ဧပြီ ၃၀ ရက် ၂၀၂၂

အီလွန်က တွဒ်တာကိုဝယ်ဖို့ ဘဏ်ကချေးထားတဲ့ငွေတွေကို ပြန်ဆပ်နိုင်ဖို့ တွဒ်တာပေးလုပ်ဖို့ အစီအစဥ်ရှိကြောင်း၊ ဘုတ်အဖွဲ့ကို ပေးနေရတဲ့ လစာတွေကို ဖယ်ရှားသွားမယ့်အကြောင်း၊ တွိတွေကနေ ငွေဝင်အောင် နည်းလမ်းသစ်တွေ ရှာဖွေသွားမယ့်အကြောင်း မြီရှင်တွေကို ပြောကြားသွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ လောလောဆယ် သုံးစွဲသူတွေက အကောင့်အစစ်အမှန် ဖြစ်ကြောင်း ဘလူးမာ့ခ်ရဖို့အတွက် တလကို ၃ဒေါ်လာ ပေးနေရတာ ဖြစ်ပါတယ်။ အကောင့်ဖွင့်ဖို့ သေချာစစ်ဆေးတာမျိုး မရှိတဲ့အတွက် စက်တွေကနေ အကောင့်တုတွေ အများကြီးဖန်တီးပြီး ကလဖန်ထိုးနေကြတာက ပြဿနာတခုဖြစ်နေတဲ့အတွက် သုံးစွဲသူစီစစ်ဖို့ကို ကွန်ဆာဗေးတစ်တွေက တောင်းဆိုနေကြတာပါ။ ဘုတ်အဖွဲ့ရဲ့ စတော့အပါအဝင် ခံစားခွင့်တွေကလည်း ၂၀၂၁ မှာ သန်း၆၃၀ ဖြစ်လို့ ၂၀၂၀တုန်းကထက် ၃၃ရာနှုန်း ပိုများလာတာပါ။ ကုမ္ပဏီရဲ့ ဝင်ငွေနဲ့စာရင် အုပ်ချုပ်သူတွေရဲ့ ခံစားခွင့်က မဟားတရား များနေတာကိုယ်၌က ဘုတ်အဖွဲ့ရဲ့Continue reading “ဧပြီ ၃၀ ရက် ၂၀၂၂”

ဧပြီ ၂၈ ရက် ၂၀၂၂

အီလွန်တွဒ်တာကို ဝယ်ပြီးတာနဲ့ စတွေ့ရတဲ့ အပြောင်းအလဲတွေက အားရစရာပါ။ အရင်က ဘန်းထားတဲ့ (သို့) ညစ်လွန်းလို့ ထွက်သွားကြတဲ့ ကွန်ဆာဗေးတစ်အများအပြား ပြန်ဝင်လာကြတဲ့အပြင် ဖော်လိုဝါတွေ ကြောက်ခမန်းလိလိ တက်လာကြပါတယ်။ ဖလော်ရီဒါဂါဗာနာ ရွန်ဒီဆန်းတစ်စ်နဲ့ ဒွန်ဂျူနီယာ (ထရမ့်သားကြီး)တို့က ၂ရက်အတွင်း ဖော်လိုဝါ ၂သိန်းလောက် တက်လာပြီး တပ်ကာက ၁သိန်းခွဲနဲ့ တခြားရီပါဘလစ်ကန်အမတ်တွေနဲ့ ဂျိမ်းစ်ဝုဒ်စသူတို့က ၇သောင်းကျော်လောက် တက်ခဲ့တာပါ။ ယှဥ်ကြည့်မယ်ဆိုရင် သူတို့အကောင့်တွေမှာ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီး ဖော်လိုဝါတွေ အလကားနေရင်း သောင်းချီ သိန်းချီပြုတ်ကျနေခဲ့ပြီး ဘယ်အချိန် ဘယ်သွားသွား ဆဲမယ့်လူကလွဲလို့ အားပေးမယ့်သူမရှိတဲ့ ဘိုင်ဒန်လိုလူက ဖော်လိုဝါတွေ မျက်လှည့်ပြသလို တက်သွားခဲ့တာက သွေးရိုးသားရိုးမဟုတ်နိုင်ပါဘူး။ ဖောက်စ်နယူးစ်က မိုးလေဝသတင်ဆက်သူ ပညာရှင် ဂျနစ်စ်ဒီင်းက တွဒ်တာဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အရမ်းကို သုံးလို့ကောင်းနေတယ်၊Continue reading “ဧပြီ ၂၈ ရက် ၂၀၂၂”

ဧပြီ ၂၇ ရက် ၂၀၂၂

အီလွန်တွဒ်တာကို ဝယ်အပြီးမှာ ပထမဆုံးလို့ ပြောလို့ရတဲ့ ပြင်းထန်တဲ့တွိကတော့ ဘိုင်ဒန်တို့ သားအဖနဲ့ ပတ်သက်ပါတယ်။ အီလွန်ကနေ့တွိတာကတော့ သတင်းဌာနကြီးတခုက တကယ့်သတင်းအမှန် တင်ပြထားတာကို ပိတ်ပင်တာက တကယ့်ကို မသင့်လျော်တဲ့လုပ်ရပ်ဆိုတာ အသိသာကြီးလို့ ဆိုပါတယ်။ နောက်တွိတခုမှာလည်း ဘိုင်ဒန်က ခြေအိတ်ကို လက်မှာစွပ်ပြီး ပါးစပ်လို စကားပြောဟန်လုပ်တဲ့ ရုပ်သေးလူသားပါပဲလို့ ရေးပြန်ပါတယ်။   စတာက ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဝါရှင်တန်ပို့စ်က ဟန်းတားရဲ့ လက်ပ်တော့ပ်အကြောင်း ဖွင့်ချလိုက်ပါတယ်။ တရားဝင်ထရမ့်ကမ်ပိန်းတွဒ်တာအကောင့်က အဲဒီသတင်းကို ကိုးကားပြီး ဂျိုးဘိုင်ဒန်က လူလိမ်၊ တိုင်းပြည်ကို ရောင်းစားနေတာ နှစ်ပေါင်းများစွာရှိနေပြီလို့ တွိပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် ၁၉ရက်အလိုမှာ တရားဝင်ထရမ့်ကမ်ပိန်းအကောင့်ရော နယူးယောက်ပို့စ်က အကောင့်ရော အပိတ်/ရပ်နားခံလိုက်ရတာပါ။ တွဒ်တာက ဆင်ဆာကင်ပေတိုင်များကတော့ သူများရဲ့ ပုဂ္ဂိုလ်ရေးတွေကို ကာယကံရှင်ခွင့်ပြုချက်မရပဲContinue reading “ဧပြီ ၂၇ ရက် ၂၀၂၂”

ဧပြီ ၂၆ ရက် ၂၀၂၂

အီလွန်တွဒ်တာကို ဝယ်လိုက်တဲ့အပေါ်မှာ တုန့်ပြန်မှုများစွာ ရှိကြတဲ့အထဲက စိတ်ဝင်စားစရာ အကောင်းဆုံးတခုကတော့ တွဒ်တာကို ပူးတွဲတည်ထောင်သူ ဂျက်ခ်ဒေါ်စေရဲ့ မှတ်ချက်ပဲ ဖြစ်ပါတယ်။ ဒေါ်စေက အီလွန်မတ်စ်ဟာ သူယုံကြည်တဲ့ တခုတည်းသောအဖြေဖြစ်တယ်လို့ ပြောသွားပါတယ်။ သူက ငါတွဒ်တာကို ချစ်တယ်၊ တွဒ်တာက ကမ္ဘာ့အဆင့်အသိတရားရှိမှုနဲ့ အနီးစပ်ဆုံးဖြစ်တယ်၊ ငါ့အတွက်တော့ အိုင်ဒီယာ စိတ်ကူးစိတ်သန်းရော ဆားဗစ်စ် ဝန်ဆောင်မှုရောက အရေးအကြီးဆုံးပဲ၊ အဲဒီနှစ်ခုကို ကာကွယ်ဖို့ ဘာပဲလုပ်ရလုပ်ရ ငါလုပ်မယ်၊ တွဒ်တာကုမ္ပဏီက ငါ့ရဲ့ဂရုအစိုက်ဆုံး ကိစ္စဖြစ်သလို ငါ့ရဲ့ အကြီးဆုံးနောင်တလည်းဖြစ်တယ်၊ (အများပိုင်ကုမ္ပဏီဖြစ်သွားပြီးနောက်) ဝေါလ်စထရိနဲ့ (ဝင်ငွေအတွက်) ကြော်ငြာမော်ဒယ်တွေက ပိုင်သွားတော့တာပါပဲ၊ အခုလို ဝေါလ်စထရိက ပြန်ရယူလိုက်တာက လမ်းမှန်ကိုသွားမယ့် ပထမဆုံးခြေလှမ်းပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ဒေါ်စေက မူအားဖြင့်ဆိုရင်တော့ တွဒ်တာကို ဘယ်သူကပိုင်သင့်တယ်၊ ဘယ်သူက စီမံသင့်တယ်ဆိုတာမျိုးContinue reading “ဧပြီ ၂၆ ရက် ၂၀၂၂”

