ရုရှားအရှုပ်တော်ပုံနဲ့ အမေရိကန်နိုင်ငံရေး

ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ကုသစစ်ဆေးမှုများခံယူပြီး ဆေးရုံမှ ပြန်ဆင်းလာတဲ့ သမ္မတထရမ့် အိမ်ဖြူတော်ကို ပြန်ရောက်ပြီးနောက်တရက်မှာပဲ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးနိုင်ငံရေးမသမာမှုကြီးကို ဖော်ထုတ်တွေ့ရှိခဲ့ပြီလို့ အမျိုးသားထောက်လှမ်းရေး အကြီးအကဲ John Ratcliffe က ဖွင့်ချလိုက်ပါတယ်။ အဲဒီ Russian Collusion/ Steele Dossier/ Trump-Russian Dossier လို့လည်း သိကြတဲ့ အဲဒီအရှုပ်တော်ပုံကို သမ္မတအိုဘားမားလက်ထက်က CIA Director John Brennan ရဲ့ လက်ရေးမှတ်စုကို အခြေခံပြီး ကွင်းဆက်ဖော်ထုတ်ရာမှာတော့ John Brennan ဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်က အဲဒီအချိန်က သမ္မတလောင်း ထရမ့်နဲ့ရုရှား ထောက်လှမ်းရေးတွေကို ဆက်စပ်ထောင်ချောက်ဆင်တဲ့အကြောင်း သမ္မတအိုဘားမားကို အစီရင်ခံခဲ့တာဖြစ်ပါတယ်။ သမ္မတအိုဘားမားရဲ့ မှတ်ချက်/တုန့်ပြန်ချက်ကို ချရေးထားပေမဲ့ အခုအချိန်မှာတော့ ဖျက်ထား/ခြစ်ထားပြီးသား ဖြစ်ပါတယ်။ ဟီလာရီကလင်တန်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေးတဦးကContinue reading “ရုရှားအရှုပ်တော်ပုံနဲ့ အမေရိကန်နိုင်ငံရေး”

သမ္မတကြီးထရမ့်ကို လူတွေဘာကြောင့်မုန်းကြသလဲ

လူတွေဟာ ကိုယ်နဲ့ထိတွေ့ပတ်သက်ခဲ့ဖူးခြင်းလဲမရှိတဲ့ လူတယောက်ကို၊  အဲဒီလူလုပ်တဲ့ ဆိုးကျိုးတွေကိုလည်း ကိုယ်တိုင် ကြုံတွေ့ခံစားနေရတာမဟုတ်ပါပဲနဲ့ အဲဒီလူကို မြင်တာနဲ့ ဆဲချင်လောက်အောင် မုန်းနေတယ်ဆိုရင် ဖြစ်နိုင်ပါ့မလားလို့ ထင်စရာရှိပါတယ်။ သိပ်ကိုဖြစ်နိုင်တယ်ဆိုတာ မြန်မာပြည်သူတွေသိကြမှာပါ။ လူတစုက တိုင်းပြည်အပေါ် မေတ္တာ စေတနာကလွဲလို့ မကောင်းတဲ့စိတ်အလျဥ်းမရှိတဲ့ လူတဦးကို စနစ်တကျ ပုံစံသွင်းထားတဲ့အတွက် မြင်လဲဆဲ မမြင်လဲဆဲ ဟုတ်၏ မဟုတ်၏မစဥ်းစားပဲလဲ ဆဲနေ မုန်းနေကြတာ မမေ့လောက်သေးဘူးထင်ပါတယ်။ အပေါ်ပိုင်းကလူတွေက စားပေါက်ပိတ်မှာမို့ မုန်းကြတယ်ဆိုရင် နားလည်နိုင်ပေမဲ့ အောက်ပိုင်းကလူတွေကပါ အားရပါးရအသားလွတ်မုန်းနေကြတာ နဲနဲနားလည်ရခက်မယ်ထင်ပါတယ်။ တထပ်ထဲတူတာမဟုတ်ပေမဲ့လည်း အမုန်းချင်းတော့မကွာခြားလှပါဘူး။ ဒါဆိုရင်တော့ လူတယောက်ကို မုန်း/မမုန်း မဆုံးဖြတ်ခင် သူ့အကြောင်းအရင် သိအောင်လုပ်သင့်တယ်လို့ သဘောတူကြမယ်ထင်ပါတယ်။ His background သမ္မတထရမ့်ဟာ အခုအချိန်မှာ သူဘာပဲလုပ်လုပ် လက်ဝဲယိမ်းတွေ မီဒီယာတွေနဲ့ သူတို့ကိုယုံကြည်သူများကြားမှာ မုန်းစရာ၊Continue reading သမ္မတကြီးထရမ့်ကို လူတွေဘာကြောင့်မုန်းကြသလဲ

