တရုပ်ပြည်မှာ ကဗတွေ မတရားပြန့်နေတယ်ဆိုတဲ့ သတင်းတွေ ဗီဒီယိုတွေနဲ့တကွ ထွက်လာပြန်ပါပြီ။ ထွက်လာပြန်ပြီလို့ ပြောရတာက ၂၀၂၀တုန်းကလည်း အဲဒီလိုပဲ ထွက်ခဲ့လို့ပါ။ စီစီပီခေါင်းဆောင် တွေဟာ သူတို့မထွက်စေချင်တဲ့သတင်းဆို ဒေသခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ တရုပ်ဘာသာ နားလည်သူတွေက ခိုးထုတ်လာပြီးတင်မှပဲ သိရတာပါ။ ဆေးရုံအရေးပေါ်ဌာနတွေမှာ အခုသတင်းတွေက တကမ္ဘာလုံးက တင်နေတာဆိုတော့ တခုခုတော့ တခုခုပါပဲ။ တရုပ်အာဏာရှင်တွေဟာ ပိုးပြန့်နေတဲ့တိုင်းပြည်တွေကိုတော့ လက်ဦးမှု ရယူကာ အားမနာတမ်း ပြည်ဝင်ခွင့်မပေးပေမယ့် ဘယ်နိုင်ငံ့ခေါင်းဆောင် ဘယ်ဟူး ဘယ်အန်မှ အပြစ်မပြောကြပေမယ့် သူတို့တိုင်းပြည်မှာ မပြန့်ခင်က သူ့ပြည်သားတွေကို ပြည်ပထွက်ဖို့ နည်းမျိုးစုံနဲ့ ခက်ခဲအောင် လုပ်နေခဲ့ပေမယ့် အခုလို မချိမဆန့် ပြန့်လာပြီဆိုတိုင်း ရှိသမျှတံခါး နယ်ခြား အကုန်ဖွင့်ပြီး ဖောဖောသီသီ ပေးထွက်တော့တာပါပဲ။ ပြီးခဲ့တဲ့ရက်က အီတလီကိုသွားတဲ့ လေယာဥ်ခရီးစဥ် ၂ခုမှာContinue reading “ဒီဇင်ဘာ ၂၉ ရက် ၂၀၂၂”
Category Archives: Uncategorized
မီးခိုးမထွက်တဲ့ စစ် (သို့) အယူဝါဒ/ အစဥ်အလာ/ စံ တွေကို ဖျက်ဆီးခြင်း
“အယူဝါဒဖျက်ဆီးခြင်းဆိုတာဟာ စိတ်ဓါတ်ရေးရာစစ်ပွဲတခုပါပဲ၊ အဲဒါကတော့ ဘယ်လောက်ကြီးပဲ သတင်းအချက်အလက်တွေ တောင်လိုပုံနေပါစေ အမှန်တရားအပေါ် ရှုမြင်တဲ့ အမေရိကန်တွေရဲ့ အမြင်တွေကို ဂျွမ်းထိုးမှောက်ခုံ လုပ်ပစ်လိုက်ခြင်းဖြင့် သူတို့ရဲ့ ဆင်ခြင် စဥ်းစား ဆုံးဖြတ်နိုင်စွမ်းကို ဖျက်ဆီးပစ်လိုက်တာပါ။ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကင်းသွားတဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ အမေရိကန်တွေ သူတို့ကိုယ် သူတို့ရော သူတို့ရဲ့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေတင်မက နိုင်ငံကိုပါ ကာကွယ်နိုင်စွမ်း ကင်းမဲ့သွားတော့တာပဲ ဖြစ်ပါတယ်။” အထက်ပါအတိုင်း ပြောကြားခဲ့သူကတော့ ကေဂျီဘီကနေ အနောက်ကမ္ဘာမှာ ခိုလှုံလာတဲ့ ယူရီဘက်ဇ်မီနော့ဗ်က ၁၉၈၀ အစောပိုင်း ဆိုဗီယက်ခေတ်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ယူရီဟာ ဆိုဗီယက်ပြည်ထောင်စုက အဆင့်မြင့်စစ်ဖက်အရာရှိကြီးရဲ့ သားဖြစ်တဲ့အတွက် ကွန်မြူနစ်စနစ်အောက်မှာ သူ့ငယ်ဘဝကို သာသာယာယာပဲ ဖြတ်သန်းခဲ့တာပါ။ ကေဂျီဘီထဲ ရောက်ပြီး ပထမဆုံး ခရီးစဥ်အနေနဲ့ အိန္ဒိယကို စေလွှတ်ခြင်း ခံခဲ့ရချိန်မှာလည်း အစိုးရစားရိတ်နဲ့Continue reading “မီးခိုးမထွက်တဲ့ စစ် (သို့) အယူဝါဒ/ အစဥ်အလာ/ စံ တွေကို ဖျက်ဆီးခြင်း”
Who run the world?
