အဆီ၊ အသားစားသုံးခြင်း (အမျိုးသမီး/သားကျန်းမာရေးနှင့် စားပုံစားနည်း)

လူတွေရဲ့ ရောဂါတွေကို သဘာဝနည်းနဲ့ ပြန်လည်ကောင်းမွန်အောင် ကုသပေးတဲ့ Naturopathy ဆရာဝန် Dr. Elizabeth Bright က အဆီနဲ့ အသားဓါတ်ဟာ အထူးသဖြင့် အရွယ်သုံးပါးသော အမျိုးသမီးတွေအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဆီကြောက် အသားကြောက်ကြတဲ့ခုခေတ်မှာ ကစီ သကြားပိုစားကြတဲ့ မိန်းကလေးငယ်တွေ အပျိုဖော်ဝင်တဲ့အသက်က ၁၀နှစ်အောက်ရောက်လာသလို ဓမ္မတာနဲ့ ပါတ်သက်တဲ့ ရောဂါတွေ အဖြစ်များလာတာကြောင့် ကလေးမရကြတာတွေ၊ ရေအိတ်တည်တာတွေ၊ အရွယ်မတိုင်ခင် သွေးဆုံးလက္ခဏာ ပြလာတာတွေ များပြားလှပါတယ်။ အမျိုးသမီးတွေမှာ Cholesterol လုံလုံလောက်လောက် မရတဲ့အခါ ဟော်မုန်းမညီမျှတာကနေ ရာသီမမှန်၊ သိုင်းရွိုက်ပြဿနာတွေ ဖြစ်လာတတ်ပြီး နောက်ဆက်တွဲအနေနဲ့ စိတ်ဓါတ်ကျခြင်း၊ အလွန်အကျွံစားမိခြင်း၊ အစားရှောင်ခြင်းကနေ စိတ်ရောဂါတွေအထိ ဖြစ်လာတတ်ပါတယ်။ စိတ်ဆရာဝန်က စိတ်ရောဂါအတွက် ဆေးတွေ ပေးကြမှာဖြစ်ပြီးContinue reading “အဆီ၊ အသားစားသုံးခြင်း (အမျိုးသမီး/သားကျန်းမာရေးနှင့် စားပုံစားနည်း)”

ကျန်းမာရေးအတွက် အမှန်တကယ်အရေးပါတဲ့အဆီနဲ့ အသားဓါတ်

အမေရိကန်မှာ ခုနောက်ပိုင်း လူကြိုက်များလာတဲ့ စားသောက်ပုံတခုအကြောင်း ပြောပြချင်ပါတယ်။ အဲဒါကတော့ အသားနဲ့ ထောပတ်လို အဆီကောင်းကောင်းကိုပဲ စားသုံးတာပါ။ အသားဆိုတာမှာ သံဓါတ်နဲ့ အာဟာရဓါတ် အကြွယ်ဝဆုံးက အမဲသားဖြစ်ပေမယ့် အသား၊ ငါး၊ ပုဇွန်၊ ဥ၊ ပိုးကောင် အကုန်လုံး အကြုံးဝင်ပြီး အဲဒီအသားငါးတွေကို အရသာရှိဖို့ ဆားနဲ့ သောက်စရာ ရေကလွဲလို့ ဘာမှ မစားကြတာဖြစ်ပါတယ်။ အဆိုပါ High Fat Carnivore diet (HFCD)စစ်စစ်မှာ သကြား၊ အသီးအနှံ၊ အရွက်၊ အစေ့အဆံ၊ အခွံမာသီး ဘာမှ မပါဝင်ပါဘူး။ အသားဘယ်လောက်စားရမလဲဆိုတော့ အကြမ်းဖျဥ်း တနပ်ကို ၂၅-၃၀ဂရမ် ပရိုတီင်းနဲ့ အဆီ ၅၀ဂရမ်၊ တနေ့ ၃နပ် စားပေးဖို့ ဖြစ်ပါတယ်။ အဲဒီ တနပ်စာပမာဏဟာContinue reading “ကျန်းမာရေးအတွက် အမှန်တကယ်အရေးပါတဲ့အဆီနဲ့ အသားဓါတ်”