အမေရိကန်ပြည်ထောင်စုက ပါတီကြီး၂ခုရဲ့ ရပ်တည်ချက်ကွဲပြားပုံ

၁။ Democrat: အနည်းဆုံး လုပ်ခစံသတ်မှတ်ချက်ကို မြှင့်တင်သတ်မှတ်သင့်တယ်။ ဒါမှ လူတွေ လုံလောက်တဲ့ဝင်ငွေရမယ်။ Republican: လုပ်ခဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမားကြားက လွတ်လပ်တဲ့သဘောတူညီချက်ပါ။ ရိုးသား ကြိုးစားပြီး လေ့လာမှတ်သားတတ်တဲ့လူတွေရဲ့ လုပ်အားတန်ဖိုးက အမြဲတန်း မြင့်တက်နေမှာဖြစ်ပေမဲ့ ခိုကပ်တတ်တဲ့လူတွေ သင်ယူဖို့အားမထုတ်တဲ့လူတွေအတွက်ကတော့ အဲဒီလို မဖြစ်နိုင်ပါဘူး။ အနည်းဆုံးလုပ်ခဆိုတာ အတွေ့အကြုံမလိုတဲ့ ဘယ်သူမဆိုလုပ်လို့ရတဲ့ အလုပ်တွေများပါတယ်။ အဲဒါကို ဥပဒေနဲ့ မြှင့်လိုက်ရင် လုပ်ငန်းရှင်တွေက စရိတ်နည်းအောင် လူလျော့တာ၊ အခြားခံစားခွင့်လျော့တာ စတာတွေလုပ်ရပါတော့မယ်။ Free market မှာ လုပ်ခတွေဟာ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ လွတ်လပ်စွာညှိယူကြရတာ ဖြစ်ပါတယ်။ ပေးတာနဲလွန်းရင် ကျွမ်းကျင်ဝန်ထမ်းတွေထိန်းထားဖို့ မလွယ်သလို ဝန်ထမ်းမမြဲတာနဲ့ အလုပ်တွင်ဖို့မလွယ်ပါဘူး။ လိုအပ်တဲ့ ကျွမ်းကျင်မှုမရှိပဲနဲ့ အများကြီးတောင်းရင်လည်း အလုပ်ဖြုတ်ဖို့ တောင်းဆိုသလိုဖြစ်နေမှာပါ။ အရေးကြီးတာက ကိုယ့်တာဝန်ကိုယ်ကျေကြဖို့နဲ့Continue reading “အမေရိကန်ပြည်ထောင်စုက ပါတီကြီး၂ခုရဲ့ ရပ်တည်ချက်ကွဲပြားပုံ”

