-မျ-ကျောက်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်းတပုဒ်ကို ပက်ထရစ်ရှာတော်လ်ဆန်က အဲပုခ်တိုင်းမ်စ်မှာ တင်ဆက်ထားပါတယ်။ မကကို ပထမဆုံးတွေ့ရှိခဲ့တာက ၁၉၅၈မှာဖြစ်ပြီး သုတေသနလုပ်ဖို့ လှောင်ထားတဲ့ အကောင်တွေမှာ ဖြစ်ခဲ့တာပါ။ ဘယ်ကစလာတာလည်းတော့ ခုထိ မသိသေးပါဘူး။ လူမှာဖြစ်တာက ၁၉၇၀နောက်ပိုင်းမှပါ။ ဒီနှစ်မတိုင်ခင်က အဲဒီကျောက်က အလယ်ပိုင်းနဲ့ အနောက်ပိုင်း အာဖရိကမှာပဲ တွေ့ခဲ့ပြီး အဲဒီတိုက်အပြင်မှာ တွေ့ရှိသမျှဟာလည်း နိုင်ငံတကာခရီးသွားတွေနဲ့ ပတ်သက်နေခဲ့တာချည့်ပါပဲ။ ဝဟကပ်ပိုးမပြန့်ခင် လအနည်းငယ်မှာ အီဗန့်တူးအိုဝမ်းနာမည်နဲ့ စားပွဲဝိုင်းလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြတာကို ဒေါက်တာဆာယိဟိုင်ဒါက ကပ်ပိုးစပြန့်ပြီး တနှစ်လောက်အကြာမှာ သိရှိခဲ့ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ကမ္ဘာ့အရပ်ရပ်က အစိုးရတွေပါ လိုက်နာလာမယ့်အနေအထားမျိုးရောက်အောင် ဘယ်လိုမောင်းမယ်ဆိုတာကို ပြင်ဆင်ခဲ့ကြတာလို့ ဆိုပါတယ်။ ကပ်ပိုးကာလတလျောက်လုံး လော့ဒေါင်းတို့ မတ်တပ်တို့ စတဲ့ ဖောက်ချိတို့ ဟူးတို့တတွေ ပေးခဲ့တဲ့ ပြည်သူတွေ လိုက်နာရမယ့်အချက်တွေက အဲဒီလေ့ကျင့်ခန်းကContinue reading “Money Pox, Tomato Flu”
Category Archives: Uncategorized
ဩဂုတ် ၁၆ရက် ၂၀၂၂
ထရမ့်ကို တချိန်လုံး တိုက်ခိုက်နေခဲ့တဲ့ ဘုရှ်၄၃လက်ထက်က ဒုသမ္မတဒစ်ချေနီရဲ့ သမီး လဇ်ချေနီဟာ ဒီကနေ့ဝိုင်ယိုမင်းမှာပြုလုပ်တဲ့ ပါတီတွင်းပဏာမရွေးကောက်ပွဲမှာ ထရမ့်ထောက်ခံပေးထားသူ ဟေ့ချ်မန်ကို (၆၅ – ၃၀)နဲ့ အပြတ်အသတ် ရှုံးနိမ့်နေပါတယ်။ မဲတွေက ရေတွက်ဆဲဖြစ်တော့ ဘယ်သူနိုင်တယ်ဆိုတာ တရားဝင် မကြေငြာရသေးပါဘူး။ အရင်အကြိမ်က ၇၃ရာခိုင်နှုန်းမဲနဲ့ နိုင်ထားတာကို အားကိုးပြီး ခုတကြိမ်မှာ ရှုံးနိုင်ခြေရှိပေမယ့် ဝင်ပြိုင်ခဲ့တာပါ။ သူမကို ဂျန်၆ကိစ္စမှာ မာဂါရီပါဘလစ်ကန်တွေနဲ့ မရပ်တည်ပဲ ဒီမိုကရက်တွေကတဲ့ဇတ်မှာ တက်တက်ကြွကြွ ပါဝင်ပြီး အပြစ်မရှိ အပြစ်ရှာခဲ့လို့ မာဂါရီပါဘလစ်ကန်များက မလိုလားကြတော့တာဖြစ်ပါတယ်။ အစ္စရေးမှာ ဝန်ကြီးချုပ် ၁၅နှစ် လုပ်ခဲ့တဲ့ ဘန်ဂျမင် နေတန်ယာဟု(ဘီဘီ)ကို ဂျူးတဦးဖြစ်တဲ့ ဘန်ရှာပီရိုက အင်တာဗျူးထားတာကို နားထောင်လိုက်ရပါတယ်။ ဘီဘီရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအမြင်တွေဟာ ထရမ့်နဲ့ တော်တော်ဆင်တာContinue reading “ဩဂုတ် ၁၆ရက် ၂၀၂၂”
Trump Home Raid 4
ပြီးခဲ့တဲ့ တနင်္လာနေ့က သမ္မတထရမ့်အိမ်ကို ဝင်စီးကြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တချို့ ထပ်ထွက်လာပါတယ်။ အဲဒီထဲမှာ ၁။ ရှာဖွေဝရမ်းကို လက်မှတ်ထိုးပေးထားတာ သောက်ြာနေ့ထဲကဖြစ်ပြီး ဝင်စီးတာက တနင်္လာမှဖြစ်လို့ ထရမ့်(သို့)သူ့ရှေ့နေအဖွဲ့ကို အကြောင်းကြားဖို့ အချိန်အများကြီး ရခဲ့တဲ့ကြားက တမင်ကို ထိမ်ချန်ထားခဲ့တာ ဖြစ်ပါတယ်။ ၂။ ကလပ်စီဖိုင်းဆိုတဲ့ လျို့ဝှက်စာရွက်စာတမ်းတွေ ယူဆောင်သွားတယ်လို့ စွပ်စွဲပေမယ့် ထရမ့်သမ္မတအဖြစ် ရှိနေခဲ့စဉ်ကထဲက သမ္မတတဦးရဲ့ လုပ်ပိုင်ခွင့်နဲ့ တချိန်မှာ အများပြည်သူကို ချပြသင့်တယ်လို့ ယူဆတဲ့ စာရွက်စာတမ်းတွေကို ဒီကလပ်စီဖိုင်း (ကလပ်စီဖိုင်းအဆင့်ကနေ ပယ်ဖျက်)ခဲ့ပါတယ်။ ထရမ့်လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတဦးအဖြစ် ထမ်းရွက်ခဲ့တဲ့ ကက်ရှ်ပတဲလ်က ၂၀၂၀ အောက်တိုဘာကထဲက ရုရှားဂိတ်ရော ဟေလာရီရောနဲ့ ပတ်သက်တဲ့ ဖိုင်မှန်သမျှကို ဒီကလပ်စီဖိုင်းလုပ်ခဲ့တာ သူ့မျက်မြင်ပဲလို့ ဆိုပါတယ်။ ၃။ သူတို့ပြောတဲ့Continue reading “Trump Home Raid 4”
ဆန်ဖရန်က မျက်နှာသစ်မင်းသားလေး
အနုပညာလောကမှာ နာမည်ကြီးတွေရဲ့ သား၊ သမီးတွေကို မိဘတွေက ပွဲထုတ်တတ်ကြသလိုပဲ နိုင်ငံရေးနယ်ပယ်မှာလည်း တချို့က သားသမီးတွေကို အကြောင်းမျိုးစုံနဲ့ ထုတ်သုံးတတ်ကြပါတယ်။ ထရမ့်လက်ထက်က သမီးနဲ့ သားမက်တို့ အိမ်ဖြူမှာ တရားဝင်အိမ်ဖြူအကြံပေးဝန်ထမ်းတွေအဖြစ် ထမ်းရွက်ခဲ့ကြတာ အများအမြင်ပါပဲ။ ကလင်တန်၊ ဘုရှ် ၄၃၊ အိုဘမလက်ထက်မှာ ကလေးတွေက