ဇန်နဝါရီ ၂ ရက် ၂၀၂၃

နိုဝင်ဘာ ၂၀၂၁တုန်းက ဒီမိုကရက်တွေ ထုတ်လိုက်တဲ့ Infrastructure ဘေလ်ထဲမှာ အမေရိကန် အများစု သတိမထားမိတဲ့ အချက်ကတော့ ဒီမိုကရက်တွေ နှစ်ပေါင်းများစွာ တွန်းလာတဲ့ လွတ်လပ်မှုကန့်သတ်မယ့် ထိတ်တုံးတခုပဲ ဖြစ်ပါတယ်။ ဒီမိုကရက်တွေဟာ safety အတွက်လို့ အယောင်ပြ သကာအုပ်ထားတဲ့ ဘေလ်ကတော့ မူးပြီး မောင်းတာတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကားတိုင်းမှာ မတပ်မနေရ “safety device” တခုကို ၂၀၂၆မှာ စပြီး ကားထုတ်လုပ်သူတွေအားလုံး ထည့်သွင်းထုတ်လုပ်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။​ ကားဝယ်ယူသူတွေဟာ ငြင်းပိုင်ခွင့်လည်းမရှိ၊ အဲဒီစက်ကိုလည်း ပိတ်ထားလို့မရပဲ ဗျူရိုကရက်တွေ၊ ရဲတွေနဲ့ ကားထုတ်လုပ်သူတွေက သူတို့ကြည့်ချင်တဲ့သူကို အချိန်နဲ့ တပြေးညီ ဘယ်မှာရှိနေလဲ သိနိုင်တဲ့အပြင် အဝေးကနေ ခလုပ်လေးတချက် နှိပ်လိုက်ရုံနဲ့ ကားက လုံးဝ မောင်းလို့မရအောင် လုပ်ကြတော့မှာပါ။Continue reading “ဇန်နဝါရီ ၂ ရက် ၂၀၂၃”

ဒီဇင်ဘာ ၃၀ ရက် ၂၀၂၂

တွဒ်တာဖိုင်တွေကနေ ဆက်လက်ဖော်ထုတ်ခဲ့တဲ့ထဲမှာ ပလန်ဒဲမစ်အကြောင်းလဲ ပါခဲ့ပါတယ်။ အဲဒါတွေ ထွက်လာပြီးနောက် အရင်က ကဗကကဆကို ယုံကြည်သူ ဘန်ရှာပီရိုက သူ့အနေနဲ့ ဘိုင်ကြီးတို့ တွန်းနေတဲ့ ကဗကကဆကို ယုံကြည်ဖို့ ခဲယဥ်းသွားပါပြီလို့ ပြောသွားပါတယ်။​ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တွဒ်ချုပ်ကြီးက ၂၀၁၂တုန်းက ဖောက်ချီက ဂိန်းအော့ဖ်ဖန်ရှင် သုတေသနရဲ့ ကောင်းကျိုးဟာ ပန်ဒဲမစ်ဖြစ်လာနိုင်မယ့် အန္တရာယ်ထက် ပိုပါတယ်လို့ ငြင်းထားခဲ့တဲ့ ​ယာဟူးသတင်းကို တင်ထားခဲ့ပါတယ်။ တွဒ်ချုပ်ကြီးက အဲဒီဂိန်းအော့ဖ်ဖန်ရှင်ကို ဓါတုလက်နက်သုတေသနလို့ ခေါ်သင့်ပြီး ဖန်ရှင်ဆိုတာ အသက်ထွက်တာကို ပြောတာပါတဲ့။ အဲဒီနှစ်ပိုင်းလောက်ကပဲ ဟူစိန်အိုနဲ့ ဘေလ်ဂိတ်စ်တို့က ပန်ဒဲမစ်အကြောင်း ဟ သွားကြပါသေးတယ်။ ၂၀၂၀မှာ ဖြစ်လာတာနဲ့ဆိုရင် ဖောက်ချီတို့လိမ်တဲ့ အမှု ထပ်တိုးပြန်တာပါပဲ။ နောက်ထပ်လိမ်တာတွေ အများကြီးထဲက တခုက အန်အိုင်အိတ်ချ်က ပြည်သူ့အခွန်တွေနဲ့ ဂိန်းအော့ဖ်ဖန်ရှင်တွေContinue reading “ဒီဇင်ဘာ ၃၀ ရက် ၂၀၂၂”