ဧပြီ ၂၅ ရက် ၂၀၂၂

တွဒ်တာဘုတ်အဖွဲ့ကတော့ အီလွန့်ကို ၄၄ဘီလီယံနဲ့ ရောင်းချဖို့ သဘောတူလိုက်ပါပြီ။​ ဆင်ကြံကြံလို့လည်း မရတော့ဘူးလေ။ သူတို့ဘက်က ကောင်တာအော်ဖာပေးမယ့်သူက ဘယ်လောက်ပေးနိုင်မှာမို့လဲ။ ငြင်း/ညစ်လိုက်လို့ အီလွန်ဖက်က စိတ်ကုန်သွားခဲ့ရင် စတော့တွေက ပြုတ်ကျဦးမယ့်အပြင် ရှယ်ယာရှင်တွေက အလုံးအရင်းနဲ့ တရားဝိုင်းစွဲတာ ခံရဦးမှာ။ လက်ခံတယ်လို့ အကြောင်းမပြန်ခင်လေးတင်မှာ တွဒ်တာက သူတို့ရဲ့ ဆို့စ်ကုဒ်တွေကို လော့ခ်ချထားလိုက်ပါတယ်။ ဘယ်သူမှ ပြင်လို့၊​ ဖျက်လိုဖျက်ဆီးလုပ်လို့ မရအောင်လုပ်တာမျိုး ဖြစ်မယ်ထင်ပါတယ်။ နောက်သတင်းတပုဒ်မှာတော့ အဲဒီလို လော့ခ်မလုပ်ခင်ကို တချို့ဝန်ထမ်းတွေက ပါ့ဘလစ်ဒေတာထားသိုတဲ့ ရီပိုစစ်ထရီအလွတ်တခုကို ထည့်ထားလိုက်တယ်လို့ ဆိုပါတယ်။ အဲဒါက အီလွန်ကို မနှစ်သက်တဲ့ ဝန်ထမ်းတွေရဲ့ မက်ဆေ့ချ်ဖြစ်နိုင်ပါတယ်။ အီလွန်ဖက်ကလည်း ငါ့ကို အဆိုးရွားဆုံး ဝေဖန်နေတဲ့သူတွေကိုတောင် တွဒ်တာမှာ ဆက်ရှိနေစေချင်ပါတယ်၊ ဒါမှ ဖရီးစပိချ်ပီသမှာပေါ့လို့ တွိသွားပါတယ်။ ဝန်ထမ်းတွေကို ပြောတာတော့ ဟုတ်ဟန်မတူပါဘူး။​Continue reading “ဧပြီ ၂၅ ရက် ၂၀၂၂”

ဧပြီ ၂၄ ရက် ၂၀၂၂

ဖရီးစပိချ်ကို ကာကွယ်ဖို့ ကိုယ်ပိုင်ဓနကို အလုံးအရင်းနဲ့ သုံးပြီး ကြိုးစားတာ အရှိန်ရလာချိန်မှာတော့ ပြည်နယ်/ဖက်ဒရယ်အစိုးရတွေက နည်းမျိုးစုံနဲ့ ခြေထိုးလာကြပါတယ်။ အီလွန့်လုပ်ရပ် သက်ရောက်မှု အတိုင်းအတာဘယ်လောက်ကြီးလဲဆိုတော့ လက်ဝဲသမားတွေက သူတို့ဖက်က အိုဘားမားတို့ ဟေလာရီတို့လို လက်ကြီးတွေ အကုန်ထုတ်သုံးလာရတာကို ကြည့်ရင် သိနိုင်ပါတယ်။ အဲဒါကလည်း ဘိုင်ဒန်နဲ့ ကာမလာတို့က သုံးစားမရမှန်း ပိုသိသာစေတာပါပဲ။ ဟူစိန်အိုဘားမားက စတန်းဖို့ဒ်က ဆိုင်ဘာပေါ်လစီစန်တာမှာ ပေးတဲ့ မိန့်ခွန်းမှာ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် အစိုးရက အင်တာနက်နဲ့ သတင်းအချက်အလက်တွေကို ပိုထိန်းချုပ်သင့်တယ်လို့ ပြောသွားပါတယ်။ သူပြောတဲ့ အစိုးရကဆိုရာမှာ ဖရီးစပိချ်ကို အားပေးတဲ့ ရီပါဘလစ်ကန်အစိုးရ တွေတော့ ပါမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ရီပါဘလစ်ကန်တွေကို ဆဲဆိုဝေဖန်လို့ ဘယ်သူမှ ထောင်မကျ၊ အပိတ် အဘန်းမခံရပေမယ့် ဒီမိုကရက်တွေ၊ ဒီမိုကရက်ပေါ်လစီတွေ၊ တရုပ်လိုContinue reading “ဧပြီ ၂၄ ရက် ၂၀၂၂”

