ဂျပန်နိုင်ငံအကြောင်း ပြောပြီဆိုရင် စည်းကမ်းရှိတာ၊ ညီညွတ်တာ၊ စက်မှုတိုးတက်တာအပြင် လူအိုဦးရေများတာရယ်၊ လူငယ်တွေ အိမ်ထောင်ပြုနှုန်း အရမ်းနည်းသွားတာရယ်၊ အသက်ကြီးတဲ့အထိ အလုပ်လုပ်နေကြတာတွေရယ်၊ အလုပ်ထဲ ကျောင်းထဲတွေမှာ စိတ်ဖိစီးမှုကြီးလောက်အောင် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေရယ်ကို သတိပြုမိကြမှာပါ။ ဂျပန်ယန်းငွေဟာ အနှစ် ၂၀ အတွင်း အနိမ့်ဆုံးကို ရောက်နေပါပြီ။ ဂျပန်ငွေတန်ဖိုးကျတာဟာ အမေရိကန် စီးပွားရေးကိုလည်း သွယ်ဝိုက်ပြီး ရိုက်ခတ်နိုင်တဲ့အတွက် သတိထားစရာဖြစ်ပါတယ်။ အမေရိကန်အစိုးရတွေ မဆင်မခြင် ဘတ်ဂျက်တွေချ၊ အသုံးစရိတ်တွေ ပြကြတာ အခွန်အတုတ်တင်မက ကိုယ့်တိုင်းပြည်တကယ်ထုတ်နိုင်တဲ့ GDP ထက်တောင် အများကြီးပို သုံးစွဲကြတဲ့အတွက် လိုတဲ့ငွေကို အခွန်တွေ ခေါင်းစဥ်မျိုးစုံနဲ့ တိုးကောက်တာ၊ ငွေစက္ကူတွေ ထပ်မံရိုက်နှိပ်တာ၊ ငွေချေးစာချုပ်များ ရောင်းချတာတို့နဲ့ ဖြည့်စည်းကြရပါတယ်။ အမေရိကန်ဟာ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးကို တာဝန်ယူထားပေးသူဖြစ်တဲ့အတွက် အမေရိကန်တွေ ငွေလိုလာတဲ့အခါContinue reading “ဂျပန်ပြည်စီးပွားရေး/ လူဦးရေပြဿနာတွေကပေးတဲ့ သင်ခန်းစာ”
Category Archives: Uncategorized
မေ ၁၃ ရက် ၂၀၂၂
အီလွန်က တွဒ်တာကို ဝယ်ယူမယ့်အစီအစဥ်ကို ခေတ္တရပ်တံ့ထားလိုက်ပါတယ်။ အကောင့်တုတွေ ဘယ်လောက်တောင် ရှိနေတယ်ဆိုတာ အတိအကျ သိရတဲ့အထိ ရပ်နားထားဖို့ ဖြစ်နိုင်သလို အကောင့်တုသိပ်များနေရင် ဈေးပြန်ညှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆိုရှယ်မီဒီယာရဲ့သဘောက သုံးစွဲသူများတဲ့ အပေါ်မှာ စီးပွားရှာရတာဆိုတော့ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ အကောင့်တုတွေ များနေရင် ဝင်ငွေရနိုင်မယ့်လမ်းက ထင်သလောက် မများနိုင်တော့ပါဘူး။ အီလွန်နားလည်ထားတာက အကောင့်တုတွေက ၅ရာနှုန်းအောက်မှာပဲ ရှိလိမ့်မယ်လို့ပါ။ တွဒ်တာရဲ့ ပါ့ဘလစ်ဖိုင်းလင်းမှာလည်း အဲဒီလိုပဲ ပြောထားတယ်လို့ ဆိုပါတယ်။ အခုလို သတင်းထွက်လာတော့ တွဒ်တာရှယ်ယာဈေးက ၁၀ရာနှုန်းနီးပါး ပြုတ်ကျသွားပါတယ်။ မနေ့ကလည်း လက်ရှိစီအီးအိုက ထိပ်တန်းဝန်ထမ်းနှစ်ဦးကို အလုပ်ထုတ်ပစ်ခဲ့ပြီး ကုန်ကျစရိတ် ထိမ်းချုပ်တဲ့အနေနဲ ဝန်ထမ်းအသစ် ထပ်မံငှားရမ်းတာတွေ အကုန်လုံးကို ရပ်ထားမယ်လို့ ကြေငြာပါတယ်။ ကနေ့ညနေမှာတော့ အီလွန်က သူ့အဖွဲ့တွေဟာ တွဒ်တာဖော်လိုဝါ ၁၀၀ကိုContinue reading “မေ ၁၃ ရက် ၂၀၂၂”
