ဒီဇင်ဘာ ၃ ရက် ၂၀၂၁

အမေရိကန်ရော ကမ္ဘာမှာပါ လျှပ်စစ်ကားနဲ့ပတ်သက်လို့ တခြားတံဆိပ်တွေထက် ၁၀ဆမက အအောင်မြင်ဆုံး ရောင်းအားအကောင်းဆုံး တီထွင် ထုတ်လုပ်သူက တက်စ်လာတည်ထောင်သူ အီလွန်မတ်စ်ခ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ကမ္ဘာမှာ လျှပ်စစ်ကား ထုတ်လုပ်သူတွေ များလာပေမယ့် စိတ်ချရမှု၊ သုံးတဲ့ပါဝါနဲ့စာရင် ခရီးရောက်မှု၊ သုံးစွဲရတာ ရိုးရှင်းလွယ်ကူမှု၊ အားသွင်းတဲ့နေရာတွေ အလုံအလောက် တည်ဆောက်ထားမှု၊ စတာတွေမှာ တက်စ်လာက ပြိုင်ဖက်ကင်းပါပဲ။ ဒါပေမယ့် ဘိုင်ဒန်အစိုးရက ပြီးခဲ့တဲ့လက လျှပ်စစ်ကားညီလာခံ ခေါ်တဲ့ထဲမှာ တက်စ်လာကို ချန်ထားခဲ့တယ်ဆိုတာ ခြစားမီဒီယာရဲ့ ကျေးဇူးကြောင့် လူတွေ သိပ်မသိလိုက်ကြပါဘူး။ ဖိတ်တာက စက်တင်ဘာနှောင်းပိုင်းမှာ ဖိတ်ခဲ့တာဖြစ်ပြီး ညီလာခံက နိုဝင်ဘာလထဲမှာ ဖြစ်ပါတယ်။ ညီလာခံမှာ ဘိုင်ဒန်က GM က Mary Barra ကို လျှပ်စစ်ကားလောကရဲ့ မီးရှူးတန်ဆောင်အဖြစ် ချီးမွမ်းသွားပါတယ်။ GMContinue reading “ဒီဇင်ဘာ ၃ ရက် ၂၀၂၁”

ဒီဇင်ဘာ ၂ ရက် ၂၀၂၁

အီလီနွိုင်းက ဆေးရုံတခုမှာ ကိုဗစ်လူနာကို စျေးကြီးတဲ့ remdesivir အတင်းယူခိုင်းပါတယ်၊ အဲဒီကုသမှုကလည်း မအောင်မြင်ခဲ့တဲ့နောက် မိသားစုက စျေးချိုသလောက် ဖလော်ရီဒါမှာ အစိုးရက အောင်အောင်မြင်မြင် သုံးစွဲနေတဲ့ ivermectin ကို ပေးဖို့တောင်းဆိုတာ ဆေးရုံက အကြိမ်ကြိမ် ငြင်းခဲ့ပါတယ်။ မိသားစုကလည်း လျော့မပေးပဲ တရားရုံးကို အပြင်ဆရာဝန်ပေးတဲ့ ivermectin နဲ့ ကုသခွင့် တောင်းခံခဲ့တာမှာ တရားရုံးက ကုသခွင့် ပေးခိုင်းခဲ့တဲ့အတွက် လူနာက ပြန်သက်သာလာပြီး ဆေးရုံကနေ သူ့သမီးအိမ်ကို ပြန်ရောက်သွားပြီဖြစ်ပါတယ်။ ဒီလူက ကံကောင်းခဲ့တယ်ဆိုပေမယ့် တချို့လည်း တရားရုံးက ခွင့်မပြုလို့ပဲဖြစ်ဖြစ် ခွင့်ပြုချက်ကျတာ မမှီလို့ပဲဖြစ်ဖြစ် အသက်ဆုံးရှုံးသွားသူတွေ ရှိနေပါတယ်။ Remdesivir ကို FDA က ကိုဗစ်လူနာတွေမှာ အရေးပေါ်အခြေအနေအတွက် သုံးဖို့ ခွင့်ပြုထားပါတယ်။ Ivermectin ဆေးပြားကိုတော့Continue reading “ဒီဇင်ဘာ ၂ ရက် ၂၀၂၁”

