အကျပ်အတည်းနဲ့ နိုင်ငံရေး

အာဖဂန်က ဘိုင်ဒန်တို့ ခေါ်သွင်းလာတဲ့လူတွေကို အမေရိကန်က ဘယ်နေရာတွေမှာ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ နေရာချပေးနေကြတယ်ဆိုတာကို ဘုရှ်လက်ထက်က အကြီးတန်း အကြံပေးနဲ့ ဒု-အိမ်ဖြူတော်ဝန်ထမ်းချုပ် လုပ်ခဲ့တဲ့ Karl Rove ကို Fox News က Lawrence Jones က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ရထားတဲ့ ဒေတာတွေအရ သူတို့ပို့တာက ဒီမိုကရက်တွေအတွက် ရွေးကောက်ပွဲမှာ အရေးနိမ့်နိုင်ခြေရှိတဲ့ ဒေသတွေကို ရွေးပို့နေတာ တွေ့ရပါတယ်။ ၄၀၀၀ နဲ့အထက်ပို့တာက တက္ကဆက်စ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေဖြစ်ပြီး တခြား battleground state တွေဖြစ်တဲ့ အရီဇီုးနား၊ ဂျော်ဂျာ၊ မီရှီဂန်အပါအဝင် တပြည်လုံးနီးပါးကို တထောင်စီ နှစ်ထောင်စီလောက် ပို့ဖို့ အတည်ပြုပြီးဖြစ်ပါတယ်။ ဖြစ်နိုင်တာက အဲဒီပြည်နယ်တွေထဲက ရီပါဘလစ်ကန်နဲ့ ဒီမိုကရက် အရေအတွက် မတိမ်းမယိမ်းဖြစ်နေတဲ့ ကောင်တီတွေကိုContinue reading အကျပ်အတည်းနဲ့ နိုင်ငံရေး

ရာသီဥတုပြောင်းလဲမှုနဲ့ စီးပွားရေးတိုးတက်မှု

ကမ္ဘာပေါ်မှာ တိုးတက်လာတဲ့ နိုင်ငံတိုင်းမှာ မလွဲမသွေ တွေ့ရမယ့်အချက်တခုကတော့ ကာဗွန်ထုတ်လွှင့်မှု မြင့်တက်လာတာပါပဲ။ အဲဒီနိုင်ငံတွေမှာ ထူးထူးခြားခြား ရာသီဥတု ပြောင်းသလားဆိုရင် ကာဗွန်ထုတ်လွှင့်မှုနဲ့ ရာသီဥတုက အချိုးညီပြောင်းနေတာမဟုတ်ဘူးလို့ပဲ ဖြေရမှာပါ။ ကမ္ဘာကြီးမှာရှိတဲ့ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အရာတိုင်းက လုံးဝပြီးပြည့်စုံကောင်းမွန်မှု perfect ဖြစ်မနေကြတော့ ပြုပြင်စရာတွေ တိုးတက်အောင် ကြံဆနိုင်တာတွေက နေရာတိုင်းမှာ ရှိကြတာပါ။ ကလိုင်းမိတ်သမားတွေကိုးကားတဲ့ ဥပမာတွေက အဆိုးတကာ့ အဆိုးဆုံးတွေကိုပဲ ရွေးပြလေ့ရှိပြီး အခုချက်ချင်း ကာဗွန်ထုတ်လွှင့်မှုကို မလျော့ချရင် ၁၂နှစ်လောက်ကြာရင် ကမ္ဘာကြီး ဆုံးခန်းတိုင်တော့မယ်ဆိုတဲ့ သဘောမျိုး ပြောနေခဲ့တာ လွန်ခဲ့တဲ့ အနှစ် ၄၀ကျော်ထဲကဖြစ်ပါတယ်။ နောက်အမှန်တရားတခုက ကလိုင်းမိတ်သမားတွေဟာ သဘာဝတရားကြီးရဲ့ တခြားအချက်အလက်တွေကို စုံလင်အောင် ပြလေ့မရှိပဲ ထိန်ချန်ထားတတ်တာ တွေ့ရမှာပါ။ အာတိတ်က ရေခဲတောင်တွေ လျော့လာပြီဆိုတာ တစိတ်တပိုင်းမှန်ပေမယ့် အန္တာတိကတိုက်ကContinue reading ရာသီဥတုပြောင်းလဲမှုနဲ့ စီးပွားရေးတိုးတက်မှု