ဒီဇင်ဘာ ၂၀ ရက် ၂၀၂၂
မြောက်ကာရိုလိုင်းနား ဆူပရင်းမ်ကုတ်က မဲပေးရင် ID လိုတယ်ဆိုတာ လူမည်းတွေ မဲပေးခွင့်မရအောင် ကန့်သတ်ထားတာဖြစ်လို့ မဲပေးရင် ID လိုတယ်ဆိုတာကို ပယ်ချလိုက်ပါတယ်။ အဆိုပါပြည်နယ် ဆူပရင်းမ်ကုတ်မှာ ဒီမိုကရက်တရားသူကြီး ၄ဦးက ID မလိုစေချင်ပဲ ရီပါဘလစ်ကန်တရားသူကြီး ၃ဦးက ID လိုစေချင်တာကြောင့် အများစုမဲနဲ့ ID မလိုတဲ့ဘက်က နိုင်သွားတာဖြစ်ပါတယ်။ အများညီ ဤ ကို ကျွဲ လို့ဖတ်တဲ့ ခေတ်ရောက်နေပါပြီ။ တရား/မတရား၊ ခြေဥနဲ့ ညီ/မညီ၊ ထုံးတမ်းစဥ်လာတွေနဲ့ ကိုက်/မကိုက်၊ ယုတ္တိ ရှိ/မရှိ၊ ကောင်းကျိုးဆိုးကျိုး ဘာကိုမှ ထည့်မစဥ်းစားတော့ပဲ ပါတီအာဂျင်ဒါ အတိုင်း တွန်းနေတာဟာ အပျက်ကို ရှေ့ရှုတဲ့ အရွေ့ဖြစ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချသင့်ပါတယ်။ ဒီတိုင်း ရှေ့ဆက်သွားရင် တရုပ်ကွန်ကွန်လို နာနာဂျာဂျာ(ဂျာမဏီ)တို့လို တပါတီစနစ်Continue reading ” ဒီဇင်ဘာ ၂၀ ရက် ၂၀၂၂”
ယူကရိန်း-ရုရှားစစ်နဲ့ မီဒီယာလိမ်ညာမှုများ
Person of the year 2022 အတွက် တိုင်းမ်စ်မဂ္ဂဇင်းက ယူကရိန်းသမ္မတဇယ်လန်းစကီးကို ရွေးချယ်လိုက်ပါတယ်။ ဒီနှစ်ထဲမှာ ကမ္ဘာကြီးကို တကယ်ကိုင်လှုပ်ခဲ့တာက အီလွန်ဖြစ်လေတော့ ဇယ်လင်းစကီးကို ရွေးလိုက်တာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဘာတခုမှ မစွမ်းဆောင်နိုင်ခဲ့တဲ့အပြင် အကြမ်းဖက်တွေကို အားဆေးတိုက်ခဲ့တဲ့ အိုဘားမားကို ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက်သလိုပဲ ဂလိုဘယ်အာဏာရှင်အာဂျင်ဒါကို သွားနေတဲ့ မီဒီယာတွေရဲ့ သရုပ်ကို ထင်ရှားစေတာပါ။ ရုရှားကို ဒီမိုကရက်တွေနဲ့ မီဒီယာတွေက ရန်သူလို့ ပုံဖော်နေကြပါတယ်။ ဒီနေရာမှာ ရန်သူဆိုတာကို အဓိပ္ပါယ်ဖွင့်ရင် ကိုယ့်အကျိုးစီးပွားကို မလိုလားသူ ပျက်စီးအောင် အားထုတ်သူလို့ ပြောလို့ ရမှာပါ။ အဲဒါကို သဘောတူတယ်ဆိုရင် ရုရှားနဲ့ တရုပ် ဘယ်သူက ကိုယ့်အကျိုးစီးပွားပျက်စီးဖို့ တချိန်လုံး အားထုတ်နေသလဲဆိုတာ ကိုကြည့်လိုက်ရင် ဘယ်ဟာက တကယ့်ရန်သူဆိုတာ ရှင်းရှင်းလင်းလင်း မြင်လာမှာပါ။Continue reading “ယူကရိန်း-ရုရှားစစ်နဲ့ မီဒီယာလိမ်ညာမှုများ”