ဒီဇင်ဘာ ၁ရက် ၂၀၂၁

နောက်ဆုံးပေါ် စီစီပီမျိုးကွဲဖြစ်တဲ့ အိုရှီခရွန်ပိုးကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောင်အာဖရိကက နိုဝင်ဘာ၂၂ တုန်းက ပြန်လာတဲ့သူဆီ၌ ပထမဆုံးတွေ့ရှိခဲ့ကြောင်း USCF က အတည်ပြုလိုက်ပါတယ်။ အဲဒီလူက ကာကွယ်ဆေး အပြည့်အဝ (၂ကြိမ်) ထိုးပြီးသားဖြစ်ပါတယ်။​ သူနဲ့ နီးစပ်/ထိကပ်သူတွေကို စစ်ကြည့်ရာမှာတော့ အားလုံးက နဂ္ဂတစ်ဖြစ်ပါတယ်။ အဲဒီလူက အပျော့စား ရောဂါလက္ခဏာများ ခံစားနေရပြီး ပိုးရှိနေမှန်း သိရတဲ့ နိုဝင်ဘာ ၂၉ရက်နေ့ကနဲ့စာရင် သက်သာကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ အဲဒီလူက လောလောဆယ် ပိုးမပြန့်အောင် ကိုယ့်ဖာသာကိုယ် သီးသန့်ခွဲနေတယ်လို့ သိရပါတယ်။ မနေ့က သတင်းမှာပါတဲ့ လက်ရှိနယူးယောက်မြို့ဝန်က မူးယစ်ဆေးစွဲနေသူတွေကို အခမဲ့ ဆေးထိုးနိုင်ကြဖို့ ဖွင့်လှစ်ပေးလိုက်တဲ့ နေရာလေးတွေက ပြည်သူ့အခွန်က လာတာဆိုပေမယ့် ကိုဗစ်လော့ဒေါင်းတွေကြောင့် စီးပွားရေးအထိနာထားတဲ့ မြို့ကြီးမှာ အခွန်တွေက တိုးရနေတာ မဟုတ်တာကြောင့်Continue reading “ဒီဇင်ဘာ ၁ရက် ၂၀၂၁”

နိုဝင်ဘာ ၃၀ ရက် ၂၀၂၁

မနေ့က အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ဂျက်ဖရေ အက်ပ်စတိန်းရဲ့ ဘော်ဒါ/ဖောက်သည် များဖြစ်ကြတဲ့ ချမ်းသာ/အာဏာရှိ/နာမည်ကြီးတဲ့ နှာဘူးကြီးများကို ဖျော်ဖြေဖို့ ဖျားယောင်း ကျုံးသွင်း လေ့ကျင့်ပေးခဲ့တဲ့ Ghislaine Maxwell အမှုကို စတင် စစ်ဆေးခဲ့ပါတယ်။ အမှုမှန်ပေါ်သွားရင် အဲဒီဖောက်သည်တွေက ဘယ်သူတွေဆိုတာ ပေါ်သွားမှာကို သေမလောက် ကြောက်ကြတဲ့အတွက် ခုထဲက ကြိုဖာနေတဲ့လူတွေက ဖာကုန်ပါပြီ။ နယူးယောက်မြို့ဝန်ဟောင်း Bloomberg က ဂျရှ်လင် ကိုယ်တိုင်ကလည်း သားကောင်ဖြစ်နေနိုင်တယ်ဆိုတဲ့ ပုံစံမျိုး ကျောင်းပေးထားပါတယ်။ အစိုးရရှေ့နေ ကတော့ ဂျရှ်လိန်က သူဘာလုပ်နေတယ်ဆိုတာ သူသိတယ်ဆိုတဲ့ စကားလုံးနဲ့ တရားခွင်ကို စဖွင့်ခဲ့ပါတယ်။​ တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်သတင်းတပုဒ်မှာ FAA Federal Aviation Agency က အက်ပ်စတိန်း လေယာဥ် ၄ စီးရဲ့ လေကြောင်းမှတ်တမ်းတွေကိုContinue reading “နိုဝင်ဘာ ၃၀ ရက် ၂၀၂၁”