California

ထူထဲတဲ့ တောင်တန်းတွေ သစ်တောတွေရှိပြီး Silicone Valley, Napa Valeey, Hollywood, Golden Gate, အစရှိတာတွေနဲ့ ကြော်ကြားတဲ့ California ပြည်နယ်မှာ အခုနောက်ပိုင်း နာမည်ကြီးစရာနောက်တခုထပ်တိုးလာတာကတော့ မီးပျက်တာပါတဲ့။ နိုင်ငံတနိုင်ငံလိုတွက်မယ်ဆိုရင်တော့ ကယ်လီဖိုးနီးယားဟာ ကမ္ဘာပေါ်မှာ နံပါတ် ၅ အဆင့်စီးပွားရေးအဆင့် ရှိနေပေမဲ့ နွေအကုန် ဆောင်းဦးအစောပိုင်း သစ်ရွက်ကြွေလေထန်တဲ့ အချိန်မျိုးမှာဆိုရင် ပြည်သူတွေ ရက်အတော်ကြာမီးဖြတ်ခံရတာ မဆန်းတော့တဲ့အဖြစ်ကို ရောက်နေပါပြီ။ မီးဖြတ်ရတဲ့အကြောင်းရင်းကတော့ အိုဟောင်းနေတဲ့ မီးတိုင်တွေကြောင့် မီးလောင်မှာကြောက်လို့ဖြစ်ပါတယ်။ ထူထဲတဲ့တောင်တန်းတွေ သစ်ကြိတ်သားတွေနဲ့ ဆောက်ထားတဲ့အိမ်တွေများပြီး နွေအခါမှာ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတု ရှိတဲ့အတွက် မီးလောင်တာဟာ အဆုံးအရှုံးတော်တော်ကြီးသွားနိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ တောမီးလောင်တာကတော့ မိုးကြိုးပစ်တာ၊ တောထဲစခန်းချ ချက်ပြုတ်စားသောက်ပြီး မီးသေချာငြှိမ်းမသွားတာ၊ ဆေးလိပ်တိုကို မီးမသတ်ပဲ ပစ်ချတာ၊ တမင်ရှို့တာစသဖြင့် အကြောင်းကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။Continue reading “California”

Identity Politics

အဲဒါကတော့ မြန်မာလိုပြောဖို့နဲနဲခက်မယ်ထင်ပါတယ်။ ကြိုးစားပြီးပြောကြည့်မယ်ဆိုရင်တော့ လူ့အသိုင်းအဝိုင်းကြီးထဲက အစိတ်အပိုင်းလေးတွေ တစုချင်း တစိပ်ချင်းစီပေါ်မှာ အခြေပြုတဲ့ နိုင်ငံရေးလုပ်နည်းတခုပေါ့။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် လူမဲတွေအစု၊ အမျိုးသမီးတွေအစု၊ လိင်တူချစ်သူ/လိင်ပြောင်းများအစု စတာတွေဖြစ်ပါတယ်။ များသောအားဖြင့်တော့ အဲဒီအစုအဖွဲ့တွေဟာ ဖွဲ့စည်းပုံနဲ့ အတည်တကျ ဖွဲ့စည်းထားတာမျိုးမဟုတ်ပဲ အကြောင်းတခုခုရှိမှ စုစည်းကြတာမျိုးဖြစ်ပါတယ်။ Identity Politics ပိုမိုတွင်ကျယ်လာတာကတော့ ၂၀၁၃နောက်ပိုင်းမှာ ဖြစ်ပါတယ်။​ အဲဒီလိုအစုလေးတွေပေါ်လာတာရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကိုတော့ စေ့ဆော်သူတွေသာသိမှာြဖစ်ပေမဲ့ အားလုံးလိုလိုရဲ့ အသံတွေ နားထောင်ကြည့်လိုက်မယ်ဆိုရင် အားလုံးဟာ သူတို့အစုရဲ့ တူညီတဲ့အကြောင်းကြောင့် အဖိနှိပ်ခံနေရပါတယ်ဆိုတာကိုပဲ သွားတွေ့ပါတယ်။ တကယ်တမ်းဖိနှိပ်ခံနေရတာလည်းမှန်တယ် တကယ်တိုးတက်အောင်လုပ်ချင်တဲ့ ဆန္ဒလည်း ရှိမယ်ဆိုရင်တော့ ပွဲပြီးမီးသေပျောက်သွားလိုက် နောက်တကြိမ် အခါအခွင့်သင့်ရင် ထပေါ်လာလိုက်ဆိုတာမျိုး ဖြစ်မနေလောက်ဖူးလို့ ထင်ပါတယ်။ တခြားတဖက်ကကြည့်ပြန်ရင်လည်း ဒီလိုအစုအဖွဲ့တွေထဲမှာ ပါဝင်နိုင်ပေမဲ့ မပါဝင်လိုတဲ့ တိတ်နေတဲ့အပိုင်းက အသံတွေကိုလည်း နားထောင်ကြည့်သင့်ပါတယ်။Continue reading Identity Politics