ကျောင်းနေစဥ်အရွယ်တွေဖြစ်ကြလို့ မပါဝင်ခဲ့ကြပေမယ့် ဘိုင်ကြီးဒုသမ္မတ ဖြစ်စဥ်ကထဲက အခု သမ္မတရာထူးတပ်ထားချိန်အထိ ဟန်းတားက တရားဝင်ရာထူးမကိုင်ထားပေမယ့် ဖခင်သွားတဲ့ နိုင်ငံခြားခရီးတိုင်းလိုလိုမှာ ပါလေ့ရှိပါတယ်။ ဟန်းတားလက်ပ်တော့ပ်က အချက်အလက်တွေ ပေါ်ထွက်လာအပြီးမှာ ဘိုင်ကြီးခြစားတဲ့ကိစ္စ သိသိသာသာ ထင်ရှားလာပေမယ့် ဒီမိုကရက်ခေါင်းဆောင်တွေရော ဗျူရိုကရက်တွေ မီဒီယာတွေကပါ ငြင်းကြ၊ ဖုံးဖိကြ၊ မသိချင်ယောင်ဆောင်ကြပါတယ်။ တကယ်ဆိုရင် ကိုယ့်တိုင်းပြည်အကျိုးစီးပွား ပျက်စီးစေလိုသူတွေနဲ့ ပေါင်းစားနေတာဟာ တိုင်းပြည်အတွက် ဘယ်လောက်အန္တရာယ်ရှိမယ်ဆိုတာ မျက်စိစုံအတင်းပိတ်ထားသူတွေကလွဲရင် အလွယ်တကူ မှန်းဆနိုင်ပါတယ်။Continue reading “ဆန်ဖရန်က မျက်နှာသစ်မင်းသားလေး”
Monkey Pox Facts
ဘဒအစိုးရနဲ့ ဟူးတို့ ကြောက်ပြနေတဲ့ မျောက်ကျောက်ကူးစက်ခံခဲ့ရတဲ့ ယောက်ျားတွေရဲ့ ၇၃ရာနှုန်းက ရောဂါလက္ခဏာမပြခင် ၃ပတ်အတွင်း အနည်းဆုံး ၂ယောက်ကနေ ၁၀ယောက်အထိသောသူတွေနဲ့ ကာမစပ်ယှက်ခဲ့ကြတယ်လို့ စီဒီစီရဲ့ ဒေတာတွေကို ကိုးကားပြီး ဝေါစထရိဂျာနယ်က ရေးသားထားပါတယ်။ အဲဒီ လူတွေထဲက ၁၄ရာနှုန်းက လိင်ဆက်ဆံဖက် ၅ဦးကနေ ၉ဦးအထိ ရှိကြပြီး ၂၀ရာနှုန်းနီးပါးက အဆိုပါကာလအတွင်းမှာ ၁၀ယောက်အထက်သော သူတွေနဲ့ ကာမဆက်ဆံခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်မှာ ဖြစ်သမျှ မျောက်ကျောက်လူနာတွေရဲ့ ၉၉ရာနှုန်းက အမျိုးသားတွေဖြစ်ပြီး ၉၆ရာနှုန်းကတော့ လိင်တူဆက်ဆံသူ အမျိုးသားတွေ ဖြစ်ကြပါတယ်။ စီဒီစီက စစ်တမ်းကောက်ခဲ့တဲ့ ၂၉၁ဦးအနက် ၃၈ရာနှုန်းဖြစ်တဲ့ ၈၆ဦးဟာ အုပ်စုလိုက်ကြီး ဒချိခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိလူ့အသိုင်းအဝိုင်းမှာ လိင်တူသမားက လူနည်းစုပါ။ အဲဒီထဲမှာမှ လူတွေအများကြီးနဲ့ ပလေးဘွိုင်လုပ်နေတဲ့ ယောက်ျားတွေက ဘယ်လောက် များများရှိမှာမို့လို့လဲ။ ဘယ်လိုလူတွေContinue reading “Monkey Pox Facts”
Salman Rushdie stabbed in NY
