ဘုရားကျောင်းမှာ ဆုတောင်းဝတ်ပြုနေတဲ့ ကလေး၂ဦး သေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့တဲ့ မင်နီယား ပူးလိစ် ကက်သလစ်ကျောင်း သေနတ်ပစ်မှုမှာ ပစ်ခတ်သူက ရောဘင်(ရောဘတ်)ဝက်စ်မန်ဆိုတဲ့ လိင်ပြောင်း ဖြစ်ပါတယ်။ ဘိုင်ဒန်လက်ထက် ဇော်မဲလုံးမမတိုင်ခင် ပြန်ဝန်လုပ်ခဲ့ပြီး လက်ရှိ အမ်အက်စ်အန်ဘီစီမှာ လုပ်နေတဲ့ ဂျန်ဆာကီက သေဆုံး/ ဒဏ်ရာရတဲ့ ကလေးတွေနဲ့ မိသားစုတွေ အတွက် ဆုတောင်းပေးကြ တာကို ဆုတောင်းတာ ဘာလုပ်ရမှာလဲ၊ ဆုတောင်းလို့ သူတို့တွေ ပြန်ရှင်မလာဘူး၊ ကျန်တဲ့သူတွေလဲ ပိုလုံခြုံမသွားဘူးလို့ X မှာရေးသွားပါတယ်။ ရှေ့လျောက် ဒီထက် လုံခြုံလာအောင်လဲလုပ်ရင် ဆုတောင်းလို့မရဘူးလို့များ သတ်မှတ်ချက်ရှိလို့လား။ လက်ဝဲတွေကတော့ ပစ်ခတ်မှုဖြစ်တိုင်း သေနတ်ကိုပဲ ရမယ်ရှာပြီး သိမ်းစေချင်ကြသလို လိင်ပြောင်းတွေ လူမည်းတွေ ကျူးလွန်တိုင်း ထရမ့်အစိုးရက ဖိနှိပ်လို့ပါဆိုပြီး မဆီရယ်တဲ့ မဆိုင်တာတွေနဲ့ ကလင်ဒါကျContinue reading “ဩဂုတ် ၂၈ ရက် ၂၀၂၅”
Category Archives: Uncategorized
ဩဂုတ် ၂၂ရက် ၂၀၂၅
ဒီတပတ်ကတော့ သမ္မတထရမ့်အတွက် ကောင်းခြင်းအဖြာဖြာ ပြည့်ဝတဲ့ ရက်တွေပါပဲ။ နယူးယောက်အေဂျီ လတီရှာဂျိမ်းစ်က မရှိတဲ့အမှုကို ကလိန်စေ့ငြမ်းဆင် ဆပွားပြီး အတင်းပြစ်ဒဏ် ချစေကာ ဒဏ်ကြေး သန်း၅၀၀ ဆောင်ခိုင်းခဲ့တာကို အယူခံရုံးက ပယ်ချလိုက်ပါတယ်။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်အော်ပြီး တက်လာတဲ့ ကနေဒါဝန်ကြီးချုပ်ကလည်း အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ မြန်မြန် ပြန်စနိုင်ဖို့ မျှော်လင့်ချက်နဲ့ အမေရိကန်အပေါ် တန်ပြန်စည်းကြပ်ထားတဲ့ လက်စားချေတားရစ်ဖ် အများစုကို တဖက်သတ် ပယ်ဖျက်ပေးလိုက်ပါတယ်။ ဖက်ဒရယ်ရီဆာ့ဖ်ဥက္ကဋ္ဌ ဂျရုမ်းပေါင်းဝဲလ်က ထရမ့်အကြိမ်ကြိမ်တိုက်တွန်းနေတဲ့ အတိုးနှုန်းချဖို့ လုပ်ပေးတော့မယ်လို့ ဆိုတဲ့အတွက် စတော့မားကက် ဆောင့်တက်သွားခဲ့ပါတယ်။ အင်တဲလ်ကုမ္ပဏီကလည်း ကုမ္ပဏီရဲ့ ၁၀% ကို အမေရိကန်ပြည်ထောင်စုက အပြည့်အဝ ပိုင်ဆိုင်တယ်လို့ ကြေငြာချက် ထုတ်ပြန်ပေးလိုက်ပါပြီ။ စီအီးအို လစ်ဘူတန်ကို တရုပ်နဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွဲချက်နဲ့ ထရမ့်ကContinue reading “ဩဂုတ် ၂၂ရက် ၂၀၂၅”