Heart Attack

Heart attack နှလုံးဖောက်တာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ကြိုတင်ကာကွယ်ရေးအထူးကု Dr. Ford Brewer က ဘယ်လိုပြောထားသလဲဆိုရင် နှလုံးသွေးကြောထဲက ပျော့ပြီး ရောင်ကိုင်းနေတဲ့ ဂျိုးအပိုင်းက ရောင်ကိုင်းမှု သိပ်ဆိုးလာတဲ့အခါ မီးတောင်ပေါက်သလို ပေါက်ထွက်သွားပြီး ပြည်တွေက သွေးကြောတွေထဲ မှုတ်ထုတ်လိုက်သလို ဖြစ်သွားပါတယ်။ အဲဒီပြည်က သွေးကို သွေးခဲဖြစ်စေပြီး အဲဒီသွေးခဲတွေက သွေးကြောပိတ်လောက်တဲ့အရွယ်ဖြစ်လာတဲ့အခါ နှလုံးမှာဆို့ရင် နှလုံးဖောက်ပြီး ဦးနှောက်မှာဆို့ရင်တော့ လေဖြတ်တာဖြစ်တယ်လို့ ပြောထားပါတယ်။ လိုရင်းကတော့ နှလုံးရောဂါက ကိုလက်စထရောကြောင့်ဖြစ်ရတာမဟုတ်ပဲ ရောင်ကိုင်းမှုကြောင့် ဖြစ်ရတာဆိုတာရယ်၊ stent တွေက နှလုံးဖောက်တာကို မကာကွယ်နိုင်ဘူးဆိုတာရယ်၊ stress test လိုဟာတွေက နှလုံးဖောက်မယ် မဖောက်ဘူးဆိုတာကို ခန့်မှန်းနိုင်စွမ်းမရှိဘူးဆိုတာရယ်တွေဖြစ်ပါတယ်။ Dr. Brewer က နှလုံးရောဂါနဲ့ပတ်သက်ပြီး လူတွေအမှတ်မှားနေကြတာကို ရှင်းပြထားသလို နှလုံးမဖောက်ဖို့ ဘယ်လိုကာကွယ်ရမလဲလို့လည်းContinue reading “Heart Attack”

How Assistance to Ukraine works?

SBF အပေါ် စွဲဆိုထားတဲ့ ကမ်ပိန်းငွေကြေးချိုးဖောက်မှုနဲ့ လာဘ်ထိုးခြင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် အမှု ၆ခုကို ဒီအိုဂျေက ပလပ်လိုက်ပါတယ်။ ဆိုလိုတာက ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ခိုးထားတဲ့ ပိုက်ဆံနဲ့ ရာထူး/အာဏာရှိသူကို လာဘ်ထိုးတာဟာ အပြစ်ဖြစ်လားဆိုရင် အဲဒီလာဘ်က ဘယ်သူ့ဆီကို သွားတာလဲဆိုတာပေါ် မူတည်နေတယ်လို့ အဓိပ္ပါယ်ပြန်ရပါမယ်။ ခုကိစ္စမှာတော့ ဒီအန်စီနဲ့ ဂျိုးတို့ ဒီမိုခွက်တွေပေါ့။ ၂၀၂၂ မစ်တမ်းတုန်းက ခရစ်ပ်တိုကာရန်စီကုမ္ပဏီတခုဖြစ်တဲ့ FTX ကို တည်ထောင်ခဲ့သူ SBF က ဒီမိုကရက်တွေအနိုင်ရဖို့ သန်း၁၀၀ လှူထားတာပါ။ ဘယ်ကပိုက်ဆံနဲ့လှူလဲဆိုရင် သူ့ကိုယုံကြည်လို့ သူ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့သူတွေရဲ့ ငွေနဲ့လို့ ပြောလို့လည်းရပေမယ့် အဓိက အလုံးအရင်းနဲ့လာတာက ခြကိုက်အင်စတီကျူးရှင်းတွေကပါ။ အဲဒီခြကိုက်အင်စတီကျူးရှင်းတွေက ပိုက်ဆံတွေက အမေရိကန်ပြည်သူတွေရဲ့ ချွေးနည်းစာကပဲ ခေါင်းမြှီးခြုံပြီးလာရတာပါ။ ဥပမာ စစ်ဖြစ်လို့ ငွေအလွန်အမင်းလိုအပ်နေတဲ့ ဆင်းရဲတဲ့နိုင်ငံလေးContinue reading “How Assistance to Ukraine works?”

