Operation Epic Fury (54)                                  

အီရန်နိုင်ငံခြားရေးဝန်ကြီးက ဟော်မုဇ်ဖွင့်တယ်လို့ ကြေငြာပြီး နာရီပိုင်းအတွင်းမှာပဲ အိန္ဒိယရေနံတင် သင်္ဘောနှစ်စီးကို အီရန်စပိဘုတ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းတက်လာပါတယ်။ အဲဒီမတိုင်ခင် အီရန် လွှတ်တော်ဥက္ကဋ္ဌက သမ္မတထရမ့်ရဲ့ ပို့စ်တွေက မမှန်ကြောင်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်တွေကိုသာ အတည်ယူဖို့ ရေးထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးထက် ဌာနပြောရေးဆိုခွင့်ရှိသူက ပိုအာဏာရှိနေသလိုပါပဲ။

အဲဒီနောက်ပိုင်းမှာတော့ ဟော်မုဇ်ကို အမေရိကန်ရဲ့ AH-64 Apache ရဟတ်ယာဥ်တွေ ကင်းလှည့် နေတာ တွေ့ရပါတယ်။ အီရန်ရဲ့ သေနတ်တပ် စပိဘုတ်လေးတွေဆိုတာက အမေရိကန်တောင်ဖက် Southern Command ဒေသ မှာ မူးယစ်ဆေး သယ်တဲ့ စပိဘုတ်တွေလိုပဲ Apache က ခလုတ်တချက်နှိပ်တာနဲ့ တစစီဖြစ်သွားမှာပါ။ ကင်းလှည့်ပြီးနောက်ပိုင်း ပစ်ခတ်တဲ့သတင်း ထပ်တက်လာတာ မတွေ့သေးပါဘူး။

အီရန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က X မှာတင်တဲ့ပို့စ်မှာ လက်ဘနွန်မှာ အပစ်ရပ်တာနဲ့အညီ ကျန်ရှိတဲ့ အပစ်ရပ်ကာလအတွင်း ဟော်မုဇ်ကို ကုန်သင်္ဘောတွေအကုန်လုံးအတွက် ပြည့်ပြည့်ဝဝ ဖွင့်ထားပြီလို့ ကြေငြာလိုက်ပါတယ်၊ အီရန် Ports & Maritime Org. က ကြေငြာထားတဲ့ လမ်းအတိုင်းတော့ သွားရမှာ ဖြစ်ပါတယ်လို့ ရေးထားတာပါ။ သူရေးတဲ့ထဲမှာ သူတို့ဖွင့်ပေးရင် အမေရိကန်တွေ ပိတ်ဆို့မှု ရုတ်သိမ်းပေးရမယ်လို့ မပါပါဘူး။ လက်ဘနွန်အပစ်ရပ်နဲ့ လာနွှယ်တာလည်း သူတို့သဘောနဲ့ သူတို့ပါ။ သမ္မတထရမ့်က လက်ဘနွန်အပစ်ရပ် အီရန်အပစ်ရပ် ဆွေးနွေးမှုနှစ်ခုကို အစကတည်းက သီးခြားစီ ပြုလုပ်ခဲ့တာပါ။

အများပိုင်ကို ငါပိုင်လုပ်ချင်တဲ့နေရာမှာ တရုတ်နဲ့ အီရန်တို့က သဘောထားတူတူပါပဲ။ တရုတ်က နိုင်ငံတကာ ရေပိုင်နက်ဖြစ်တဲ့ တိုင်ဝမ် ရေလက်ကြားကို သူတို့ပိုင်လို့ လုပ်ချင်သလို အီရန်က နိုင်ငံတကာရေပိုင်နက်ဖြစ်တဲ့ ဟော်မုဇ်ကို သူပိုင်လုပ်ပြီးထိန်းချုပ်ချင်တာပါ။ အီရန်ဒုသမ္မတ (၁) Mohammad Reza Aref က “ဟော်မုဇ်ကို အီရန်ကပဲ ထိန်းချုပ်ခွင့်ရှိပါတယ်၊ ငါတို့ရဲ့ အခွင့်အရေးကို ဆွေးနွေးပွဲမှာ ရရင်ရ၊ မရရင် မြေပြင်ပေါ်မှာ ရယူရလိမ့်မယ်”လို့ ဆိုပါတယ်။