ဒီဇင်ဘာ ၁၄ ရက် ၂၀၂၂
FTX က ဆမ်ဘန့်ခ်မန်ဖရိဒ် (SBF) ဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးတွေနဲ့ အကောင်းစားဇိမ်ခံ အိမ်ကြီးတွေ ဝယ်တာရော တခြားကိုယ်ရေးသုံးတာတွေရော နိုင်ငံရေးသမားတွေကို လှူတာရော စသဖြင့် အလွဲသုံးထားခဲ့တယ်လို့ အစိုးရရဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။ FTX က ငွေကြေးတွေထဲက ၈ဘီလီယံက SBF တည်ထောင်ထားတဲ့ နောက် cryptocurrency exchange တခုဖြစ်တဲ့ Alameda Research ကို ရောက်သွားပြီး အဲဒီထဲက ၁ဘီလီယံနဲ့ ၂ဘီလီယံကြားလောက် ပမာဏရှိတဲ့ ငွေကြေးတွေ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အလာမီဒါကိုသွားတဲ့ထဲက သန်း၃၀၀က ဘဟားမားမှာ အိမ်ဝယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကိုယ်သူလည်း ၁.၃၃၈ဘီလီယံ ငွေချေးထားခဲ့ပါသေးတယ်။ သူပဲမြီရှင် သူပဲ မြီစား ဆိုပါတော့။ ငွေချေးတဲ့ စာရွက်စာတမ်းတွေတော့ သေချာမှတ်တမ်းတင်Continue reading “ဒီဇင်ဘာ ၁၄ ရက် ၂၀၂၂”
ဒီဇင်ဘာ ၁၂ ရက် ၂၀၂၂
တွဒ်တာဖိုင် တတိယတွဲမှာ ထရမ့်အကောင့်ကို ဘန်းတာနဲ့ပတ်သက်တဲ့ ဖိုင်တွေပါဝင်ပြီး မနေ့ကတော့ တချို့က မီရှဲလ်အိုဘမနဲ့ အပေါင်းပါများက ထရမ့်ကို ဘန်းဖို့ ဖိအားပေးလိုက်တာလို့ သတင်းတွေ တက်လာပါတယ်။ မီရှဲလ်ဟာ “မင်းတို့အောက်တန်းကျရင် ငါတို့က အထက်တန်းကျကျပြမယ်”ဆိုတဲ့ စကားနဲ့ အကြောင်းမသိသူတွေဆီက လက်ခုပ်သံခြူထားသူပါ။ ခုတော့ သူမလုပ်ရပ်က သူမစကားနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာ သက်သေခံနေသလိုပါပဲ။ မီရှဲမ တင်မကပါဘူး၊ ဟေလာရီရော လွှတ်တော်ဒီမိုကရက်တွေကပါ ရီပါဘလစ်ကန်တွေရဲ့ အသံတွေ ဘာလို့ထွက်ခွင့်ရနေသေးတာလဲလို့ ပြောခဲ့ကြတာပါ။ ကိုယ်မဟုတ်တာလုပ်မထားရင် သူများပြောမှာ ကြောက်နေစရာ လိုပါ့မလား။ တွဒ်တာဖိုင်က ထွက်လာတဲ့ မှတ်တမ်းတွေထဲမှာ ၂၀၂၀ရကပွဲနဲ့ ပတ်သက်ပြီး တဖက်ဖိ တဖက်ဖော့ပေးခြင်းဖြင့် ဝင်ရှုတ်ခဲ့တာတွေ တွေ့ရပါတယ်။ ထရမ့်ပြောသမျှ အပြစ်လိုက်ရှာပြီး ဆင်ဆာ/ပိတ်တဲ့ထဲမှာ စာတိုက်မဲတွေနဲ့စာရင် လူကိုယ်တိုင်ပေးတာက မှားဖို့အခွင့်ပိုနည်းတယ်၊ ဒါကြောင့် တတ်နိုင်သ၍Continue reading “ဒီဇင်ဘာ ၁၂ ရက် ၂၀၂၂”
ဒီဇင်ဘာ, ၁၀ ရက် ၂၀၂၂
တွဒ်တာဖိုင်တွေကနေ ကနေ့ထွက်ပေါ်လာတာကတော့ အရင်တွဒ်တာရဲ့ Trust & Safety ဒါရိုက်တာ Yoel Roth က အထက်တန်းကျောင်းသူ/သားတွေက သူတို့ဆရာ/မတွေနဲ့ နှစ်ဦးသဘောတူ လိင်ဆက်ဆံလို့မရနိုင်ဘူးလားလို့ တွိထားတဲ့မှတ်တမ်း ထွက်လာပါတယ်။ အဲဒါနဲ့အတူပဲ တွဒ်တာရဲ့ အရင်စီမံခန့်ခွဲသူတွေက ကလေးပွန်းပို့စ်တွေကို သူတို့ရဲ့ ဘယ်စည်းမျဥ်းကိုမှ ချိုးဖောက်နေတာမဟုတ် လို့ အကြောင်းပြပြီး ဖယ်ရှားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ကလေးပွန်းတွေဆိုတာက ကလေးတွေကို ကလေးယောင်ဆောင်ထားတဲ့ လိင်မုဆိုးတွေက ကလေးချင်းလို မြှူဆွယ်ဖျားယောင်းပြီး ချက်တင်ကင်မရာရှေ့မှာ ချွတ်ခိုင်း ဟိုဟာလုပ်ပြခိုင်း ဒီဟာလုပ်ပြခိုင်းလုပ်တာပါ။ တခါလုပ်ပြလိုက်ပြီးရင် အဲဒါနဲ့ မင်းမိဘတွေ သူငယ်ချင်းတွေဆီဖြန့်မယ်၊ မဖြန့်စေချင် ဘာလုပ် ညာလုပ်ဆိုပြီး အတင်းအကျပ်ခိုင်းစေတာပါ။ ခံရတဲ့ကလေးငယ်တချို့က တွဒ်တာကို ဆက်သွယ်ပြီး သူတို့ပုံတွေ ဖျက်ပေးဖို့ တောင်းဆိုတာကို တွဒ်တာက မဖျက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလိုတွေဖြစ်နေခဲ့တဲ့Continue reading “ဒီဇင်ဘာ, ၁၀ ရက် ၂၀၂၂”
ဒီဇင်ဘာ ၉ ရက် ၂၀၂၂