ဒီဇင်ဘာ ၂၈ ရက် ၂၀၂၃

ယူကေနိုင်ငံက လူသတ်သမားလို အဆိုးဆုံးရာဇဝတ်သားတွေကိုထားတဲ့ လုံခြုံရေးအမြင့်ဆုံး အကျဥ်းထောင်မှာ တကိုယ်တည်း တိုက်ပိတ်ချုပ်နှောင်ခံနေရတဲ့ ဂျူလီယန်အာဆန့်ချ်ကို တပ်ကာက ပြီးခဲ့တဲ့အပတ်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဂျာနယ်လစ်တဦးဖြစ်တဲ့ ဂျူလီယန်ဟာ မီဒီယာကြီးများရဲ့ လူမဆန်စွာ တိုက်ပိတ်ခံနေရပေမယ့် ဘာရာဇဝတ်မှုနဲ့မှ ပြစ်ဒဏ်ကျခံထားရခြင်းမရှိပဲ အမေရိကန်လက်မဲကြီးများဖြစ်ကြတဲ့ ထလရအဖွဲ့ကြီးများ၊ ခြနိုင်ငံရေးသမားများ၊ ဗျူရိုကရက်များရဲ့ အရှုပ်တော်ပုံတွေကို ပြည်သူကို ချပြခြင်းအပြစ်သာ ရှိခဲ့တာဖြစ်ပါတယ်။ သူ့ကို နာမည်ကြီးသွားစေတဲ့ ပထမဆုံးကိစ္စက ပန်တဂွန်က ဖုံးထားခဲ့တဲ့ အီရတ်နဲ့ အာဖဂန်မှာ ဖြစ်ခဲ့တဲ့ စစ်တွေအကြောင်း စာရွက်စာတမ်းတွေ ဗီဒီယိုတွေကို ဝီကီလိခ်ကနေတဆင့် ချပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အမေရိကန်တပ်တွေဝင်စဥ်မှာ အရပ်ထဲမှာ နေမြဲသွားမြဲသွားလာနေကြတဲ့ အရပ်သားတွေကို စက်သေနတ်တွေနဲ့ အပြုံလိုက်ပစ်ခတ်တဲ့ ဗီဒီယိုလည်း ပါပါတယ်။ အဲဒီဖွင့်ချမှုကြောင့် ဘယ်သူတဦးတယောက်မှ အန္တရာယ်ဖြစ်မသွားပေမယ့် ပြည်သူကိုလိမ်/ဖုံးထားခဲ့တဲ့ ပန်တဂွန်ကတော့ အရှက်ကွဲသွားခဲ့ပါတယ်။Continue reading “ဒီဇင်ဘာ ၂၈ ရက် ၂၀၂၃”

