အောက်တိုဘာ ၁၉ ရက် ၂၀၂၂

ကြီးသထက် ကြီးမြင့်လာနေတဲ့ ငွေဖောင်းပွမှုကြောင့် ပြည်သူတွေ ကျပ်တည်းလာကြတာကို တုန့်ပြန်ဖို့အတွက် ပြည်တွင်းအခွန်က ၂၀၂၃အတွက် standard deduction ကို တဦးကို ၉၀၀တိုးပြီး နှုတ်ခွင့်ပေးလိုက်ပါတယ်။ အပတ်စဥ်/လစဥ် ရတဲ့ လုပ်ခတွေထဲက ပိုနှုတ်ခွင့်ရသွားတဲ့အတွက် အခွန်နှုတ်ပြီး ကျန်တဲ့ အသားတင်ဝင်ငွေ အနည်းငယ် တိုးသွားမှာဖြစ်ပါတယ်။ အမေရိကန်မှာ နှစ်ပတ်တခါ (သောက်ြာတပတ်ခြား) (သို့) တလနှစ်ကြိမ် (၁၅ရက်နဲ့ လကုန်ရက်) လုပ်ခရှင်းလေ့ရှိကြတဲ့အတွက် တဦးကို တကြိမ်မှာ ၃၂-၃၅ဒေါ်လာလောက် ပိုကျန်မှာဖြစ်ပါတယ်။ တနေ့ကို ၂ဒေါ်လာစွန်းစွန်းလောက်ဆိုပါတော့။ ငွေဖောင်းပွမှုနှုန်းကို လိုက်ပြီး standard deduction ကို ညှိပေးကြရတာဖြစ်တဲ့အတွက် အဲဒီနှုန်းကလည်း ငွေဖောင်းပွမှုလိုပဲ ၁၉၈၅နောက်ပိုင်း အမြင့်ဆုံး ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ရတဲ့ ဝင်ငွေအပေါ်မှာ ကင်းလွတ်ခွင့်ကိုလည်း ၂၀၂၃မှာ တိုးမြှင့်ပေးမယ်လို့ ဆိုပါတယ်။ အခွန်လျော့တာနဲ့အတူContinue reading “အောက်တိုဘာ ၁၉ ရက် ၂၀၂၂”

အောက်တိုဘာ ၁၈ ရက် ၂၀၂၂

မစ်တမ်းရကပွဲတွေ နီးကပ်လာတဲ့အချိန်မှာ တဖက်နဲ့တဖက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာနေပါတယ်။ ဟိုးနှစ်ပေါင်းများစွာတုန်းကတော့ ပြည်သူအများရှေ့မှာ တဖက်နဲ့တဖက် မူတွေချပြပြီး ကိုယ့်မူက သာလွန်ကြောင်း အကျိုးများကြောင်း ဒီဘိတ်လုပ်ကြတာပါ။ တဖက်နဲ့ တဖက် အပြန်အလှန် မေးခွန်းထုတ်တာ ထောက်တာ ငြင်းတာတွေ လုပ်ခဲ့ကြသလို ပြည်သူကပါ ဝင်ပြီး မေးခွန်းထုတ်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကနေ့ခေတ်ဒီမိုကရက်တွေကတော့ အလွန်ကောင်းမွန်သင့်မြတ်တဲ့ အစဥ်အလာကို စွန့်ပယ်ပြီး မျက်နှာချင်းဆိုင် ဒီဘိတ်လုပ်ကြဖို့ကို တီဆားပက်သလောက် ကြောက်နေကြတာဟာ အဆင့်ဆင့်သော ရွေးကောက်ပွဲတိုင်းလိုလိုမှာ ဖြစ်ပါတယ်။ မလွှဲမရှောင်နိုင်တဲ့ အဆုံးမှာမှ တချို့က တကြိမ်လောက်သာ လုပ်ဖို့သဘောတူကြပြီး အဲဒါကလည်း သူတို့စည်းကမ်းတွေကို လိုက်လျောမှ သဘောတူကြတာဖြစ်ပါတယ်။ အရီဇိုးနားဂါဗာနာပြိုင်ပွဲမှာ ရီပါဘလစ်ကန်ဘက်ကပြိုင်မယ့် ထရမ့်ထောက်ခံပေးထားတဲ့ သတင်းသမား ကယ်ရီလိတ်ခ်က ဒီမိုကရက်ပြိုင်ဖက် ကေတီဟော့ဘ်စ်ကို ဒီဘိတ်လုပ်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့တာမှာ ကေတီကလည်းContinue reading “အောက်တိုဘာ ၁၈ ရက် ၂၀၂၂”