နိုဝင်ဘာ ၂၈ ရက် ၂၀၂၁

South African Medical Association က ဥက္ကဋ္ဌ Dr. Angelique Coetzee က အခုထွက်နေတဲ့ မျိုးကွဲအသစ်နဲ့ ပတ်သက်ပြီး သတိပြုဖို့ အားလုံးကို တပ်လှန့်ခဲ့သူတဦးဖြစ်ပါတယ်။ သူမရဲ့ လူနာ ၃၀ကျော်ကို ပြီးခဲ့တဲ့ ၁၀ရက်အတွင်း လေ့လာချက်အရ အိုမီခရွန်မျိုးကွဲသစ်ဟာ အရင်မျိုးကွဲတွေနဲ့ မတူနေပေမဲ့ ရောဂါလက္ခဏာတွေက ပြင်းထန်မှုမရှိသလို ဆေးရုံတင်ရတဲ့အထိ ဖြစ်မလာပဲ ပြန်ကောင်းသွားကြတယ်လို့ ဆိုပါတယ်။ ဆေးခန်းကို ရောက်လာကြတဲ့သူတွေကလည်း အလွန်အမင်း နုံးနယ်နေတာကြောင့်သာဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်တဲ့အမျိုးသားအများစုက အသက် ၄၀ အောက်ဖြစ်ပြီး တဝက်နီးပါးက ကာကွယ်ဆေး ထိုးထားသူတွေ ဖြစ်ကြပါတယ်။ ကာကွယ်ဆေး ထိုးမထားသူတွေကြားမှာလည်း ရောဂါလက္ခဏာတွေက ထိုးပြီးသားလူတွေလိုပဲ အပျော့စားပဲဖြစ်တယ်လို့လည်း ပြောပါတယ်။ သူတို့က ကိုဗစ်ပိုးရှိကြောင်း ပြပေမယ့် လက္ခဏာက မတူနေတာကြောင့်Continue reading “နိုဝင်ဘာ ၂၈ ရက် ၂၀၂၁”

နိုဝင်ဘာ ၂၇ ရက် ၂၀၂၁

ကိုင်လ့်အမှုဆုံးဖြတ်ချက်အပေါ် မကျေနပ်တာကို အကြောင်းပြပြီး လုယက်ကြတဲ့သူတွေကို ပြည်နယ်အစိုးရတွေက နိုင်နိုင်နင်းနင်း နှိမ်နှင်းဖို့ ပျက်ကွက်တာကတပိုင်း၊ တရားရေးဘက်ကလည်း နိုင်ငံရေးနဲ့ မပတ်သက်သ၍ နောက်ထပ် ကျူးလွန်နိုင်ခြေ နည်းအောင် ထိထိရောက်ရောက် အဟန့်အတားဖြစ်စေမယ့် ပြစ်ဒဏ်မျိုး မချမှတ်နေတာ တပိုင်းအပြင် အဆိုးဆုံးကတော့ လုယက်မှုတွေကို ပုံမှန်လို မြင်လာအောင် စကားလုံးတွေကို အဓိပ္ပါယ် လိုသလိုဖွင့်ဆိုလို့ရတဲ့ သားရေကွင်းအဘိဓာန်ကို လစ်ဗြဲဆရာကြီးများက ကြိုးစား မိတ်ဆက်နေကြတာ ဖြစ်ပါတယ်။​ အရင်တုန်းက ဒီမိုကရက်တွေက ငတ်လို့ ခိုးတာ အပြစ်မရှိဘူးလို့ ဖာကြပေမယ့် အခုဟာက ငတ်လို့ခိုးတာမဟုတ်မှန်း သေချာနေတော့ တခြားနည်းနဲ့ ဖော့ဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ University of New Heaven က Criminal Justice and Community Policing ဆိုင်ရာ ပါမောက္ခContinue reading “နိုဝင်ဘာ ၂၇ ရက် ၂၀၂၁”

