အစ္စရေးစစ်ပွဲ

အရှေ့အလယ်ပိုင်းမှာ လွတ်လပ်မှု တန်းတူညီမျှမှု အရှိဆုံး၊ လူ့အခွင့်အရေး အလေးစားဆုံးနိုင်ငံဟာ အစ္စရေးနိုင်ငံပဲ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံ ပိစိလေးကို ဘေးပတ်ပတ်လည်က ဝိုင်းထားတာတွေက လူ့အခွင့်အရေးဆိုတာကို ပုတ်လောက်ရေးပြရင်တောင် နားမလည်တဲ့ ရေနံသူဌေးတွေအပါအဝင် အာဏာရှင်နိုင်ငံတွေ ဖြစ်ကြသလို အမေရိကန်တို့ အစ္စရေးတို့လို လွတ်လပ်တဲ့ ကမ္ဘာကြီးကို အမှုန့်ကြိတ်ပစ်ချင်နေတဲ့ အကြမ်းဖက်အဖွဲ့များရဲ့ ခြေကုတ်နိုင်ငံတွေလည်း ဖြစ်နေပါတယ်။   အောက်တိုဘာ ၆ရက်နေ့ကစပြီး ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟာမာ့စ်အကြမ်းဖက် စစ်သွေးကြွတွေဟာ ကျည်း ရေ လေ အင်အားစုံသုံးပြီး  အစ္စရေးမြို့ကြီးတွေကို ရုတ်တရက် စတင်တိုက်ခိုက်လာရာမှာ ခုအချိန်အထိ အစ္စရေး ၂၀၀ကျော် သေဆုံးခဲ့ပြီး အစ္စရေးတပ်သား ၁၄၅၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပါလက်စ်တိုင်း ၂၃၂ဦးသေဆုံးပြီး ၁၆၀၀ကျော် ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။Continue reading “အစ္စရေးစစ်ပွဲ”

အဆီ (စားဆီ) ၇မျိုးနဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုများ (Dr. Robert Lustig)

လူတွေ စားသုံးနေတဲ့အဆီတွေက နေရာဒေသ ယဥ်ကျေးမှုအလိုက် အမျိုးပေါင်းစုံ ရှိကြပေမယ့် တကယ်တမ်း အမျိုးအစားခွဲလိုက်ရင်တော့ ၇မျိုးပဲ ရှိတာဖြစ်ပါတယ်။ အဆီ ၇မျိုးထဲက တချို့အဆီတွေက သင့်အသက်ကို ကယ်တင်နိုင်ပေမယ့် ကျန်တချို့ကတော့ သင့်အသက်ကို အနှေးနဲ့အမြန် နှုတ်ယူကြမှာ ဖြစ်ပါတယ်။ ၁။ အဲဒီထဲမှာ အရေးအကြီးဆုံးနဲ့ ကျန်းမာရေးအရ တန်ဖိုးအရှိဆုံးအဆီကတော့ အိုမယ်ဂါ၃ အဆီဖြစ်ပါတယ်။ အိုမယ်ဂါ ၃ အဆီဟာ နှလုံးကျန်းမာရေးအတွက် အကျိုးပြုသလို အာရုံကြောတည်ဆောက်မှုနဲ့ လုပ်ငန်းဆောင်တာများကို အကျိုးပြုတဲ့အတွက် ရောင်ရမ်းတာနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကနေ ဆန့်ကျင်ကာကွယ်ပေးပါတယ်။ ကိုယ်ထဲမှာ အိုမယ်ဂါ ၃ နည်းပါးနေရင် ရောဂါပေါင်းစုံဝင်ရောက်နိုင်တဲ့အပြင် နှလုံးရောဂါ စိတ်ကျရောဂါတွေပါ ဝင်လာနိုင်ပါတယ်။ ခက်တာက လူများစုနေ့စဥ်စားနေတဲ့ အဆီတွေမှာ အိုမယ်ဂါ ၃ အဆီပါဝင်မှုက တော်တော်နည်းနေတဲ့အတွက် လုံလောက်တဲ့ ပမာဏကိုContinue reading “အဆီ (စားဆီ) ၇မျိုးနဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုများ (Dr. Robert Lustig)”