ဒီဇင်ဘာ ၁၉ရက် ၂၀၂၃

ကိုလိုရာဒိုပြည်နယ်ဆူပရင်းမ်ကုတ်က ဂျန်၆ကိစ္စအကြောင်းပြပြီး ဒီဂျေထရမ့်ကို ပြည်နယ်ရဲ့ ပဏာမရကပမဲပြားပေါ်မှာ အမည်မထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ထက်မြင့်တဲ့ ဖက်ဒရယ် ဆူပရင်းကုတ်ကို အယူခံတက်မှာဆိုတော့ ဆူပရင်းမ်ကုတ်က လိုလိတာ8ပရက်စ်စီးတဲ့ ခေါင်းဆောင်ကြီး သွေးမကြောင်ဖို့ပဲ လိုပါတယ်။ မဲပြားပေါ်နာမည်မပါရရင် တချို့အနေအထားမှာ ကိုယ့်ဖာသာကိုယ် ရေးထည့်လို့တော့ ရပါတယ်။ ဒါပေမယ့် ပြည်နယ်ရဲ့ ရီပါဘလစ်ကန်ပါတီဝင် ၉သိန်းကျော်မှာ တဝက်လောက်က ရေးထည့်ရမယ်ဆိုရင် ဖြစ်နိုင်ခြေ နည်းသွားတာတော့ အမှန်ပါ။ ဒီအခြေအနေကို ရောက်အောင် ဒီမိုကရက်တွေက သူတို့အားကောင်းတဲ့ပြည်နယ်တိုင်းမှာ ကြိုးစားနေပါတယ်။ ပြည်နယ်တရားသူကြီးတွေနဲ့ ပြည်နယ်ဆူပရင်းမ်ကုတ်တွေ သမာသမတ်ကျဖို့ အထူးလိုအပ်ပါတယ်။ ပလိုးစီနဲ့ မက်ကာသီတို့ ထိန်ချန်ထားခဲ့တဲ့ ဂျန်၆မှာ ဖြစ်ခဲ့သမျှ ဗီဒီယိုမှတ်တမ်းတွေကို လွှတ်တော်စပီကာသစ် မိုက်ခ်ဂျွန်ဆင်က အများပြည်သူကို ထုတ်ပေးလိုက်ပြီးလို့ ဂျာနယ်လစ်အစစ်တွေကလည်း ဖြစ်ရပ်မှန်တွေကို ပြည်သူတွေသိအောင် သုံးသပ်တင်ပြခဲ့ကြပြီးပါပြီ။ ဖြစ်ခဲ့သမျှက အရင်အကြိမ်ကြိမ်Continue reading “ဒီဇင်ဘာ ၁၉ရက် ၂၀၂၃”

ဒီဇင်ဘာ ၁၄ ရက် ၂၀၂၃

အင်္ဂါနေ့က ဇယ်လင်စကီနဲ့ အိမ်ဖြူမှာတွေ့ဆုံတဲ့အချိန်မှာ ဂျိုးနဲ့ ဇယ်လင်စကီတို့နှစ်ဦး ပါလာတဲ့စာတွေ ဖတ်ပြအပြီးမှာ သတင်းထောက်တွေက မေးခွန်းတွေ ဝိုင်းမေးကြတာကို ဂျိုးကရပ်ခိုင်းပြီး ယူကရိန်းကို ကာကွယ်ရေးဝန်ကြီးဌာနကနေ ဒေါ်လာ သန်း၂၀၀ ထပ်ပေးဖို့ လက်မှတ်ထိုးထားပြီးပြီလို့ ဆိုပါတယ်။ စစ်နဲ့အနီးဆုံး ဥရောပက အီးယူနဲ့ နေတိုးမဟာမိတ်တွေတောင် ဘာမှဟုတ်တိပတ်တိ ကူနေတာ မဟုတ်တော့ ဂျိုးတို့ တချိန်လုံးမောင်းနေတဲ့ ရုရှားအန္တရာယ်ဆိုတာကြီးက ထရမ့်ကိုစွပ်စွဲခဲ့တဲ့ ရုရှားဟုတ်စ်လိုဟာကြီးပဲ ဖြစ်နေမှာပေါ့။ ရုရှားက ယူကရိန်းကို သိမ်းချင်တာမဟုတ်ဘူး၊ ရုရှားများတဲ့ နယ်၂ခုကိုပဲ လိုချင်တာ၊ မပေးနိုင်ဘူးလို့ပြောမလို့လား။ ဟူစိန်လက်ထက်မှာ ရုရှားက ခရိုင်းမီးယားကို လုသွားတာ စစ်ပွဲက တလနဲ့ ၆ရက်ပဲကြာတယ်။ အခုစစ်ပွဲက နှစ်ချီနေပြီ၊ စစ်စားရိတ်တင် တနေ့ကို ၀.၅-၁ဘီလီယံ ကျနေပြီ၊ သေတဲ့လူလည်း သောက်သောက်လည်း၊ နိုင်ငံလည်း ပြာပုံဖြစ်လို့၊Continue reading “ဒီဇင်ဘာ ၁၄ ရက် ၂၀၂၃”