အောက်တိုဘာ ၁၅, ၂၀၂၂

ဥရောပမှာ ဆောင်းဦးကာလရောက်နေပြီး မကြာခင် ဆောင်းဝင်တော့မှာဖြစ်တဲ့အတွက် စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းကလူတွေအတွက် နိုင်ငံတကာအစိုးရတွေက အကူအညီတွေ ပို့ကြဦးမှာ ဖြစ်ပါတယ်။ယူကရိန်းကို ထောက်ခံစာနာကြတဲ့သူတွေ အမေရိကန်မှာရော ကမ္ဘာမှာပါ အများကြီးမှ အများကြီးပါ။ တကယ်တမ်း ကိုယ့်အိတ်ထဲက စိုက်ထုတ်ပြီး ကူညီတာမျိုးကတော့ တော်တော်လေး နည်းပါတယ်။ စစ်ဖြစ်တာကြိုက်သူတွေက နှစ်ပါတီစလုံးမှာ ရှိနေတာဖြစ်ပြီး တကယ်ငြိမ်းချမ်းရေးရဖို့ ဖိဖိစီးစီး ဝင်ဆွေးနွေးပေး၊ စစ်ကို တားမြစ်နိုင်ဖို့ နည်းလမ်းသစ်ရှာတာမျိုး၊ ထိရောက်တဲ့ အကူအညီပေးသူကတော့ နှစ်ပါတီလုံးမှာ နည်းပါတယ်။ စစ်ပွဲသက်ဆိုးရှည်အောင်နဲ့ စားကောင်းဝါးကောင်းအောင်လောက်သာ လုပ်နေကြသလိုပါပဲ။ အဲဒီထဲမှာ အီလွန်က စတားလင့်ခ်ဂြိုလ်တုတွေ ထောက်ပံ့ပေးထားတာဖြစ်ပြီး အဲဒီစားရိတ်က ဒီနှစ်ကုန်ဆို သန်း၁၀၀ကျော်သွားတော့မယ်လို့ ဆိုပါတယ်။ အဲဒီလောက် အကုန်ခံ အပင်ပန်းခံပြီး ကူညီထားတဲ့အီလွန်ကိုတောင် ယူကရိန်းကို ဝေဖန်တာနဲ့ပဲ ပူတင့်လူလို့ သမုတ်နေကြသေးတာပါ။ ဖိုင်နန်ရှယ်တိုင်းမ်စ်ကလည်း စတားလင့်ကContinue reading “အောက်တိုဘာ ၁၅, ၂၀၂၂”

အောက်တိုဘာ ၁၁, ၂၀၂၂

မစ်တမ်းရကပွဲနဲ့ ပတ်သက်ပြီး ဆက်ရမယ်ဆိုရင် သယ်ဗျူးတီဗီအစီအစဥ်က တင်ဆက်သူတဦးဖြစ်တဲ့ ဆန်နီဟို့စ်တင်က မဲပေးသူတွေက ငွေဖောင်းပွမှုထက် ကဝဖျက်ချပိုင်ခွင့်ကို ပိုအလေးထားကြတယ်လို့ ဆိုပါတယ်။ နေ့စေ့လစေ့ (သို့) အရှင်မွေးလာပြီးတောင်မှ မိခင်က မလိုချင်ဘူးဆိုရင် အစတုံးပေးဖို့ အကြီးအကျယ် တွန်းနေတဲ့ ကယ်လီဖိုးနီးယားလို အပြာရင့်ပြည်နယ်တွေမှာ မျိုးပွားမှုလွတ်လပ်ခွင့်အဖြစ်နဲ့ မဲပေါ်ရောက်နေကြပါပြီ။ အဲဒါက လှည့်ဖျားထားတဲ့ ခေါင်းစဥ်သာ ဖြစ်ပါတယ်။ အမှန်တကယ် ဒီတိုင်းပြည်မှာ လွတ်လွတ်လပ်လပ်ကြီးကို မျိုးပွားလို့ ရပါတယ်။ ဘယ်သူမှ မချုပ်ချယ်ထားပါဘူး။ ပိုသင့်တော်တဲ့ ခေါင်းစဥ်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းမရှိ၊ ဆန္ဒဖော်ထုတ်နိုင်ခြင်းလည်း မရှိသေးတဲ့ အသက်လေးတွေကို လွတ်လွတ်လပ်လပ် အစတုံးနိုင်ခွင့်လို့ ပြောရင် ပိုမှန်မှာပါ။ ဟို့စ်တင်က အခုလို ပြောရတာဟာ အမျိုးသမီးမဲပေးမယ့်သူ အရည်အတွက် အများကြီး တိုးလာတာကြောင့်လို့ ဆိုပါတယ်။​ စီအန်အန်က စစ်တမ်းဂုရုContinue reading “အောက်တိုဘာ ၁၁, ၂၀၂၂”