နိုဝင်ဘာ ၂၆ ရက် ၂၀၂၁

အာဖရိကကလာတဲ့ ကိုဗစ်မျိုးကွဲကို အစဥ်အလာ ဂရိအက္ခရာစဥ်အတိုင်း အယ်လ်ဖာ၊ ဒယ်လ်တာ၊ ဂမ်မာတွေ ပြီးတော့ ဆက်မသွားပဲ ရှီ ကိုပါကျော်ပြီး Omicron လို့ ပေးခဲ့ပါတယ်။ ရှီက တရုပ်သမ္မတနာမည်နဲ့ စာလုံးပေါင်းတူနေတာပါ။ Omicron မရောက်ခင် အများကြီး ရှိပေမယ့် ရှီအပါအဝင် အားလုံးကို ကျော်ပြီး ပေးသွားတာပါ။ တရုပ်ရဲ့ အကြံဉာဏ်မှ ဟုတ်ရဲ့လားလို့ စဥ်းစားစရာဖြစ်ပါတယ်။ အဲဒီမျိုးကွဲကို ဘော့ဆွာနာ၊ အစ္စရေးနဲ့ ဘယ်လ်ဂျီယံတို့မှာ တွေ့ရပြီး အရင်အယ်လ်ဖာနဲ့ ဒယ်လ်တာမျိုးကွဲတွေနဲ့စာရင် ပြန်လည်ကူးနိုင်ခြေ ပိုမြင့်တယ်လို့ ဆိုပါတယ်။ သေဆုံးမှုနှုန်းနဲ့ ကာကွယ်ဆေးတွေရဲ့ သက်ရောက်မှုကတော့ သိရဖို့ စောသေးတာကြောင့် ကိုယ်ခံအားကို အမြင့်ဆုံးတင်ပြီး ကျန်းမာအောင် နေထိုင်တာကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တရုပ်ကတော့ ရှန်ဟဲမြို့ကို လေယာဥ်တွေ ပေးမဝင်တော့ဘူးလို့ သိရပါတယ်။ ဘိုင်ဒန်အစိုးရကတော့Continue reading “နိုဝင်ဘာ ၂၆ ရက် ၂၀၂၁”

နိုဝင်ဘာ ၂၅ ရက် ၂၀၂၁

တရုပ်က အမေရိကန်ကို အနိုင်တိုက်လိုက်နိုင်တယ်ဆိုတဲ့ ဇတ်လမ်းကို ဖော်ကြူးတဲ့ The Battle at Lake Changjin ရုပ်ရှင်ကို ရုံတင်ပြသလိုက်ပါတယ်။ အဲဒီ စစ်ကားကို ဒေါ်လာ သန်း၂၀၀ အကုန်အကျခံ ရိုက်ကူးထားပြီး တရုပ်ပြည်တွင်းမှာ အလွန်အမင်း လူကြိုက်များနေတယ်လို့ ဆိုပါတယ်။ တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ စောင်လိကျန်က ခေါင်းဆောင်မင်းသား ဝူကျင်ကို ဂုဏ်ပြုလွှာပေးပို့ထားပါတယ်။ (သူတို့ဆီမှာ ပေါ်လစီကားရိုက်ပေးတဲ့သူတွေ တိုက်ခန်းတွေ မြေကွက်တွေ ရကြလားဆိုတာတော့ သိချင်ပါတယ်။) လက်ရှိမှာ တရုပ်နဲ့ အမေရိကန်ဆက်ဆံရေးက တင်းမာနေတယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်က ၂၀၂၂ ဆောင်းရာသီအိုလံပစ်ကို သပိတ်မှောက်မယ်လို့ စဥ်းစားနေကြောင်း အရင်အပတ်က ပြောသွားတယ်လို့ သိရပါတယ်။ (အဲဒါကတော့ ဒီမိုကရက်တွေ ကျွမ်းကျင်တဲ့ အလုပ်ပါပဲ၊ မိုးပြော ဂျိုးပြောနဲ့ တကယ်တမ်းကျတော့ အဖျားရှုးဦးမှာပါ။Continue reading “နိုဝင်ဘာ ၂၅ ရက် ၂၀၂၁”