စက်တင်ဘာ ၂၂ ၂၀၂၃

ဒီမိုကရက်တွေကတော့ ၂၀၂၄ အတွက် အသည်းအသန် ပြင်ဆင်နေပါပြီ။ အင်မတန်ချမ်းသာတဲ့ အီလိအများစုရော ကမ္ဘာ့ရွာလက်မဲကြီးတွေ အာဏာရှင်တွေ ခြစားတွေ မူးယစ်ဂိုဏ်း လူမှောင်ခိုဂိုဏ်း စတာတွေရဲ့ ကျောထောက်နောက်ခံမှုရထားတော့ ငွေမည်း/ဖြူ/နီ/ဝါတွေနဲ့ရော တဆင့်ခံတွေနဲ့ရော တရားတဲ့နည်းရော မတရားတဲ့နည်းရော မုသားတွေရောနဲ့ အင်တိုက်အားတိုက် တိုက်စစ်ဆင်နေပါတယ်။ ယူကျူမှာဆိုလည်း လာလိုက်တဲ့ကြော်ငြာတွေ ဘိုင်ကြီးလက်ထက်မှာ ဘယ်လိုတွေ တိုးတက်ကြောင်း၊ အဲဒါကို ရီပါဘလစ်ကန်တွေက မနာလိုလို့ အပုတ်ချနေကြကြောင်းတွေ ကျော်ပစ်လို့မရတဲ့ ကြော်ညာတွေ ဖောဖောသီသီ လာနေပါတယ်။ နီ/ပြာ ဘယ်သူနိုင်မယ် အတတ်ပြောမရတဲ့ ဆွင်းပြည်နယ်တချို့မှာ ညစ်တကာ့ဘုရင် အမွှေစိန်တင်တဲ့ ဒီအေတွေ နည်းမျိုးစုံနဲ့ ရကပနိုင်အောင်လုပ်ပြီး ရကပစည်းမျဥ်းတွေကို ပြင်ပစ်တာတွေကတော့ မဆန်းတော့ပါဘူး။ အခုလုပ်လာတာက တက္ကဆက်စ် အေဂျီပက်စ်တန်လို သူတို့လုပ်တာတွေ မဟုတ်ရင် မဟုတ်သလို ငြိမ်မခံပဲ လိုက်ဖိုက်တဲ့သူကျတော့ ထရမ့်ကိုContinue reading “စက်တင်ဘာ ၂၂ ၂၀၂၃”

စက်တင်ဘာ ၁၁ ရက် ၂၀၂၃

၉/၁၁ နှစ်ပတ်လည်နေ့မှာ ဘိုင်ဒန်ဟာ ၂၁ရာစုသမ္မတတွေရဲ့ အစဥ်အလာကို ဖောက်ဖျက်ပြီး ဗီယက်နမ်ကအပြန် အလက်စကားမှာ ရောက်ရှိနေခဲ့ပါတယ်။ တကယ်တော့ အခုလိုနေ့မျိုးဟာ ယုံကြည်ချက်မျိုးစုံရှိကြတဲ့ နိုင်ငံသူ/သားတွေကို နိုင်ငံတော်အရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ အချင်းချင်း စည်းစည်းလုံးလုံး ဖေးမကာကွယ်ကြဖို့ နိုင်ငံချစ်စိတ်ထက်သန်စေဖို့ လှုံ့ဆော်နိုင်မယ့် အကောင်းဆုံးနေ့ရက်မျိုးပါ။ ဒါပေမယ့် ဒီနေ့မှာ တက်လာတဲ့သတင်းနှစ်ပုဒ်က ၉/၁၁နဲ့ ပတ်သက်ပြီး နွေးထွေးစည်းရုံးပေးရမယ့်အစား လက်ချောင်းထောင်ပြလိုက်သလိုတောင် ဖြစ်သွားသေးတာပါ။ သတင်းတခုက အီရန်မှာ နှစ်နဲ့ချီ​ အဖမ်းခံနေရတဲ့ အမေရိကန်နိုင်ငံသား ဓါးစာခံ ၅ဦးကို ပြန်လွှတ်ပေးဖို့အတွက် အမေရိကန်ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၆ ဘီလီယံကို အီရန်အာဏာပိုင်တွေထံ လွှဲပြောင်းပေးဖို့ သဘောတူညီလိုက်တဲ့သတင်း ဖြစ်ပါတယ်။ သမ္မတထရမ့်လက်ထက်တုန်းကတော့ အကြမ်းဖက်အာဏာရှင်တွေကို လုံးဝ အလျော့မပေးခဲ့ပေမယ့် အမေရိကန်တွေကို လုံးဝ အထိမခံတဲ့ ၄၅ရဲ့ ခြိမ်းခြောက်မှုကြောင့်Continue reading “စက်တင်ဘာ ၁၁ ရက် ၂၀၂၃”