မစ်တမ်းရွေးကောက်ပွဲ

မစ်တမ်းရွေးကောက်ပွဲက တလတောင် မလိုတော့တဲ့အချိန်မှာ စစ်တမ်းတွေအရ လွှတ်တော်မှာ ဒီမိုခွက်တွေ အရေးနိမ့်မယ့် အခြေအနေကို ဖေးကူဖို့ ဉာဏ်နီဉာဏ်နက်တွေ ထုတ်နေကြပါပြီ။ စပိန်စကားပြော တောင်အမေရိကဖွားတွေကို ဆွယ်ယူဖို့ စပိန်စကားပြောရေဒီယိုချန်နယ်တွေ ဝယ်ယူမှိုင်းတိုက်တာကို အမွှေစိန်က ထောက်ပံ့ပေးထားပါတယ်။ လူမည်းတွေမဲအတွက်တော့ ဟူစိန့်မိန်းမ ကျောထောက်နောက်ခံပေးထားတဲ့ လူမည်းဒိတ်တင်းဂရုကနေ မဲမပေးရင် ပေးမနမ်းဘူး၊ ပေးမထိဘူး၊ အတူမအိပ်ဘူးဆိုပြီး သီချင်းနဲ့ ကမ်ပိန်းလုပ်နေပါတယ်။ ဒီအိုင်ဒီယာက အဆန်းတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၃၃တုန်းကလည်း အေသင်နဲ့ စပါတာက မိန်းမတွေဟာ သူတို့ယောက်ျားတွေ ပီလိုပိုနီးရှန်းစစ်မှာ တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းအောင် အခုလိုပဲ စမူဆာပါဝါနဲ့ အကျပ်ကိုင်ခဲ့ကြပါတယ်။ လုပ်ဟန်ချင်း ဆင်ပေမယ့် အရင်းအမြစ်တွေ နည်းပါးသေးတဲ့ လွန်ခဲ့တဲ့ နှစ် ၂၅၀၀နီးပါးက အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးအတွက် လုပ်ခဲ့ကြတာဖြစ်ပြီး နည်းပညာတွေContinue reading “မစ်တမ်းရွေးကောက်ပွဲ”

အောက်တိုဘာ ၅ ရက် ၂၀၂၂

အိုပက်က ရေနံစိမ်းဈေးတွေ ကျလာတာကို တုန့်ပြန်ဖို့ ဒီနှစ်နိုဝင်ဘာကစပြီး ရေနံထုတ်လုပ်မှုကို တနေ့ စည်နှစ်သန်းလျော့ချဖို့ ဩဂုတ်လက ဆုံးဖြတ်ခဲ့ပါတယ်။ နိုဝင်ဘာလည်း နီးလာပြီဖြစ်ပြီး ကျောင်းတွေလည်းပြန်ဖွင့်၊ အလုပ်တွေကလည်း ရုံးပြန်တက်ဖို့ ဆော်ဩလာကြတဲ့အတွက် ဆီဈေးတွေလည်း တက်လာတာ ကယ်လီဖိုးနီးယားမှာ တဂါလံကို ၇ဒေါ်လာနားမှာ ဝဲနေပါပြီ။ ပရီမီယံဆိုရင် ၇.၁၉ အောက်ကို မဆင်းတော့တာတောင် ရက်အတော်လေး ကြာနေပါပြီ။ ရကပွဲကလည်း ၁လပဲ လိုတော့တာကြောင့် ဆီဈေးတက်လေ၊ လူထုကြပ်တည်းလေ၊ သူတို့အတွက် မဲနည်းလေဖြစ်ပြီး လျှပ်စစ်ကားအားသွင်းခတွေလည်း ၂ဆကနေ ၃ဆလောက်ထိ တက်ကုန်တဲ့အတွက်  ဘိုင်ကြီးတို့တတွေ ဆင်ကြံကြံရပါတော့တယ်။ ဆင်ကြံဆိုပေမယ့် သူတို့လုပ်တတ်တာက ထရမ့်လက်ထက်က အရေးပေါ်အခြေအနေမှာသုံးဖို့ ဝယ်စုထားတဲ့ ဗျူဟာမြောက်အရံရေနံတွေ ထုတ်ရောင်းတာတခုပဲ ဖြစ်တော့ လာမယ့်လမှာ ရေနံစည် ၁၀သန်း ထုတ်ရောင်းမယ်လို့ ဘိုင်ကြီးက စွမ်းအင်ဌာနကိုContinue reading “အောက်တိုဘာ ၅ ရက် ၂၀၂၂”