ဘိုင်ဒန်ရဲ့ ထရီလီယံနဲ့ချီ ကုန်ကျမယ့် Infrastructure package မှာ ဘာတွေပါသလဲ။

ဘန်ဂျွန်ဆင် (ဒေးလီးဝိုင်ယာ)ကို မှီငြမ်းပါသည်။ မကြာသေးမီက အတည်ပြုပြဌာန်းလိုက်တဲ့ ၁.၂ ထရီလီယံကုန်ကျမယ့် အခြေခံအဆောက်အဦအသုံးစရိတ်ကို ပြဌာန်းဖို့ ကြိုးစားစဥ် မဲဆွယ်တုန်းက လမ်းအသစ်၊ တံတားအသစ်တွေ ဆောက်မယ်ဆိုပြီး ကတိပေးခဲ့တာပါ။ တကယ်တန်းထွက်လာတော့ တကယ်လမ်းတံတားအသစ် ဆောက်လုပ်ဖို့ ဘတ်ဂျက်က ၁၀% ဖြစ်တဲ့ ၁၁၀ ဘီလီယံ ပဲ ပါတာပါ။​ အဲဒီထဲက ၄၀ ဘီလီယံက တံတားတွေ၊ ၄၂ ဘီလီယံက လေဆိပ်နဲ့ သင်္ဘောဆိပ်တွေ၊ ၅၅ ဘီလီယံက ရေပိုက်တွေ ပြန်ပြင်ဖို့ ပါပါတယ်။ မဲပေးရာမှာ ရှုံးနိမ့်သွားတဲ့ ဘိုင်ဒန်ရဲ့ Build Back Better ဆိုတဲ့ ဥပေဒေကြမ်းမှာတော့ အရင်က ၃.၅ ထရီလီယံကုန်ကျဖို့ အဆိုပြုထားခဲ့ပြီး အခုအတည်ပြုလိုက်တဲ့ infrastructure bill နဲ့ တွဲထုတ်ဖို့Continue reading “ဘိုင်ဒန်ရဲ့ ထရီလီယံနဲ့ချီ ကုန်ကျမယ့် Infrastructure package မှာ ဘာတွေပါသလဲ။”

တော်တော်ရီရတဲ့ ဟေလာရီ

မစ္စတာဂျိုးရဲ့ လူထုထောက်ခံမှု ရုပ်ပျက်ဆင်းပျက် ကျဆင်းနေတဲ့အပေါ်မှာ ဟေလာရီက လူထုကို ဂျိုးရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျေးဇူးမသိဘူးလို့ စွပ်စွဲလိုက်ပြီး ဆိုရှယ် မီဒီယာကို အပြစ်တင်လိုက်တဲ့အကြောင်း MSNBC ရဲ့ Rachel Maddow ရှိုးကနေ ကနေ့ ပြောသွားပါတယ်။ ဟေလာရီက ဒီမိုကရေစီဆိုတာတော့ ဒီလိုပဲရှုပ်တာပဲ၊ သူ့အမြင်မှာ လူတော်တော်များများက ဥပဒေပြုလုပ်ငန်းစဥ်ရဲ့ ရှုပ်ထွေးတာတွေကို စိတ်အနှောက်အယှက် ဖြစ်နေကြတယ်လို့ ထင်ကြောင်း၊ လူတွေ ကျေးဇူးမတင်တာက တနှစ်အတွင်းမှာ ဘိုင်ဒန်အစိုးရက ဥပဒေ အကြီးကြီး ၂ခု ထုတ်လိုက်တာ၊ အဲဒီလိုဖြစ်ဖို့ အောက်လွှတ်တော်ရော အထက်လွှတ်တော်ကိုပါ ဖြတ်ရတာဖြစ်ပြီး နောက်အကြီးကြီးတခုက အောက်လွှတ်တော်ကို ဖြတ်ပြီးသွားပြီး အထက်လွှတ်တော်ကို မကြာခင်ရောက်တော့မှာ၊ ဒါတွေက နဲနဲနောနော အောင်မြင်မှုမဟုတ်ဘူး၊ အဲဒီဥပဒေတွေနဲ့ သန်းပေါင်းများစွာသော အမေရိကန်တွေကို ကျန်းမာရေးနဲ့ ဆေးဈေးတွေContinue reading “တော်တော်ရီရတဲ့ ဟေလာရီ”