အမေရိကန်ဘက်က အပစ်ရပ် သက်တမ်းတိုးတယ်လို့ ကြေငြာပြီး နာရီပိုင်းအတွင်းမှာပဲ IRGC က ကြိုတင်သတိပေးမှုမရှိပဲ သင်္ဘော ၃စီးကို ပစ်ခတ်ခဲ့ပြီး အနည်းဆုံး ၂စီးကို သိမ်းဆည်းခဲ့ပါတယ်။ ပထမတစီးက လိုင်ဘေးရီးယား-ဂရိပိုင်သင်္ဘောဖြစ်ပြီး အိုမန်ပင်လယ်ကွေ့ရဲ့ အရှေ့မြောက် ၁၅မိုင် အကွာမှာ အပစ်ခံခဲ့ရတဲ့အတွက် ဦးပိုင်းက ကွန်ထရိုးလုပ်တဲ့အခန်း ပျက်စီးသွားခဲ့ပါတယ်။ နောက် ၃နာရီအကြာမှာ အီရန်ရဲ့ အနောက်ဖက် ၈မိုင်အကွာမှာ ကွန်တိန်နာသင်္ဘော Euphoria ပစ်ခတ် ခံခဲ့ရပါတယ်။ နောက်တစီးက မြေထဲပင်လယ်ရှစ်ပင်းကပိုင်တဲ့ Francesca သင်္ဘောက အိုမန်ပင်လယ်ကွေ့ထဲကို သွားနေစဥ်မှာ အီရန်က သူ့ရေပိုင်နက်ထဲကို မောင်းသွားစေတာ ဖြစ်ပါတယ်။
မနေ့က သမ္မတထရမ့်က အပစ်ရပ်ကို သက်တမ်းတိုးပေးခဲ့တာ ကာလမသတ်မှတ်ထားပေမယ့် အကြာကြီးမဟုတ်ပဲ ၃-၅ရက်လောက်ပဲဖြစ်မယ်လို့ မှန်းကြပါတယ်။ အတိအကျကိုတော့ သမ္မတကပဲ ဆုံးဖြတ်မှာပါ။ ရက်အတိအကျ သတ်မှတ်ချက် မထားတော့လည်း အချိန်မရွေး ချလို့ရတော့ အရပ်သား မိန်းမ/ကလေးတွေနဲ့ ကာထားရမလား ပုန်းရတော့မလား မသိတဲ့ မရေရာမှုတွေမှာ အကြောက်တရား ထပ်ဆင့်စေမှာပါ။ အီရန်က အပစ်ရပ် သက်တမ်းတိုးတာ သူတို့သဘောမပါဘူးလို့ဆိုနေပေမယ့် သူတို့ကို ပိတ်ဆို့ထားတဲ့ အမေရိကန်ကို တိုက်ခိုက်မှုတော့ လုံးဝမပြုလုပ်သေးတာ တွေ့ရပါတယ်။
နျူကိစ္စကို လုံးဝလက်မလွှတ်ချင်၊ ဆက်တိုက်ချင်တဲ့ IRGC ကွန်မန်ဒါချုပ် ဗဟီဒီက အရင်ကတည်းက ထိပ်ကိုရောက်ဖို့ ကြိုးစားနေခဲ့သူဖြစ်တော့ အခုလိုအချိန်မှာ လက်နက်ကိုင်အကြီးအကဲဖြစ်တဲ့ သူ့စကားက တာသွားနေတဲ့အပေါ် သဘောခွေ့နေပုံရပါတယ်။ ဂါလီဘတ်ဖ်က အစ္စလာမ္မာဘတ်ကို မသွားချင်တာကလည်း ပြန်လာရင် အစ္စရေးက ပစ်ချသလိုလိုနဲ့ လုပ်ကြံခံရမှာစိုးလို့ ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းရေးရာကျွမ်းကျင်သူတဦးက NTD ကို ပြောသွားပါတယ်။
သူတို့ချင်းညှိဖို့ အချိန်အများကြီးပေးလည်း သဘောကွဲလွဲတာတွေက အတွင်းဖိအားမရှိရင် ညီလာဖို့ မလွယ်ပါဘူး။ အတွင်းဖိအားမရှိပဲ အစိုးရပြိုလဲဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းမှာ ပြည်သူတွေ ထပ်မံအုံကြွတဲ့ ဖိအားရှိမလာအောင် အဆိုးရက ကြိုတင်နှိပ်ကွပ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ပြင်ပဖိအားက အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာနဲ့ ဘဏ္ဍာရေးအောက်က Office of Foreign Asset Control က အီရန်ဘဏ်တွေ၊ လက်နက်နဲ့ ရေနံရောင်းရငွေတွေ စတဲ့ ဒေါ်လာနဲ့ရောင်းသမျှကို လှုပ်မရအောင် ထိန်းထားတာ၊ သူတို့နဲ့ အရောင်းအဝယ်လုပ်သူတွေကို အရေးယူတာတွေက ဗုံးကြဲတာလို့ပဲ ထိရောက်တဲ့ maximum pressure campaign ပါပဲ။