ဒီဇင်ဘာ ၁၁ ရက် ၂၀၂၃

ပြီးခဲ့တဲ့အပတ်ထဲမှာ ဂျိုးက ဆရာဝန်ဆေးစာနဲ့ ဝယ်ရမယ့် ဈေးကြီးတဲ့ ဆေးတွေရဲ့ မူပိုင်ခွင့်ကို အစိုးရကသိမ်းယူပြီး အစိုးရက ထုတ်လုပ်ဖြန့်ဖြူသွားမယ်လို့ ကြေငြာပါတယ်။ ဒါဟာ ဘာမှ မသိတဲ့ ကလေးဦးနှောက်နဲ့ အပေါ်ယံ တွေးကြည့်ရင် ဟုတ်သလိုလို ဖြစ်နေနိုင်ပေမယ့် တကယ်တမ်းမှာ ဘယ်လိုရှုဒေါင့်ကကြည့်ကြည့် ကြောက်စရာကောင်းတဲ့ အစီအစဥ်တခုဖြစ်ပါတယ်။ ဆေးတခု ထုတ်လုပ်ဖို့ မူပိုင်ခွင့်ရဖို့ စမ်းသပ်ရတာဟာ အချိန်ရော ပိုက်ဆံပါ အကုန်အကျ များလွန်းတာကြောင့် ဆေးကုမ္ပဏီတိုင်း နိုင်ငံတိုင်းတောင် လက်လှမ်းမမှီနိုင်ကြသေးပါ။​ စမ်းသပ်မှုတွေ အောင်မြင်လို့ မူပိုင်ခွင့်ရပြီး ထုတ်လုပ်တော့မယ်ဆိုမှ အစိုးရက ဝင်သိမ်းမယ်ဆိုတော့ နောက်ကို ဘယ်သူက ငွေလုံးငွေရင်းအကုန်အကျခံ အချိန်ပေးပြီး ဆေးကောင်းတွေထွက်အောင် စမ်းသပ်တာတွေ လုပ်ကြတော့မှာလဲ။ မဆလခေတ်က ပြည်သူပိုင်သိမ်းတာတွေလိုပဲ ဖြစ်နေမှာပေါ့။ အသိမ်းခံရတဲ့ကုမ္ပဏီလည်း အကျိုးယုတ်၊ အစိုးရကလည်း ကျွမ်းကျင်မှုမရှိ၊ စီးပွားရေးContinue reading “ဒီဇင်ဘာ ၁၁ ရက် ၂၀၂၃”

