မနေ့က ဖြစ်ပွားခဲ့တဲ့ လုပ်ကြံဖို့ကြိုးစားမှုမှာ ကာလီဖိုးနီးယားတောင်ပိုင်း Torrance မြို့က အသက် ၃၁နှစ်ရှိသူက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ Cole Tomas Allen ဆိုတဲ့ အဲဒီလူက C2 Education ဆိုတဲ့ ပြည်နယ် ၁၃ခုမှာ အခွဲပေါင်းများစွာရှိတဲ့ မြန်မာလို ကျူရှင်လို့ခေါ်ကြတဲ့ အလွတ်သင်ကျောင်းက အချိန်ပိုင်း ဆရာတဦးဖြစ်ပါတယ်။ သူက WHCD ကျင်းပတဲ့ Washington Hilton ကို ဝင်တဲ့အချိန်မှာ သေနတ်ရှည်တလက်၊ အတိုတလက်နဲ့ ဓါးအချို့ ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ Secret Service အရာရှိတဦး အနီးကပ်အပစ်ခံရပေမယ့် ကျည်ကာ vest ကြောင့် ဒဏ်ရာ မပြင်းဘူးလို့ ဆိုပါတယ်။
သူက ပွဲကျင်းပရာနေရာကို မဝင်ခင် စစ်ဆေးတဲ့နေရာကို အမြန်ဖြတ်ပြေးဝင်ခဲ့တာပါ။ အပြေးမြန်လို့ အံ့အားသင့်နေတဲ့ရဲတွေက အမြန်လိုက်ပြီး ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးရာမှာလည်း အလွယ်တကူ အဖမ်းမခံပဲ ပြင်းပြင်းထန်ထန် ခုခံခဲ့သေးတာပါ။ ပြေးရင်း သေနတ်အပြန်အလှန် ပစ်ခတ်ခဲ့ကြပေမယ့် အဲဒီလူကို သေနတ်မထိခဲ့ပါဘူး။ US Attorney Jeanine Pirro က ဒီသံသယရှိသူဟာ လက်နက်အသုံးပြုပြီး ကြမ်းတမ်းရာဇဝတ်မှု ကျူးလွန်မှု ၂မှုနဲ့ ဖက်ဒရယ်အရာရှိကို အန္တရာယ်ရှိတဲ့လက်နက်နဲ့ တိုက်ခိုက်မှု ၁မှုတို့နဲ့ လောလောဆယ် ရင်ဆိုင်နေရပြီး အမှု ထပ်တိုးနိုင်တယ်လို့ ဆိုပါတယ်။ အမှုက စစ်ဆေးဆဲဖြစ်ပြီး ခုထိတော့ တဦးတည်းကျူးလွန်တာလို့ပဲ ပြောနေကြပါတယ်။
ပစ်ခတ်သူက တဦးတည်း ကျူးလွန်တာဆိုပေမယ့် Cal Tech လို နာမည်ကြီးကျောင်းကနေ ရထားတဲ့ Mechanical Engineer နဲ့ လခကောင်းကောင်း ရနိုင်တဲ့ Computer Science မဟာဘွဲ့တွေကို မသုံးပဲ afterschool အလွတ်သင်ကျောင်းလေးမှာ အနိမ့်ဆုံးလုပ်ခသာသာနဲ့ အချိန်ပိုင်းဆရာ ဝင်လုပ်နေတာ ဘယ်လိုမှ အဓိပ္ပါယ်ရှိမနေပါဘူး။ ပစ်သူရဲ့ အမအရင်းဖြစ်သူ Avriana Allen ကလည်း လက်ဝဲစွန်း NGO ဖြစ်တဲ့ CalMatters အတွက် မဲပေးသူလမ်းညွှန် ရေးပေးခဲ့သူနဲ့ ဂျာနယ်လစ် ဖြစ်ခဲ့ပြီး အခုတော့ DC က Pew Research Center မှာ Jr. Tooling and Support Engineer လုပ်နေသူဖြစ်ပါတယ်။