ကလိန်တန်ဘော်ဒီကောင့်

ကလိန်တန်တို့နဲ့ နီးစပ်သူတွေ သူတို့နားမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေ သူတို့ရဲ့ ကိုယ်ရံတော်တွေ အပါအဝင် လူ၄၆ယောက် အချိန်မတိုင်ခင် မပြန်လမ်းကို မြန်းသွားခဲ့တဲ့အကြောင်းကို သူတို့လင်မယားနဲ့ အလွန်ရင်းနှီးသူ ကေလာရီရဲ့ အနီးကပ်လက်ထောက် ဟူမာအာဘေဒင်ရဲ့ခင်ပွန်း နယူးယောက်အမတ်ဟောင်း အန်တိုနီဝီနာကို မေးမြန်းထားတာဖြစ်ပါတယ်။ စာရင်းနဲ့တကွ မြင်ရပါလိမ့်မယ်။ အနာပေါ်ဒုတ်ကျသလို ဖြစ်သွားတဲ့ ဝီနာရဲ့ ဂမူးရှူးထိုးတုန့်ပြန်ပုံက သံသယရှိစရာ ပိုကောင်းပါတယ်တဲ့။ အဲဒီဝီနာကလည်း ခေသူမဟုတ်ပါပဲ၊ ၂၀၁၁ နယူးယောက်အမတ်ဘဝတုန်းက အရွယ်မရောက်သေးတဲ့ မိန်းကလေးဆီကို သူ့အောက်ပါပစ္စည်း ဖုံးနဲ့​ဓါတ်ဖမ်းပြီး ပို့ပေးလိုက်လို့ ထောင် ၂၁လ ကျသွားဖူးသူပါ။ လင့်ခ်ကို ကွန်မန့်မှာပေးပါမယ်။

ဆန်ဒါပီချေးရဲ့ ဘဝမြှင့်တင်ရေးဆိုင်ရာ ပိုးဟပ်သီအိုရီ

တခါက စားသောက်ဆိုင်တခုမှာ ဘယ်ကထွက်လာမှန်းမသိတဲ့ ပိုးဟပ်တကောင်ဟာ ပျံသန်းလာပြီး အမျိုးသမီးတဦးပေါ် နားလိုက်ပါတယ်။ ကြောက်လန့်သွားတဲ့ အမျိုးသမီးလည်း ငယ်သံပါအောင် အော်ဟစ်ရင်း သူမကိုယ်ပေါ်က ပိုးဟပ် ထွက်သွားအောင် ခုန်ဆွ ခုန်ဆွ လုပ်နေခဲ့ပါတယ်။ သူမရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ ရုပ်သွင်၊ အသံနဲ့ အပြုအမူက ပတ်ဝန်းကျင်ကသူတွေကိုပါ ကူးစက်ပြီး သူမနဲ့အတူ စားသောက်နေတဲ့ တအုပ်စုလုံး ကသောင်းကနင်းတွေ ဖြစ်လာပါတယ်။ နောက်ဆုံးတော့ ပိုးဟပ်ကလည်း သူမပေါ်ကနေ ပျံထွက်သွားပြီး သူမတို့အုပ်စုထဲက နောက်အမျိုးသမီးတဦးထံ သွားနားပြန်ပါတယ်။ နောက်အမျိုးသမီးကလည်း အရင်တဦးလိုပဲ အလွန်အမင်း ထိတ်လန့်စွာ တုန့်ပြန်ခဲ့ပါတယ်။ ဒီအခါမှာတော့ လာကူညီတဲ့ စားပွဲထိုးက သူမအနား ရောက်လာခဲ့ပြီး ကံအားလျော်စွာပဲ အနှီပိုးဟပ်ကလည်း စားပွဲထိုးပေါ် ရောက်သွားခဲ့ပါတယ်။ စားပွဲထိုးက သူ့အင်္ကျီပေါ်က ပိုးဟပ်ဘာဆက်လုပ်မလဲဆိုတာကို ငြိမ်ငြိမ်သက်သက် ခဏစောင့်ကြည့်ပြီးမှContinue reading “ဆန်ဒါပီချေးရဲ့ ဘဝမြှင့်တင်ရေးဆိုင်ရာ ပိုးဟပ်သီအိုရီ”

