Hertz ကားဌားတဲ့ ကုမ္ပဏီကြီးက တက်စ်လာကားပေါင်း ၁သိန်းဝယ်ဖို့ စာချုပ်ချုပ်အပြီးမှာ တက်စ်လာစတော့ဈေးတွေ ထိုးတက်ပြီး ကမ္ဘာ့အချမ်းသာဆုံးဖြစ်သွားတဲ့ Elon Musk ကို WFP က ဒါရိုက်တာက မင်းရဲ့ ပိုင်ဆိုင်မှုတွေထဲက ၂% ဖြစ်တဲ့ ၆ ဘီလီယံကိုသာ ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးနေကြတဲ့ လူ ၄၂သန်းကို လှူလိုက်မယ်ဆိုရင် သူတို့တွေဘဝ ဆက်လက်ရှင်သန်နိုင်မှာဖြစ်တယ်လို့ စိန်ခေါ်ခဲ့ပါတယ်။ အီလွန်က ဟုတ်ပြီ၊ မင်းတို့ယူအန်က ဘာတွေဘယ်လိုဘယ်လောက် သုံးတယ်ဆိုတာ စာရင်းတိတိကျကျ ပြနိုင်ရင် ငါက ၆ဘီလီယံ လှူဖို့ အဆင်သင့်ပဲလို့ တုန့်ပြန်ပါတယ်။ အဲဒီစာရင်းက လိုသလို ပြုပြင်ထားတဲ့ဟာမျိုး၊ တိတ်တိတ်လေး ကျိတ်ပြတာမျိုး မဖြစ်ရပဲ အများပြည်သူဝင်ရောက်ကြည့်ရှုနိုင်တဲ့ စာရင်းမျိုးဖြစ်ရမယ်လို့လည်း အီလွန်က တုန့်ပြန်စိန်ခေါ်သွားပါတယ်။ WFP က ဒေးဗစ် ဘီစလီကContinue reading “နိုဝင်ဘာ ၁ ရက် ၂၀၂၁”
Category Archives: Uncategorized
ငွေနောက် ခြေရာခံခြင်း – နှစ် ၅၀အတွင်းမှာ ဒီမိုကရက်သမ္မတတွေ ၅ကြိမ် လာဘ်ယူခဲ့တဲ့အကြောင်း
(Rabbi Dov Fischer/ Daily Wire) လွန်ခဲ့တဲ့ နှစ် ၅၀ကို ပြန်ကြည့်လိုက်ရင် ဒီမိုကရက်တွေက လာဘ်လာဘ ရှာဖွေနေသူတွေ ရယူနေသူတွေကို အိမ်ဖြူတော်ကို ပို့ခဲ့ကြတာ အံ့ဩဖွယ် မြင်ရမှာပါ။ ဒီမိုကရက်တွေက သေချာအကွက်ချပြီး နိုင်ငံရေးသမားတွေကို ဘယ်လို ထိထိရောက်ရောက် ဝယ်ယူခဲ့ကြသလဲဆိုတာလဲ စိတ်ဝင်စားစရာပါ။ သူတို့က ပုန်းလျှိုးကွယ်လျှိုးတောင် လုပ်စရာမလိုပဲ အများအမြင်မှာကို သန်းနဲ့ချီတဲ့ လာဘ်ထိုးမှုတွေလုပ်နေပြီး အဲဒီအတွက်လည်း ဘာပြစ်ဒဏ်မှ ခံစရာ မလိုနေဘူးလေ။ နိုင်ငံရေးသမားတွေကို ကြိုးဆွဲချင်တဲ့လူတွေက သူတို့ရွေးကောက်ပွဲတွေမှာ ငွေများများလှူပြီး အတွင်းစည်းထဲရောက်အောင် လုပ်တတ်ကြတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒါပေမဲ့လည်း လူများစုက အဲဒီလောက်မပြောနဲ့ $1000 လောက်လှူရင် xxx နဲ့ ညစာစားခွင့်ရမယ်ဆိုတဲ့ ပွဲမျိုးတောင် မတတ်နိုင်ကြတော့ သူတို့စိတ်ထဲ ကောင်းမယ်ထင်တဲ့လူကို $5 ကနေContinue reading “ငွေနောက် ခြေရာခံခြင်း – နှစ် ၅၀အတွင်းမှာ ဒီမိုကရက်သမ္မတတွေ ၅ကြိမ် လာဘ်ယူခဲ့တဲ့အကြောင်း”
အကျပ်အတည်းနဲ့ နိုင်ငံရေး