သူတို့နှစ်ဦးလုံးရဲ့ အမြဲတမ်းလိပ်စာက တောရန့်စ် ကာလီဖိုးနီးယားက သူတို့မိဘတွေရဲ့ အိမ်လိပ်စာပါပဲ။ သူ့ brother နဲ့ sister တို့က ပစ်ခတ်သူဟာ အစွန်းရောက်ဆန်တဲ့ စကားတွေ ပြောလေ့ရှိသလို ကမ္ဘာကြီးကို ပြုပြင်ဖို့ တခုခုလုပ်ဖို့ လိုအပ်နေတယ်လို့ ပြောခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ပစ်ခတ်သူက ဝုတ်ဗားရှင်းတခု ဖြစ်တဲ့ “The Wide Awakes” အဖွဲ့မှာ ပါနေသလို No Kings ဆိုတဲ့ ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တခုမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ အရင်လုပ်ကြံဖို့ ကြိုးစားသူတွေလိုပဲ သေနတ်ပစ် မှန်မှန်လေ့ကျင့်သူ ဖြစ်ပါတယ်။
ပစ်ခတ်သူအဖမ်းခံရပြီး နာရီပိုင်းအတွင်းမှာ FBI က အဲဒီကာလီဖိုးနီးယားကအိမ်ကို သွားရောက်ပြီး မြေလှန်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ဖြူအရာရှိက ကိုးလ်ဟာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဒီစီက ဟေလ်တန်ဟိုတယ်ထဲကို မဝင်ခင် ၁၀မိနစ်အလိုမှာ သူ့မိသားစုဝင်တွေဆီကို “ဖွင့်ဟဝန်ခံချက်” သဘောမျိုး Manifesto ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
Manifesto ထားခဲ့တဲ့သဘောက သူ့ကိုယ်သူ သေမှာလို့ ယူဆပြီးသားမို့လို့ ဖြစ်ပါလိမ့်မယ်။ အရင်ကလည်း လုပ်ကြံဖို့ ကြိုးစားသူတွေကို အသေရှင်းပစ်ခဲ့တော့ နောက်ကွယ်ကိစ္စလိုက်လို့ မရခဲ့ပါဘူး။ အခုတော့ အရှင်ဖမ်းမိတာဖြစ်လို့ ပေါ်ဖို့ မျှော်လင့်ချက် နဲနဲတော့ ရှိပါတယ်။ ပညာတတ်သလောက် ကိုယ့်အသက်ကိုယ် မနှမြောတဲ့အထိ အမုန်းအားတွေ ကောင်းနေတာလည်း အံ့ဩစရာပါပဲ။