ပြည်သူတွေရဲ့ $600 အထက် ငွေဝင်ငွေထွက်ကို စစ်ဖို့ ကြံနေပြီ

Erick Erickson/ Daily Wire အမေရိကန်ရဲ့ အမြင့်ဆုံးတရားရုံးက ၁၉၆၈တုန်းက ရဲတွေက မသင်္ကာတဲ့လူတွေကို လက်နက်ကိုင်ဆောင်ထားတယ်လို့ ယုံကြည်လောက်ရင် (သို့) အန္တရာယ်ပေးနိုင်တယ်လို့ ယူဆရင် ရပ်တံ့ ရှာဖွေ စစ်ဆေးစေဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ Terry stops or “Stop and Frisk” လို့ခေါ်တဲ့ အဲဒီကျင့်ထုံးကို ၁၉၉၀နှစ်တွေတုန်းက နယူးယောက်မြို့ကြီးမှာ ပုံမှန်လို ကျင့်သုံးခဲ့ပါတယ်။ နယူးယောက်မြို့ဝန်လုပ်ခဲ့ဖူးတဲ့ Michael Bloomberg ကတော့ Stop-and-Frisk ပေါ်လစီက ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် ကျဆင်းစေတယ်လို့ ဆိုပါတယ်။ Bloomberg က ၂၀၁၅ Aspen Institute ကပြုလုပ်တဲ့ အခမ်းအနားမှာ ၉၅% သော လူသတ်သမားနဲ့ အသတ်ခံရတဲ့လူတွေက ပုံစံတမျိုးထဲမှာ ဝင်နေတယ်၊ သူတို့ဟာ ယောက်ကျား၊Continue reading “ပြည်သူတွေရဲ့ $600 အထက် ငွေဝင်ငွေထွက်ကို စစ်ဖို့ ကြံနေပြီ”

တနှစ် ၄သိန်းအောက် ရတဲ့လူတွေအပေါ်မှာ ပုံစံ ၇မျိုးနဲ့ အခွန်တိုးကောက်မယ့် ဒီမိုကရက်တွေရဲ့ စီမံကိန်း

(Ben Johnson – Daily Wire) ဘိုင်ဒန်က ရွေးကောက်ပွဲအတွက် မဲဆွယ်စဥ်က သူသာသမ္မတဖြစ်ရင် တနှစ်ကို ဒေါ်လာ ၄သိန်းအောက်ပဲရတဲ့လူတွေကို တပြားမှ အခွန်ပိုမပေးစေရဘူးလို့ ကတိပေးခဲ့ပါတယ်။ အဲဒီကတိကို အကြိမ်ကြိမ်ပေးခဲ့သလို ခုထိလည်း ပြောနေတုန်းပါပဲ။ ဒါပေမဲ့ ဘိုင်ဒန်နဲ့ ဒီမိုကရက်တွေက အဆိုပြုလိုက်တဲ့ စီးပွားရေးစီမံချက်အားလုံးက အလုပ်လုပ်တဲ့ အမေရိကန်တိုင်းရဲ့ အိတ်ထဲကပိုက်ဆံကို အခွန်ဌာနက ညှစ်ယူဖို့ ကြိုးစားတာတွေချည့် ဖြစ်နေတာပါ။ အောက်မှာ ရှင်းပြသွားမှာကတော့ တပြည်လုံးမှာ ဝင်ငွေကောင်းဆုံး ၁.၈%ရဲ့ အောက်က ဝင်ငွေရှိသူ (၉၈.၂%) အပေါ် သက်ရောက်မယ့် ပေါ်လစီတွေ၊ အခွန်တိုးမြှင့်တာတွေ၊ ဘာကြေး ညာကြေးတွေထဲက တချို့ပါ။ ၁။ သေနတ် မှတ်ပုံတင်ကြေး ဘိုင်ဒန်က အမေရိကန်တွေကို semiautomatic တွေကစလို့ ၁၀ကြိမ်အထက် အတွဲလိုက်Continue reading “တနှစ် ၄သိန်းအောက် ရတဲ့လူတွေအပေါ်မှာ ပုံစံ ၇မျိုးနဲ့ အခွန်တိုးကောက်မယ့် ဒီမိုကရက်တွေရဲ့ စီမံကိန်း”

