကတည်းက အာဒိုဂန်က အစ္စရေးကို ကိုယ်ကျင့်တရားမဲ့သူတွေ အကြမ်းဖက်တွေလို့ ထိုးနှက်နေခဲ့တာပါ။ မဟာသီယာကလည်း အာဒိုဂန်နဲ့ တသံတည်းပါပဲ။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးရပ်တည်ချက်က မဟာမိတ်အစ္စရေးဘက်မှာ ဖြစ်ပေမယ့် ဂျိုးအစိုးရက အစ္စရေးဘက်ကို နှုတ်လောကွတ်လောက်သာပေးပြီး လက်တွေ့မှာ လုပ်မရ ကိုင်မရဖြစ်အောင် နှောင်ကြိုးတွေနဲ့ ထိန်းထားတာပါ။ တဘက်မှာလည်း ဟာမာ့စ်ကို အဓိကကူညီပေးနေတဲ့ အီရန်ဆိုတဲ့Continue reading “အစ္စရေးစစ် (၄)”

ကန်တပ်လုံခြုံရေးအိမ်ဖြူချိုးဖောက်

အိမ်ဖြူက ဂျိုးဘဒနဲ့ ဒယ်လ်တာဖို့စ်စစ်ဆင်ရေးမှာ ပါဝင်တဲ့ ကန်တပ်ဖွဲ့ဝင်တွေ တွေ့ဆုံနေတဲ့ပုံကို စစ်ဘက်လုံခြုံရေးချိုးဖောက်ပြီး ဝက်ဘ်ဆိုဒ်မှာ တင်လိုက်ပါတယ်။ တင်ပြီး တစ်နာရီလောက်အကြာ သတင်းတွေလဲပြန့် မြင်သွားတဲ့သူတွေလည်း များလာပြီးနောက်မှ ပြန်ဖျက်သွားပါတယ်။ အဲဲဒီဒယ်လ်တာဖို့စ်က ဂါဇာမှာ ဟာမာ့စ်တွေ ဖမ်းခေါ်သွားတဲ့ အမေရိကန်ဓါးစာခံတွေကို ကယ်ထုတ်ဖို့ အစ္စရေးမှာ ရောက်နေတာပါ။ အဲဒီပုံကို တွဒ်တာအသုံးပြုသူတဦးက စစ်သည်တွေရဲ့ မျက်နှာတွေဖုံးပြီး ပြန်တင်ထားတာပါ။ ညံ့ဖျင်းလို့ပဲဖြစ်ဖြစ် တမင်လုပ်တာပဲဖြစ်ဖြစ် အိမ်ဖြူရဲ့ လုပ်ရပ်ကြောင့် ဒီလူတွေနဲ့ သူတို့မိသားစုတွေရဲ့ လုံခြုံရေးက အကြီးအကျယ်စိုးရိမ်လာရပါပြီ။ ဓါးစာခံတွေကယ်ထုတ်ဖို့ကလည်း ပိုခက်သွားတော့မှာပါ။ ယူအန်က အီရန်အပေါ်ထားရှိတဲ့ ဒုံးကျည်နဲ့ ဒရုံးလက်နက်မရောင်းဖို့ ပိတ်ဖို့ထားချက်က မနေ့က သက်တမ်းစေ့သွားခဲ့ပါပြီ။ ဂျိုးအစိုးရက သက်တမ်းတိုးဖို့ ဘာမှမလှုပ်ရှားခဲ့တာကြောင့် ဟာမာ့စ်တွေ အခြားအကြမ်းဖက်တွေကို ပေါ်ပေါ်တင်တင် ရောင်းချင်တိုင်းရောင်းလို့ရပြီဖြစ်လို့ အစ္စရေးနဲ့တကွ တခြားအကြမ်းဖက်တွေကို ရင်ဆိုင်နေရသူတွေအတွက်Continue reading “ကန်တပ်လုံခြုံရေးအိမ်ဖြူချိုးဖောက်”