အဲဒီ Manifesto ထဲမှာ ပစ်ခတ်သူက “ငါက အုပ်ချုပ်သူတွေကို ပစ်မှတ်ထားတာပါ၊ ကလေးစားပီဒိုကောင်၊ မုဒိမ်းကောင်ရဲ့ ရာဇဝတ်မှုတွေနဲ့ ငါ့လက်ကို မပေကျံစေချင်တော့ဘူး” လို့ ရေးခဲ့တယ် ဆိုတဲ့အပေါ် CBS က နိုရာအိုဒွန်နဲလ်က ထရမ့်ကို ဘယ်လိုထင်သလဲလို့ မေးခဲ့ပါတယ်။ သမ္မတထရမ့်က မင်း ဒီစာကိုဖတ်ပြလိမ့်မယ်ဆိုတာ ငါသိတယ်၊ ဘာလို့လဲဆိုတော့ မင်းက ဆိုးရွား နှလုံးပုတ်တဲ့ လူသားဖြစ်လို့ပဲ၊ ငါမုဒိမ်းကောင်၊ ပီဒိုမဟုတ်ဘူးလေလို့ ပြန်ဖြေခဲ့ပါတယ်။
ထရမ့် ကလေးစားတယ်ဆိုတာ တိုင်တဲ့သူ၊ စွဲချက်တင်သူတောင် မရှိခဲ့ဖူးသလို မုဒိမ်းမှု ဆိုတာလည်း ဘယ်အချိန် ဘယ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာတောင် ရေရေရာရာ မပြောနိုင်တဲ့ ပြောသမျှလည်း ရှေ့နောက်မညီတဲ့ အမှုပါ။ မရှိတဲ့အမှုကို ၃၄ခုပွားပြီး ပတ်လည်ရိုက် စွဲကြတာကို အဟုတ်ကြီးမှတ်၊ ခုလည်း အက်ပ်စတိန်းနဲ့ လူအများရှေ့မှာ ဓါတ်ပုံထဲ ပါမိတာနဲ့ ပီဒိုဖြစ်ကရောလို့ နင်မဟုတ် နင့်အဖေပဲဆိုတဲ့ စွဲချက်မျိုးနဲ့ အတင်းကြီးဝန်ခံခိုင်းနေတာ အာဏာရှင်တွေလုပ်ရပ်နဲ့ ထပ်တူကျနေပါတယ်။ ဒါပေမယ့်လည်း သူခိုးက လူဟစ်တော့ ထရမ့်ကိုပဲ အာဏာရှင် ဖက်ဆစ်ကြီး လိုလို တပြန်စွပ်စွဲကြပြန်ပါတယ်။ အဲဒီလူတွေက တကယ့်မုဒိမ်းကောင် ကလင်တန်နဲ့ မုဒိမ်းကျင့်ခံရသူတွေကို ဖိနှိပ်နှုတ်ပိတ်တဲ့ ဟေလာရီတို့အကြောင်းကျတော့ မဟ ကြပြန်ပါဘူး။
ရုရှားကိုလူးရှင်းလို အလိမ်အညာသတင်းမျိုးလိုပဲ မီဒီညာတွေဖွတဲ့ ထရမ့်ကို ပီဒိုလို မုဒိမ်းကောင်လိုလို တော့ရန့်စ်ဒေသဘက်က ကာလီဖိုးနီးယားအမတ် Ted Lieu က ကင်မရာရှေ့မှာ ပြောခဲ့ပြီး ၂၄နာရီအတွင်းမှာ ပစ်ခတ်သူရဲ့ manifest ထွက်လာခဲ့တာပါ။ စကားလုံးတွေက Ted Lieu ပြောခဲ့တဲ့အတိုင်းပါပဲ။ အမုန်းတွေဖွတော့ အမုန်းတွေက ကျည်ဆံတွေ မီးတွေ ဖြစ်ကုန်တာပါပဲ။ ဒီလို စွပ်စွဲတယ်ဆိုတော့ သူတို့က ယုံကြည်လို့လားဆိုတော့ မဟုတ်ပါဘူး။ ရုရှားကိုလူးရှင်းတုန်းကလည်း မဟုတ်မှန်းသိကြသလို ဟန်းတားလက်ပ်တော့ပ်တုန်းကလည်း ဟုတ်မှန်း သိကြတာပါပဲ။ ကဗက ဘယ်သူ့လက်ချက် တကယ်ပျောက်မယ့်ဆေးကို ပြည်သူဆီ မရောက်နိုင်အောင် ဘယ်သူတွေက ဟန့်တားထားပြီး အသေများမယ့်နည်းကို သုံးစေတာ သိကြပေမယ့် သူတို့ဘက်သားတွေ ဖြစ်နေတော့ မဟကြပဲ ဘာမှမဆိုင်တဲ့ ထရမ့်ကိုပဲ အပြစ်လာလာပုံနေသလိုပါ။