ကကဆေးတွေအကြောင်း

ဒီကနေ့ အဲပုခ်တိုင်းမ်စ်က တင်ထားတဲ့ ကကဆနဲ့ ပတ်သက်တဲ့ အန်ဒါသယ် စကင်းဆိုတဲ့ မှတ်တမ်းရုပ်ရှင်လေးတခု ကြည့်လိုက်ရသလို တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့(JW) က တင်ထားတဲ့ ကဗကကဆနဲ့ ပတ်သက်ပြီး ဖော်ထုတ်သိရှိလာတာလေးတွေကိုပါ ဖတ်လိုက်ရပါတယ်။ ဖတ်လိုက်ရတဲ့ထဲမှာ JW က ကဗကကဆတွေနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေ လုပ်ထားတာတွေကို ဒေတာတွေသာပြပြီး ဘယ်မှာလုပ်ထားတယ်ဆိုတာကို လုံးဝ ဖုံးဖိထားခဲ့တာပါ။ တရားတဘောင်ပြုပြီး အမှန်ပြောဖို့ တောင်းဆိုရင်တောင်မှ ဖရီးဒမ်းအော့အင်ဖိုအက်မှာ အကျုံးမဝင်ပါဘူးဆိုပြီး အကြိမ်ကြိမ် ရှောင်တိန်၊ ထိန်ချန်ထားခဲ့ပါတယ်။ မနှစ်စက်တင်ဘာမှာ အဖဒီအေရော ဆီဒီဆီရော အံအိုင် အေအိုင်ဒီရောကို တရားစွဲခဲ့တာမှာတော့ သူတို့ရဲ့ မှတ်တမ်းမှတ်ရာတွေထဲက စာမျက်နှာ ၁၁၅ ခုကို ရရှိခဲ့ပါတယ်။ အဲဒီအချက်တွေက ကျန်းမာရေးဌာနက အရင်တရားစွဲတုန်းက ထုတ်ပေးခဲ့ရတာတွေမှာ ချန်ထားခဲ့တာပါ။ ဘာမို့လို့ ဒီလောက်ဖုံးဖိနေရတာလဲဆိုတော့ ဒီမိုခွက်တွေနဲ့Continue reading “ကကဆေးတွေအကြောင်း”

နော်စထရင်မ်ဂက်စ်လိုင်းပေါက်ကွဲမှု

မနေ့က ရုရှားကနေ ဥရောပကို ဓါတ်ငွေ့ပို့ဖို့ ဆောက်ထားတဲ့ နော်စထရင်မ်ပိုက်လိုင်း ၂ခုဟာ ဒိန်းမတ်နိုင်ငံပိုင် ကျွန်းတကျွန်းနားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဂြိုလ်တုက မြင်ရတဲ့ထဲမှာတော့ မိုင်ဝက်ကျော်ကျယ်တဲ့နေရာမှာ ပူစီပေါင်းတွေ တက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲအားတခုချင်းစီက တီအန်တီပေါင် ၁၀၀အားလောက် ရှိနိုင်ပြီး ငလျှင်လှုပ်သွားတာ မဟုတ်တဲ့အတွက် တမင်ဖောက်ခွဲပစ်တာလို့ပဲ ယူဆရတော့မှာပါ။ တမင်ဖောက်ခွဲတယ်ဆိုရင်လည်း ရုရှားက ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲဖို့ သိပ်မဖြစ်နိုင်သလို ယူကရိန်းလို ဆင်းရဲတဲ့ နိုင်ငံငယ်လေးကလည်း အဲဒီလို လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီပိုက်လိုင်းကို ဂျာမဏီက စောင့်ရှောက်နေတာဖြစ်ပြီး ဆောင်ဝင်းတော့မယ့်အချိန်မှာ ဥရောပနိုင်ငံတွေက ဖောက်ခွဲပြီး ကိုယ့်ဒုက္ခကိုယ်ရှာတာလည်း ဖြစ်ဖို့ ဝေးပါတယ်။​ တပ်ကာကတော့ ဘိုင်ကြီးနဲ့ သူ့အစိုးရအဖွဲ့ဝင်တို့က ရုရှားနယ်ချဲ့တာကို တားမြစ်ဖို့ ဒီပိုက်လိုင်းတွေ ရှင်းပစ်သင့် ရှင်းပစ်ရမယ်လို့ ပြောထားတာတွေကိုContinue reading “နော်စထရင်မ်ဂက်စ်လိုင်းပေါက်ကွဲမှု”