ဒီဇင်ဘာ ၂၉ ရက် ၂၀၂၂

တရုပ်ပြည်မှာ ကဗတွေ မတရားပြန့်နေတယ်ဆိုတဲ့ သတင်းတွေ ဗီဒီယိုတွေနဲ့တကွ ထွက်လာပြန်ပါပြီ။ ထွက်လာပြန်ပြီလို့ ပြောရတာက ၂၀၂၀တုန်းကလည်း အဲဒီလိုပဲ ထွက်ခဲ့လို့ပါ။ စီစီပီခေါင်းဆောင် တွေဟာ သူတို့မထွက်စေချင်တဲ့သတင်းဆို ဒေသခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ တရုပ်ဘာသာ နားလည်သူတွေက ခိုးထုတ်လာပြီးတင်မှပဲ သိရတာပါ။ ဆေးရုံအရေးပေါ်ဌာနတွေမှာ အခုသတင်းတွေက တကမ္ဘာလုံးက တင်နေတာဆိုတော့ တခုခုတော့ တခုခုပါပဲ။ တရုပ်အာဏာရှင်တွေဟာ ပိုးပြန့်နေတဲ့တိုင်းပြည်တွေကိုတော့ လက်ဦးမှု ရယူကာ အားမနာတမ်း ပြည်ဝင်ခွင့်မပေးပေမယ့် ဘယ်နိုင်ငံ့ခေါင်းဆောင် ဘယ်ဟူး ဘယ်အန်မှ အပြစ်မပြောကြပေမယ့် သူတို့တိုင်းပြည်မှာ မပြန့်ခင်က သူ့ပြည်သားတွေကို ပြည်ပထွက်ဖို့ နည်းမျိုးစုံနဲ့ ခက်ခဲအောင် လုပ်နေခဲ့ပေမယ့် အခုလို မချိမဆန့် ပြန့်လာပြီဆိုတိုင်း ရှိသမျှတံခါး နယ်ခြား အကုန်ဖွင့်ပြီး ဖောဖောသီသီ ပေးထွက်တော့တာပါပဲ။ ပြီးခဲ့တဲ့ရက်က အီတလီကိုသွားတဲ့ လေယာဥ်ခရီးစဥ် ၂ခုမှာContinue reading “ဒီဇင်ဘာ ၂၉ ရက် ၂၀၂၂”