စက်တင်ဘာ ၂ရက် ၂၀၂၃

ဘဒန်ဒုသမ္မတလုပ်တုန်းက ရော်ဘင်ဝဲ အစရှိတဲ့ အမည်လွှဲဂျီမေးအကောင့်တွေကနေ အီးမေးလ်ပေါင်း ၅ထောင်၂ရာကျော်၊ အီးဖိုင်အကြီးစား ၂၅ခုနဲ့ စာမျက်နှာပေါင်း ၂၀၀ကျော် ပို့ထားတယ်လို့ နေရှင်နယ်အာခိုက်ဖ်ကနေ သိရကြောင်း တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က တင်ပြထားပါတယ်။ လွယ်လွယ်နဲ့ ရလာတာတော့ မဟုတ်ပါဘူး။ တရားတဘောင်စွဲပြီး ဖိုက်ထားရတာပါ။ အဲဒီအီးမေးတွေထဲ ဘာတွေပါတယ်ဆိုတာကိုတော့ စီစစ်နေဆဲလို့ ဆိုပါတယ်။ သမတဟောင်း အဘမရဲ့ ထမင်းချက် ရေနစ်သေဆုံးတာနဲ့ ပတ်သက်ပြီးတော့လည်း တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က အဲဒီအမှုမှာ စီးကရက်ဆားဗစ်တွေ ခြေခြင်းလိမ်နေတာကို မသင်္ကာဖြစ်နေပါတယ်။ မျက်မြင်သက်သေတွေ ရှိပေမယ့် စီးကရက်ဆားဗစ်က ကိုင်ထားတော့ မျက်မြင်သက်သေ ဘယ်သူဆိုတာလည်း မသိရတဲ့အတွက် ဆက်သွယ်မေးမြန်းဖို့ ခက်နေတာပါ။ ကေလာရီတို့အဖွဲ့ဆိုတော့လည်း ဒီလိုကိစ္စတွေက သိပ်မဆန်းတော့ပါဘူး။ ကျန်ရစ်သူမိသားစုအတွက်ပဲ စိတ်မကောင်းဖြစ်မိတာပါ။ ကယ်လီဖိုးနီးယားမှာ ၂၀၃၀နောက်ပိုင်း ထုတ်လုပ်မယ့် လျှပ်စစ်ကားတွေကို ကားမောင်းဖို့ စွမ်းအင်ထုတ်လုပ်တာအပြင် ပင်မလျှပ်စစ်ဓါတ်အားပေးလိုင်းနဲ့Continue reading “စက်တင်ဘာ ၂ရက် ၂၀၂၃”

BS Community Standard from FB

“သင်၏ပို့စ်သည် ကွန်မြူနတီစတန်းဒတ်နှင့် ငြိနေလို့ အပြစ်ရှိတဲ့အတွက် သင့်အကောင့် ကန့်သတ်ခံရပါမည်။ ကျူးလွန်ထားသော သင့်ပို့စ်ကိုတော့ ဖော်ပြခြင်း မပြုနိုင်ပါ။” ဆိုတော့ ပို့စ်မတင်တာလည်း ကြာပြီ၊ ရှယ်တာတောင် မရှိသလောက်ဖြစ်နေမှ ဘယ်ပို့စ်ကို ဘာတွေလာစူးရောက်နေတာလဲ ဖွဘုတ်ရေ။ ရကပကလည်း တနှစ်ကျော်လိုပါသေးတယ်၊ ခုထဲက စညစ်နေပြီလား။ ကျန်းမာရေးကြောင့်နဲ့ မိသားစုကြောင့် ရေးဖို့လုံလောက်တဲ့အချိန် မပေးနိုင်လို့ မတင်ဖြစ်တာ ခုတော့ သူတို့တပ်လှန့်လိုက်မှ ပြန်တင်ရတော့မလို ဖြစ်နေပြီ။ ဒီမှာမတင်ရရင် ဘလော့မှာသာ လာကြည့်ကြတော့။