မေ ၁၂ ရက် ၂၀၂၂
ဟန်းတားရဲ့ ချစ်ကိုကြီး ကယ်ဗင်မောရစ်စ်က ငါ့သားဟန်းတားဆိုတဲ့ နာမည်နဲ့ ထုတ်ဖို့ ပြင်ထားတဲ့ ဘိုင်ဒန်မိသားစုရဲ့ အရှုပ်ထုတ်တွေအကြောင်း ရုပ်ရှင်ကို တန်ပြန်တဲ့အနေနဲ့ သူ့ဗားရှင်းနဲ့ ရုပ်ရှင်ဇတ်လမ်းရိုက်ဖို့ ပြင်နေသလို ငါ့သားဟန်းတားရုပ်ရှင်ရိုက်ကူးခဲ့သူတွေအပေါ် စပိုင်လိုက်လုပ်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။ မောရစ်စ်ဟာ ဟန်းတားလက်ပ်တော့ပ်အကြောင်း ကိုလည်း မေးခွန်းထုတ်တာတွေ လုပ်နေတဲ့အပြင် ဟန်းတားကို လူသိရှင်ကြား ကာကွယ်ပေးနေတဲ့ အတွက် ဟန်းတားကိစ္စကို သိုသိုသိပ်သိပ်နဲ့ ပြီးသွားစေချင်တဲ့ အိမ်ဖြူနဲ့ ဘိုင်ဒန်ထောက်ခံသူတွေက စိတ်ပူနေကြပါတယ်။ ဟန်းတားအတွက် အခွန်ဆောင်ပေးခဲ့တဲ့ ၂သန်းကျော်ကလည်း ချေးငွေလို့ ဆိုကြပြီး အဲဒီချေးငွေနဲ့ ဟန်းတားနေထိုင်စားရိတ်တွေကို ထောက်ပံ့ပေးထားတာကိုယ်၌က ဟန်းတားရဲ့ ယူကရိန်းနဲ့ တရုပ်တို့ဆီက တံစိုးလက်ဆောင်ရယူထားမှုတွေကို သံသယပိုကြီးစေတာဖြစ်ပါတယ်။ ဝတ္တုစာအုပ် ၂အုပ် ရေးသားထုတ်ဝေခဲ့ဖူးတဲ့ မောရစ်စ်ဟာ ဟန်းတားကို ၂၀၁၉တုန်းက ဘိုင်ဒန်ရဲ့ မဲဆွယ်ပွဲမှာ သိခဲ့တာဖြစ်ပြီး အဲဒီလိုContinue reading “မေ ၁၂ ရက် ၂၀၂၂”
မေ ၁၁ ရက် ၂၀၂၂
အီလွန်ရဲ့ တွဒ်တာကို ဝယ်ဖို့အစီအစဥ်ဟာ အက်စ်အီးစီက စစ်ဆေးမှုတွေကြောင့် ဝယ်ယူမှု အထမမြောက်ခင်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့လာဖွယ် ရှိနေပါတယ်။ ဒီညထုတ်ပြန်တဲ့ ရီပို့တခုမှာ လိုအပ်တဲ့ဖောင်တခုကို အီလွန်က နောက်ကျမှ တင်ခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ၅ရာနှုန်းကျော်ပိုင်တဲ့သူတွေ တင်ရတဲ့ဖောင်ကို အီလွန်တင်တာ နောက်ကျသွားလို့ ဖြစ်ပါတယ်။ အက်စ်ကွိုင်းယားဒစ်ဂျစ်တယ်က ဥပဒေအရာရှိချုပ် အာရွန်ဆော်လမွန်ကတော့ အီလွန်အတွက် စိတ်ပူစရာမရှိပါဘူး၊ ဒီကိစ္စက မဖြစ်မြောက်ဖို့ အခွင့်နည်းပါတယ်၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေကြောင့် ပြဿနာဖြစ်ရင် လက်ရှိရှယ်ယာရှင်တွေပဲ ထိခိုက်မှာလို့ ဆိုပါတယ်။ တကယ်လို့ အရောင်းအဝယ် အထမမြောက်ခဲ့ရင် အီလွန်က ၁ ဘီလီယံပေးလျှော်ရမှာဖြစ်ပါတယ်။ တက်စလာတုန်းကလည်း အီလွန်ရဲ့ တွိတခုကို အကြောင်းပြပြီး အက်စ်အီးစီက ပြဿနာတရှာခဲ့လို့ ဒဏ်ငွေ သန်း၂၀ ဆောင်ခဲ့ရတဲ့အပြင် သူနဲ့ အက်စ်အီးစီကြား “သဘောတူညီချက်”ကိုContinue reading “မေ ၁၁ ရက် ၂၀၂၂”