မီးခိုးမထွက်တဲ့ စစ် (သို့) အယူဝါဒ/ အစဥ်အလာ/ စံ တွေကို ဖျက်ဆီးခြင်း

“အယူဝါဒဖျက်ဆီးခြင်းဆိုတာဟာ စိတ်ဓါတ်ရေးရာစစ်ပွဲတခုပါပဲ၊ အဲဒါကတော့ ဘယ်လောက်ကြီးပဲ သတင်းအချက်အလက်တွေ တောင်လိုပုံနေပါစေ အမှန်တရားအပေါ် ရှုမြင်တဲ့ အမေရိကန်တွေရဲ့ အမြင်တွေကို ဂျွမ်းထိုးမှောက်ခုံ လုပ်ပစ်လိုက်ခြင်းဖြင့် သူတို့ရဲ့ ဆင်ခြင် စဥ်းစား ဆုံးဖြတ်နိုင်စွမ်းကို ဖျက်ဆီးပစ်လိုက်တာပါ။ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကင်းသွားတဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ အမေရိကန်တွေ သူတို့ကိုယ် သူတို့ရော သူတို့ရဲ့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေတင်မက နိုင်ငံကိုပါ ကာကွယ်နိုင်စွမ်း ကင်းမဲ့သွားတော့တာပဲ ဖြစ်ပါတယ်။” အထက်ပါအတိုင်း ပြောကြားခဲ့သူကတော့ ကေဂျီဘီကနေ အနောက်ကမ္ဘာမှာ ခိုလှုံလာတဲ့ ယူရီဘက်ဇ်မီနော့ဗ်က ၁၉၈၀ အစောပိုင်း ဆိုဗီယက်ခေတ်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ယူရီဟာ ဆိုဗီယက်ပြည်ထောင်စုက အဆင့်မြင့်စစ်ဖက်အရာရှိကြီးရဲ့ သားဖြစ်တဲ့အတွက် ကွန်မြူနစ်စနစ်အောက်မှာ သူ့ငယ်ဘဝကို သာသာယာယာပဲ ဖြတ်သန်းခဲ့တာပါ။​ ကေဂျီဘီထဲ ရောက်ပြီး ပထမဆုံး ခရီးစဥ်အနေနဲ့ အိန္ဒိယကို စေလွှတ်ခြင်း ခံခဲ့ရချိန်မှာလည်း အစိုးရစားရိတ်နဲ့Continue reading “မီးခိုးမထွက်တဲ့ စစ် (သို့) အယူဝါဒ/ အစဥ်အလာ/ စံ တွေကို ဖျက်ဆီးခြင်း”

 ဒီဇင်ဘာ ၂၀ ရက် ၂၀၂၂

မြောက်ကာရိုလိုင်းနား ဆူပရင်းမ်ကုတ်က မဲပေးရင် ID လိုတယ်ဆိုတာ လူမည်းတွေ မဲပေးခွင့်မရအောင် ကန့်သတ်ထားတာဖြစ်လို့ မဲပေးရင် ID လိုတယ်ဆိုတာကို ပယ်ချလိုက်ပါတယ်။ အဆိုပါပြည်နယ် ဆူပရင်းမ်ကုတ်မှာ ဒီမိုကရက်တရားသူကြီး ၄ဦးက ID မလိုစေချင်ပဲ ရီပါဘလစ်ကန်တရားသူကြီး ၃ဦးက ID လိုစေချင်တာကြောင့် အများစုမဲနဲ့ ID မလိုတဲ့ဘက်က နိုင်သွားတာဖြစ်ပါတယ်။​ အများညီ ဤ ကို ကျွဲ လို့ဖတ်တဲ့ ခေတ်ရောက်နေပါပြီ။​ တရား/မတရား၊ ခြေဥနဲ့ ညီ/မညီ၊ ထုံးတမ်းစဥ်လာတွေနဲ့ ကိုက်/မကိုက်၊ ယုတ္တိ ရှိ/မရှိ၊ ကောင်းကျိုးဆိုးကျိုး ဘာကိုမှ ထည့်မစဥ်းစားတော့ပဲ ပါတီအာဂျင်ဒါ အတိုင်း တွန်းနေတာဟာ အပျက်ကို ရှေ့ရှုတဲ့ အရွေ့ဖြစ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချသင့်ပါတယ်။ ဒီတိုင်း ရှေ့ဆက်သွားရင် တရုပ်ကွန်ကွန်လို နာနာဂျာဂျာ(ဂျာမဏီ)တို့လို တပါတီစနစ်Continue reading ” ဒီဇင်ဘာ ၂၀ ရက် ၂၀၂၂”