ဩဂုတ် ၁၈ ရက် ၂၀၂၅
သမ္မတထရမ့်က ဇယ်လင်းစကီးအနေနဲ့ စစ်ကို ရပ်ချင်ရင် ချက်ချင်းရပ်အောင် လုပ်လို့ရတယ်၊ ဆက်တိုက်မယ်ဆိုလည်း ဆက်တိုက်လို့ရတာပဲ။ ဒီစစ်ဘယ်လို စခဲ့တာကိုတော့ မမေ့ပါနဲ့။ စစ်တကယ် ရပ်ချင်ရင် လွန်ခဲ့တဲ့ ၁၂နှစ် အိုဘမလက်ထက်တုန်းက သေနတ်တချက် မဖောက်ရပဲ သိမ်းသွားခဲ့တဲ့ ခရိုင်းမီးယားကို ယူကရိန်းထံ ပြန်ပေးဖို့နဲ့ နေတိုးထဲဝင်ခွင့်ပေးဖို့ တောင်းဆိုတာတွေ မလုပ်ပါနဲ့၊ မဖြစ်နိုင်ပါဘူး။ တချို့အရာတွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဇယ်လင်းစကီးနဲ့ မတွေ့ခင်တရက်က ထရုသ်ဆိုရှယ်မှာ ရေးသွားပါတယ်။ ဒါက မဖြစ်နိုင်တဲ့ အဲဒီ၂ချက်ကို စစ်ရပ်ဖို့ လိုအပ်တဲ့ အချက်တွေအနေနဲ့ ဇယ်လင်းစကီးက တစိုက်မတ်မတ် တောင်းဆိုနေတာကို ကြိုဟန့်တားလိုက်တဲ့ သဘောပါ။ စစ်ပြီးသွားရင် ယူကရိန်းမှာ နေတိုးတပ်ဖွဲ့တွေကို ပိစ်ကိပါအနေနဲ့ ထားရှိဖို့ ဇယ်လင်းစကီးနဲ့ ဥရောပခေါင်းဆောင်တွေရဲ့ အကြံပြုချက်ကို ရုရှားနိုင်ငံခြားရေးဌာနက ပယ်ချလိုက်ပါတယ်။Continue reading “ဩဂုတ် ၁၈ ရက် ၂၀၂၅”
ဩဂုတ် ၁၅ရက် ၂၀၂၅
ဒီကနေ့ အလက်စကားပြည်နယ် အန်ကာရေ့ချ်မြို့မှာ ပြုလုပ်တဲ့ သမ္မတထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ တွေ့ဆုံဆွေးနွေးပွဲဟာ ၃နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲ အတွက် ပြင်ဆင်ထားပေမယ့် အပြန်အလှန် နားလည်မှုရရှိကြောင်း ထုတ်ပြန်ချက်သဘောလောက်ပဲ ပြောသွားပြီး မေးခွန်းမေးတာတွေကို ပူတင်က ဖြေဆိုမသွားခဲ့သလို ထရမ့်ကလည်း ဇယ်လင်းစကီနဲ့ နေတိုးမဟာမိတ်တွေနဲ့ မပြောရသေးခင် ဘာမှ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ သဘောတူတဲ့ အချက်တချို့ ရရှိခဲ့ပေမယ့် သဘောမတူနိုင်သေးတာတွေလည်းရှိကြောင်း၊ အဲဒီထဲမှာ အဓိကကျတဲ့ အချက်တခုပါဝင်နေကြောင်း၊ နယ်မြေကိစ္စကိုတော့ ဇယ်လင်းစကီးကသာ ဆုံးဖြတ်နိုင်မှာဖြစ်လို့ နောက်တခါဆိုရင် ပူတင်နဲ့ ဇယ်လင်းစကီးတွေ့ကြဖို့ဖြစ်ကြောင်း၊ သူတို့ နှစ်ဦးစလုံးက ငါ့ကို ပါစေချင်တယ်ဆိုရင် ပါရဦးမှာဖြစ်ကြောင်း ထရမ့်ကပြောသွားပြီး ပူတင်က နောက်တကြိမ် မော်စကိုမှာ တွေ့ဖို့ စကားစတာကို စိတ်ဝင်စားစရာပဲ၊ ဖြစ်နိုင်ခြေ ရှိပါတယ်လို့ ဆိုပါတယ်။Continue reading “ဩဂုတ် ၁၅ရက် ၂၀၂၅”
