မနေ့ကတွဒ်တာမှာလုပ်တဲ့ ထရမ့်အကောင့် ပြန်ဖွင့်ပေးဖို့ ထောက်ခံ/မထောက်ခံဆိုတဲ့ poll မှာ ၁၅သန်းမဲပေးခဲ့ကြပြီး ပြန်လာဖို့ ထောက်ခံတဲ့ဖက်က အစပိုင်းမှာ ၈၀ရာနှုန်းလောက် ရှိခဲ့တာကနေ နောက်ဆုံးမှာ ၅၂ရာနှုန်းပျော့ပျော့ပဲ ကျန်တော့တာပါ။ အဲဒါကို ထောက်ပြကြတော့ အီလွန်က ဘော့နဲ့ ထရိုးလ်အာမီတွေ ပါနေတာ မနည်းဘူးပဲလို့ တခါ၊ သူတို့တွေ လက်ပန်းကျသွားသလောက်ပြီလို့ တခါ ပြန်ပြောပြီး နောက်တခါ poll လုပ်ရင် ဘာတွေသတိထားရမယ်၊ ကြိုရှင်းထားရမယ်ဆိုတာ သိသွားပြီလို့ အီလွန်က ဆိုပါတယ်။ ထရမ့်အကောင့်က အပိတ်မခံရခင်က ဖော်လိုဝါ ၈၈သန်းကျော် ရှိနေခဲ့တာကနေ ပြန်ဖွင့်တဲ့အချိန်မှာ ၁သန်းပဲရှိပါတော့တယ်။ ဘယ်သူမှလည်း မရှိတော့တဲ့အကောင့်ကို unfollow လုပ်ကြမယ် မထင်ပါဘူး။ ပြန်ဖွင့်ပေးပြီး နာရီပိုင်းအတွင်း ဖော်လိုဝါတွေ ပြန်တက်လာတာ တသန်းတသန်း ခဏလေးပါပဲ၊ အခုစာရေးချိန်အထိဆို ၈၇.၃သန်းထိContinue reading “နိုဝင်ဘာ ၂၀ ရက် ၂၀၂၂”
Category Archives: Uncategorized
နိုဝင်ဘာ ၁၈ရက် ၂၀၂၂
မစ်တမ်းလည်းပြီးရော အက်ဖ်ဘီအိုင်က ထရမ့်ရဲ့ မာရာလေဂိုအိမ်ကို ဝင်စီးတာမှာ သူတို့ စွပ်စွဲထားသလို ဘာမှမတွေ့ခဲ့ရတာကြောင့် နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ တိုက်ခိုက်တာကို ဝန်ခံလိုက်သလို ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း ဘိုင်ဒင့်(မ)တရားရေးဌာနက စပယ်ရှယ်ကောင်ဆယ်ခန့်ပြီး ထပ်စစ်ပါဦးမယ်တဲ့။ ၂၀၁၆ကနေ ကနေ့အထိ ထရမ့်အပေါ် စွပ်စွဲခဲ့ကြတာတွေကို ပြန်ကြည့်ရင် ကလိန်တန်မ မွှေခဲ့တဲ့ ရုရှားပရုဘ်ရော၊ ဟန်းတားကိစ္စဖော်ထုတ်ဖို့ ယူကရိန်းသမ္မတဆီ ဖုံးတခါ ခေါ်ဖူးတာနဲ့ အင်မ်ပိချ်လုပ်ခံရတာရော၊ ဂျန်၆ကိစ္စမှာလည်း လွတ်ခဲ့သမျှရွှေသမင်တွေက ပလုံစီတာကချည့် ဖြစ်နေပေမယ့်လည်း နောက်တခါ အင်မ်ပိချ် ထပ်အလုပ်ခံရတာရောမှာ ဘာသက်သေမှ မပြနိုင်လို့ အမှုတွေပိတ်ခဲ့ရပြီးပါပြီ။ နယူးယောက်ဒီအေကလည်း တက်လာထဲက ထရမ့်ကိုနွှာဖို့ ကြုံးဝါးပြီး တက်လာတာပါ။ ပြည်သူအတွက် လုံခြုံရေးတို့ တရားဥပဒေစိုးမိုးရေးတို့က ပြောင်းပြန်ရေမှ ထိပ်ဆုံးကို ရောက်မှာပါ။ ပြောခဲ့တဲ့ ကိစ္စတွေအားလုံးမှာ ပါနေတဲ့ အမှုတွဲတွေမှာContinue reading “နိုဝင်ဘာ ၁၈ရက် ၂၀၂၂”