၁၉၈၀ပြည့်လွန်နှစ်တွေတုန်းက စေတန်နစ်ဗာ့စ်စ်စာအုပ်ကြောင့် ဟိုဘာသာကြီးရဲ့ စစ်သွေးကြွတွေက တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းအမိန့်ထုတ်ခံခဲ့ရတဲ့ အိန္ဒိယဖွား စာရေးဆရာကြီး ဆာအာမက်ဆောလ်မွန်ရှပ်ရှ်ဒီးဟာ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးတောင်ဖက်က Chautauqua မြို့လေးမှာ ဟောပြောပွဲတခု ပြုလုပ်နေစဥ် လူတဦးက စင်ပေါ်တက်ပြီး ဓါးနဲ့အကြိမ်ကြိမ်ထိုးခဲ့ပါတယ်။ ဖြစ်စဥ်ဟာ စက္ကန့် ၂၀လောက် ကြာမြင့်ပြီး လူတွေက ရုတ်တရက် ကြောင်သွားကြလို့ ချက်ချင်းမတုန့်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံကို ရဟတ်ယာဥ်နဲ့ ခေါ်ဆောင်သွားစဥ်မှာတော့ ရှပ်ရှ်ဒီးဟာ အသက်ရှင်လျက် ရှိနေပြီး စင်ပေါ်မှာတော့ သွေးတွေ ပြန့်ကြဲနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကနေ့သူဟောပြောမယ့်ခေါင်းစဥ်က ရှောင်ပြေးနေရတဲ့ စာရေးဆရာတွေနဲ့ တခြားအနုပညာသည်တွေအတွက် အမေရိကန်ဟာ လွတ်လွတ်လပ်လပ် ဖန်တီးဖော်ထုတ်ခွင့်ရှိတဲ့ ခိုလှုံရာ ကင်းလွတ်နယ်မြေအဖြစ် ဆွေးနွေးသွားဖို့ စီစဥ်ထားတာပါ။ ရှပ်ရှ်ဒီးကို စေတန်းနစ်ဗာ့စ်စ်စာအုပ်အတွက် အီရန်က ခိုမေနီက သေမိန့်ထုတ်ထားကလို သူ့စာအုပ်ကိုလည်း ဘန်းကြတဲ့နိုင်ငံတွေContinue reading “Salman Rushdie stabbed in NY”
FBI Raid on Trump Home 3
တနင်္လာနေ့က ထရမ့်ရဲ့ မာရာလေဂိုအိမ်ကို အက်ဖ်ဘီအိုင်တွေ ဝင်စီးတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား အုတ်အော်သောင်းနင်းဖြစ်သွားတာကြောင့် ဘိုင်ဒန်နဲ့ ဘဒအစိုးရရဲ့ ရှေ့နေချုပ် မဲရစ်ဂါလန်တို့ကို မေးမြန်းဖို့ လိုက်ရှာခဲ့ကြပါတယ်။ ဘိုင်ဒန်က ဟန်းတားကိုပါခေါ်ပြီး ဗကေးရှင်းထွက်သွားလို့ မေးလို့မရသလို မဲရစ်ဂါလန်ကလည်း ဘယ်ရောက်နေမှန်း စုံစမ်းလို့ မရဘူးဖြစ်နေပါတယ်။ ဘိုင်ဒန်မိသားစုက တောင်ကာရိုလိုင်းနားက ဒီမိုကရက်တွေရဲ့ အမာခံအလှူရှင် မာရီယာအော်လွင်ရဲ့ သန်း၂၀တန် ပင်လယ်ကမ်းခြေက အိမ်ကြီးမှာ အခမဲ့ သွားရောက်ဇိမ်ခံနေပါတယ်။ (ဘိုင်ဒန်အိမ်ဖြူစရောက်ကတည်းက အရင်သမ္မတတွေလို အစိုးရအပန်းဖြေစခန်းတွေကို သွားလေ့မရှိပဲ ဒီလဝဲကမ်းခြေက သူ့အိမ်(သို့) အခုလို လူနိုင်သူဌေးတွေရဲ့ အိမ်တွေမှာပဲ အခမဲ့ လှည့်နားနေတာပါ။ ဟန်းတာက အမြဲပါသွားတာဆိုတော့ ဖြစ်နိုင်တာတခုက လက်ဝါးရိုက်တာတွေ ပွဲစားလုပ်တွေ့ပေးတာတွေကို လူမသိစေချင်လို့ ဖြစ်ပါလိမ့်မယ်။) ဂါလန်ကတော့ လူတွေလိုက်ကြလွန်းလို့ ကနေ့မှ စာထုတ်ပြီး ထရမ့်အိမ်ကိုContinue reading “FBI Raid on Trump Home 3”
FBI raid on Mar-a-Lago 2
မနေ့က ထရမ့်ရဲ့ ဖလော်ရီဒါက မာရာလေဂိုအိမ်ကြီးကို အင်အားသုံး ရှောင်တခင် ဝင်ရှာခဲ့တာဟာ ၉နာရီကျော် ကြာမြင့်ပြီး သမ္မတဟောင်းထရမ့်ရဲ့ သီးသန့်ရုံးခန်းထဲကို ဝင်ရှာခါ မီးခံသေတ္တာကြီးကို ချိုးဖျက်ဖွင့်ဖောက်ပြီး အံဆွဲတွေ အကုန်ဖွင့်ထုတ်ပြီး နာရီပေါင်းများစွာ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထရမ့်တို့ အိပ်ခန်းက မီလာနီယာရဲ့ အဝတ်အစားဘီရိုတွေပါမချန် စစ်စစ်ပေါက်ပေါက် ရှာဖွေခဲ့ပါသေးတယ်။ ရှာဖွေဝရမ်းမှာ ပါတာက သမ္မတဖြစ်စဥ်က မှတ်တမ်းတွေနဲ့ လျို့ဝှက် အချက်အလက်တွေကို အဲဒီစံအိမ်မှာ သိမ်းထားတယ်ဆိုတာကို သက်သေပြချင်လို့ ဖြစ်ပါတယ်။ အဲဒါဆိုရင် သမ္မတကတော်ရဲ့ အဝတ်ဘီရိုတွေကို စစ်စစ်ပေါက်ပေါက်လိုက်ကြည့်တာက သက်သက် စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တာပါပဲ။ မျက်မြင်သက်သေတွေအဆိုအရလည်း အက်ဖ်ဘီအိုင် အေးဂျင့်တွေဟာ မောက်မာကြတယ်လို့ ဆိုပါတယ်။ အက်ဖ်ဘီအိုင်ယူသွားတဲ့ ပုံး၁၅လုံးကို အစိုးရပိုင်အဖြစ် သိမ်းဆည်းလိုက်ပြီဖြစ်ပြီး တခြား ဘာတွေယူသွားသေးလဲဆိုတာကိုတော့Continue reading “FBI raid on Mar-a-Lago 2”
FBI Raid on Trump Home 1