ဩဂုတ် ၈ရက် ၂၀၂၅
သမ္မတထရမ့်က ဆယ်စုနှစ်နဲ့ချီပြီး စစ်ဖြစ်နေခဲ့ကြတဲ့ အဇာဘိုင်ကျန်နဲ့ အာမေးနီးယားတို့ကြား ငြိမ်းချမ်းရေးရအောင် ကြားဝင်ဆောင်ရွက်ပေးလိုက်ပါတယ်။ ဒီကနေ့ အိမ်ဖြူမှာ အာမေးနီးယားဝန်ကြီးချုပ်နဲ့ အဇာဘိုင်ကျန်သမ္မတ တို့နဲ့အတူ သမ္မတထရမ့်တို့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ သမ္မတထရမ့်က အစ္စရေးနဲ့ဟာမာ့စ်၊ အိန္ဒိယနဲ့ ပါကစ္စတန်၊ ထိုင်းနဲ့ ကမ္ဘောဒီးယား၊ ကွန်ဂိုဒီမိုကရက်သမ္မတနိုင်ငံနဲ့ ရဝမ်ဒါ၊ ရုရှားနဲ့ ယူကရိန်းတို့ကြားထဲ ငြိမ်းချမ်းရေး ရအောင် ကြားဝင်ညှိနှိုင်းပေးနေတာမှာ အစ္စရေး၊ ပါကစ္စတန်နဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်များက သမ္မတထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အသီးသီးလျောက်ထားပေးထားကြပြီဖြစ်ပါတယ်။ ရုရှားရော ယူကရိန်းပါ နှစ်ဖက်အသေအကြေများနေတဲ့အတွက် နှစ်နိုင်ငံလုံးမှာ စစ်မှုမထမ်းမနေရ ဆင့်ခေါ်နေရပြီဖြစ်ပြီး ခြစားမှုနဲ့ နာမည်ကြီးတဲ့ ယူကရိန်းမှာ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့တွေရဲ့ ဘက်မလိုက်မှုကို အားပျော့စေတဲ့ဥပဒေကို ဇယ်လင်းစကီက လက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့အပေါ် လက်မခဲနိုင်ကြတဲ့ ပြည်သူတွေ ဆန္ဒပြကုန်ကြပြီဖြစ်ပါတယ်။ သမ္မတထရမ်းရဲ့ အထူးသံတမန်Continue reading “ဩဂုတ် ၈ရက် ၂၀၂၅”
ဩဂုတ် ၁ရက် ၂၀၂၅
ဒီနေ့က တားရစ်ဖ်တွေ စတင်အသက်ဝင်တဲ့နေ့ဖြစ်သလို ပြီးခဲ့တဲ့လအတွက် အလုပ်အကိုင် နံပါတ်တွေ ထွက်တဲ့နေ့လည်း ဖြစ်ပါတယ်။ မက္ကဆီကိုကို လက်ရှိ ၂၅%အတိုင်း ရက်၉၀ ထပ်တိုးပေးလိုက်ပြီး ကနေဒါကိုတော့ အမေရိကန်ထဲကို ဖန်တနိုင်းတွေ ခိုးသွင်းနေတာကို ဘာအဟန့်အတားမှ မလုပ်ခဲ့လို့ လက်ရှိနှုန်းထက် ၁၀%တိုးပြီး ၃၅% ချမှတ်လိုက်ပါတယ်။ အီးယူ ၁၅%၊ ယူကေ ၁၀%၊ အိန္ဒိယ ၂၅%၊ ဂျပန် ၁၅%၊ တကိုရီးယား ၁၅% ဆွစ်ဇာလန် ၃၉%၊ တိုင်ဝမ် ၂၀%နဲ့ တရုပ်ကတော့ ဒီလ ၁၂ရက်မတိုင်ခင် သဘောတူညီမှုရအောင် တတိယအကြိမ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပိုကောင်းတာက အဲဒီတဲရစ်ဖ်တွေကနေ နိုင်ငံအတွက် ပိုက်ဆံတွေ လှိမ့်ဝင်လာရုံမက အမေရိကန်ကုန်စည်တွေ သူတို့ဆီမှာရောင်းဖို့ အရင်တုန်းက ကြပ်ထား တစ်ထားတာတွေ တဲရစ်ဖ်တွေကို နိုင်ငံအများစုကContinue reading “ဩဂုတ် ၁ရက် ၂၀၂၅”