ဒီဇင်ဘာ ၇ ရက် ၂၀၂၃

မနေ့က အိမ်ဖြူနဲ့ သမ္မတရုံးအင်တန်း ၄၀ကျော်ပါဝင်တဲ့အုပ်စုဟာ ပါလက်စ်တိုင်းတွေပေါ် ဂျီနိုဆိုက်လုပ်နေတာတွေနဲ့ ပတ်သက်ပြီး အသံတိတ်မနေနိုင်တော့တဲ့အကြောင်းနဲ့ အစ္စရေးနဲ့ဟာမာ့စ်ကြား အပြီးအပိုင်အပစ်အခတ်ရပ်စဲဖို့ ဂျိုးကို တိုက်တွန်းထားတဲ့စာတစောင် ရေးသားတောင်းဆိုလိုက်ပါတယ်။ စာထဲမှာ အဲဒီလူ ၄၀ကျော်ကို နာမည်ဖော်ထားခြင်းမရှိပေမယ့် အောက်ခြေ လက်မှတ်ထိုးတဲ့နေရာမှာတော့ “သွေးစည်းလျက်, ပါလက်စ်တိုင်းတွေအတွက် အိမ်ဖြူနဲ့ သမ္မတရုံးအင်တန်း ၄၀ ကျော်”လို့ ဖော်ပြထားပါတယ်။ ဂျိုးအစိုးရဟာ အမေရိကန်အစိုးရအဆက်ဆက် အစဥ်အလာအတိုင်း အသံအားဖြင့် ဒီမိုကရေစီဘက်သားလည်းဖြစ် မဟာမိတ်လည်းဖြစ်တဲ့ အစ္စရေးကို ထောက်ခံပေးရပေမယ့် နောက်ကွယ်မှာတော့ ဟူစိန်အိုလမ်းစဥ်အတိုင်း အကြမ်းဖက်တွေ အာဏာရှင်တွေကို တဖက်လှည့်နဲ့ ပံ့ပိုးပေးနေတာပါ။ ဒါတွေကို အဆိုပါအင်တန်းတွေနဲ့ ကောလိပ်က မဟာပညာယှိတွေ မသိပဲမနေပါဘူး။ အမြှောင်ဘဝကနေ တရားဝင် တင်းပြည့်ကျပ်ပြည့် အာဏာရှင်နိုင်ငံအဖြစ်ကို ကူးပြောင်းဖို့ ခြေလှမ်းစနေတာကို သဘောပေါက် သတိပြုဖို့ လိုပါတယ်။ ဂျိုးဘဒကContinue reading “ဒီဇင်ဘာ ၇ ရက် ၂၀၂၃”

နိုဝင်ဘာ ၁၆ ရက် ၂၀၂၃

မနေ့က ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသမှာ အေပက်အစည်းအဝေးလာတက်တဲ့ ဦးပေါက်ဆီနဲ့ ဂျိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သမ္မတချင်း တိုက်ရိုက်ဆက်သွယ်မှုနဲ့အတူ တပ်အချင်းချင်း ဆက်သွယ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ နယ်စပ်က ဖန်တနောလ်တွေ ဝင်နေတဲ့ကိစ္စကိုတော့ လျော့ချပေးမယ်လို့ ဆိုပါတယ်။ လျော့ချမယ်ဆိုတော့ ဘယ်လို ဘယ်ပုံနဲ့လဲ၊ ဘာပေတံနဲ့ တိုင်းမလဲဆိုတာတွေက မေးစရာ ဖြစ်လာပါပြီ။​ အဲဒီကိစ္စတွေက ဂျိုးတို့အုပ်စုအာဘော်အတိုင်း စကားလုံးတွေပဲ ဖောင်းပွပြီး တိုင်းပြည်နဲ့ ပြည်သူအတွက် ဘာအနှစ်သာရမှ တကယ်ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဂျိုးသတိပေးသင့်တာက အီရန်နဲ့ အကြမ်းဖက်ကို နောက်ခံပြုနေတာ ရပ်တံ့ဖို့၊ သိန်းနဲ့ချီတဲ့ အမေရိကန်တွေကို သတ်နေတဲ့ နယ်စပ်ကနေ ဝင်နေတဲ့ မူးယစ်ဆေးတွေ ရပ်တံ့အောင်လုပ်ဖို့တွေဖြစ်ပေမယ့် လက်တွေ့မှာ ဂျိုးက အမြှီးကုပ်နေပြီး ပေါက်ဆီကပဲ တိုင်ဝမ်အရေးမှာ ဝင်မပါဖို့ ဟိန်းဟောက်သွားသေးတာပါ။ တွေ့ဆုံပွဲအပြီး သတင်းထောက်အမျိုးသမီးတဦးက ဂျိုးကို အရင်ကContinue reading “နိုဝင်ဘာ ၁၆ ရက် ၂၀၂၃”