အဲဒီပြောတဲ့ခဲ့နည်းတွေက အကုန်မဟုတ်သေးပါဘူး။ ခါ့ဂ်ကျွန်း ကျန်ပါသေးတယ်။ အီရန်ရဲ့ ရေနံစိမ်း တင်ပို့မှုရဲ့ ၉၀% ဖြစ်တဲ့ တနေ့ စည် တသန်းခွဲခန့်ကို ခါ့ဂ်ကျွန်းမှာပြလုပ်တာပါ။ ကနေ့ဈေးနဲ့ဆို $သန်း ၁၄၀ဖိုးလောက် ရှိပါတယ်။ အဲဒီပိုက်ဆံထဲက တဝက်ကျော်က အီရန်စစ်တပ်ကို သွားပါတယ်။ IRGC ကတော့ အများဆုံးရတာပါပဲ။ အီရန်ဆိပ်ကမ်းတွေကို ပိတ်တာက သင်္ဘောတွေ ထွက်လို့ ဝင်လို့ပဲ မရတာပါ။ ခါ့ဂ်ကျွန်းက ရေနံတင်တာမီနယ်တွေက မပိတ်သလို ကျွန်းနဲ့ ပင်မမြေပေါ် ဆက်သွယ်ထားတဲ့ ပိုက်လိုင်းတွေလည်း ရှိနေပါသေးတယ်။ ရေနံတင်တဲ့ ကရိန်း၊ ပမ့်ပ်၊ ထရပ်ခ် စတာတွေကို ဖျက်ပစ်လိုက်ရင် သာမာန်အားဖြင့် ပြန်ပြင်ဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ ကြာနိုင်ပေမယ့် spare part ရှားတဲ့ဆန်ရှင်ကာလမှာ လအတန်ငယ် ကြာသွားနိုင်တာပါ။
နောက်ကျန်တာတခုက တရုတ်နိုင်ငံနားမှာ ဟိုလိုလို ဒီလိုလိုနဲ့ နားနေတဲ့ ရေနံအပြည့်တင်ထားတဲ့ သင်္ဘောတွေ ရှိပါသေးတယ်။ အဲဒီမှာ စည်သန်း ၂၀၀လောက် ရှိနေနိုင်ပါတယ်။ ပို့ကုန် ၅လစာနီးပါးပါ။ စစ်မစခင်ကတည်းက အဲဒီဖက်ကို ပို့ထားတာလို့ နယူးယောက်ပို့စ်က ဆောင်းပါးတခုမှာ ရေးထားပါတယ်။ အဲဒါတွေကနေ ငွေရနိုင်နေသေးရင် ပိတ်ဆို့ထားတာ ထိရောက်မှာမဟုတ်ဘူးလို့ ဆိုတာပါ။ အဲဒီပမာဏကိုတင်ဖို့ ရေနံတင်သင်္ဘော VLCC အနည်းဆုံး အစီး ၁၀၀ လောက် လိုပါတယ်။ ဒီပမာဏကို တစီးချင်းတက်သိမ်းဖို့က မလွယ်ပါဘူး။ လုပ်နိုင်တာတခုက အဲဒီရေနံအားလုံးကို IRGC ဆန်ရှင်အောက် ထည့်လိုက်ပြီး အဲဒီရေနံရောင်းရငွေတွေကို နှစ်ဖက်သဘောတူတဲ့ ကြားနေအကောင့် တခုမှာ ထားဖို့ တရုတ်နဲ့ညှိတာက ပိုအဆင်ပြေနိုင်မယ်လို့ အကြံပြုထားပါတယ်။
အီရန်မှာရှိတဲ့ ယူရေနီယံတွေက B-2 ဗုံးမဟာတွေနဲ့ တိုက်ခိုက်ပြီးနောက်မှာ အပြိုအပျက်ပုံထဲ ရောက်နေမှာတွေကို ပြန်စုစည်းပြီး အမေရိကန်က ရယူချင်တာပါ။ အီရန်က ရုရှားကို ပေးထားမလို၊ တရုတ်ကို ပေးထားမလိုနဲ့ အခုတော့ အဲဒီယူရေနီယံတွေက Isfahan မှာ မရှိတော့ပါဘူး၊