ဇူလိုင် ၂၃ရက် ၂၀၂၅
DNI တူလ်စီဂက်ဘတ်ချပြလိုက်တဲ့ ရုရှားဂိတ်အရှုတ်တော်ပုံမှာ ၂၀၁၆ရကပတုန်းက ရုရှားထလရက ရကပနဲ့ပတ်သက်တဲ့ ထိလွယ်ရှလွယ်သတင်းတခုကို ရထားတာမှန်ကန်ကြောင်း၊ အဲဒီသတင်းက ထရမ့်နဲ့ မပတ်သက်ပဲ ဟေလာရီရဲ့ ကျန်းမာရေးကိစ္စ ဖြစ်နေကြောင်း၊ အဲဒီတုန်းက ဟေလာရီဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာကြီးကြီးမားမား ရှိနေတဲ့အတွက် စိတ်ငြိမ်ဆေးအပြင်းစားတွေ သောက်နေရတဲ့အပြင် နှလုံး၊ ဆီးချို၊ သွေးကြောယောင်၊ COPDနဲ့ နာတာရှည်ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်နေခဲ့ကြောင်း၊ အိုဘမက ဟေလာရီ့ကျန်းမာရေးအခြေအနေဟာ အလွန်အမင်းထိတ်လန့်စရာ လို့တွေ့ခဲ့ကြောင်းတွေ ပါရှိပါတယ်။ ဒီမိုခရက်တွေ စွပ်စွဲခဲ့သလို ရုရှားက ထရမ့်ကိုသာ နိုင်စေချင်တာ မှန်ရင် ဖုံးကွယ်ထားမယ့်အစား ဒီသတင်းကိုဖောက်ချပေးလိုက်မယ်ဆိုတာ တော်ရုံလူ တွေးနိုင်ပါတယ်။ ပထမသမ္မတသက်တမ်းတုန်းက ဟေလာရီအပြစ်ရှိတာကို တွေ့ရှိခဲ့တဲ့ ထရမ့်က “သိပ်မလုပ်ကြပါနဲ့ကွာ၊ သူက သမ္မတကတော်ဟောင်းလေ၊ ကြည့်မကောင်းပါဘူး၊ လွှတ်ပေးလိုက်ပါ” လို့ ပြောခဲ့ကြောင်း၊ အဲဒီလိုလွှတ်ပေးနိုင်ခဲ့တာကိုလည်း ဝမ်းသာမိကြောင်း၊Continue reading “ဇူလိုင် ၂၃ရက် ၂၀၂၅”
ဇူလိုင် ၁၈ ရက် ၂၀၂၅
ထရမ့်အစိုးရရဲ့ ပြည်တွင်းလုံခြုံမှုဝကဌာနက H1B အလုပ်ဗီဇာထုတ်ပေးမယ့် နည်းသစ်တွေကို ရှာကြံနေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ H1B ဗီဇာက လျောက်တဲ့သူများသလောက် တနှစ်ကို ၈၅,၀၀၀ပဲ လက်ခံတဲ့ အတွက် မဲဖောက်ပေးတဲ့စနစ်နဲ့ ပေးနေတာ ဖြစ်ပါတယ်။ မဲဖောက်ပေးတော့ အတော်ဆုံးတွေအစား ကံကောင်းသူတွေ ရကြတာဖြစ်လို့ အဲဒီအစား weighted selection process ကို သုံးပြီး ဗီဇာပေးဖို့ ရွေးချယ်မှာဖြစ်ပါတယ်။ (ရှားပါး/မြင့်မားစွမ်းရည်ကြောင့်) လစာအများကြီးပေးရတဲ့သူတွေကို အရင်ရွေးတာမျိုးဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲရွေးရွေး အမေဇုံတို့၊ မေတာတို့ မိုက်ခရိုဆော့ဖ်တို့လို ကုမ္ပဏီကြီးတွေကတော့ လျောက်ပေးတဲ့သူလည်းများတော့ ပိုရကြမှာပါပဲ။ Director of National Intelligence Tulsi Gabbard က သမ္မတထရမ့် ၂၀၁၆ရကပမှာ ဟေလာရီကို အနိုင်ရအပြီး အဲဒီတုန်းက သမ္မတရုရှအိုဘမနဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ကContinue reading “ဇူလိုင် ၁၈ ရက် ၂၀၂၅”