အာဖဂန်က ဘိုင်ဒန်တို့ ခေါ်သွင်းလာတဲ့လူတွေကို အမေရိကန်က ဘယ်နေရာတွေမှာ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ နေရာချပေးနေကြတယ်ဆိုတာကို ဘုရှ်လက်ထက်က အကြီးတန်း အကြံပေးနဲ့ ဒု-အိမ်ဖြူတော်ဝန်ထမ်းချုပ် လုပ်ခဲ့တဲ့ Karl Rove ကို Fox News က Lawrence Jones က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ရထားတဲ့ ဒေတာတွေအရ သူတို့ပို့တာက ဒီမိုကရက်တွေအတွက် ရွေးကောက်ပွဲမှာ အရေးနိမ့်နိုင်ခြေရှိတဲ့ ဒေသတွေကို ရွေးပို့နေတာ တွေ့ရပါတယ်။ ၄၀၀၀ နဲ့အထက်ပို့တာက တက္ကဆက်စ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေဖြစ်ပြီး တခြား battleground state တွေဖြစ်တဲ့ အရီဇီုးနား၊ ဂျော်ဂျာ၊ မီရှီဂန်အပါအဝင် တပြည်လုံးနီးပါးကို တထောင်စီ နှစ်ထောင်စီလောက် ပို့ဖို့ အတည်ပြုပြီးဖြစ်ပါတယ်။ ဖြစ်နိုင်တာက အဲဒီပြည်နယ်တွေထဲက ရီပါဘလစ်ကန်နဲ့ ဒီမိုကရက် အရေအတွက် မတိမ်းမယိမ်းဖြစ်နေတဲ့ ကောင်တီတွေကိုContinue reading “အကျပ်အတည်းနဲ့ နိုင်ငံရေး“
ရာသီဥတုပြောင်းလဲမှုနဲ့ စီးပွားရေးတိုးတက်မှု
ကမ္ဘာပေါ်မှာ တိုးတက်လာတဲ့ နိုင်ငံတိုင်းမှာ မလွဲမသွေ တွေ့ရမယ့်အချက်တခုကတော့ ကာဗွန်ထုတ်လွှင့်မှု မြင့်တက်လာတာပါပဲ။ အဲဒီနိုင်ငံတွေမှာ ထူးထူးခြားခြား ရာသီဥတု ပြောင်းသလားဆိုရင် ကာဗွန်ထုတ်လွှင့်မှုနဲ့ ရာသီဥတုက အချိုးညီပြောင်းနေတာမဟုတ်ဘူးလို့ပဲ ဖြေရမှာပါ။ ကမ္ဘာကြီးမှာရှိတဲ့ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အရာတိုင်းက လုံးဝပြီးပြည့်စုံကောင်းမွန်မှု perfect ဖြစ်မနေကြတော့ ပြုပြင်စရာတွေ တိုးတက်အောင် ကြံဆနိုင်တာတွေက နေရာတိုင်းမှာ ရှိကြတာပါ။ ကလိုင်းမိတ်သမားတွေကိုးကားတဲ့ ဥပမာတွေက အဆိုးတကာ့ အဆိုးဆုံးတွေကိုပဲ ရွေးပြလေ့ရှိပြီး အခုချက်ချင်း ကာဗွန်ထုတ်လွှင့်မှုကို မလျော့ချရင် ၁၂နှစ်လောက်ကြာရင် ကမ္ဘာကြီး ဆုံးခန်းတိုင်တော့မယ်ဆိုတဲ့ သဘောမျိုး ပြောနေခဲ့တာ လွန်ခဲ့တဲ့ အနှစ် ၄၀ကျော်ထဲကဖြစ်ပါတယ်။ နောက်အမှန်တရားတခုက ကလိုင်းမိတ်သမားတွေဟာ သဘာဝတရားကြီးရဲ့ တခြားအချက်အလက်တွေကို စုံလင်အောင် ပြလေ့မရှိပဲ ထိန်ချန်ထားတတ်တာ တွေ့ရမှာပါ။ အာတိတ်က ရေခဲတောင်တွေ လျော့လာပြီဆိုတာ တစိတ်တပိုင်းမှန်ပေမယ့် အန္တာတိကတိုက်ကContinue reading “ရာသီဥတုပြောင်းလဲမှုနဲ့ စီးပွားရေးတိုးတက်မှု“