ဧပြီ ၂၃ ရက် ၂၀၂၂

ဖရီးစပိချ်ကို ကာကွယ်ဖို့ ကိုယ့်ပိုင်ဆိုင်မှုတွေကို ရင်းပြီး ကြိုးစားနေတဲ့ အီလွန်ကို စတင်တိုက်ခိုက်လာတဲ့ထဲမှာ မိုက်ကရိုဆော့ဖ်ဖောင်ဒါ ဘေလ်ဂိတ်စ်လဲ ပါလာပါပြီ။​ ဂိတ်စ်က တက်စ်လာစတော့တွေကို အလုံးအရင်းနဲ့ ရှော့ဆေးလ်စလုပ်နေပါတယ်။ ရှော့ဆေးလုပ်ကြတာက လုပ်တဲ့စတော့ရဲ့ဈေးတွေ ပြုတ်ကျတော့မယ်လို့ ခန့်မှန်းသူတွေ လုပ်ကြတာပါ။ ဂိတ်စ်က လောလောဆယ် တက်စ်လာစတော့ သန်း၅၀၀ဖိုး ပိုင်ဆိုင်ထားတယ်လို့ ဆိုကြပါတယ်။ ခုရက်ထဲတင်မှ ဝင်ငွေစံချိန်တင်ထားတဲ့ တက်စ်လာကို ရှော့ဆေးလ်လုပ်တယ်ဆိုတာက သွေးရိုးသားရိုးဖြစ်ဖို့တော့ ခက်ပါတယ်။ ဂိတ်စ်နဲ့ မတ်စ် အပြန်အလှန်ပို့ကြတဲ့ စာတိုမက်ဆေ့ချ်မှာ မတ်စ်က ခင်ဗျားမှာဘီလီယံဝက်ဖိုး တက်စလာကို ရှော့ထားတာ ရှိသေးလားလို့ မေးတော့ ဂိတ်စ်က ရှိသေးတယ်လို့ ပြန်ခဲ့ပြီး မာ့စ်ခ်ကို ကလိုင်းမိတ်ချိန့်နဲ့ ပတ်သက်တဲ့ ပရဟိတအလုပ်တွေ တွဲလုပ်ဖို့ ဆွယ်ပါတယ်။ ပြောရရင်တော့ ဂရူးမင်း အယုံသွင်းခြင်း တမျိုးပါပဲ။ အီလွန်ကContinue reading “ဧပြီ ၂၃ ရက် ၂၀၂၂”

ဧပြီ ၂၁ ရက် ၂၀၂၂

အီလွန်က သူ တွဒ်တာကို ဝယ်ဖို့ ၄၆.၅ ဘီလီယံ ရှာထားပြီးဖြစ်ကြောင်းနဲ့ မကြာမီ တန်ဒါအော်ဖာ ကမ်းလှမ်းသွားဖို့ စီစဥ်နေကြောင်း ကနေ့အက်စ်အီးစီကို လျောက်ထားချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလို တန်ဒါအော်ဖာလုပ်ခြင်းဖြင့် ဘုတ်အဖွဲ့ကို ဖြတ်စရာ မလိုတော့ပဲ ၉၀.၈ရာနှုန်းသော ရှယ်ယာရှင်တွေက သူ့ကမ်းလှမ်းချက်ကို လက်ခံ/မခံ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ၉၀.၈ဆိုတာက ကျန်တဲ့ ၉.၂ရာနှုန်းက သူပိုင်ပြီးသားမို့ပါ။ အကုန်လုံးတော့ ဖြစ်စရာမလိုပါဘူး၊ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ ပမာဏက သတ်မှတ်ရက်မှာ စျေးတခုသတ်မှတ်ပေးဖို့ပဲ လိုတာပါ။ အဲဒီလို ဖြစ်လာရင် ဘုတ်အဖွဲ့က ပွိုင်ဆန်ပေလ်လည်း လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ တန်ဒါအော်ဖာလုပ်လိုက်ရင် တွဒ်တာဘုတ်က ကောင်တာအော်ဖာ လုပ်နိုင်ဖို့ နောက်ထပ် ဝယ်သူတယောက် ပြရမှာဖြစ်ပါတယ်။ မပြနိုင်ရင်တော့ မတ်စ်နဲ့ ဆွေးနွေးဖို့ပဲ ရှိပါတော့တယ်။ ခုအချိန်အထိတော့ တကယ်အဲဒီလိုContinue reading “ဧပြီ ၂၁ ရက် ၂၀၂၂”