ဇူလိုင် ၁၆ရက် ၂၀၂၅
Federal Reserve ဥက္ကဋ္ဌ ဂျရုမ်းပေါင်းဝဲလ်နဲ့ လက်ဝဲတွေက ထရမ့်ရဲ့ tariff တွေဟာ အမေရိကန်ရဲ့ စီးပွားရေးကို နှောင့်နှေးစေပြီး ငွေဖောင်းပွမှုကို ဖြစ်စေမယ်ဆိုတဲ့ ဆင်ခြေနဲ့ အတိုးနှုန်းချပေးဖို့ တစိုက်မတ်မတ် ငြင်းဆန်လာခဲ့တာပါ။ tariff ကနေ လပိုင်းအတွင်း ဘီလီယံ ၁၀၀ကျော် စံချိန်တင်ဝင်ခဲ့တာ၊ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဘတ်ဂျက်ပိုငွေပြတာ၊ ငွေဖောင်းပွမှုက ၂.၄-၂.၇ပဲ ရှိတာ (ဘိုင်ဒန်လက်ထက်မှာ ၈%အထိ တက်ခဲ့တာ)၊ အလုပ်အကိုင်တွေ၊ လက်လုပ်လက်စား ဝင်ငွေတွေ မြင့်တက်လာတာ အဲဒါတွေအကုန်လုံးက သူတို့မှားပါတယ်၊ အတိုးနှုန်းချသင့်ပါပြီလို့ ဘယ်လောက်ပဲ ကျယ်ကျယ်လောင်လောင် သက်သေပြနေပေမယ့် ထရမ့်နာမည်ကောင်းရမှာ မဖြစ်စေချင်တာရော ပုဂ္ဂိုလ်ရေးမုန်းတီးတာရောနဲ့ တင်းကို ခံနေတော့တာပါပဲ။ နောက်ဆုံးထွက်တဲ့ Producer Price Index အရဆို ဇွန်လမှာ အမေရိကန်ကုမ္ပဏီတွေကို ပေးရတဲ့Continue reading “ဇူလိုင် ၁၆ရက် ၂၀၂၅”
ဇူလိုင် ၁၄ရက် ၂၀၂၅
ဒီကနေ့ သမ္မတထရမ့်က အိမ်ဖြူတော်မှာ နေတိုးအတွင်းရေးမှုးချုပ် Mark Rutte ကို လက်ခံတွေ့ဆုံပြီး ယူကရိန်းကို ထောက်ပံ့ဖို့ စိတ်အားထက်သန်နေကြတဲ့ နေတိုးမဟာမိတ်တွေအနေနဲ့ အမေရိကန်ဆီက Patriot ဒုံးကျည်တွေအပါအဝင် လက်နက်တွေ ဝယ်ယူပြီး ထောက်ပံ့နိုင်ကြကြောင်း ကြေငြာလိုက်သလို ရုရှားကိုလည်း လ ၄၀ ကြာလာပြီဖြစ်တဲ့ စစ်ပွဲကို ရက်၅၀အတွင်း ငြိမ်းချမ်းရေးရအောင် လုပ်ရင်လုပ်၊ မလုပ်နိုင်ရင် ၁၀၀% secondary tariff ထပ်ချမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ Commerce Sec Howard Lutnick က အဲဒါ secondary sanction ကို ပြောတာပါလို့ ပြန်ရှင်းသွားပါတယ်။ Secondary sanction ဆိုတာက အဲဒီနိုင်ငံ (ရုရှား)နဲ့ စီးပွားရေးလုပ်တဲ့ လူ(သို့)အဖွဲ့အစည်းတွေကို ပြစ်ဒဏ်ခတ်မှာကို ဆိုလိုတာဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ ၁၀၀%Continue reading “ဇူလိုင် ၁၄ရက် ၂၀၂၅”