စီးပွားရေးပြန်လည်နလံထူခြင်း

ပန်ဒဲမစ်ကာလ ပိတ်ထားတာတွေပြန်ဖွင့်လိုက်တဲ့အချိန်မှာ ပျင်းရိငြီးငွေ့နေကြတဲ့လူတွေက အိမ်ပြုပြင်တာတွေကစလို့ ခရီးသွား၊ အပြင်မှာစား၊ လည်ပတ်တာတွေအထိ တစစ ပြန်လှုပ်ရှားလာပါတယ်။ တနည်းပြောရရင်တော့ ဝယ်လိုအား တက်လာတာပါ။ စက်ရုံအလုပ်ရုံတွေကလည်း နဂိုနှုန်းကို မရောက်သေးပေမဲ့ စတင်လည်ပတ်လို့ နေပါပြီ။ အဲဒီအချိန်မှာ စီးပွားရေး တက်တဲ့ပုံစံကို V, U, K ဆိုတဲ့ ပုံစံတွေနဲ့ ဖော်ပြကြပါတယ်။ V ဆိုတာကတော့ ပုံမှန်ကျသွားပြီး ကျတဲ့နှုန်းကို မီတဲ့အထိ ပြန်တက်တာပါ။ U ကတော့ အောက်ဆုံးမှာ နဲနဲကြာပါတယ်။ K ကတော့ တချို့တွေအတွက်တက်ပြီး တချို့တွေကျတာပါ။ အခုရေးမှာက K ပုံစံပါ။ ကော်လာဖြူလုပ်သားတွေလို့ခေါ်တဲ့ ရုံးအလုပ်လုပ်ကြသူတွေအများစုက ဒီပန်ဒဲမစ်မှာ အိမ်ကနေ အလုပ်လုပ်လို့ ရကြတယ်၊ အစိုးရကပေးတဲ့ stimulus လဲ ရကြတယ်၊ ခရီးတွေလည်း သိပ်ထွက်လို့Continue reading “စီးပွားရေးပြန်လည်နလံထူခြင်း”

ကမ္ဘာပေါ်မှာ အကြီးဆုံး မူးယစ်ရာဇာတွေကတော့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီးတွေပါပဲ

(ကန်ဒေ့စ် အိုဝင် – ဒေးလီးဝိုင်ယာ) ဖိလစ် ဂေါ်လာဒိုက ကောလိပ်ကျောင်းပြီးပြီး ဖက်ဒရယ်ရဲတပ်ဖွဲ့ထဲကို ဝင်သွားခဲ့ပါတယ်။ နောက်တော့  သူက ဂွာဒါလာဟရာဆိုတဲ့ မူးယစ်ရာဇာတယောက် ဖြစ်လာခဲ့ပါတယ်။ ၁၉၇၀နှစ်တွေတုန်းက ဂေါ်လာဒိုက နှစ်နိုင်း ဒေါ်လာဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးတွေကို ထုတ်လုပ်ရောင်းချနေခဲ့တာပါ။ သူ့အိတ်ထောင်ထဲမှာ ရဲအရာရှိတွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ တရားသူကြီး/တရားရေးဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ မက္ကဆီကိုအစိုးရရော၊ ဥပဒေထိန်းသိမ်းတဲ့အဖွဲ့တွေရော၊ ထောက်လှမ်းရေးတွေရော၊ မီဒီယာတွေရော အားလုံးပေါင်းပြီး ရာဇဝတ်ကောင်တကောင်ကို ဝိုင်းကူညီကာကွယ်ပေးနေကြတယ်ဆိုတာ ယုံတမ်းစကားလိုပါပဲ။ ဂေါ်လာဒိုက သိပ်ပိုက်ဆံရှိလာတော့ သူကိုယ်တိုင်က နိုင်ငံရေးအသိုင်းအဝိုင်းမှာ မရှိမဖြစ် ဖြစ်လာပါတယ်။ မဲဆွယ်ပွဲတွေဆိုရင် သူ့ကိုပဲ အားကိုးနေကြရတာလေ။ ၁၉၈၈တုန်းက ရွေးကောက်ပွဲတခုမှာ မဲရေတွက်နေတုန်း မဲရေတွက်တဲ့စနစ်ကြီးက ရုတ်တရက် ပျက်သွားတဲ့အတွက် မဲတွေကို ဆက်မရေတော့ပဲ ရပ်ထားလိုက်ရပါတယ်။ ပြန်ကောင်းသွားတယ်ဆိုတဲ့အချိန်မှာ ဂေါ်လာဒိုနိုင်စေချင်တဲ့ဖက်ကလူက အရင်Continue reading “ကမ္ဘာပေါ်မှာ အကြီးဆုံး မူးယစ်ရာဇာတွေကတော့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီးတွေပါပဲ”