မေ ၁၀ ရက် ၂၀၂၂
ကားဆီထဲ့ဖို့တောင် အဖေနဲ့ ပါတနာတွေဆီက တောင်းနေခဲ့ရတဲ့ ဟန်းတားရဲ့ ၂၀၂၁အတွက် သူပေးဆောင်ဖို့ ကျန်နေတဲ့ အခွန်ကြွေးကျန် ဒေါ်လာ ၂သန်းကို ဘယ်သူတွေက ပေးသလဲဆိုတော့ ဟောလီဝုဒ်က ဖျော်ဖြေရေးရှေ့နေ ကယ်ဗင်မောရစ်စ်က နှစ်ကြိမ်မက ပေးခဲ့တာ စုစုပေါင်း ဒေါ်လာ ၂သန်းကျော်ပါတယ်လို့ သူတို့နှစ်ဦးလုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သတင်းထွက်လာပါတယ်။ အဲဒီပမာဏက အရင်တုန်းက စာရင်းပြခဲ့တာထက် ၂ဆကျော်နေတာပါ။ ဟန်းတားရဲ့ သူငယ်ချင်းတွေက ကယ်ဗင်ကို ဟန်းတားရဲ့ ရှုဂါးဘရားသားတဲ့၊ မြန်မာလိုဆို ချစ်ကိုကြီးလို့ ပြန်ရမယ်ထင်ပါတယ်။ စပွန်ဆာသဘောပါပဲ။ အခွန်တောင် ၂သန်းဆိုတော့ တကယ်ရတဲ့ ငွေသားက တော်တော်များပုံ ရပါတယ်။ တရုပ်ကပေးတဲ့ ၃သန်းတန် စိန်လက်စွပ်တို့လို ပစ္စည်းတွေပါ ထည့်တွက်ရင်တော့ ပိုများမှာပါ။ အခုလို အခွန်ဆောင်လိုက်ခြင်းအားဖြင့် တကယ်လို့ အပြစ်ကျတယ်ဆိုလည်း ကာလရှည် ထောင်ကျမှာကိုContinue reading “မေ ၁၀ ရက် ၂၀၂၂”
မေ ၉ ရက် ၂၀၂၂
ဆူပရင်းမ်ကုတ်က ခိုးထုတ်လာတဲ့ တရားသူကြီးအများစုရဲ့ ဆုံးဖြတ်ချက်မူကြမ်းအပေါ် ရမယ်ရှာကြတဲ့ ဘယ်အစွန်းတွေက ပြီးခဲ့တဲ့ စနေ တနင်္ဂနွေမှာ ကွန်ဆာဗေးတစ်တရားသူကြီး ၆ဦးတို့ရဲ့ နေအိမ်တွေကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီကိစ္စဟာ ကြိုတင်ကြံစည်ထားတာပါလို့ ပြောလို့ရေစမယ့် အကြောင်းတွေထဲမှာ တခုက တရားသူကြီးတွေရဲ့ နေအိမ်တွေကိုပါ မြေပုံနဲ့တကွ ဖြန့်ချပစ်ခဲ့ပြီး သွားဆန္ဒပြမယ်ဆိုတာ ကြိုပြောထားတာတောင် လိုအပ်တဲ့ လုံခြုံမှု အစီအမံများ မထားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါမူကြမ်းကို ရေးခဲ့တဲ့ တရားသူကြီး ဆမ်မြူရယ်အလိတိုရဲ့ မိသားစုတွေကိုပါ ခြိမ်းခြောက်ခံရတာကြောင့် ဒီရက်တွေအတွင်း သွားစရာရှိတဲ့ အစီအစဥ်တွေ ဖျက်သိမ်းပြီး အမည်မသိတဲ့ တနေရာမှာ ပုန်းရှောင်နေရပါတယ်။ ဘိုင်ဒန်တို့တဖွဲ့လုံးရော ကော်ပိုရိတ် ခြစားမီဒီယာ/ခြစားဒီမိုကရက်တွေအားလုံးက ဒီကိစ္စကို အမျိုးသမီးအခွင့်အရေး ဖောက်ဖျက်မှုကြီးအဖြစ် အင်မတန် ဒေါသဖြစ်စရာ စိတ်ပျက်စရာလို့ ပုံဖော်ပြ ဒေါသထွက်ပြကြပါတယ်။ သရုပ်ဆောင်အကောင်းဆုံးကတော့Continue reading “မေ ၉ ရက် ၂၀၂၂”