အီရန်က ခြိမ်းခြောက်နေတာ စစ်မစခင်ကတည်းကပါပဲ။ အမေရိကန်ရဲ့ ဈေးကြီးတဲ့ ဒုံးတွေကို

သူတို့ရဲ့ ဈေးပေါပြီး ပေါများတဲ့ဒရုန်းနဲ့ အနိုင်ယူမယ်ဆိုတာက အခုဆိုရင် အမေရိကန်ကုန်ကျတာက ယိုပေါက်တွေ လိမ်နေ ခိုးနေတာတွေ ပိတ်လိုက်ရင် စစ်လေ့ကျင့်တဲ့ စားရိတ်လောက်ပဲ ဖြစ်သွားမှာပါ။ သူတို့တိုင်းပြည် ပြန်ထူထောင်ဖို့ ၂၅၀ဘီလီယံ လိုပါလိမ့်မယ်။ စစ်သင်္ဘောဝင်လာရင် ပစ်မယ်ဆိုတဲ့ ဟော်မုဇ်ကိုလည်း ဖျက်သင်္ဘောနှစ်စီး မှဲ့တပေါက်မစွန်းပဲ ဝင်သွားနိုင်ခဲ့ပါတယ်။ ဖြတ်သန်းခ ကောက်မယ်ဆိုပြန်တော့ သူတို့ဘဏ်စနစ်တွေ ဆက်သွယ်ရေးစနစ်တွေက ဒေါင်းနေတယ်လေ။ ဆိပ်ကမ်းမှာ စစ်သားလေး ၂ယောက်လောက်ထိုင်ပြီး လက်ဖြန့်နေရုံနဲ့ ပိုက်ဆံက ဝင်လာမှာလား။

အီရန်က ဟော်မုဇ်ကို ထိန်းချုပ်မယ်ဆိုတာကို အရင်အစိုးရတွေလို ကြောက်ပြီး ကြည့်နေရင် တရုတ်ကြီး လက်ခမောင်းခတ်ပြီး တကမ္ဘာလုံးက ရေလက်ကြားတွေ အချက်အခြာနေရာတွေကို လိုက်ထိန်းချုပ်ဖို့ ကြိုးစားတော့မှာပါ။ ဒီအစိုးရလက်ထက် လုပ်လို့မရရင် အမုန်းမှိုင်း၊ အလိမ်မှိုင်း၊ ပလန်ဒဲမစ်၊ မဲခိုး မဲလိမ်တွေနဲ့ သူတို့ဩဇာခံသူတွေ ပြန်တက်အောင်လုပ်ပြီး ကြိုးစားမှာပါ။ ကမ္ဘာ့ပြည်သူတွေအတွက် ဘာကောင်းကျိုးမှ မရှိနိုင်ပါဘူး။ ဒါကြောင့် သူတို့ proxy အီရန်အတွက် rocket fuel တွေ ဘယ်ကိုပစ်ရမယ်ဆိုတာပြတဲ့ ဂြိုလ်တုဒေတာတွေနဲ့ ကူညီနေတာပါ။

အီရန်က ယူရေနီယံ ပေါင် ၉၇၀ကို အမေရိကန်က ရယူမယ်လို့ ထရမ့်က ပြောထားပြီးခါမှ တရုတ်က သူတို့ယူထားပေးချင်တယ်လို့ အချက်ပြပါတယ်။ ရုရှားကလည်း အလားတူပြောခဲ့ဖူးပါတယ်။ သူတို့လက်ထဲရှိတာနဲ့ အီရန်လက်ထဲရှိတာ ဘာများကွာမှာမို့လို့လဲ။

ထရမ့်က ရှီကို အီရန်ကို စစ်ရေးအရ ကူညီမှုတွေမလုပ်ဖို့ တိုက်ရိုက်သတိပေးတာမျိုးကို သမားရိုးကျနိုင်ငံရေးသမား တွေက သံတမန်မဆန်ဘူးလို့ ပြောကြဦးမှာပါ။ သံတမန်ဆန်တယ်လို့ ယူဆကြတဲ့ လုပ်ထုံးတွေ ဘာသာစကားတွေက အချိန်ကုန်ပြီး အလုပ်မဖြစ်တာ ကြာခဲ့ပါပြီ။ ထရမ့်က ဒဲ့ပြောတော့မှ မကူညီပါဘူးလို့ ငြင်းတာပါ။ အရင်လူတွေလို စာအုပ်ထဲကအတိုင်းပြောတုန်းက တရုတ် ဟိန်းဟောက်တာတွေပဲ ခံလာရတာ အားလုံးအမြင်ပါပဲ။

ဒီစစ်ပွဲပြီးသွားရင် အစ္စရေးက အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို အစ္စရေးကို ရွှေ့ဖို့ အဆိုပြုထားပါတယ်။ အမေရိကန်က အတည်မပြုသေးပေမယ့် တနေ့က CENTCOM commander Adm. Brad Cooper ပြောသွားတဲ့ထဲမှာ အစ္စရေးက an unmatched partner and the best teammate လို့ ပြောသွားပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေကလည်း အမေရိကန်စစ်စခန်းရှိတာ လုံခြုံရေးအာမခံချက်လို့ မြင်ခဲ့တာကနေ ဒေသတွင်း ပဋိပက္ခဖြစ်ရင် ဖြစ်လာနိုင်တဲ့ ပစ်မှတ်တွေအဖြစ် မြင်လာကြတာတွေလည်း ရှိနေပါတယ်။