ယူကရိန်းစစ်နဲ့ FTX
အရင်အပတ်က ခရစ်ပ်တိုငွေကြေးအရောင်းအဝယ်လုပ်တဲ့ ၃၂ဘီလီယံတန်ဖိုးရှိခဲ့တဲ့ FTX ပြိုကွဲသွားပြီး ဒေဝါလီခံဖို့ လျောက်ထားလိုက်ရပါတယ်။ အဲဒီexchange ရဲ့ဖောင်ဒါဖြစ်တဲ့ ဆမ်ဘန့်ခ်မန်ဖရိဒ်ကလည်း အခွန်ရှောင်ဖို့ရော အမေရိကန်ဥပဒေတွေရဲ့ သက်ရောက်မှုကနေ ကင်းနိုင်ဖို့ရော FTX ကို ဘဟားမားစ်မှာ မှတ်ပုံတင်ပြီး အဲဒီမှာပဲ နေတာများပါတယ်။ ဆမ်ဘန့်ခ်မန်ဖရိဒ်က အမွှေစိန်ပြီးရင် ဒီမိုကရက်ပါတီရဲ့ အကြီးဆုံး ငွေအင်အားထောက်ပံ့ပေးသူဖြစ်ပြီး သူ့ရဲ့ ပြိုင်ဖက်ခရစ်ပိုငွေကြေးကုမ္ပဏီတွေနဲ့ယှဥ်ရင် သူအသာရဖို့အတွက် နိုင်ငံရေးသမားတွေကို ငွေနဲ့ဝယ်ထားတာ များပါတယ်။ မပြိုကွဲခင်နောက်ဆုံးဖြစ်ခဲ့တာက သူ့ပြိုင်ဖက် ဘိုင်နန့်စ်က စီအီးအို ချန်းပန်ဇောင်ကို ဝေဖန်ခဲ့လို့ ပြဿနာတက်ခဲ့ကြပါတယ်။ ဘိုင်နန့်စ်က အက်ဖ်တီအိတ်စ်မှာ ၂၀၁၉အထိ ရင်းနှီးမြှုပ်နှံနေသေးတာပါ။ နောက်တော့ ဆမ်က ခရစ်ပ်တိုငွေကြေးကဏ္ဍကြီးတခုလုံးကို ဥပဒေနဲ့ ချည်ဖို့ တွန်းလာချိန်မှာ ဘိုင်နန့်စ်က ဆန့်ကျင်ခဲ့တာပါ။ ဝါရှင်တန်က ကီးတွေကို အိတ်ထဲထည့်ထားတဲ့ ဆမ်က သီးသန့်အစည်းအဝေးတွေမှာContinue reading “ယူကရိန်းစစ်နဲ့ FTX”
နိုဝင်ဘာ ၁၅ရက် ၂၀၂၂
သမ္မတဟောင်းထရမ့်က ၂၀၂၄ ရကပွဲမှာ ဝင်ပြိုင်မယ်လို့ ဒီကနေ့ ကြေငြာလိုက်ပါတယ်။ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ ပေါ်လစီတွေကိုပဲ ပြန်ချမှတ်သွားမှာဖြစ်လို့ သူပြန်တက်လာရင် ကမ္ဘာကြီးမှာ အမေရိကမှာ ပြည်တွင်းလောင်စာဖူလုံပြီး စီးပွားရေးပါ ပြန်ကောင်းလာမှာဖြစ်ပြီး ကမ္ဘာမှာပါ လောင်စာဈေး ကျဆင်းသွားမှာဖြစ်ပါတယ်။ နွံအိုင်ကြီးကို ရှင်းထုတ်မယ့် ကိစ္စကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ အာဏာရှင်များကို သမားရိုးကျနိုင်ငံရေးသမားတွေလို စာထုတ်နေမှာမဟုတ်ပဲ လက်တွေ့ ခပ်ကြမ်းကြမ်း ကိုင်တွယ်မှာဖြစ်လို့ ကမ္ဘာ့လူမိုက်ကြီးများလည်း ဂျိုကြွနိုင်ဖို့ ခက်လာမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့အာဏာရှင်များ အာဏာရှင်ဘဝကို လှမ်းချင်နေသူ ဒီမိုခွက်များ ကမ္ဘာ့ရွာသမားများရဲ့ တိုက်ခိုက်မှုကို အကြီးအကျယ် ခံရဦးမှာပါ။ အခုလိုကြေငြာတဲ့ ဗီဒီယိုကို ယူကျုက ညစ်ထားတဲ့အတွက် မြန်နှုန်းမြင့် ကေဘယ်အင်တာနက်မှာတောင် နာရီနဲ့ချီပြီး အဝိုင်းလည်နေတာ အရုပ်ရော အသံပါ ထွက်မလာသလောက်ပါပဲ။ ရီပါဘလစ်ကန်ဟုတ်သူရော မဟုတ်သူရောကContinue reading “နိုဝင်ဘာ ၁၅ရက် ၂၀၂၂”
မစ်တမ်းသုံးသပ်ချက် (၃/၃)
ဒီနှစ်မစ်တမ်းမှာ အဓိက ဂိမ်းချိန်ဂျာက ၂၀၂၀လိုပဲ ကြိုတင်မဲတွေဖြစ်ပြီး အဲဒါတွေကို တရားတယ်လို့မြင်လာအောင် တိုက်ထားတာက အမုန်းမှိုင်း၊ အကြောက်မှိုင်းတွေဖြစ်ပါတယ်။ အမုန်းအားကြီးတော့ သူတို့မုန်းတဲ့သူတွေကို ဘယ်လိုနည်းနဲ့ပဲ နိုင်ရနိုင်ရ တရားတယ်လို့ကို ဖွင့်ပြောနေကြတာပါ။ အဲဒီမှိုင်းကိုတော့ ဒီမိုကရက်ခေါင်းဆောင်တွေ မီဒီယာတွေနဲ့ တက်ခ်ကုမ္ပဏီကြီးတွေ အသံတူမှိုင်းတိုက်ကြပါတယ်။ ဂူဂယ်လ်ကို ဒေါက်တာအက်ပ်စတိန်းတို့အဖွဲ့က ၂၀၂၃နှောင်းပိုင်းလောက်မှ ထိထိရောက်ရောက် ကာနိုင်မှာဆိုတော့ အဲဒီမတိုင်ခင် ခုထဲက အမုန်းမှိုင်းတွေ တကျော့ပြန် စတိုက်နေပါပြီ။ ဟူစိန်အိုရဲ့ အီလီနွိုင်းက စာကြည့်တိုက်ဆောက်တာကို အမုန်းအခြေခံတဲ့ တိုက်ခိုက်မှုကြောင့် ရပ်နားထားလိုက်ရတယ်လို့ အစထုတ်လာပါပြီ။ အသေးစိတ်ကိုတော့ ခုမှ ချက်ပြုတ်နေတုန်း ထင်ပါတယ်။ ပေါလ်ပလုံစီမှိုင်းလိုပဲ သာဓကအားလုံးက ကွန်ဆာဗေးတစ်လုပ်တယ်မပြပဲ သူတို့လူတွေလုပ်တာ ထင်ရှားနေပေမယ့် ဦးနှောက်ဖန်လုံအိမ်ရပ်ဝန်းမှာတော့ အဲဒါဟာ ကွန်ဆားဗေးတစ်တွေကြောင့်ပဲလို့ မြင်နေနိုင်ပါသေးတယ်။ ရီပါဘလစ်ကန်တွေချင်း သွေးကွဲအောင် မှိုင်းတိုက်တာတွေလည်းContinue reading “မစ်တမ်းသုံးသပ်ချက် (၃/၃)”
မစ်တမ်းသုံးသပ်ချက် (အပိုင်း ၂)