ပြည်သူတွေရဲ့ $600 အထက် ငွေဝင်ငွေထွက်ကို စစ်ဖို့ ကြံနေပြီ
Erick Erickson/ Daily Wire အမေရိကန်ရဲ့ အမြင့်ဆုံးတရားရုံးက ၁၉၆၈တုန်းက ရဲတွေက မသင်္ကာတဲ့လူတွေကို လက်နက်ကိုင်ဆောင်ထားတယ်လို့ ယုံကြည်လောက်ရင် (သို့) အန္တရာယ်ပေးနိုင်တယ်လို့ ယူဆရင် ရပ်တံ့ ရှာဖွေ စစ်ဆေးစေဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ Terry stops or “Stop and Frisk” လို့ခေါ်တဲ့ အဲဒီကျင့်ထုံးကို ၁၉၉၀နှစ်တွေတုန်းက နယူးယောက်မြို့ကြီးမှာ ပုံမှန်လို ကျင့်သုံးခဲ့ပါတယ်။ နယူးယောက်မြို့ဝန်လုပ်ခဲ့ဖူးတဲ့ Michael Bloomberg ကတော့ Stop-and-Frisk ပေါ်လစီက ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် ကျဆင်းစေတယ်လို့ ဆိုပါတယ်။ Bloomberg က ၂၀၁၅ Aspen Institute ကပြုလုပ်တဲ့ အခမ်းအနားမှာ ၉၅% သော လူသတ်သမားနဲ့ အသတ်ခံရတဲ့လူတွေက ပုံစံတမျိုးထဲမှာ ဝင်နေတယ်၊ သူတို့ဟာ ယောက်ကျား၊Continue reading “ပြည်သူတွေရဲ့ $600 အထက် ငွေဝင်ငွေထွက်ကို စစ်ဖို့ ကြံနေပြီ”
တနှစ် ၄သိန်းအောက် ရတဲ့လူတွေအပေါ်မှာ ပုံစံ ၇မျိုးနဲ့ အခွန်တိုးကောက်မယ့် ဒီမိုကရက်တွေရဲ့ စီမံကိန်း
(Ben Johnson – Daily Wire) ဘိုင်ဒန်က ရွေးကောက်ပွဲအတွက် မဲဆွယ်စဥ်က သူသာသမ္မတဖြစ်ရင် တနှစ်ကို ဒေါ်လာ ၄သိန်းအောက်ပဲရတဲ့လူတွေကို တပြားမှ အခွန်ပိုမပေးစေရဘူးလို့ ကတိပေးခဲ့ပါတယ်။ အဲဒီကတိကို အကြိမ်ကြိမ်ပေးခဲ့သလို ခုထိလည်း ပြောနေတုန်းပါပဲ။ ဒါပေမဲ့ ဘိုင်ဒန်နဲ့ ဒီမိုကရက်တွေက အဆိုပြုလိုက်တဲ့ စီးပွားရေးစီမံချက်အားလုံးက အလုပ်လုပ်တဲ့ အမေရိကန်တိုင်းရဲ့ အိတ်ထဲကပိုက်ဆံကို အခွန်ဌာနက ညှစ်ယူဖို့ ကြိုးစားတာတွေချည့် ဖြစ်နေတာပါ။ အောက်မှာ ရှင်းပြသွားမှာကတော့ တပြည်လုံးမှာ ဝင်ငွေကောင်းဆုံး ၁.၈%ရဲ့ အောက်က ဝင်ငွေရှိသူ (၉၈.၂%) အပေါ် သက်ရောက်မယ့် ပေါ်လစီတွေ၊ အခွန်တိုးမြှင့်တာတွေ၊ ဘာကြေး ညာကြေးတွေထဲက တချို့ပါ။ ၁။ သေနတ် မှတ်ပုံတင်ကြေး ဘိုင်ဒန်က အမေရိကန်တွေကို semiautomatic တွေကစလို့ ၁၀ကြိမ်အထက် အတွဲလိုက်Continue reading “တနှစ် ၄သိန်းအောက် ရတဲ့လူတွေအပေါ်မှာ ပုံစံ ၇မျိုးနဲ့ အခွန်တိုးကောက်မယ့် ဒီမိုကရက်တွေရဲ့ စီမံကိန်း”
စီးပွားရေးပြန်လည်နလံထူခြင်း