မေ ၈ ရက် ၂၀၂၂
အီလွန်ဟာ ၂၀၂၈ခုနှစ်မှာ တွဒ်တာရဲ့ ဝင်ငွေကို ၂၆.၄ဘီလီယံဖြစ်လာဖို့ မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံသူတွေကို ပြောသွားတယ်လို့ နယူးယောက်တိုင်းမ်စ်က သတင်းပို့ပါတယ်။ တွဒ်တာရဲ့ မနှစ်ကဝင်ငွေက ၅ဘီလီယံဖြစ်တဲ့အတွက် ၅ဆလောက် တက်လာမယ်လို့ မှန်းထားတာ ဖြစ်ပါတယ်။ အဲဒီ ၂၆.၄ဘီလီယံထဲက ၁၂ဘီလီယံက ကြော်ငြာတွေကနေ ရမှာဖြစ်ပြီး လစဥ်ကြေးတွေကနေ ရမှာက နောက်ထပ် ၁၀ဘီလီယံ ဖြစ်ပါတယ်။ ငွေလည်ပတ်မှု Cash Flow ခန့်မှန်းချက်ကတော့ ၂၀၂၅ မှာ ၃.၂ဘီလီယံ ဖြစ်ပြီး ၂၀၂၈မှာ ၉.၄ဘီလီယံဖြစ်ပါတယ်။ ၂၀၂၃မှာ တွဒ်တာပေးကနေ ၁၅မီလီယံ ဝင်ဖို့ မှန်းထားပြီး ၂၀၂၈မှာတော့ ၁.၃ဘီလီယံအထိ တိုးလာဖို့ဖြစ်ပါတယ်။ အတည်ပြု(သို့) မှတ်ချက်ပေးဖို့တော့ မတ်စ်ကို ဆက်သွယ်လို့ မရသေးဘူးလို့ ဆိုပါတယ်။ အီလွန်မတိုင်ခင် ၁.၉ဘီလီယံနဲ့ တွဒ်တာရဲ့ အကြီးဆုံးContinue reading “မေ ၈ ရက် ၂၀၂၂”
မေ ၅ ရက် ၂၀၂၂
အီလွန်က တွဒ်တာကို ဝယ်ရာမှာ အကျိုးတူပူးပေါင်းပြီး ဝယ်ယူကြမယ့်သူတွေကို ခေါ်ယူဖို့ စီစဥ်လာတယ်လို့ သိရပါတယ်။ အဲဒီလူတွေကို ပြောတဲ့ထဲမှာ တွဒ်တာကို အမြဲတမ်း ပုဂ္ဂလိကအဖြစ် ထားမှာမဟုတ်ပဲ အချိန်အနည်းငယ်ကြာပြီး သင့်တော်တဲ့အခါမှာ အများပိုင်ကုမ္ပဏီအဖြစ် ပြန်ပြောင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒီနှစ်နှောင်းပိုင်း လွဲပြောင်းမှုတွေ အပြီးမှာ လအနည်းငယ်ဖြစ်ဖြစ် တွဒ်တာရဲ့ စီအီးအိုအဖြစ် တာဝန်ယူသွားမယ်ဆိုတဲ့ သတင်းထွက်အပြီးမှာ တွဒ်တာရှယ်ယာတွေ ဈေးတက်ပြီး တက်စ်လာရှယ်ယာတွေ ဈေးကျသွားပါတယ်။ မတ်စ်ရခဲ့တဲ့ ၇.၁ဘီလီယံဖိုး ကတိကဝတ်တွေထဲမှာ အော်ရေကယ်တည်ထောင်သူ လာရီအယ်လီဆင်၊ ဆော်ဒီမင်းသား အယ်လ်ဝါလိဒ်နဲ့ တရုပ်ခရစ်ပ်တိုကာရန်စီအိတ်စ်ချိန့်ဘီနန့်စ်တို့ ပါဝင်ပါတယ်။ တွဒ်တာတည်ထောင်သူ ဒေါ်စေနဲ့လည်း ဆွေးနွေးဆဲဖြစ်ပြီး သူပါ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ အီလွန်တွဒ်တာကို ဝယ်ပြီး ဖရီးစပိချ်ကို အားပေးမယ့်အပေါ် စေဗလ်အဖွဲ့ ၂ဒါဇင်ကျော်က တွဒ်တာမှာ ကြော်ငြာထည့်နေကျ ကုမ္ပဏီကြီးတွေကိုContinue reading “မေ ၅ ရက် ၂၀၂၂”
မေ ၃ရက် ၂၀၂၂