မစ်တမ်းအတွက် ဂူဂယ်လ်ဘယ်လိုကစားသွားတယ်ဆိုတာကို ဟားဗတ်က ဒေါက်တာဘွဲ့ရထားပြီး စိတ်ပညာတူဒေးရဲ့ အယ်ဒီတာချုပ်လဲဖြစ် စာအုပ်ပေါင်း ၁၅အုပ်ရေးသား ထုတ်ဝေခဲ့သူလည်းဖြစ် အမေရိကန်အင်စတီကျူအော့ဖ် ဘဟေးဗီးယားရယ်ရီဆာ့ချ်အန်တက်ခ်နော်လော်ဂျီက ဝါရင့်စိတ်ပညာ သုတေသီ ရောဘတ်အပ်စတိန်းက အထောက်အထားရှိတယ်လို့ ဆိုပါတယ်။ ဒေါက်တာအက်ပ်စတိန်းနဲ့ မဲဆန္ဒရှင် ထောင်ချီပါဝင်တဲ့ သူ့အဖွဲ့ဟာ ကွန်ပြူတာ ၂၅၀၀ကျော်နဲ့ ဂူဂယ်လ်နဲ့ တွဒ်တာတို့ ရှေ့တန်းတင်တွန်းနေတဲ့ နိုင်ငံရေးအကြောင်းအရာတွေကို စောင့်ကြည့်လေ့လာနေခဲ့တာမှာ ပေါ်ပင်အတွေ့အကြုံများဆိုပြီး သုံးစွဲသူတွေရဲ့ feed မှာ မတောင်းပဲ တွန်းထည့်ပေးမှု ၁.၉သန်းတွေ့ရှိရတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲလုပ်တဲ့နေ့အထိဆိုရင် ၂.၅သန်းလောက် တွန်းထည့်ပေးသွားမယ်လို့ အက်ပ်စတိန်းက ခန့်မှန်းထားတာပါ။ သူတို့ဂျင်းထည့်နေတဲ့ ပေါ်ပင်အတွေ့အကြုံဆိုတာတွေက ပေါ်ပင်ဆိုတာနဲ့အညီ ခဏနေပျောက်သွားပြီး ပြန်ရှာတွေ့ဖို့မလွယ်ပေမယ့် အကြောင်းအရာတခုအပေါ် သူတို့မြင်စေချင်တဲ့ အမြင်တခုကိုတော့ ရိုက်သွင်းပေးလိုက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို တွန်းထည့်ပေးခြင်းဖြင့် ဘယ်ပါတီကို မဲပေးမယ်လို့ မသေချာသေးသူတွေဟာContinue reading “မစ်တမ်းသုံးသပ်ချက် (အပိုင်း ၂)”
မစ်တမ်းသုံးသပ်ချက် (အပိုင်း ၁)
အမေရိကန်ရဲ့ အောက်လွှတ်တော် သက်တမ်းဟာ ၂နှစ်ဖြစ်တဲ့အတွက် အောက်လွှတ်တော်အမတ် အားလုံးဟာ မစ်တမ်းရော အထွေထွေရကပွဲမှာရော ဝင်ပြိုင်ကြရပါတယ်။ အထက်လွှတ်တော် သက်တမ်းကတော့ ၆နှစ်ဖြစ်ပြီး ၃ပုံ၁ပုံက ၂နှစ်တခါ အလှည့်ကျ ရွေးကောက်ပွဲ ပြန်ဝင်ရပါတယ်။ အမေရိကန်သမိုင်းမှာ သမ္မတရဲ့ ပါတီက အထွေထွေရွေးကောက်ပွဲမှာ အသာရလေ့ရှိပြီး မစ်တမ်းဆိုရင်တော့ အတိုက်အခံဖက်က အသာရတာ ထုံးစံလိုဖြစ်ပါတယ်။ အဲဒီလို ယိမ်းခြင်းအားဖြင့် အုပ်ချုပ်ရေးနဲ့ ဥပဒေ အာဏာ ချိန်ခွင်လျှာ ညီမျှစေတာကြောင့် အမေရိကန်ပြည်သူအများက အဲဒီလို အာဏာ ယိမ်းတာကို ဖြစ်သင့်တဲ့ ထုံးစံတခုအဖြစ် လက်ခံထားခဲ့ကြပါတယ်။ အာဏာချိန်ခွင် မျှနေခဲ့သေးတာက ၂၀၁၈အထိပဲလို့ ဆိုနိုင်ပါတယ်။ မစ်တမ်းတွေမှာ အာဏာချိန်သီး ယိမ်းလေ့ရှိတဲ့ဓလေ့ဟာ သမ္မတပေါ်လစီတွေကို လူမကြိုက်တဲ့အခါတွေမှာ ပိုပြင်းထန်လေ့ ရှိပါတယ်။ ကလင်တန်လက်ထက် ၁၉၉၄မစ်တမ်းမှာ ဒီမိုကရက်တွေ အောက်လွှတ်တော်မှာContinue reading “မစ်တမ်းသုံးသပ်ချက် (အပိုင်း ၁)”
တွဒ်ချုပ်ကြီးအပေါ် ဘိုင်ကြီးရဲ့ အငြိုး
သဘာဝပတ်ဝန်းကျင်တို့ ရီနျူးရေးဘဲလ်အင်နာဂျီတို့ကို အတွင်ဟစ်နေတဲ့ ဘိုင်ကြီးအစိုးရက ဝါရှင်တန်ပုံစံခွက်ထဲ သွပ်သွင်းသင်းသပ်ခံရတာရဲ့ ရလာဒ်အဖြစ် အမေရိကန်တွေနဲ့ ဝေးသထက် ဝေးလာနေတဲ့ အာကာသတခွင် ပိုင်စိုးမှုမှာ နောက်ကောက်ကျနေခဲ့တာကို ပြောင်းပြန်လှန်ဖို့အတွက် ပြန်သုံးလို့ရတဲ့ အာကာသယာဥ်ကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့သူ အီလွန်မတ်စ်ကို သူတို့တွန်းနေတဲ့ လက်ဝဲလမ်းစဥ်ရဲ့ အပြစ်တွေကို ထောက်ပြတတ်တဲ့အတွက် လျှပ်စစ်ကားလုပ်ငန်းရှင်များနဲ့ အစည်းအဝေးတွေမှာ ဖယ်ကျဥ်ထားခဲ့သလို တက်စ်လာကိုလည်း ဆီလိုအပေါက်ရှာပြီး အခွင့်သာတိုင်း နည်းမျိုးစုံနဲ့ အရေးယူဒဏ်ရိုက်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာကင်ပေတိုင်ဖြစ်လာနေတဲ့ တွဒ်တာကို အီလွန်ဝယ်ဖို့လုပ်တော့လည်း ဘိုင်ဒန်တို့နဲ့ ပေါင်းစားနေတဲ့ အမွှေစိန်အပါအဝင် အီလိတွေက ကြော်ငြာမရအောင် ဝိုင်းကြပ်ကြပြန်ပါတယ်။ အခုတခါ မစ်တမ်းပြီးတာနဲ့ ဘိုင်ကြီးစလုပ်တာက အီလွန်ကို တခြားနိုင်ငံတွေနဲ့ ပတ်သက်နေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖက်ဒရယ်အင်ဗက်စတီဂေးရှင်းလုပ်ဖို့ အချက်ပြလိုက်ပါတယ်။ အီလွန်က တွဒ်တာကို ဝယ်ခဲ့တာ (ဖွဘုတ်လို ဟိုပိတ်Continue reading “တွဒ်ချုပ်ကြီးအပေါ် ဘိုင်ကြီးရဲ့ အငြိုး”
ရွေးကောက်ပွဲနေ့အတွေး