ယူကရိန်း-ရုရှားစစ်နဲ့ မီဒီယာလိမ်ညာမှုများ

Person of the year 2022 အတွက် တိုင်းမ်စ်မဂ္ဂဇင်းက ယူကရိန်းသမ္မတဇယ်လန်းစကီးကို ရွေးချယ်လိုက်ပါတယ်။ ဒီနှစ်ထဲမှာ ကမ္ဘာကြီးကို တကယ်ကိုင်လှုပ်ခဲ့တာက အီလွန်ဖြစ်လေတော့ ဇယ်လင်းစကီးကို ရွေးလိုက်တာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘာတခုမှ မစွမ်းဆောင်နိုင်ခဲ့တဲ့အပြင် အကြမ်းဖက်တွေကို အားဆေးတိုက်ခဲ့တဲ့ အိုဘားမားကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက်သလိုပဲ ဂလိုဘယ်အာဏာရှင်အာဂျင်ဒါကို သွားနေတဲ့ မီဒီယာတွေရဲ့ သရုပ်ကို ထင်ရှားစေတာပါ။  ရုရှားကို ဒီမိုကရက်တွေနဲ့ မီဒီယာတွေက ရန်သူလို့ ပုံဖော်နေကြပါတယ်။ ဒီနေရာမှာ ရန်သူဆိုတာကို အဓိပ္ပါယ်ဖွင့်ရင် ကိုယ့်အကျိုးစီးပွားကို မလိုလားသူ ပျက်စီးအောင် အားထုတ်သူလို့ ပြောလို့ ရမှာပါ။ အဲဒါကို သဘောတူတယ်ဆိုရင် ရုရှားနဲ့ တရုပ် ဘယ်သူက ကိုယ့်အကျိုးစီးပွားပျက်စီးဖို့ တချိန်လုံး အားထုတ်နေသလဲဆိုတာ ကိုကြည့်လိုက်ရင် ဘယ်ဟာက တကယ့်ရန်သူဆိုတာ ရှင်းရှင်းလင်းလင်း မြင်လာမှာပါ။Continue reading “ယူကရိန်း-ရုရှားစစ်နဲ့ မီဒီယာလိမ်ညာမှုများ”

ဒီဇင်ဘာ ၁၄ ရက် ၂၀၂၂

FTX က ဆမ်ဘန့်ခ်မန်ဖရိဒ် (SBF) ဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးတွေနဲ့ အကောင်းစားဇိမ်ခံ အိမ်ကြီးတွေ ဝယ်တာရော တခြားကိုယ်ရေးသုံးတာတွေရော နိုင်ငံရေးသမားတွေကို လှူတာရော စသဖြင့် အလွဲသုံးထားခဲ့တယ်လို့ အစိုးရရဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။ FTX က ငွေကြေးတွေထဲက ၈ဘီလီယံက SBF တည်ထောင်ထားတဲ့ နောက် cryptocurrency exchange တခုဖြစ်တဲ့ Alameda Research ကို ရောက်သွားပြီး အဲဒီထဲက ၁ဘီလီယံနဲ့ ၂ဘီလီယံကြားလောက် ပမာဏရှိတဲ့ ငွေကြေးတွေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အလာမီဒါကိုသွားတဲ့ထဲက သန်း၃၀၀က ဘဟားမားမှာ အိမ်ဝယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကိုယ်သူလည်း ၁.၃၃၈ဘီလီယံ ငွေချေးထားခဲ့ပါသေးတယ်။ သူပဲမြီရှင် သူပဲ မြီစား ဆိုပါတော့။ ငွေချေးတဲ့ စာရွက်စာတမ်းတွေတော့ သေချာမှတ်တမ်းတင်Continue reading “ဒီဇင်ဘာ ၁၄ ရက် ၂၀၂၂”