မရီရတဲ့ Comedian ဂျင်မီကင်းမဲလ်က တနေ့ကပြောခဲ့တဲ့ထဲမှာ အဲဒီညဒင်နာကို တက်လာမယ့် FLOTUS မျက်နှာက ကိုယ်ဝန်ကြောင့် ဝင်းပနေတဲ့ မုဆိုးမတယောက်ရဲ့ မျက်နှာမျိုးဖြစ်နေလိမ့်မယ်လို့ ပါနေပါတယ်။ အဲဒါက တိုက်ဆိုင်မှုတခုထက်တော့ ပိုပါလိမ့်မယ်။ ကျောင်းဆရာမတွေ အပါအဝင် နယ်ပယ်စုံက ဒီမိုကရက်တချို့ကလည်း ငါမနက် အိပ်ယာထတိုင်း သူမရှိတော့ဘူးလို့ မြင်ယောင်တောင့်တ ဖြစ်နေရတယ်လို့ ဆိုကြပါတယ်။ ပြည်သူကိုသတ်တဲ့ အစိုးရတွေကိုတောင် ပြည်သူက အဲဒီလောက် မုန်းကြပါ့မလားဆိုတာ ချိန်ထိုးကြည့်နိုင်ပါတယ်။
ဘယ်သူတွေ ဘယ်လိုပဲ မုန်းမုန်း၊ ဘယ်လိုပဲ လုပ်ကြံဖို့ ကြိုးစားကြိုးစား သမ္မတထရမ့်က မမှုပါဘူး။ ငါ့တိုင်းပြည်ကို ကြီးကျယ်ခမ်းနားအောင်မြင်အောင် လုပ်ပေးဖို့ ငါအသက်ရှင်နေသေးချင်တယ်လို့ပဲ တုန့်ပြန်သွားပါတယ်။ ဒီတကြိမ်ဟာ သူ့ကို လုပ်ကြံဖို့ကြိုးစားတာ တတိယအကြိမ်လို့ ပြောကြပေမယ့် တကယ်တမ်းမှာ ပဉ္စမအကြိမ်ဖြစ်ပါတယ်။ ၂ကြိမ်က ပစ်ခတ်တဲ့ထိ မဖြစ်ခင် ဖမ်းမိသွားလို့ပါ။ အရင်လူတွေက ဒိစတိတ်လက်မဲတွေ ပေးတာကျွေးတာစားပြီး သူတို့စီမံသလို နာခံခဲ့ကြတဲ့အတွက် ရေထန်ကို မဆန်ခဲ့ရသလို ရန်ပြုမယ့်သူ မရှိခဲ့ကြပါဘူး။ တိုင်းပြည်အတွက် အကျိုးရှိတာ ဘာတခုမှ ဟုတ်တိပတ်တိလုပ်ခဲ့တာမဟုတ်ပေမယ့် ဇိမ်ခံအိမ် ၂-၃လုံးနဲ့ သူဌေးကြီးတွေ ဖြစ်ကုန်ကြတာပါပဲ။
ပစ်ခတ်မှုဖြစ်ပြီး သမ္မတ အိမ်ဖြူကို အပြန်လမ်းမှာလည်း နှောက်ယှက်မှု တွေ့ကြုံခဲ့ရပါသေးတယ်။ မီဒီညာရဲ့ ဦးနှောက်ဆေးခံထားရလို့ အမုန်းတွေရင်မှာပြည့်နေသူတွေပါပဲ။ ဒီပွဲကို စီစဥ်သူ စီဘီအက်စ်အိမ်ဖြူသတင်းထောက် ဝေ့ကျာကျန်း ဆိုသူ စိနဖွား လက်ရှိ WHCA ဥက္ကဋ္ဌက ထရမ့်နဲ့ အင်တာဗျူးတွေအတော်များများမှာ ပြဿနာရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ ဝေ့ကျာကို လှပတဲ့ဒင်နာကို စီစဥ်ပေးခဲ့တဲ့အတွက် ချီးမွမ်းသွားပါတယ်။ သူက ပွဲမှာ သမ္မတရဲ့ ဘယ်ဘက်မှာထိုင်နေသူဖြစ်ပါတယ်။