ဒီကနေ့ ၄၅ရဲ့ ဖလော်ရီဒါက အိမ်ကို အက်ဖ်ဘီအိုင်က အင်အားနဲ့ ဝင်စီး ဝင်ရှာပြီး မီးခံသေတ္တာ ဖွင့်ခိုင်းကာ ပုံး၁၅လုံးခန့်ရှိ စာရွက်စာတမ်းတွေကို စစ်ဆေးဖို့ဆိုပြီး သိမ်းသွားပါတယ်။ သမ္မတထရမ့်က အစိုးရဌာနတွေ စစ်ချင် ဆေးချင်တာရှိတိုင်း ငါတို့ ပူးပေါင်းဆောင်ရွက်နေတာပဲ၊ အခုလို မပြောမဆိုနဲ့ ဝင်စီးတာ ဝင်စစ်တာမျိုး လုပ်စရာ မလိုအပ်သလို လုပ်ဖို့လည်း မသင့်တော်ဘူးလို့ ဆိုပါတယ်။ အခုလို အင်အားသုံးစီးနင်းတာက ထရမ့်က ၂၀၂၄ရွေးကောက်ပွဲကို ဝင်မယ့်သဘောမျိုး အရိပ်အမြွက် နောက်ဆုံးပြောခဲ့ပြီး ၂ရက်အကြာမှာ ဖြစ်ပါတယ်။ သမ္မတထရမ့်က အဆိုပါစီးနင်းမှုအပေါ် “တရားရေးဌာနရဲ့ မလျှော်ကန်တဲ့ အပြုအမူဖြစ်ကြောင်း၊ လက်ဝဲစွန်းတွေက သူ့ကို ၂၀၂၄မှာ ဝင်ပြိုင်လို့ မရအောင် တရားရေးစနစ်ကြီးတခုလုံးကို လက်နက်သဖွယ် အသုံးချနေတာဖြစ်ကြောင်း၊ အမေရိကန်သမိုင်းမှာ ဘယ်သမ္မတမှ မကြုံခဲ့ဖူးဘူးကြောင်း၊ ဒီမိုကရက်တွေကContinue reading “FBI Raid on Trump Home 1”
ဖြစ်လာတော့မယ့် ကမ္ဘာ့ ရိက္ခာအကျပ်အတည်းရဲ့ လက်သည် (အဆက်)
နယ်သာလန်မှာ နိုက်ထရိတ်အသုံးပြုမှုကို ကန့်သတ်လိုက်သလိုမျိုး ကနေဒါအစိုးရကလည်း စတင်ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။ နိုက်ထရိတ်ကန့်သတ်တယ်ဆိုပေမယ့် အဲဒါက ဓါတ်မြေဩဇာ အသုံးပြုတဲ့ သမားရိုးကျ စိုက်ပျိုးမှုအားလုံးကို အကျုံးဝင်စေမှာဖြစ်လို့ ထိခိုက်မှုက အကြီးကြီးဖြစ်မှာပါ။ ကန့်သတ်တဲ့အကြောင်းရင်းကတော့ နယ်သာလန်တုန်းကလိုပဲ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြုလုပ်ခဲ့တဲ့ သဘောတူညီမှု၊ အဲဒါရဲ့ တွန်းအားက ယူနိုက်တက်နတ်သင်းရဲ့ ၂၀၃၀အာဂျင်ဒါပဲ ဖြစ်ပါတယ်။ အင်မတန်ရိုးသားအေးဆေးတဲ့ နယ်သာလန်က လယ်သမားတွေလိုပဲ ကနေဒါကလယ်သမားတွေလည်း စတင်ဆန္ဒပြကုန်ကြပြီ ဖြစ်ပါတယ်။ ဓါတ်မြေဩဇာကနေ သဘာဝအော်ဂဲနစ်ကို ချက်ချင်းပြောင်းလို့ ရတာမဟုတ်တော့ အများစုက အလုပ်တွေ ရပ်ပစ်ရမယ့် အနေအထား ဖြစ်နေတာပါ။ လယ်သမားတွေ အလုပ်မဖြစ်တော့ရင် ကုန်ကားမောင်းသူတွေပါ ထိမှာဖြစ်လို့ ကုန်ကားသမားတွေပါ ဆန္ဒပြ နေကြပါတယ်။ အခုလို ကမ္ဘာနဲ့ အဝှမ်း ရိက္ခာရှားပါး (သို့) ဈေးတွေ ခေါင်ခိုက်နေချိန်မှာ ဓါတ်မြေဩဇာContinue reading “ဖြစ်လာတော့မယ့် ကမ္ဘာ့ ရိက္ခာအကျပ်အတည်းရဲ့ လက်သည် (အဆက်)”