ဒီဇင်ဘာ ၁၂ ရက် ၂၀၂၂

တွဒ်တာဖိုင် တတိယတွဲမှာ ထရမ့်အကောင့်ကို ဘန်းတာနဲ့ပတ်သက်တဲ့ ဖိုင်တွေပါဝင်ပြီး မနေ့ကတော့ တချို့က မီရှဲလ်အိုဘမနဲ့ အပေါင်းပါများက ထရမ့်ကို ဘန်းဖို့ ဖိအားပေးလိုက်တာလို့ သတင်းတွေ တက်လာပါတယ်။ မီရှဲလ်ဟာ “မင်းတို့အောက်တန်းကျရင် ငါတို့က အထက်တန်းကျကျပြမယ်”ဆိုတဲ့ စကားနဲ့ အကြောင်းမသိသူတွေဆီက လက်ခုပ်သံခြူထားသူပါ။ ခုတော့ သူမလုပ်ရပ်က သူမစကားနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာ သက်သေခံနေသလိုပါပဲ။ မီရှဲမ တင်မကပါဘူး၊​ ဟေလာရီရော လွှတ်တော်ဒီမိုကရက်တွေကပါ ရီပါဘလစ်ကန်တွေရဲ့ အသံတွေ ဘာလို့ထွက်ခွင့်ရနေသေးတာလဲလို့ ပြောခဲ့ကြတာပါ။ ကိုယ်မဟုတ်တာလုပ်မထားရင် သူများပြောမှာ ကြောက်နေစရာ လိုပါ့မလား။ တွဒ်တာဖိုင်က ထွက်လာတဲ့ မှတ်တမ်းတွေထဲမှာ ၂၀၂၀ရကပွဲနဲ့ ပတ်သက်ပြီး တဖက်ဖိ တဖက်ဖော့ပေးခြင်းဖြင့် ဝင်ရှုတ်ခဲ့တာတွေ တွေ့ရပါတယ်။ ထရမ့်ပြောသမျှ အပြစ်လိုက်ရှာပြီး ဆင်ဆာ/ပိတ်တဲ့ထဲမှာ စာတိုက်မဲတွေနဲ့စာရင် လူကိုယ်တိုင်ပေးတာက မှားဖို့အခွင့်ပိုနည်းတယ်၊ ဒါကြောင့် တတ်နိုင်သ၍Continue reading “ဒီဇင်ဘာ ၁၂ ရက် ၂၀၂၂”

ဒီဇင်ဘာ, ၁၀ ရက် ၂၀၂၂

တွဒ်တာဖိုင်တွေကနေ ကနေ့ထွက်ပေါ်လာတာကတော့ အရင်တွဒ်တာရဲ့ Trust & Safety ဒါရိုက်တာ Yoel Roth က အထက်တန်းကျောင်းသူ/သားတွေက သူတို့ဆရာ/မတွေနဲ့ နှစ်ဦးသဘောတူ လိင်ဆက်ဆံလို့မရနိုင်ဘူးလားလို့ တွိထားတဲ့မှတ်တမ်း ထွက်လာပါတယ်။ အဲဒါနဲ့အတူပဲ တွဒ်တာရဲ့ အရင်စီမံခန့်ခွဲသူတွေက ကလေးပွန်းပို့စ်တွေကို သူတို့ရဲ့ ဘယ်စည်းမျဥ်းကိုမှ ချိုးဖောက်နေတာမဟုတ် လို့ အကြောင်းပြပြီး ဖယ်ရှားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ကလေးပွန်းတွေဆိုတာက ကလေးတွေကို ကလေးယောင်ဆောင်ထားတဲ့ လိင်မုဆိုးတွေက ကလေးချင်းလို မြှူဆွယ်ဖျားယောင်းပြီး ချက်တင်ကင်မရာရှေ့မှာ ချွတ်ခိုင်း ဟိုဟာလုပ်ပြခိုင်း ဒီဟာလုပ်ပြခိုင်းလုပ်တာပါ။ တခါလုပ်ပြလိုက်ပြီးရင် အဲဒါနဲ့ မင်းမိဘတွေ သူငယ်ချင်းတွေဆီဖြန့်မယ်၊ မဖြန့်စေချင် ဘာလုပ် ညာလုပ်ဆိုပြီး အတင်းအကျပ်ခိုင်းစေတာပါ။ ခံရတဲ့ကလေးငယ်တချို့က တွဒ်တာကို ဆက်သွယ်ပြီး သူတို့ပုံတွေ ဖျက်ပေးဖို့ တောင်းဆိုတာကို တွဒ်တာက မဖျက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလိုတွေဖြစ်နေခဲ့တဲ့Continue reading “ဒီဇင်ဘာ, ၁၀ ရက် ၂၀၂၂”