ဖဘရဲ့ အတွင်းရေးတွေ ဖောက်ချလိုက်တယ်ဆိုတဲ့ အမျိုးသမီးအကြောင်း

တနေ့က ဖဘရဲ့ ဝန်ထမ်းဟောင်းတဦးက ဖဘအကြောင်းကို အထက်လွှတ်တော်မှာ အစီရင် ခံခဲ့ပါတယ်။ လွှတ်တော်မှာ အစီရင်မခံခင်မှာ သူမဟာ CBS News ရဲ့ မိနစ် ၆၀ အစီအစဥ်မှာ အင်တာဗျူးသွားရောက်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် အခုလို ငွေကြေးအလုံးအရင်းတတ်နိုင်ပြီး ဒီမိုကရက်အစိုးရ/အရာရှိတွေ ရွေးကောက်ခံရဖို့ ငွေကြေးအများကြီး ပံ့ပိုးပေးထားတဲ့အပြင် ရင်းနှီးတဲ့ ဆက်ဆံရေးလည်းရှိတဲ့ ဖဘလို ကုမ္ပဏီကို ဆန့်ကျင်ပြီး ဒီမိုကရက်ကြီးစိုးထားတဲ့ လွှတ်တော်မှာ ထွက်ဆိုတာကိုလည်း မသင်္ကာတဲ့လူတွေ ရှိနေပါတယ်။ ပုံမှန်ဆိုရင် အာဏာပြင်း/ပေါက်ရောက်တဲ့ ကုမ္ပဏီတွေအကြောင်း ဖော်ကောင်လုပ်မယ်ဆိုရင် Project Veritas လိုမျိုး အစိုးရလွှမ်းမိုးမှုမရှိတဲ့ သမာသမတ်ရှိတဲ့ အဖွဲ့အစည်းမျိုးကို သွားကြပါတယ်။ အခုသူမက CBS မှာ လူကြည့်အများဆုံး အစီအစဥ်တခုဖြစ်တဲ့ 60 Mins အစီအစဥ်နဲ့ ချိတ်ဆက်ပြီး အင်တာဗျူးခံတယ်ဆိုတော့Continue reading “ဖဘရဲ့ အတွင်းရေးတွေ ဖောက်ချလိုက်တယ်ဆိုတဲ့ အမျိုးသမီးအကြောင်း”

ဖွဘုတ်ရဲ့ အတွင်းဇတ်လမ်း

ကနေ့မှာ ဖဘက အင်တာနက်ပေါ်ကနေ ၅နာရီကျော်ကြာ ပျောက်နေခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းကတော့ ဖဘဝန်ထမ်းတွေထဲကတယောက်က Border Gateway Protocol records တွေကို update လုပ်ရင်းနဲ့ ကွန်ပြူတာတွေအချင်းချင်း online property ဘယ်လိုရှာရမယ်ဆိုတာကို ပြောထားတဲ့ မြေပုံပျောက်သွားလို့ ဘာကိုမှ လုပ်မရဖြစ်နေတာ ဝန်ထမ်းတွေရဲ့ ကဒ်တွေဖတ်တဲ့ စနစ်တွေပါ အလုပ်မလုပ်ဖြစ်သွားပါတယ်။ အဲဒီ ၅နာရီအတွင်းမှာ ဖဘရဲ့ ဝင်ငွေဆုံးရှုံးမှုက USD ၆၆သန်း ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာက ဖဘမှာ ဒေတာပညာရှင် အဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ဖရန်စစ်ဟော်ဂန်ဆိုသူ အမျိုးသမီးက ဖဘရဲ့ သုတေသနတွေ့ရှိချက် စာမျက်နှာပေါင်း သောင်းဂဏန်းကို ကူးယူပြီး အက်ဖ်စီစီ ကို သတင်းပို့ခဲ့ပါတယ်။ သူမအဆိုအရ ဖဘက သုံးစွဲသူတွေ သူ့အက်ပ်ပေါ်မှာ ကြာကြာနေအောင်Continue reading “ဖွဘုတ်ရဲ့ အတွင်းဇတ်လမ်း”