ဧပြီ ၂၀ ရက် ၂၀၂၂

ဖရီးစပိချ်ကို ကာကွယ်ဖို့ ပိုက်ဆံအများကြီး အကုန်ခံပြီး ကြိုးစားနေတဲ့ တက်စ်လာ၊ စပေ့စ်အိတ်စ်၊ ဘောရင်းကုမ္ပဏီတို့ရဲ့ စီအီးအို အီလွန်မတ်စ်က တွဒ်တာကိုတင် ဝေဖန်နေတာ မဟုတ်ပဲ ဖဘကလည်း ဇကဘနဲ့ မိသားစုရဲ့ လုံခြုံရေးအတွက် ၂၀၂၀တုန်းက ၂၃.၄သန်း၊ ၂၀၂၁မှာ ၂၇သန်း သုံးနေရတာကို များလွန်းတယ်လို့ ဝေဖန်ပါတယ်။ ဒါ့အပြင် နက်ဖလစ်စ်ကိုလည်း ဘယ်လိုမှ ကြည့်လို့ အဆင်မပြေလောက်အောင်ကို ဝုခ်ဖြစ်လွန်းနေတယ်လို့ ဝေဖန်သွားပါတယ်။ အဲဒီလို လက်ဝဲစွန်း အာဂျင်ဒါတွေ ထည့်လာလို့လည်း ဒီနှစ် ပထမ ၃လမှာ လပေးကြည့်ရှုသူပေါင်း ၂သိန်းလောက် လျော့ကျသွားလို့ စတော့ဈေးတွေလည်း ၂၅ရာနှုန်းလောက် ပြုတ်ကျသွားပါတယ်။ ဝုခ်ဆိုတာ တရားဝင်ဖွင့်ဆိုချက်အရတော့ ကိုယ့်ကိုယ်ကို (သို့) လူမှုရေးအရ သတိထားနေတဲ့သူလို့ ဆိုလိုတာပါ။ အနှစ်သာရအပိုင်းမှာတော့ လူတွေကို အသားအရောင်၊ လိင်၊Continue reading “ဧပြီ ၂၀ ရက် ၂၀၂၂”

ဧပြီ ၁၉ ရက် ၂၀၂၂

အီလွန်က တွဒ်တာဘုတ်ကို တုန့်ပြန်ရာမှာ အဲလ်ဗစ်စ် ပရက်စလေဆိုခဲ့တဲ့ လဖ်မီတန်ဒါ (ငါ့ကို ကြင်ကြင်နာနာချစ်ပါ)လို့ တွိခဲ့ပါတယ်။ အဓိပ္ပါယ်က ကြင်နာတာအပြင် ကမ်းလှမ်းချက်ကို လက်ခံတာ၊ သဘောတူစာချုပ်အတိုင်း ငွေပေးချေပြီး အရောင်းအဝယ် အထမြောက်တာလိုလည်း ဖွင့်ဆိုလို့ ရပါတယ်။ တွဒ်တာကို ဝယ်ဖို့ကိစ္စနဲ့ နီးစပ်သူတွေအဆိုအရ အီလွန်က သူပိုင်ငွေ ၁၀-၁၅ဘီလီယံ အထိကို ထည့်ဝင်ဖို့ လိုလိုလားလားရှိပြီး နောက်ထပ် ၁၀ဘီလီယံလောက်ကိုတော့ ဘဏ်က ချေးယူကောင်း ချေးယူနိုင်တယ်လို့ သိရပါတယ်။ ဒီသတင်းတွေကိုတော့ တက်စ်လာကရော တွဒ်တာကပါ မတုန့်ပြန်ကြသေးပါဘူး။ ဧပြီ ၁၄ရက်တုန်းက တက်ဒ်တော့ခ်မှာတုန်းက သူက လူ့အဖွဲ့အစည်း၊ လူ့ယဥ်ကျေးမှုအတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့အတွက် ဖရီးစပိချ်ကို ကန့်သတ်လာတဲ့ တွဒ်တာကို ဝယ်ဖို့ လုပ်နေတာဖြစ်ပြီး စီးပွားရေးအကျိုးအမြတ်က သူ့အတွက် အရေးမကြီးဘူးလို့ ဆိုပါတယ်။ သူ့ရဲ့Continue reading “ဧပြီ ၁၉ ရက် ၂၀၂၂”