မနေ့က အီလွန်က အက်ဖ်ဘီအိုင်ထွက် ဂျိမ်းစ်ဘေကာကို တွဒ်တာကနေ ဖယ်ရှားလိုက်ပြီးနောက်မှာ မနေ့က တွဒ်တာဖိုင် ဒုတိယပိုင်းထွက်ခဲ့ပြီး ကနေ့တော့ တတိယပိုင်းဆက်ထွက်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ထွက်ခဲ့တာတွေက ကွန်ဆာဗေးတစ်အကောင့်တွေကို မသိမသာ ဘန်းတား ညစ်ထားပုံတွေကို ဖော်ထုတ်တာ ဖြစ်ပါတယ်။ တွဒ်တာ ဆင်ဆာလုပ်တဲ့ထဲမှာ တယောက်နဲ့တယောက် DM တိုက်ရိုက်မက်ဆေ့ချ်နဲ့ ပြောတာတွေကို စောင့်ကြည့်တာတွေပါ ပါနေပါတယ်။ ဖဘမှာလည်း အဲဒီလိုပါပဲ။ အာဏာရှင်ကတောင်းဆိုရင် အလွယ်တကူ လိုက်လျောကြတာပါ။ အဲဒါတွေ ထွက်ပေါ်လာပြီးနောက် အီလွန်က software update လုပ်လိုက်ပြီး ဗားရှင်းအသစ်မှာ ကိုယ့်အကောင့်ကို ဘယ်လို အကြောင်းနဲ့ ဘာလုပ်ထားတယ် ဆိုတာ ကြည့်လို့ရတဲ့ function ထည့်ထားမယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်တာဟာ ပွင့်လင်းမြင်သာမှု ရှိစေတဲ့အတွက် ကွန်ဆာဗေးတစ်တွေတင်မက သုံးစွဲသူ မည်သူကိုမဆို အကျိုးရှိစေမှာContinue reading “ဒီဇင်ဘာ ၉ ရက် ၂၀၂၂”
Iceland ခရီးသွားမှတ်တမ်း
အိုက်စ်လန်ဆိုတဲ့ နာမည်ကို ကြားလိုက်တယ်ဆိုရင်ပဲ ဟာ အရမ်းအေးမှာပေါ့၊ ရေခဲပြင်တွေပဲ ရှိမယ့်နေရာလို့ ထင်တတ်ကြပါတယ်။ အိုက်စ်လန်ကို ဆောင်းတွင်းမှာ သွားတယ်ဆိုရင်တော့ ပိုအံ့အားသင့်ကြမယ်ထင်ပါတယ်။ တကယ်က အဲဒီလို မြေပုံပေါ်မှာ အဲဒီလို ရေခဲပြင်တွေနဲ့ ဖုံးလွမ်းနေတာက Greenland ဖြစ်ပါတယ်။ နာမည်ပေးတဲ့သူတွေပဲ မှားပေးသလားတော့ မသိပါဘူး၊ လက်တွေ့မှာ အိုက်စ်လန်က ရေခဲတွေ ဖုံးနေတာမဟုတ်ပဲ စိမ်းလန်းစိုပြေနေပြီး အစိမ်းရောင်မြေ ဂရင်းလန်ကမှ ရေခဲတွေ ဖုံးလွမ်းနေတာပါ။ Iceland အေးတာကတော့ နယူးယောက်လောက်ပါပဲ။ လူဦးရေ ၃သိန်းခွဲလောက်ပဲရှိတဲ့ အိုက်စ်လန်ရဲ့ မြို့တော်က Reykjavik ဖြစ်ပြီး Keflavik နိုင်ငံတကာလေဆိပ်ကနေ ၁နာရီလောက် ကားစီးရပါတယ်။ ကားငှါးသွားရင် တကြောင်းကို $ 150 လောက် ပေးရမှာပါ။ ဘတ်စ်ကားစီးရင်တော့ အသွားအပြန်ကိုမှ $150 လောက်ကျမှာဖြစ်ပါတယ်။Continue reading “Iceland ခရီးသွားမှတ်တမ်း”