လောခ့်ဒေါင်းတွေရဲ့ အကျိုးဆက်

လော့ခ်ဒေါင်းတွေက လူချမ်းသာတွေအတွက် အိမ်မှာ စားရေရိက္ခာ ဆေးဝါး ဖျော်ဖြေရေးအစုံအလင်နဲ့ သာသာယာယာ ကျော်ဖြတ်နိုင်ကြပေမယ့် တနေ့လုပ်တနေ့စားတွေနဲ့ တလတလ အလျင်မီအောင် ငွေရှာနေရသူတွေအတွက်ကတော့ ငရဲတမျှပါပဲ။ ပြီးခဲ့တဲ့နှစ်အတွင်း လော့ခ်ဒေါင်းတွေကြောင့် ကမ္ဘာ့ကုန်စည်စီးဆင်းမှု ရပ်တံ့သွားကာ ကမ္ဘာပေါ်က လူပေါင်း သန်း ၁၅၀လောက်ဟာ အဆိုးရွားဆုံးဆင်းရဲမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မကျန်းမာသူတွေအတွက်လည်း ဆေးဝါး ပြတ်လပ်၊ ရှားပါး စျေးကြီးမှုတွေနဲ့ ကြုဲတွေ့ခဲ့ကြတာတွေအပြင် ကိုဗစ်ကူးမှာကြောက်လို့ဖြစ်စေ၊ ဆေးခန်းတွေ ပိတ်ထားလို့ဖြစ်စေ အချိန်မှီ လိုအပ်တဲ့ ဆေးဝါးကုသမှု မခံယူနိုင်ခဲ့တာကြောင့်လည်း အသက်/ဘဝမဆုံးရှုံးသင့်ပဲ ဆုံရှုံးရတာတွေ ရှိခဲ့ပါတယ်။ CDC ရဲ့ နံပါတ်တွေအရ​ အရွယ်ရောက်ပြီး အမေရိကန်တွေရဲ့ ၄၁%က လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေခံယူဖို့ နှောင့်နှေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အရွယ်ရောက်ပြီး အမေရိကန်တွေရဲ့ ၄၀% က စိတ်ကျန်းမာရေး ပြဿနာနဲ့ နပမ်းလုံးနေရပြီးContinue reading “လောခ့်ဒေါင်းတွေရဲ့ အကျိုးဆက်”

ကိုဗစ်ကာလ နဲ လုံခြုံရေး

2020 May – 2021 May အကြားမှာ တကမ္ဘာလုံး ကိုဗစ်ဒဏ် အလူးအလဲခံခဲ့ရပေမယ့် ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ရဲ့ နောက်ဆက်တွဲ တူညီချက်တွေအဖြစ် Netfilix လိုမျိုးတွေ ပိုကြည့်ပြီး ရာဇဝတ်မှုတွေ ကျဆင်းခဲ့ပါတယ်။ မူးယစ်ဂိုဏ်းတွေနဲ့ လူမှောင်ခိုဂိုဏ်းတွေ အကြီးအကျယ်ကျက်စားတဲ့ မက္ကဆီကိုလိုနိုင်ငံမှာတောင်မှ ရာဇဝတ်မှုတွေ လူသတ်မှုတွေ ကျဆင်းခဲ့ပါတယ်။ ကိုဗစ်ကာလမှာ ရာဇဝတ်မှု လူသတ်မှုတွေ တက်လာတာတော့ တနိုင်ငံပဲရှိပါတယ်။ အမေရိကန်ပြည်ထောင်စုပါ။ တက်တာမှ တော်တော့်ကို ထောင်တက်လာတာပါ။ Portland OR မှာဆိုရင် ၈၀၀% တောင် တက်သွားတာပါ။ ကျန်တဲ့မြို့ကြီးတွေမှာလည်း အနည်းဆုံး ၂၅%လောက်တော့ တက်ကြပါတယ်။ အဲဒါ ဘာကြောင့်လဲလို့ အဖြေရှာကြည့်မယ်ဆိုရင်တော့ လက်ရှိအုပ်ချုပ်နေသူတွေရဲ့ ပေါ်လစီတွေကြောင့်ပါပဲ။ ကြည့်ကြည့်ပါ။ ဒီမိုကရက်ခေါင်းဆောင်တွေအားလုံး တသံထဲထွက်နေကြတာက “Reimagining police” ပါ။Continue reading “ကိုဗစ်ကာလ နဲ လုံခြုံရေး”