ပန်ဒဲမစ်ကာလ ပိတ်ထားတာတွေပြန်ဖွင့်လိုက်တဲ့အချိန်မှာ ပျင်းရိငြီးငွေ့နေကြတဲ့လူတွေက အိမ်ပြုပြင်တာတွေကစလို့ ခရီးသွား၊ အပြင်မှာစား၊ လည်ပတ်တာတွေအထိ တစစ ပြန်လှုပ်ရှားလာပါတယ်။ တနည်းပြောရရင်တော့ ဝယ်လိုအား တက်လာတာပါ။ စက်ရုံအလုပ်ရုံတွေကလည်း နဂိုနှုန်းကို မရောက်သေးပေမဲ့ စတင်လည်ပတ်လို့ နေပါပြီ။ အဲဒီအချိန်မှာ စီးပွားရေး တက်တဲ့ပုံစံကို V, U, K ဆိုတဲ့ ပုံစံတွေနဲ့ ဖော်ပြကြပါတယ်။ V ဆိုတာကတော့ ပုံမှန်ကျသွားပြီး ကျတဲ့နှုန်းကို မီတဲ့အထိ ပြန်တက်တာပါ။ U ကတော့ အောက်ဆုံးမှာ နဲနဲကြာပါတယ်။ K ကတော့ တချို့တွေအတွက်တက်ပြီး တချို့တွေကျတာပါ။ အခုရေးမှာက K ပုံစံပါ။ ကော်လာဖြူလုပ်သားတွေလို့ခေါ်တဲ့ ရုံးအလုပ်လုပ်ကြသူတွေအများစုက ဒီပန်ဒဲမစ်မှာ အိမ်ကနေ အလုပ်လုပ်လို့ ရကြတယ်၊ အစိုးရကပေးတဲ့ stimulus လဲ ရကြတယ်၊ ခရီးတွေလည်း သိပ်ထွက်လို့Continue reading “စီးပွားရေးပြန်လည်နလံထူခြင်း”
ကမ္ဘာပေါ်မှာ အကြီးဆုံး မူးယစ်ရာဇာတွေကတော့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီးတွေပါပဲ
(ကန်ဒေ့စ် အိုဝင် – ဒေးလီးဝိုင်ယာ) ဖိလစ် ဂေါ်လာဒိုက ကောလိပ်ကျောင်းပြီးပြီး ဖက်ဒရယ်ရဲတပ်ဖွဲ့ထဲကို ဝင်သွားခဲ့ပါတယ်။ နောက်တော့ သူက ဂွာဒါလာဟရာဆိုတဲ့ မူးယစ်ရာဇာတယောက် ဖြစ်လာခဲ့ပါတယ်။ ၁၉၇၀နှစ်တွေတုန်းက ဂေါ်လာဒိုက နှစ်နိုင်း ဒေါ်လာဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးတွေကို ထုတ်လုပ်ရောင်းချနေခဲ့တာပါ။ သူ့အိတ်ထောင်ထဲမှာ ရဲအရာရှိတွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ တရားသူကြီး/တရားရေးဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ မက္ကဆီကိုအစိုးရရော၊ ဥပဒေထိန်းသိမ်းတဲ့အဖွဲ့တွေရော၊ ထောက်လှမ်းရေးတွေရော၊ မီဒီယာတွေရော အားလုံးပေါင်းပြီး ရာဇဝတ်ကောင်တကောင်ကို ဝိုင်းကူညီကာကွယ်ပေးနေကြတယ်ဆိုတာ ယုံတမ်းစကားလိုပါပဲ။ ဂေါ်လာဒိုက သိပ်ပိုက်ဆံရှိလာတော့ သူကိုယ်တိုင်က နိုင်ငံရေးအသိုင်းအဝိုင်းမှာ မရှိမဖြစ် ဖြစ်လာပါတယ်။ မဲဆွယ်ပွဲတွေဆိုရင် သူ့ကိုပဲ အားကိုးနေကြရတာလေ။ ၁၉၈၈တုန်းက ရွေးကောက်ပွဲတခုမှာ မဲရေတွက်နေတုန်း မဲရေတွက်တဲ့စနစ်ကြီးက ရုတ်တရက် ပျက်သွားတဲ့အတွက် မဲတွေကို ဆက်မရေတော့ပဲ ရပ်ထားလိုက်ရပါတယ်။ ပြန်ကောင်းသွားတယ်ဆိုတဲ့အချိန်မှာ ဂေါ်လာဒိုနိုင်စေချင်တဲ့ဖက်ကလူက အရင်Continue reading “ကမ္ဘာပေါ်မှာ အကြီးဆုံး မူးယစ်ရာဇာတွေကတော့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီးတွေပါပဲ”
