တတိယမြောက် လုပ်ကြံဖို့ ကြိုးစားမှု (အဆက်)

စနေနေ့က သမ္မတကို လုပ်ကြံဖို့ ကြိုးစားသူဟာ သမ္မတရော အစိုးရအဖွဲ့ဝင်များနိုင်သလောက် များများကို ရှင်းပစ်ချင်တာလို့ ဆိုထားသူပါ။ သူက ကာလီဖိုးနီးယားကနေ ရှီကာဂိုကိုရထားစီး၊ အဲဒီကနေ ဒီစီကို ရထားနဲ့ သူ့လက်နက်တွေနဲ့ လာခဲ့ပြီး ပွဲလုပ်တဲ့ဟိုတယ်မှာပဲ လက်နက်တွေနဲ့အတူ ပွဲမတိုင်ခင် တရက်ကြိုတည်းခဲ့တာပါ။ တည်းပြီး လုံခြုံရေးအနေအထားကို တချက်လျောက်                                                                                                                                                                                                                              ကြည့်တော့ သူထင်ခဲ့တာက အကွေ့တိုင်းမှာ လုံခြုံရေးကင်မရာတွေရှိမယ်၊​ ဟိုတယ်ခန်းတွေကို အန္တရာယ် ရှိ/မရှိ သေချာရှာမယ်၊ ၁၀ပေတိုင်းမှာ လက်နက်ကိုင်လုံခြုံရေးတွေ ရှိမယ်လို့ပါ။ တကယ်တမ်းကျတော့ လျော့တိလျော့လျဲ ဘဝင်လေဟပ်နေပုံရတဲ့ လုံခြုံရေးတွေပဲ ရှိတဲ့အတွက် စက်သေနတ်အပြင်းစား ယူလာရင်တောင် ရနိုင်မယ်လို့ Manifest မှာ ရေးထားပါတယ်။

စနေနေ့က သမ္မတထရမ့်နဲ့အဖွဲ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့သူနဲ့ ပတ်သက်ပြီး အိုဘမက အကြမ်းဖက်မှုက ငါတို့ဒီမိုကရေစီမှာ နေရာမရှိဘူးလို့ ဆိုပေမယ့် ပစ်ခတ်သူရဲ့ လှုံ့ဆော်မှု/ရည်ရွယ်ချက်အသေးစိတ်ကို မသိရသေးဘူးလို့ ရှေ့မှာပြောထားတာက အကြမ်းဖက်အားမပေးဘူးဆိုတာကို ပေါ့ပျက်ပျက် ဖြစ်စေပါတယ်။ သတ်ချင်တဲ့သူက သူ့ကိုယ်သူ အသေလို့ သဘောထားပြီး Manifest လည်း ထုတ်ထားပြီးပြီ၊ သူ့မိသားစုက သူ့ခြေလှမ်းတွေ မူမမှန်တာကို စိုးရိမ်လို့ ရဲလည်း တိုင်ထားပြီ။ ပုံမှန်ဆို ရဲ/ SS ကို ပစ်လို့ ဟိုကအသေပြန်ပစ်ရင် ပွဲပြီးပြီလေ။ ဒါပေမယ့် မသေလို့ အဖမ်းခံရတော့လည်း ဘာမှ မေးမရ စစ်မရပါဘူးတဲ့။ သူ့ရဲ့ တန်ဖိုးရှိတဲ့ဘဝကို စွန့်လွှတ်ရလောက်တဲ့အထိ အမုန်းဒီဂရီ မြင့်လာအောင် ဒီမိုကရက် ခေါင်းဆောင်တွေနဲ့ မီဒီယာက ဝိုင်းတွန်းပို့နေခဲ့ကြတာပဲလေ၊ အခုမှ ဘာမိုးတစ်ဖ်မှန်း မသိပါဘူးဆိုတော့ ဆင်ခြေရာတွေ့နေတာတောင် ဘာကောင်မှန်းမသိဘူးလုပ်နေသလို မဖြစ်နေဘူးလား။

အမုန်းတွေက ဘယ်လောက်တာသွားသလဲဆိုတော့ ဝစ္စကွန်ဆင်က Kaukauna အထက်တန်းကျောင်းက ဆရာတယောက်က “မကြာခင်က သမ္မတကို လုပ်ကြံတဲ့သူတွေဟာ အသုံးကိုမကျဘူး၊ ရှက်စရာတောင်ကောင်းတယ်၊ အရင်က အဆက်ဆင်တွေဖြစ်တဲ့ ဘုသ်တို့၊ ဂွီတူတို့၊ ချိုလ်ဂိုစ်တို့၊ အော့ဇ်ဝေါလ်တို့ သူတို့သင်္ချိုင်းတွေကနေ တက်ခေါက်နေတော့မယ်၊ စိတ်မကောင်းစရာပဲ၊ မိတ်ခ်အမေရိကန်ဂရိတ်အဆက်ဆင်စ်အဂန်း လို့ ရေးသွားတဲ့အတွက် ကျောင်းက ခွင့်ပေးပြီး နားစေလိုက်တယ်လို့ ဆိုပါတယ်။ တိုင်းပြည်/ကမ္ဘာကြီးရဲ့ အနာဂတ်ကို ဖျက်ဆီးချင်ရင် ကလေးတွေက စရမယ်ဆိုတာ သူတို့ကောင်းကောင်းသိကြတော့ အဲဒီပရော်ဖက်ရှင်ကို စုပြုံဝင်လာပြီး အဆိပ်ကျွေးနေကြတာပါပဲ။