ဒီနေ့မနက် ၇နာရီစွန်းစွန်းမှာ အရင် WHCA ဥက္ကဋ္ဌ ABC က Jonathan Karl ရဲ့ ကြိုးဖုန်းနံပါတ်ကို သမ္မတက ဖုန်းခေါ်ပြီး မနေ့က အဆင်ပြေလား၊ စသဖြင့် စကားအနည်းငယ်ပြောကြပြီး ဒီဒင်နာကို အမြန်ပြန်စီစဥ်ဖို့ အရေးကြီးကြောင်း ပြောသွားပါတယ်။ ကားလ်က ဒီလိုဒင်နာတွေကို စီစဥ်ရာမှာ ပါဝင်နေသူဖြစ်လို့ပါ။ ကားလ်ကလည်း မီဒီညာအများစုလိုပဲ သူခိုးတွေကို ဖာထေးဖေးမသလောက် ထရမ့်ကိုတော့ နွှာချင်သူ ဖြစ်နေပြန်ပါတယ်။
ပစ်ခတ်သူက ဒီစီကို ကြိုရောက်ရှိနေတာဖြစ်ပြီး နေရာအနေအထား၊ လုံခြုံရေး စီစဥ်ထားပုံတွေကို လေ့လာနေခဲ့တာပါ။ Fox News က Bill Melugin က လုံခြုံရေးအစီအစဥ် အားနည်းပုံနဲ့ ပတ်သက်ပြီး သူကြုံတွေ့ရပုံကို အခုလိုရှင်းပြသွားပါတယ်။ ဟိုတယ်ထဲကို မဝင်ခင် လမ်းပေါ်မှာ လက်မှတ်တချက် ဝေ့ပြလိုက်ရုံနဲ့ ဝင်ခွင့်ရခဲ့ကြောင်း၊ သူ့ ID ပြခိုင်းတာမျိုး၊ တက်ရောက်မယ့်လူစာရင်းနဲ့ တိုက်စစ်တာမျိုး မရှိခဲ့တဲ့အတွက် မနှစ်ကလက်မှတ် (သို့) လက်မှတ်တုကို ပြလိုက်ရင်တောင် ဝင်ခွင့်ပေးလိုက်မှာ ဖြစ်ကြောင်း၊ ကိုယ်ပေါ်မှာ ဘာပါလာလဲဆိုတာ metal detector နဲ့ရော လက်နဲ့ pat down လုပ်တာမျိုး မရှိတဲ့အတွက် ငါ့ကိုယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ဝှက်ယူလာရင်တောင် သိလိုက်မှာ မဟုတ်ကြောင်း၊ အဲဒီကနေ ဟိုတယ်ထဲအထိ ဘာမှထပ်စစ်တာ မရှိတော့ကြောင်း၊ အခမ်းအနားလုပ်တဲ့ mail ball room ကို အဝင်ဝကျတော့မှပဲ သံလိုက်နဲ့ စစ်တာတို့၊ အိတ်တွေအကုန်ဖွင့်ရှာတာတို့၊ လက်နဲ့စမ်းတာတို့ ရှိခဲ့ကြောင်း၊ Secret Service ကတော့ armed threat ရှိတယ်ဆိုတာနဲ့ ချက်ခြင်း တုန့်ပြန်ပြီး ball room ထိ ရောက်မလာအောင် ထိန်းနိုင်ခဲ့ကြောင်း၊ ပြောသွားပါတယ်။