Power Vacuum

ဒီစကားလုံးကတော့ နိုင်ငံရေးသင်ဖူးတဲ့သူ/လေ့လာဖူးတဲ့သူဆိုရင်သိမှာပါ။ မြန်မာလိုဆိုရင်တော့ ပါဝါလေဟာနယ်လို့ ခေါ်လို့ရမယ်ထင်ပါတယ်။ အခုတလော အမေရိကန်တဝှမ်းမှာ ဖြစ်နေတဲ့ မငြိမ်သက်မှုတွေနောက်ပိုင်းမှာ ရဲတွေကို လူတွေက မုန်းလာကြတဲ့အပြင် NY LA အပါအဝင် မြို့ကြီးတွေမှာလည်း ရဲတွေရဲ့ဘတ်ဂျက်ကို တော်တော်များများဖြတ်တောက်ပစ်ဖို့ မြို့ဝန်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ရဲတွေကိုမုန်း ရဲအင်အားနည်းလာရင် ဘာတွေဖြစ်လာမလဲစဥ်းစားကြည့်ရအောင်နော်။ လူတွေနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ စည်းကမ်းတကျရှိနေဖို့အတွက် အာဏာကိုင်အဖွဲ့အစည်းတွေ ရှိရပါတယ်။ ပါဝါလေဟာနယ်ဆိုတာ မရှိပါဘူး။ ပုံမှန်တော့ နိုင်ငံရေးသမားတွေက ဥပဒေထုတ်ပြီး ရဲတွေက အဲဒီဥပဒေတွေအတိုင်း ဥပဒေစိုးမိုးမှုရှိအောင် လုပ်ကြရတာဖြစ်ပါတယ်။ ဒီနေရာမှာ ရဲအင်အားချည့်နဲ့လာလို့ ရဲအစိုးမရတဲ့နယ်ပယ်တွေများလာရင် power vacuum ဖြစ်လာမှာပါ။ ပါဝါလေဟာနယ်က ဒီတိုင်းပြီးမသွားပါဘူး။ လေဟာနယ်ထဲကို ပိုအင်အားကောင်းတဲ့အရာတွေက ဖိဝင်လာကြမှာပါ။ New York မြို့ကြီးမှာ လွန်ခဲ့တဲ့ အနှစ်၂၀ကျော်လောက်အထိ မာဖီးယားမိသားစု၅ခု အပြိုင်ကြီးစိုးခဲ့ပြီးContinue reading Power Vacuum

တနေ့စာမကတဲ့ အလွဲများ

ဒီကလူတွေနဲ့ မြန်မာတွေတော်တော်များများ ရီပါလစ်တန်တွေကို အမှတ်မှားနေကြတဲ့ အချက်တွေ ရှိပါတယ်။ မှန်/မမှန် တချက်ချင်း စဥ်းစားကြည့်ရအောင်ပါ။ ၁။ ရီပါ့ဘလစ်ကန်တွေက လူဖြူကြီးစိုးတဲ့ဝါဒသမားတွေဖြစ်တယ်။ လုံးဝမှားပါတယ်။ လူဖြူကြီးစိုးရေးဝါဒကို ထူထောင်တာ ရီပါဘလစ်ကန်တွေမဟုတ်ပါ။ ရီပါဘလစ်ကန်တွေက ကျွန်စနစ်ပပျောက်အောင် လုပ်ပေးခဲ့တဲ့အပြင် လူမဲတွေကို အောက်လွှတ်တော်ထဲအထိရောက်အောင် အားပေးခဲ့တာကို မကျေနပ်လို့ လူဖြူကြီးစိုးရေးဝါဒီတွေက ရီပါဘလစ်ကန်တွေနဲ့ သူတို့ကိုထောက်ခံတဲ့ လူဖြူရော လူမဲရောကို တိုက်ခိုက်ခဲ့ကြတာပါ။ အရင်ရေးခဲ့ပြီးပါပြီ။ ၂။ ရီပါဘလစ်ကန်တွေက လူချမ်းသာတွေ/ လူချမ်းသာတွေထောက်ခံတဲ့ပါတီဖြစ်တယ်။ ဒါလဲမှားပါတယ်။ လက်ရှိသမ္မတကို မဲပေးခဲ့ကြတဲ့လူတွေအများစုက လက်လုပ်လက်စားတွေဖြစ်တာကြောင့် ဒီမိုကရက်တွေနဲ့ ယှဥ်ရင် မဲဆွယ်စရိတ်လည်း ဘာမှကောင်းကောင်းမသုံးနိုင်ခဲ့ပါဘူး။ မီဒီယာတွေရဲ့ ၉၀%လောက်ကလည်း ဒီမိုကရက်တွေဘက်က တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အခမဲ့ မဲဆွယ်ပေးခဲ့ကြတာပါ။ ရွေးကောက်ပွဲကာလမှာ အိမ်တွေကို မဲဆွယ်စာစောင်တွေအပြိုင်ပို့ကြတာမှာ ရီပါဘလစ်ကန်တွေက အနည်းငယ်သာပို့နိုင်ပြီး ဒီမိုကရက်တွေကတော့Continue reading တနေ့စာမကတဲ့ အလွဲများ