အမေရိကန်က တောင်တရုတ်ပင်လယ်နားက ဖိလစ်ပိင်းနိုင်ငံမှာ စစ်အခြေစိုက်စခန်းအသစ် ထားရှိဖို့  ပြင်ဆင်နေတဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တဖက်သတ်နိုင်တယ်၊ စစ်ရေးအရအနိုင်ကျင့်တယ်၊ ဒါမျိုးက ကမ္ဘာကြီးကို နက်ရှိုင်းတဲ့ပြဿနာတွေ ပေးလိမ့်မယ်လို့ ဝေဖန်သွားပါတယ်။ အမေရိကန်မရှိလို့ အဲဒီဒေသမှာ တရုတ်ထင်တိုင်းကြဲနေခဲ့တာ အားလုံးအသိပါပဲ။

မနေ့က ပြောခဲ့တဲ့ တရုတ်သင်္ဘော Rich Starry က Full Star နာမည်နဲ့ Shanghai Xuanrun Shipping Co. Ltd. က ပိုင်တာဖြစ်ပေမယ့် အဲဒီနာမည်က ဆန်ရှင်ထိထားတဲ့ အီရန်ရေနံတွေကို မှောင်ခိုသယ်မှုနဲ့ ပတ်သက်နေတဲ့အတွက် ဆန်ရှင်ကိုရှောင်ဖို့ တရုတ်တွေက နာမည်ပြောင်းပြီး မလာဝီနိုင်ငံအလံကို အတင်ပြထားပါတယ်။ မလာဝီက ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး သင်္ဘောမှတ်ပုံတင်မရှိတာကို အမေရိကန်တွေ မသိလောက်ဘူးလို့ ထင်နေပုံပါပဲ။

ဒီမိုကရက်/ရိုင်နိုအစိုးရလက်ထက်ဆိုရင်တော့ ဟုတ်မှာပါ၊ သိရင်တောင် စားထားတာတွေ ပြန်အန်ထွက်မှာစိုးတာရော ကြောက်တာရောကြောင့် မသိချင်ယောင် ဆောင်လိုက်မယ်ထင်ပါတယ်၊ လုပ်နေကျမို့လည်း လုပ်တာဖြစ်မှာပါ။ ဘောပျံကိစ္စကို ကြည့်ရင် သိပါလိမ့်မယ်။ စစ်တပ်က မပြောင်းပေမယ့် အုပ်ချုပ်သူပြောင်းသွားတော့ တရုတ်ကို ကြောက်ရတာကနေ တရုတ်က ပြန်ကြောက်ရတဲ့ဘဝကို ချက်ခြင်းပြောင်းသွားတဲ့အတွက် ပြန်လှည့်ပြီး အီရန်ကမ်းရိုးတန်းနားမှာ ကျောက်ချထားရတာ ဖြစ်ပါတယ်။

မနေ့က ဟော်မုဇ်ကို ဖြတ်ခဲ့တဲ့ အပျော်စီး Cruise သင်္ဘောကြီးက အိုမန်ပင်လယ်ကွေ့နား ရောက်ခါနီး ရေမိုင် ၃မိုင်အလိုမှာ ဒရုန်းလား ဒုံးလား မသိရသေးတဲ့ ပေါက်ကွဲမှုဖြစ်တာ တွေ့ရတယ်လို့ UK Maritime Trade Operations က ကြေငြာသွားတဲ့အတွက် ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေအနေနဲ့ မသင်္ကာစရာတွေ့ရင် သတင်းပို့ကြဖို့ ဆော်ဩထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးက အပစ်ရပ်ထားတော့ အီရန်ထဲမှာ အစိုးရဆန့်ကျင်သူဖမ်းပွဲနဲ့အတူ အစိုးရ ထောက်ခံပွဲတွေ တွေ့လာရပါတယ်။ ဆန်းတာက အစိုးရထောက်ခံပွဲမှာ light truck တွေပေါ်မှာ သေနတ်ကိုင်ထားတဲ့ ခေါင်းမြှီးခြုံတွေနဲ့ ကလေးတွေပဲ အများဆုံးပါကြတာပါ။ စစ်သားတွေ မရှိတော့လို့လား၊​ ယောက်ျား ခိုင်းသမျှ ငြင်းခွင့်မရှိတဲ့ မိန်းမတွေကို အလွယ်တကူ ချောဆွဲလာတာလား စဥ်းစားကြည့်ကြပါ။

Leave a comment