Operation Epic Fury (61)

အမေရိကန်အဖွဲ့နဲ့ တွေ့ဖို့လာတာမဟုတ်ဘူးလို့ အာရာ့ချီက ငြင်းဆိုနေတဲ့အတွက် သမ္မတထရမ့်က ပါကစ္စတန်ကို ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေတဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျာရက်ခရုဇ်နာတို့ကို ပြန်ခေါ်ပြီး ခရီးစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေငြာသွားပါတယ်။ အဲဒီလို ဖျက်သိမ်းပြီဆိုတော့မှ ၁၀မိနစ် အတွင်း နောက်ထပ်စာတစောင် ထပ်ရောက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း အမေရိကန်လိုချင်တဲ့အချက်တွေ မပါနေပြန်ပါဘူး၊ အင်္ဂါနေ့ဆိုတာ ကလည်း အဝေးကြီးလိုသေးတယ်လို့ ဆိုပါတယ်။

အာရာ့ချီကတော့ အမေရိကန်တွေ ပိတ်ဆို့ထားတာ မဖယ်ပေးသ၍ ဆွေးနွေးဖို့မရှိဘူးလို့ ပါကစ္စတန်က အပြန် အိုမန်ကိုအသွားမှာ ပြောလိုက်ပါတယ်။ သူတို့က နျူအစီအစဥ်ကို မစွန့်လွှတ်လို့ ခုလို စစ်ဝင်တိုက်ရတာ ပိတ်ဆို့ရတာတွေ ဖြစ်လာရတာကို မသိချင်ယောင်ဆောင်ပြီး အရူးလုပ်တာ အရင်လူတွေပဲရမယ်။ သူတို့ တောင်းဆိုတယ်ဆိုတဲ့ အချက်တွေ ကလည်း အရင်အတိုင်းပါပဲ။ ဒီနေ့ ဖုံးထပ်လာရင် လာဦးမယ်လို့ သမ္မတထရမ့်က ပြောသွားပါတယ်။ မီဒီညာက အပစ်ရပ်ရက် တိုးမြှင့်တာကို ညံ့ဖျင်း ပျော့ညံ့ချက်တခုလို တဖက်သတ် ပြောကြပေမယ့် အပစ်ရပ်ပြီး စီးပွားရေး ဖိအား နိုင်ငံရေးဖိအားတွေကြားမှာ အချင်းချင်း ချကုန်ကြတာက ကျည်မကုန်တဲ့ အမြတ်ပါပဲ။

ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က အီရန်အစိုးရအရာရှိတွေနဲ့ ပတ်သက်နေတဲ့ ၃၄၄သန်း တန်ဖိုးရှိတဲ့ USDT Cryptocurrency တွေကို ထုတ်/သုံးမရအောင် ထိန်းချုပ်ထားလိုက်ပြီဖြစ်ပါတယ်။ အီရန်ထိပ်ပိုင်း ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်စီးပွားရေး ပြိုလဲနေချိန်မှာ ပြည်တွင်းက ပိုင်ဆိုင်မှုတွေကို ပြည်ပကို ရွှေ့ဖို့ ကြိုးစားနေခဲ့ကြတာပါ။ ဒါကြောင့် ဘက်ဆန့်က ငွေတွေ ရွေ့နေတာ သူမြင်တယ်လို့ ပြောနေခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးကို ဒုံး/ဒရုန်း ရာဂဏန်းပစ်ခဲ့ချိန်မှာ သူတို့ရဲ့ငွေတွေကို ပို့ထားခဲ့တဲ့ ယူအေအီးကို ၃-၄ဆလောက် ပစ်ခဲ့တာပါ။ ကိုယ်ပိုက်ဆံကိုင်ထားပေးတဲ့နိုင်ငံကို ဗုံးသွားကြဲတဲ့ ဦးနှောက်က စံပြုလောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ ရင်းမြစ်တွေကနေ တိုထားလျိုထားတဲ့ ပိုက်ဆံတွေကို ပြည်သူအတွက် ပြန်လွှဲပြောင်းပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

နည်းပညာခေတ်မှာ မရှိမဖြစ်တဲ့ လစ်သူယံ၊ ကိုဘော့နဲ့ မြေရှားဓါတ်သတ္တုတွေကို တရုတ်ပြည်ပြင်ပ ရင်းမြစ်များမှသာ ရယူကြဖို့ အမေရိကန်နဲ့ အီးယူတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တရုတ်ပြည်ကို မမှီရပဲ အမေရိကန်ဘက္ထရီတွေ၊ လျှပ်စစ်ကားတွေ၊ အသစ်ပြန်ဖြစ်နိုင်တဲ့စွမ်းအင်နည်းပညာနဲ့ ကာကွယ်ရေးလိုအပ်ချက်တွေအတွက် လုံလောက်တဲ့ကုန်ကြမ်းရရှိဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ တရုတ်ကို မှီနေရသ၍ သူတို့ကို ပိုက်ဆံပေးနေရမှာဖြစ်ပြီး အဲဒီပိုက်ဆံတွေက ကိုယ့်ကို ဒုက္ခပေးမယ့် စစ်အင်အားဖြည့်တင်းတာ၊ အီရန်လို proxy တွေကို ထောက်ပံ့တဲ့ ကိစ္စတွေအတွက် သုံးမှာဖြစ်ပါတယ်။