ဒီပွဲမှာ ထရမ့်နဲ့အတူ လိုအပ်လာရင်သူ့နေရာကို ဆက်ခံမယ့် အင်္ဂါစဥ်အကုန်လုံး ရှိနေသလို မကြာမီ မွေးတော့မယ့် လစေ့ကိုယ်ဝန်သည် ကာရိုလိုင်းလီဗစ်ရော၊ လွန်ခဲ့တဲ့ ၇လကျော်ကမှ လုပ်ကြံခံထားရတဲ့ ချာလီကာ့ခ်ရဲ့ ဇနီးသည်အပြင် လွန်ခဲ့တဲ့ ၉နှစ်က သေလုလုဖြစ်အောင် အပစ်ခံခဲ့ရတဲ့ ရီပါဘလစ်ကန် အမတ် Steve Scalise တို့လည်း ရှိနေပါတယ်။ ချာလီ့ဇနီး အဲရစ်ကာက လုပ်ကြံဖို့ကြိုးစားတဲ့အပေါ် မခံစားနိုင်လောက်အောင် ဖြစ်ခဲ့ရတဲ့အထိပါပဲ။
ကတယ်တော့ မနှစ်ဧပြီက ချာလီက လက်ဝဲတွေရဲ့ လုပ်ကြံယဥ်ကျေးမှုအကြောင်း ဒေတာတွေနဲ့တကွ တင်သွားခဲ့တာပါ။ စစ်တမ်းထဲမှာ လစ်ဗြဲတွေရဲ့ ၄၈% က အီလွန်ကို ရှင်းပစ်မယ်ဆိုတာ တရားတယ်လို့ မြင်ကြပြီး ၅၅% က ထရမ့်ကို ရှင်းပစ်မယ်ဆိုရင် တရားတယ်လို့ မြင်ကြပါတယ်။ ဒီမိုကရက် လက်ဝဲတွေက ရွေးကောက်ပွဲရှုံးရင်ဖြစ်ဖြစ်၊ တရားရုံးမှာ သူတို့ကြိုက်တဲ့အမှု ရှုံးရင်ဖြစ်ဖြစ်၊ သူခိုးဖမ်းရင်ဖြစ်ဖြစ်၊ ခိုးဝင်ရာဇဝတ်သားတွေ ပြန်ပို့ရင်ပဲဖြစ်ဖြစ်၊ အီရန်လို လူသတ်အစိုးရကို ရှင်းပစ်တာပဲဖြစ်ဖြစ် ဆူပူသောင်းကျန်းသတ်ဖြတ်ချင်နေကြတာပါပဲ။ သူတို့ဆူပူမှာ ကြောက်ကြတော့ သတ္တိမရှိတဲ့ တရားသူကြီးတွေ၊ အစိုးရရှေ့နေတွေ၊ ကျောင်းအရာရှိတွေ စတာတွေက သူတို့နဲ့ ပြဿနာဖြစ်မှာကို ရှောင်ရှားကြပါတယ်။
အဲဒီဆူပူမှုတွေ နောက်ကွယ်က အမုန်းစက်ယန္တရားကြီးတခုကို တရားရေးဌာနက မကြာသေးမီကမှ ဖော်ထုတ်ခဲ့ပါတယ်။ အဲဒါက Montgomery, Alabama မှာ ရုံးစိုက်တဲ့ Southern Poverty Law Center လို့ခေါ်တဲ့ non-profit NGO တခုဖြစ်ပြီး သူတို့ဟာ White Supremacist တွေကို တိုက်ဖျက်ဖို့ ကြွေးကြော်ပြီး အလှူငွေကောက်နေပေမယ့် တကယ်တမ်းမှာ ကေသုံးလုံးတို့၊ အာရီယန်နိုင်ငံများတို့ ဆိုတဲ့ အစဥ်အလာ ဒီမိုကရက်ထောက်ခံတဲ့ လူဖြူမှမြင့်မြတ်တယ်ထင်တဲ့ အဖွဲ့တွေကို သန်းနဲ့ချီပြီး ငွေကြေးထောက်ပံ့ပေးနေခဲ့တာ ပေါ်သွားလို့ တရားစွဲခံနေရပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ယခုပစ်ခတ်သူ လိုပဲ ခရစ်ယာန်တွေနဲ့ ကွန်ဆာဗေးတစ်တွေကို အစဥ်အမြဲ တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်နေပါတယ်။ သူတို့အမြင်မှာ မ ဝုတ် တဲ့သူမှန်သမျှဟာ အစွန်းရောက်တွေချည့်ဖြစ်ပြီး တရားမျှတမှုဆိုတဲ့ ခေါင်းစဥ်အောက်မှာ လိမ်တောင်းထားတဲ့ အလှူငွေတွေနဲ့ အမုန်းတရား ဖြန့်ဖြူးနေကြတာ ဖြစ်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ သမ္မတထရမ့်နဲ့ CBS 60 min က Norah O’Donnell အင်တာဗျူးမှာ တို့မီးရှို့မီးမီဒီယာက သမ္မတကို “ဒီလောက်တောင် မုန်းသူ/မကြိုက်သူတွေ များနေတဲ့အပေါ် ဘာလုပ်မလဲ” လို့ မေးသွားသလို Secret Service ကို သမ္မတက မကောင်းပြောအောင်လည်း နည်းမျိုးစုံနဲ့ ကျောင်းပေးပြန်ပါတယ်။ မုန်းသူများနေတာက ပြည်သူမဟုတ်လို့ သောင်ပြိုကမ်းပြို နိုင်ခဲ့တာပဲလေ။ အဲဒါကို မနာလိုလို့ စားပေါက်ပိတ်လို့ အမုန်းမှိုင်းတွေ လှိုင်လှိုင်တိုက်ပြီး မသတ်ချင် သတ်ချင်လာအောင် လှုံ့ဆော်နေတာက သူတို့ဖြစ်နေတာကို သမ္မတကို ဘာလုပ်မလဲလို့ မေးရဲလောက်အောင် မျက်နှာပြောင်ကြပါတယ်။ အသက်နဲ့ရင်းပြီး ကာကွယ်နေတဲ့ Secret Service ကို သမ္မတက မကောင်းပြောမိရင် ဘာဖြစ်လာမလဲ စဥ်းစားကြည့်ကြပေါ့။ လုံခြုံရေး မကောင်းတာက ဒီမိုကရက်ကြီးစိုးတဲ့ ဒီစီရဲ ဒီစီအုပ်ချုပ်သူတွေကြောင့် ဖြစ်နိုင်သလို ပွဲစီစဥ်သူကြောင့်လည်း ဖြစ်နိုင်တာပါပဲ။
အဲဒီလိုမျိုးတွေ မဖြစ်အောင် လုံခြုံစိတ်ချရတဲ့ အိမ်ဖြူတော်မှာ Ball Room ဆောက်မယ်ဆိုတော့ ပြည်သူ့အခွန်ကို မသုံးပဲ ထရမ့်ပိုက်ဆံနဲ့ အလှူရှင်တွေပိုက်ဆံကို သုံးမယ်ဆိုတာတောင် ထရမ့်ခြေရာလက်ရာ ကျန်နေမှာစိုးလို့ ကန့်ကွက်လိုက်ကြတာ ဝက်ဝက်ကွဲပါပဲ။ ပေ ၂၀၀၀ ရှည်တဲ့ Lincoln Memorial Reflection Pool ကို ပြန်ပြင်တော့ ထရမ့်လက်ထက်မှာ ၁.၅-၂သန်းပဲ ကုန်မှာဖြစ်ပြီး ၂ပတ်ပဲ ကြာမှာဖြစ်ပါတယ်။ ဘိုင်ဒင်လက်ထက်မှာ ပြင်ဖို့လုပ်တော့ သန်း ၃၀၀နဲ့ ၃နှစ်ကြာမှာလို့ ဆိုခဲ့တာပါ။ ကာလီဖိုးနီးယား အမြန်ရထားလမ်းလိုပဲ ကြာလေ ဝါးရလေ၊ မပြီးလေ ကောင်းလေ ဆိုတာမျိုးထင်ပါရဲ့။ အဲဒီလောက် ကွာနေမှတော့ လုပ်ကြံချင်ကြတာ မဆန်းဘူးလေ။