အဖမ်းမတစ်အက်ရှင်သရုပ်မှန်

ပြီးခဲ့တဲ့လက ဆူပရင်းမ်ကုတ်က ကောလိပ်ဝင်ခွင့်တွေမှာ လူမျိုး/အသားအရောင်ပေါ် အခြေခံတဲ့ ရွေးချယ်မှုမျိုး ပြုလုပ်အဖမ်းမတစ်အက်ရှင်ကို နိဂုံးချုပ်စေခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ ကောလိပ်တွေ တက္ကသိုလ်တွေဟာ သူတို့လိုချင်တဲ့ပုံစံနဲ့ ဇကာချမြဲချမှာဖြစ်လို့ သိပ်အကြောင်းမထူးပါဘူးလို့ ဆိုသူတွေရှိသလို အာရှသားတွေ အဓိကခံနေရတဲ့ ခွဲခြားမှုမျိုး မခံရတော့ဘူးလို့ မျှော်လင့်ဝမ်းသာနေသူတွေလဲရှိ၊ အခွင့်အရေးတွေ ဆုံးရှုံးပါပြီဆိုပြီး ဒေါသအမျက် အချောင်းလိုက်ထွက်သူတွေလည်း မနည်းကြပါဘူး။ ဘယ်လိုဥပဒေကြီးထားထား ကောလိပ်တွေ လုပ်ငန်းတွေဟာ သူတို့သဘောကျသူတွေကို ရအောင်ခေါ်ကြမှာကတော့ အမှန်တရားပါပဲ။ ဒါပေမယ့် သိပ်မထူးပါဘူးဆိုပြီး မညီမျှတဲ့ ဥပဒေကို အဆုံးမသတ်လို့လည်း မဖြစ်ပြန်ပါဘူး။ မညီမျှတဲ့ဥပဒေတွေ ရှိနေသ၍ ရည်ရွယ်ချက်အတိုင်း အမှန်တကယ် အကျိုးဖြစ်သူထက် အမြတ်ထုတ်သူတွေ အဂတိတရားတွေက ပိုများလာမယ့်အပြင် တရားဝင်ခွဲခြားပိုင်ခွင့်ပေးလိုက်သလို ဖြစ်သွားမှာရော ရည်ရှည်မှာ စိတ်ဓါတ်ရေးရာ ထိခိုက်ကုန်မှာရောကိုပါ ထည့်တွက်ရပါမယ်။ အဲဒီလို ဥပဒေတွေဟာ ဘုရားတည် စုတ်ထိုးတာလိုမျိုးContinue reading “အဖမ်းမတစ်အက်ရှင်သရုပ်မှန်”

78th Birthday Wishes

ပြီးခဲ့တဲ့နှစ်တွေက ဆုမွန်များနဲ့ ၂၀၁၉တုန်းက နေအိမ်မှာ လာကန်တော့သူတွေကို ပြည့်မိခင်ခြွေခဲ့တဲ့ အမှာစကား ကောက်နှုတ်ချက်လေးပါ။ တန်ဖိုးရှိလှတဲ့ အဆုံးအမလေးကို အားလုံး လိုက်နာနိုင်ကြပါစေ။ “တိုင်းပြည်ကျန်းမာဖို့ ပြည်သူတဦးချင်းက မှန်ကန်တဲ့ ကျန်းမာရေးဗဟုသုတရှိဖို့လိုတယ်၊ စိတ်အေးအေးချမ်းထားဖို့လည်း လိုတယ်၊ စိတ်အေးချမ်းဖို့ လောဘ၊ ဒေါသ၊ မောဟ နည်းပါးဖို့ လိုတယ်။ ပတ်ဝန်းကျင်ကိုလည်း စိတ်ချမ်းသာအောင် ထားဖို့လိုပါတယ်။ ဒုက္ခတွေ့နေသူတွေကို ကူညီဖေးမခြင်းဖြင့် ကိုယ့်စိတ်ချမ်းသာမှုလည်း ရလာပါလိမ့်မယ်။ ကိုယ့်တာဝန်ကိုယ် ကျေပြွန်တဲ့အခါမှာလည်း လိပ်ပြာသန့်မယ်၊ လိပ်ပြာသန့်တော့ စိတ်အေးချမ်းပြီး အိပ်ပျော်ပါတယ်။ လူတွေကြားထဲမှာ ကိုယ့်ကို သူများဘယ်လိုမြင်တယ်ဆိုတာကိုလည်း ဂရုသိပ်စိုက်စရာ မလိုသလို ဂရုမစိုက်ဘူးရယ်လို့လည်း လုပ်လို့ မရပါဘူး။ ခြောက်တိုင်းလည်း မကြောက်နဲ့၊ မကြောက်ပဲလည်း မနေနဲ့၊ မြှောက်တိုင်းလည်း မမြောက်နဲ့၊ မမြောက်ပဲလည်း မနေနဲ့ ဆိုတဲ့ အဆုံးအမအတိုင်းContinue reading “78th Birthday Wishes”