ရွေးကောက်ပွဲနေ့အတွေး မဲက ရေနေကြတုန်းဆိုပေမယ့် အနိုင်ရနိုင်ခြေရှိသူတွေကို တင်ထားပါပြီ။ စိတ်ဝင်စားသူတွေအတွက် လင့်ခ်ကို ကွန်မန့်မှာ ပေးထားပါတယ်။ လေဖြတ်ပြီး ဦးနှောက်မကောင်းတော့လို့ စာတမ်းထိုးတာကိုပဲ ဖတ်ပြနိုင်ပြီး စကားစမည်တောင် ကိုယ့်ဖာသာကိုယ်မပြောနိုင်တဲ့သူက တိုင်းပြည်ကိုချစ်တဲ့ လူတော်လူထက် ဆယ်လီ ဒေါက်တာမာမက်အော့ဇ်ထက် မဲသာနေတာရယ် ဘာဒီဘိတ်မှမလုပ်နိုင်ပဲ ရှောင်ပြေးနေပေမယ့် မဲကိစ္စတွေ ကိုင်ထားရတဲ့ လက်ရှိပြည်နယ်ဝန်ကြီး ကေတီဟော့ဘ်စ်က ရကပွဲမတိုင်ခင်မှာ ရီပါဘလစ်ကန်အတွက် မဲစာရင်းတွေညစ်ထား၊ ဒီနေ့လဲ မဲရေစက်တွေ ပုံမှန်မလုပ်အောင် လုပ်ထားပြီး ချက်ကျလက်ကျပြောနိုင်၊ မူလည်းခိုင်တဲ့ ကာရီလိတ်ခ်ရှေ့က ပြေးနေတာရယ်၊ နယူးယောက်မှာ ခရိုင်းမ်းတွေက ပြဿနာပါဆိုတာကို နောက်ဆုံးအချိန်အထိ ဝန်မခံတဲ့ ခိုးဆိုးလုယက်တွေအပေါ် အကြင်နာပိုသူ ကေသီဟိုကူလ်က နိုင်သွားတာကိုကြည့်ရင် ဝုတ်ဝုတ်တွေကို အမြှီးဖြတ်ပြီး အပြာဝတ်ပေးလိုက်ရင်တောင် နိုင်မယ့်ပုံ ဖြစ်နေတာပါ။ အိမ်ဖြူကနှစ်ယောက်လဲ ကြည့်ပေါ့။ တခုရှိတာက မြို့ကြီးတွေကContinue reading “ရွေးကောက်ပွဲနေ့အတွေး”
မဲပေးတဲ့နေ့
ကယ်လီဖိုးနီးယားကတော့ ညစ်နည်းအသစ်တွေ စနေပါပြီ။ အရင်က စက်တွေနဲ့မဲပေးခဲ့ရပေမယ့် ခုတခါမှာတော့ ဘာစက်မှမထားတော့ပဲ မဲစာရွက်တွေနဲ့ ဘောပင်တချောင်းပေးလို့ ဖြည့်ပြီးရင် ပီဇာလာပို့တဲ့ ပုံးမျိုးလိုဟာထဲ ထည့်ရပါတယ်။ မဲကို စကန်လုပ်တဲ့စက်လဲ မထားပေးပါဘူး။ အိုင်ဒီကတော့ အရင်ထဲက မလိုတာပါ။ မဲရုံသွားမဲပေးတာ ရီပါဘလစ်ကန်တွေများတာကြောင့် ပုံးလိုက်ပဲဖျောက်ဖျောက် ရွေးပြီးပဲဖျောက်ဖျောက် လုပ်လိုက်ရင် ကြိုတင်မဲတွေ ဖျောက်ဖျက်သလောက်ကို လွယ်သွားတော့မှာပါ။ လူဦးရေ ၈သောင်းခွဲလောက်ရှိတဲ့မြို့ရဲ့တခုတည်းသော မဲရုံမှာ မဲရုံစောင့် ၅ယောက်လောက်နဲ့ မဲလာပေးသူက မရှိသလောက်ပါပဲ။ နေ့ခင်း နေ့လည်စာစားချိန်မှာတောင် မဲပုံးက တော်တော်ပေါ့နေတာပါ စာရွက်မဲက ပိုခိုင်လုံတယ်ဆိုတာ မြန်မာပြည်မှာလို မဲရုံပိတ်ပြီးနောက် အားလုံးရှေ့မှာ မြင်မြင်သာသာရေမှ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် မဲပဲတဲ့နေမှာ မဲပေးစက် (သို့) စကန်ဖတ်တဲ့စက်နဲ့ ရေရင်လည်း စကန်စက်က ကောင်းနေသ၍ သိပ်မဆိုးသေးဘူးလို့ ဆိုရမှာပါ။Continue reading “မဲပေးတဲ့နေ့”