မနေ့ညက ဆူပရင်းမ်ကုတ်က လူများစုဖြစ်တဲ့ ကွန်ဆာဗေးတစ်တရားသူကြီး ၅ဦးရဲ့ ရိုး-ဝိဒ် ဆိုတဲ့ ကိုယ်ဝန်ဖျက်ချခွင့်စီရင်ထုံးကို ပြန်လှန်မယ့် ၈၉စာမျက်နှာရှိတဲ့ ဆုံးဖြတ်ချက်မူကြမ်းဆိုတဲ့ စာကြမ်းဖိုင်ကို အတွင်းလူတဦးက ဖောက်ချခဲ့ရာက အင်တာနက်ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီဖိုင်က ဖေဖော်ဝါရီတုန်းက ရေးသားခဲ့တာဖြစ်ပြီး ဒီနှစ်နွေမှာ ဆုံးဖြတ်ရမယ့်အမှုအတွက် ဖြစ်ပါတယ်။ အခုလိုဖောက်ချလိုက်တာက ရေးသားတဲ့ ကွန်ဆာဗေးတစ်တရားသူကြီးတွေအပေါ် လူ့အသက်ကို သတ်ချင်သလိုသတ်လို့ရတယ်လို့ မပြောရုံတမယ်ဖြစ်နေတဲ့ ကလေးဖျက်ချဖို့ အားသန်လွန်းနေတဲ့ လက်ဝဲစွန်းတွေက ခြိမ်းခြောက်လာခဲ့ရင် တရားသူကြီးတွေများ ကြောက်ပြီး စိတ်ပြောင်းလိုပြောင်းငြား ဖြစ်လာစေဖို့ (သို့) ကိုယ်ဝန်ဖျက်ချစေချင်ကြတဲ့ လက်ဝဲစွန်းထောက်ခံသူများကို တပ်လှန့်ပေးလိုက်ဖို့ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖောက်ချတဲ့ဖြစ်ရပ်အပေါ် ဆူပရင်းမ်ကုတ်က ဒီလုပ်ရပ်ဟာ ဌာနအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ ဆူကရင်းမ်ကုတ်က ရဲတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ ရှားရှားပါးပါး ကြေငြာချက်ထုတ်ပါတယ်။ အဲဒီလို ဖောက်ချနိုင်တဲ့သူContinue reading “မေ ၃ရက် ၂၀၂၂”
မေ ၁ရက် ၂၀၂၂
တရုပ်ပြည်မှာ လော့ဒေါင်းတွေလုပ်တယ်ဆိုတာက အမေရိကန်တို့ မြန်မာပြည်တို့မှာလို မဟုတ်ပါဘူး။ တိုက်တွေအောက်ကို သံဇကာတွေ ကာပစ်လိုက်သလို လမ်းတဘလောက်လုံးကိုပါ ခြံတံခါးလို သံတိုင်တွေကို ဆက်ဆက်ပြီး ကာသွားတာပါ။ လမ်းတွေ ဟိုဖက်ထိပ် ဒီဖက်ထိပ်ကနေ သံတိုင်တွေနဲ့ အသေပိတ်ထားသလိုပါ။ စားစရာတောင် ထွက်ဝယ်လို့ မရပါဘူး။ အစိုးရက ဝေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အိမ်မှာရှိတဲ့ ခေါက်ဆွဲခြောက်လို အခြောက်အခြမ်းတွေ စည်သွတ်ဗူးတွေပဲ စားနေကြရတယ်လို့ ဆိုပါတယ်။ ဝယ်ထားတာမရှိရင်လည်း ငတ်ရုံပါပဲ။ အစိုးရကပေးတဲ့ ရာရှင်တွေကိုလည်း တချို့နေရာတွေမှာ ပေးချင်ယောင်ဆောင် အပေါက်ဝမှာ ချပေးထားတာ ဓါတ်ပုံရိုက်ပြီး ပြန်ယူသွားတာတွေလည်း ရှိပါတယ်။ ထွက်ချင်ရင် သူတို့ခွင့်ပြုတဲ့ မဖြစ်မနေထွက်ရမယ့် အကြောင်းတွေထဲက တခုခုရှိမှသာ ရပ်ကွက်ကောင်စီလိုမျိုးကို ခွင့်ပြုချက်တောင်းပြီး လိုအပ်တဲ့အထောက်အထားတွေ အကုန်ပြနိုင်ရင်တောင် ထွက်ခွင့်ရနိုင်ဖို့က မသေချာပါဘူး။ အခုလိုဖြစ်နေတာ လနဲ့ချီနေပြီး မြို့ကြီးတွေကContinue reading “မေ ၁ရက် ၂၀၂၂”