အီရန်မှာ ဒီညကြိုးပေးခံရမယ့် အီရန်အမျိုးသမီး ၈ဦးကို သေဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ပါတယ်။ ၄ဦးကို ချက်ခြင်းလွှတ်လိုက်ပြီး ၄ဦးက ထောင် ၁လ ကျခံရဦးမှာပါ။ သမ္မတထရမ့်က သူ့ရဲ့ တောင်းဆိုချက်ကို လေးစားပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ရေးသားသွားပါတယ်။
အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ရေတပ်က ဆက်လက်ပိတ်ဆို့နေချိန်မှာ ပင်တဂွန်က လက်ရှိ Secretary of the Navy John Phelan ကို ရုတ်တရက်ဖယ်ရှားလိုက်ပြီး သူ့နေရာမှာ ယာယီအနေနဲ့ ဗီယက်နမ်ဖွား Undersecretary Hung Cao က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Phelan ကို ထုတ်ပစ်လိုက်တာက ဘာကြောင့်မှန်း မသိရသေးပေမယ့် သူဟာ မနေ့က တနှစ်တကြိမ်ပြုလုပ်တဲ့ ကွန်ဖရန့်စ်ကြီးတခုကို တက်ရောက်ခဲ့ပြီး နေဗီရဲ့ အနာဂတ်ဆိုတဲ့အကြောင်း မိန့်ခွန်းပြောခဲ့တယ်လို့ သိရပါတယ်။ ဖီလန်ဟာ အရင်က ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကဏ္ဍမှာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဟန်းကောင်ကတေော့ ရေတပ်မှာ တပ်သားအနေနဲ့ စဝင်ခဲ့ပြီး US Naval Academy က Ocean Engineering, Naval Post Graduate School ကနေ Applied Physics မဟာဘွဲ့နဲ့ ကောနဲလ်ကနေ ပါရဂူဘွဲ့ရထားကာ ရေတပ်မှာ အနှစ် ၃၀ကျော် လုပ်ခဲ့သူဖြစ်ပါတယ်။
လက်ဝဲတွေ ထောက်ပံ့ထားတဲ့ မီဒီယာတွေက ထရမ့်အစိုးရထုတ်ပြန်ချက်နဲ့ အမြဲကွဲလွဲပြီး အီရန်မှာ ရေတပ်ကြီးနဲ့ လေတပ်ကြီး လောက်လောက်လားလား ကျန်နေသေးသလိုလို၊ ဒုံးတွေ ဒရုန်းတွေ တဝက်မက ကျန်နေသေးသလိုလို ပြောနေကြသလိုပဲ လက်ဝဲတွေထောက်ပံ့ထားတဲ့ Center for Strategic and International Studies က လည်း အမေရိကန်တပ်တွေမှာ precision strike missile တွေ ၄၅% တောင် လျော့သွားပြီ၊ ဒုံးခွင်းဒုံးတွေဖြစ်တဲ့ Patriot ဒုံးတွေလည်း တဝက်လောက် လျော့နေပြီလို့ ပြောသွားပါတယ်။ အီရန်မှာ ဒုံးတွေ ဒရုန်းတွေ သိပ်များနေသေးရင် စစ်အစပိုင်းနဲ့ နှောင်းပိုင်း ပစ်ခတ်တဲ့အရေအတွက် ဘာလို့အဲဒီလောက် ကွာသွားသလဲလို့ မေးစရာရှိပါတယ်။
အမေရိကန်က Sky Map လို့ခေါ်တဲ့ ယူကရိန်းမှာသုံးတဲ့ တန်ပြန်ဒရုန်းစနစ်ကို ဆော်ဒီမှာ စသုံးဖို့ ပို့ထားပြီဖြစ်ပြီး နိုင်ငံပေါင်း ၃၀ကျော်က military planner တွေက လန်ဒန်မှာ ၂ရက်ကြာ ဆွေးနွေးကြမှာဖြစ်ပြီး အဲဒီထဲမှာ ဟော်မုဇ်ပြန်ဖွင့်မယ့်ကိစ္စတွေပါ ပါဝင်မယ်လို့ သိရပါတယ်။