လူဖြူကြီးစိုးရေးဝါဒ ဘယ်ကစ

မီဒီယာတွေကအစ မြန်မာတွေအကြား ကျယ်ကျယ်ပြန့်ပြန့် အမှတ်မှားနေကြတဲ့ နောက်ထပ်အလွဲတခုကို အမှန်အတိုင်းသိအောင် ပြောပြပါဦးမယ်။ လူဖြူတွေသာ အကြီးကျယ်အမြင့်မြတ်ဆုံးလို့ ခံယူထားကြတဲ့ KKK အဖွဲ့ကြီးကို Confederate General တယောက် ကဦးဆောင်ပြီး ၁၈၆၅ခုနှစ်က Tennassee ပြည်နယ်မှာ စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ အမေရိကန်ပြည်တွင်းစစ်ကြီးပြီးလို့ ပြန်လည်တည်ဆောက်ရေးတွေလုပ်နေတာဖြစ်ပြီး အောက်လွှတ်တော်ထဲအထိ လူမဲတွေရွေးကောက်ပွဲအနိုင်ရလာကြတာဖြစ်ပါတယ်။ အဲဒီလို နိုင်လာတဲဲ့လူမဲအမတ်တွေက ရီပါဘလစ်ကန်ပါတီဝင်တွေပါတဲ့။ (သူတို့ကျွန်ဘဝကလွတ်အောင် ကြိုးပမ်းသွားတဲ့ သမ္မတ လင်ကွန်းကလည်း ရီပါဘလစ်ကန်ပါပဲ။) KKK အဖွဲ့ရဲ့လှုပ်ရှားမှုတွေက များသောအားဖြင့် ပုန်းလျိုးကွယ်လျိုးလုပ်ကြတာဖြစ်ပြီး သူတို့ အကြမ်းဖက်တိုက်ခိုက်တာကတော့ ရီပါဘလစ်ကန်ပါတီခေါင်းဆောင်များနဲ့ သူတို့ကို မဲပေးတဲ့သူတွေကိုပါ။ အဲလိုတိုက်ခိုက်တဲ့အခါမှာတော့ လူဖြူလူမဲ ခွဲခြားမှုမရှိပါဘူးတဲ့။ KKK အုပ်စုဖြစ်ချင်တာကတော့ လူမဲတွေ နိုင်ငံရေးထဲပါလာတဲ့အထိ ဖြစ်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ပြောင်းပြန်လှန်ပြစ်ပြီး အမေရိကန်တောင်ပိုင်းမှာ လူဖြူတွေContinue reading လူဖြူကြီးစိုးရေးဝါဒ ဘယ်ကစ