China Coup Rumor

တရုပ်ပြည်မှာ အာဏာသိမ်းမှုဖြစ်တယ်ဆိုတဲ့ ကောလဟလတွေ ထွက်လာတယ်ဆိုတာ မတော်တဆဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ စစ်ကားတွေသွားနေတာကလည်း စစ်ကားတွေက အမြဲဟိုသွား ဒီသွား လုပ်တတ်ကြတာဖြစ်သလို လေကြောင်းခရီးစဥ်တွေ ဖျက်သိမ်းတယ်ဆိုတာလည်း ကပ်ပိုးနောက်ပိုင်း ကမ္ညာအနှံဲ့မှာ ဖြစ်လေ့ရှိတာထက် အများကြီးမပိုပါဘူး။ နိုင်ငံတကာသတင်းဌာနကြီးတွေ တခုကမှ အတည်ပြုထားတာမဟုတ်တာကလည်း မသင်္ကာစရာ ကောင်းစေတာပါ။ ရှီက ဒီနှစ်ထဲမှာလုပ်မယ့် ပါတီထိပ်သီးညီလာခံမှာ ရာသက်ပန်အာမ္မတလုပ်ဖို့ ကြံစည်နေသူဖြစ်တော့ ပါတီတွင်းအားပြိုင်မှုတွေ ရှိနေခဲ့တာ လအတော်ကြာခဲ့ပါပြီ။ ဒီလထဲမှာ ကျန်ဇီမင်းကို သစ္စာခံသူတွေထဲက အောက်ခြေပိုင်းတွေကို စဖြိုခဲ့ပါတယ်။ ထောင်ဒဏ်တွေနဲ့ မချိမဆန့်ဒဏ်ကြေးတွေ၊ ပိုင်ဆိုင်မှုအကုန်သိမ်းတာတွေ ပါသလို စမုံတုံးမယ့်ပြစ်ဒဏ်တွေအထိ ပါဝင်ပါတယ်။ အောက်ခြေကို စကိုင်တာကတော့ လုပ်ရိုးလုပ်စဥ်ပါပဲ။ အောက်ခြေက သေဒဏ်/မဆပ်နိုင်လောက်တဲ့ ဒဏ်ကြေးတွေကို ရှောင်ဖို့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အထက်ကို ဖော်ကောင်/ လိမ်ကောင် လုပ်ရပါတော့တယ်။ အဲဒီလိုနဲ့Continue reading “China Coup Rumor”

သားရေကွင်းတရားရေး

အရင်က ဗြိတိန်နိုင်ငံသားဖြစ်ခဲ့ဖူးတဲ့ အသက် ၃၄နှစ်ရှိ ဆူဒန်ဖွား အယ်လ်ရှဖီအယ်လ်ရှိခ်ဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ ၂၀၁၂ကနေ ၂၀၁၅အတွင်း ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပြီး အမေရိကန် ၄ဦးပါဝင်တဲ့ ဂျာနယ်လစ်နဲ့ ကူညီကယ်ဆယ်ရေးဝန်ထမ်း ၂၆ဦးကို ပြန်ပေးဆွဲ၊ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ အယ်လ်ရှိခ်က သူတို့ခေါင်းဖြတ်/ မီးရှို့သတ်ခဲ့တာတွေကို ကင်မရာနဲ့ လိုက်ဖ်လွင့်မှတ်တမ်းတင်လေ့ ရှိသူဖြစ်ပါတယ်။ သူ့ကို အရင်ရှေ့နေချုပ် ဝီလီယံဘားက သေဒဏ်ကနေ လွှတ်ပေးလိုက်ပြီး ဗာဂျီးနီးယားက ခရိုင်တရားရုံးတခုက တသက်တကျွန်း ၈ကြိမ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အယ်လ်ရှိခ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအရ သူ့ကို ဆူပါမက်စ်အဆင့်ရှိတဲ့ အမေရိကန်ရဲ့ လုံခြုံရေးတင်းကျပ်မှု အမြင့်ဆုံးအကျဥ်းထောင် ADX Florence မှာ တသက်လုံး တနေ့ကို ၂၃နာရီ တိုက်ပိတ်ခံထားရမှာဖြစ်ပြီး ကျန်တဲ့ ၁နာရီမှာလည်း နေရောင်အောက်မှာဆိုပေမယ့်Continue reading “သားရေကွင်းတရားရေး”