ဖဘရဲ့ အတွင်းရေးတွေ ဖောက်ချလိုက်တယ်ဆိုတဲ့ အမျိုးသမီးအကြောင်း
တနေ့က ဖဘရဲ့ ဝန်ထမ်းဟောင်းတဦးက ဖဘအကြောင်းကို အထက်လွှတ်တော်မှာ အစီရင် ခံခဲ့ပါတယ်။ လွှတ်တော်မှာ အစီရင်မခံခင်မှာ သူမဟာ CBS News ရဲ့ မိနစ် ၆၀ အစီအစဥ်မှာ အင်တာဗျူးသွားရောက်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် အခုလို ငွေကြေးအလုံးအရင်းတတ်နိုင်ပြီး ဒီမိုကရက်အစိုးရ/အရာရှိတွေ ရွေးကောက်ခံရဖို့ ငွေကြေးအများကြီး ပံ့ပိုးပေးထားတဲ့အပြင် ရင်းနှီးတဲ့ ဆက်ဆံရေးလည်းရှိတဲ့ ဖဘလို ကုမ္ပဏီကို ဆန့်ကျင်ပြီး ဒီမိုကရက်ကြီးစိုးထားတဲ့ လွှတ်တော်မှာ ထွက်ဆိုတာကိုလည်း မသင်္ကာတဲ့လူတွေ ရှိနေပါတယ်။ ပုံမှန်ဆိုရင် အာဏာပြင်း/ပေါက်ရောက်တဲ့ ကုမ္ပဏီတွေအကြောင်း ဖော်ကောင်လုပ်မယ်ဆိုရင် Project Veritas လိုမျိုး အစိုးရလွှမ်းမိုးမှုမရှိတဲ့ သမာသမတ်ရှိတဲ့ အဖွဲ့အစည်းမျိုးကို သွားကြပါတယ်။ အခုသူမက CBS မှာ လူကြည့်အများဆုံး အစီအစဥ်တခုဖြစ်တဲ့ 60 Mins အစီအစဥ်နဲ့ ချိတ်ဆက်ပြီး အင်တာဗျူးခံတယ်ဆိုတော့Continue reading “ဖဘရဲ့ အတွင်းရေးတွေ ဖောက်ချလိုက်တယ်ဆိုတဲ့ အမျိုးသမီးအကြောင်း”
ဖွဘုတ်ရဲ့ အတွင်းဇတ်လမ်း
ကနေ့မှာ ဖဘက အင်တာနက်ပေါ်ကနေ ၅နာရီကျော်ကြာ ပျောက်နေခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းကတော့ ဖဘဝန်ထမ်းတွေထဲကတယောက်က Border Gateway Protocol records တွေကို update လုပ်ရင်းနဲ့ ကွန်ပြူတာတွေအချင်းချင်း online property ဘယ်လိုရှာရမယ်ဆိုတာကို ပြောထားတဲ့ မြေပုံပျောက်သွားလို့ ဘာကိုမှ လုပ်မရဖြစ်နေတာ ဝန်ထမ်းတွေရဲ့ ကဒ်တွေဖတ်တဲ့ စနစ်တွေပါ အလုပ်မလုပ်ဖြစ်သွားပါတယ်။ အဲဒီ ၅နာရီအတွင်းမှာ ဖဘရဲ့ ဝင်ငွေဆုံးရှုံးမှုက USD ၆၆သန်း ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာက ဖဘမှာ ဒေတာပညာရှင် အဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ဖရန်စစ်ဟော်ဂန်ဆိုသူ အမျိုးသမီးက ဖဘရဲ့ သုတေသနတွေ့ရှိချက် စာမျက်နှာပေါင်း သောင်းဂဏန်းကို ကူးယူပြီး အက်ဖ်စီစီ ကို သတင်းပို့ခဲ့ပါတယ်။ သူမအဆိုအရ ဖဘက သုံးစွဲသူတွေ သူ့အက်ပ်ပေါ်မှာ ကြာကြာနေအောင်Continue reading “ဖွဘုတ်ရဲ့ အတွင်းဇတ်လမ်း”