အမေရိကန်စွမ်းအားရှင် AKA Antifa

အမေရိကန်နိုင်ငံမှာတွေ့ရတဲ့ ဆူပူအုံကြွမှု အကြမ်းဖက်မှု ဖျက်ဆီးမှုတွေဟာ နေရာတော်တော်များများမှာ နေ့စဥ်လိုဖြစ်နေတာကို ကြည့်လိုက်ရင် ဘယ်လိုလူတွေက ဒါတွေကိုလုပ်နေတာလဲ၊ ဘယ်သူမှထိန်းချုပ်ဖို့ မကြိုးစားကြဘူးလားဆိုတာမျိုး စဥ်းစားမိကြမယ်ထင်ပါတယ်။ အဲဒီလို အမေရိကန်ပြည်အနှံ့အကြမ်းဖက်မှုတွေမှာပါဝင်တဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကတော့ Antifa လို့ခေါ်တဲ့ Anti-Fascist တွေပါ။ Antifa စပေါ်လာတာကတော့ ဂျာမဏီနိုင်ငံမှာ ဂျာမန်ကွန်မြူနစ်ပါတီက နာဇီတွေကို တန်ပြန်ဖို့ စခဲ့တာပါ။ အမေရိကန်မှာ ဒီလှုပ်ရှားမှုက သမ္မတအိုဘားမားရဲ့ ဒုတိယသက်တမ်းနောက်ပိုင်း  လူမဲလှုပ်ရှားမှူနဲ့ မရှေးမနှောင်း ပေါ်ပေါက်လာတာြဖစ်ပါတယ်။ အမေရိကန်မှာတော့ Antifa ဆိုတာ အဖွဲ့တခုကိုပြောတာထက်စာရင် နေရာအနှံ့က ရည်ရွယ်ချက်တူအဖွဲ့အစုလေးတွေကို ခြုံပြီးခေါ်တယ်လို့ ပြောလို့ရမှာပါ။ သူတို့က လက်ဝဲစွန်းသမားတွေဖြစ်တာကြောင့် လက်ယာသမားတွေကို ဖက်ဆစ်/နာဇီတွေလို့ သတ်မှတ်ပြီး ဖက်ဆစ်တွေကို တိုက်ခိုက်ဖို့ရည်ရွယ်ချက်နဲ့ သူတို့ကိုယ်သူတို့ Antifa လို့ နာမည်တပ်ထားတာပါ။ တကယ်တမ်းက ဖက်ဆစ်တို့Continue reading အမေရိကန်စွမ်းအားရှင် AKA Antifa

Victim mentality

ဒီဟာကတော့ ပြောရရင် ကိုယ်မအောင်မြင်တဲ့ကိစ္စကို အသားအရောင် လိင် ဆင်းရဲမှုစသည် အကြောင်းတခုခု/ တဦးဦးအပေါ် ပုံချတဲ့သဘောပါပဲ။ အခုအောင်မြင်နေတဲ့သူအားလုံးက ချမ်းသာတဲ့မိဘတွေ နာမည်ကြီးကျောင်းတွေက ထွက်လာတာတွေချည့်မဟုတ်ပါဘူး။ အသိုင်းအဝိုင်း လဲမရှိ အတန်းပညာလေးမစို့မပို့နဲ့ အောင်မြင်နေကြတာတွေလည်း ရှိတာပါပဲ။ အသိုင်းအဝိုင်း ပညာအထောက်အပံ့ရရင်တော့ ပိုလွယ်ကောင်းလွယ်မှာပေါ့။​ ဒါပေမဲ့ တကယ်တမ်းက အတ္တာဟိ အတ္တနောနာထော ဆိုတဲ့အတိုင်း ကိုယ်သာပဓါနပါ။ သူများကို အပြစ်မြင်နေတာက ကိုယ်လုပ်ရမဲ့ ကိစ္စကို ဖင့်စေတာအပြင် အကျိုးမရှိနိုင်ပါဘူး။ လတ်တလောမှာ သူများကို အပြစ်ဖို့ လိုက်လို့ ကိုယ်စိတ်ပေါ့သွားသလိုရှိနိုင်ပေမဲ့ ဒါဟာ ပြဿနာကို ဖြေရှင်းတာမဟုတ်တဲ့အတွက် အကျိုးရလာဒ် ပြောင်းသွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အပစ်ဖို့တာကို အားပေးခြင်းအားဖြင့် မကျေနပ်စိတ် အမုန်းထုထည်ကတော့ တက်လာပြီး တချိန်ချိန်မှာ ပေါက်ကွဲဖို့အဆင်သင့်ဖြစ်နေရင်နေမှာပေါ့။ အခုထိ နိုင်ငံတဝှမ်း ဖြစ်နေသမျှတွေကို ခြုံကြည့်မယ်ဆိုရင်Continue reading Victim mentality