(ပါးရှန်း) Gulf Cooperation Council ရဲ့ ထွေ/တွင်း/မှူး Jassim Mohammed Al Budaiwi က အီရန်နဲ့ သဘောတူညီချက်မှန်သမျှဟာ နျူကိစ္စတင်မကပဲ ပဲ့ထိန်းဒုံးကျည်အစီအစဥ်တွေပါ ပါဝင်ရမယ့်အပြင် သူတို့ရဲ့ ဒေသတွင်း proxy အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေပါ ပါဝင်မှဖြစ်မယ်လို့ ပြောသွားပါတယ်။ ဟော်မုဇ်ပိတ်ထားတာဟာ လေကြောင်းသွားလာရေးအပါအဝင် ဥရောပရဲ့ စွမ်းအင်လုံခြုံရေးအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနေတဲ့အတွက် ဥရောပနဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း အလေးထားပြောကြားသွားပါတယ်။

ပြင်သစ်က မက်ခရွန်ကတော့ ထရမ့်၊ ရှီနဲ့ ပူတင်တို့ရဲ့ ကမ္ဘာ့အင်အားချိန်ခွင်လျှာ ပြောင်းလွဲမှုဟာ ဥရောပကို ထိခိုက်နေတယ်လို့ ဆိုပါတယ်။ မက်ခရွန်ရဲ့ ဒုတိယရာထူးသက်တမ်းက ရှေ့နှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အဲဒီနောက်တော့ နိုင်ငံရေးလောကမှာ ဆက်နေဖို့ အစီအစဥ် မရှိဘူးလို့ ဆိုပါတယ်။ အရင်ကလည်း နိုင်ငံရေးလောကက မဟုတ်ခဲ့သလို ပြီးရင်လည်း ဆက်မနေတော့ပါဘူးတဲ့။ ပြင်သစ်ခြေ/ဥအရလည်း ဆက်တိုက်တတိယသက်တမ်း ထမ်းဆောင်ခွင့်မရှိသလို သူ့အပေါ် ပြည်သူထောက်ခံမှုကလည်း ကျဆင်းနေတာပါ။

အီရန်ဖက်က အစ္စရေးကို ပစ်ခတ်ခဲ့တဲ့ ရာပေါင်းများစွာသော ဒုံးတွေ ဒရုန်းတွေကို အစ္စရေးမှာ တပ်ဆင်ထားတဲ့ သံကွန်ချာစနစ် iron dome) က ကာကွယ်ပေးခဲ့သလိုပဲ အမေရိကန်ကို ရန်လိုသူတွေရဲ့ ဘေးက ကာကွယ်ပေးဖို့ golden dome စနစ်ကို ၃.၂ဘီလီယံနဲ့ စတင်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ အဲဒီ ၃.၂ဘီလီယံကို SpaceX, Lockheed Martin, Northrop Grumman, Anduril စတဲ့ထိပ်တန်းကုမ္ပဏီ ၁၂ခုဆီ ကန်ထရိုက်ပေးအပ်ခဲ့တာပါ။ Prototype တွေကို ၂၀၂၈မှာ တင်ပြရမှာဖြစ်ပါတယ်။

Golden Dome ဆောက်ဖို့က အရင်သမ္မတတွေ စိတ်တောင်မကူးခဲ့တဲ့ကိစ္စပါ။ လုပ်ဖြစ်တော့လည်း ထရမ့်လက်ထက်ဆိုတော့ ကုန်သလောက် အကျိုးရှိမှာ သေချာပါတယ်။ နာဆာတောင် အိုဘမ လက်ထက်မှာ အကုန်အကျများလို့ဆိုပြီး ခေါက်သိမ်းထားတာကြောင့် တရုတ်နဲ့ ရုရှားကို အများကြီး အကျောပေးလိုက်သလို ဖြစ်သွားပါတယ်။ အခု ထရမ့်လက်ထက်မှာ ပြန်လွှတ်တော့ ကုန်ကျစားရိတ်က အီလွန်ရဲ့ Falcon 9 ရဲ့ တခါလွှတ်ကုန်ကျစားရိတ် သန်း၇၀ထက် အများကြီး များတဲ့ ၄.၁ဘီလီယံ ဖြစ်နေပါသေးတယ်။ ဒါတောင် အရင်ကလိုဆိုရင် ၉၃ဘီလီယံကုန်မှာပါ။ ကာလီဖိုးနီးယားက အမြန်ရထားစနစ်က ၁၈နှစ်ကြာအပြီးမှာ ၁၆ဘီလီယံကုန်ကျပြီး Phase 1 ပြီးဖို့တင် ၁၂၈ဘီလီယံ ကုန်မယ်လို့ မှန်းကြပါတယ်။ ဘာပြီးပြီလဲဆိုတော့ ဘာမှ ဟုတ်တိပတ်တိ ပြစရာမရှိပါဘူး။ သူခိုးတွေပဲ ရွေးတင်နေရင် သူခိုးခိုးတာ ထပ်ခံရဦးမှာပါပဲ။

Leave a comment