အဲဒီလို မီဲဒီယာရော၊ ကျောင်းတွေမှာရော၊ အမုန်းမှိုင်းတွေ အကွက်စေ့စေ့ တိုက်နေပြီး အမြင်မတူရင် ဆဲဆိုနှိပ်ကွပ်နေကြတော့ ကလေးကျောင်းတွေမှာတောင် ကိုယ့်အမြင်ကို မပြောရဲလောက်အောင် ဖြစ်ကုန်ကြတာပါပဲ။ တဖက်မှာ အကြောက်တရားမျိုးစေ့သွင်း တဖက်မှာ ဆင်ဆာလုပ်၊ အကြမ်းဖက်ပြတော့ စားပွဲဝိုင်းမှာ စကားလုံးတွေနဲ့ အဖြေရှာတဲ့ ယဥ်ကျေးမှုက ဆိတ်သုဥ်းပြီး သေနတ်ပြောင်းနဲ့ အဖြေရှာတာက အားသန်လာပါတယ်။ အဲဒီလိုဖြစ်လာတာကို နောင်မဖြစ်အောင် တားဆီးသင့်တဲ့အရာလို့ မမြင်နေမှတော့ တိုင်းပြည်ကို ရှေ့လျောက် စုစည်းအေးချမ်းအောင် ဘယ်လို လုပ်နိုင်ကြပါ့မလဲ။

သတိထားသင့်တဲ့အချက်က ယခုအဆက်ဆင်ဖြစ်ချင်သူဟာ အရင်လူတွေလို လူ့အသိုင်းအဝိုင်းနဲ့ မဝင်ဆံ့တဲ့ တကိုယ်တည်းသမားတွေမဟုတ်ပဲ မိသားစုနဲ့ နီးကပ်စွာနေသူ၊ အရင်က ဘုရားကျောင်း အမြဲသွားသူ၊ စာတော်သူ၊ နာဆာမှာ အလုပ်သင်ဆင်းထားသူ၊ ကျောင်းသားတွေက ချစ်တဲ့ဆရာ၊ ဆရာကောင်းလက်မှတ်ရထားသူ၊ ဂိမ်းပရိုဂရမ်ရေးသူ၊ စသဖြင့် ပုံမှန်လူ ဘဝမျိုးရှိသူဖြစ်ပါတယ်။ သူက လက်ဝဲစွန်း The Wide Awakes အဖွဲ့ထဲရောက်မှ တိုင်းပြည်ကို ဘယ်လို ကုစားရမယ်ဆိုတာတွေ များများပြောဖြစ်တာကနေ သူကိုယ်တိုင်ဝင်ပြီး ရှင်းပစ်မှ ရမယ်လို့ အထင်ရောက်သွားပုံရပါတယ်။

ဒီမိုကရက်/လက်ဝဲတွေနဲ့ အမေရိကန်ကို ပျက်စီးစေလိုတဲ့ ရန်သူတွေဟာ ပျက်စီးစေမယ့် အတွေးအခေါ်တွေကို ကျောင်းတွေကနေ စထည့်ပေးဖို့ တစိုက်မတ်မတ် လုပ်လာခဲ့ကြတာ ကြာပါပြီ။ သူတို့က ထိပ်တန်းကျောင်းကြီးတွေကို ပစ်မှတ်ထားကြပါတယ်။ ပညာရေးဖွံ့ဖြိုးဖို့ဆိုတာထက် ဝုတ်အတွေးအခေါ်တွေကို သွေးခွဲသပ်လျှိုတဲ့ အာဂျင်ဒါတွေကို တွန်းတွန်းထိုးထိုး ထည့်သင်လာကြတာပါ။ ထရမ့်နားရွက်ကို ပစ်ခဲ့တဲ့သူကလည်း စာတော်သူတဦးပါပဲ။

စာတော်သူတွေကို ပစ်မှတ်ထားတာက ယေဘုယျအားဖြင့် အဲဒီလိုလူတွေဟာ Grade ကို အလေးထားကြသူများဖြစ်လို့ ပေးလိုက်တဲ့စာ/အာဂျင်ဒါ ကို သေချာလုပ်ကြမှာ ဖြစ်သလို ဒီနေ့ခေတ်မှာ ဆရာချစ်အောင် ဆရာကြိုက်တဲ့ အာဘော်နဲ့ကိုက်အောင် ကိုယ့်ရဲ့ အတွေးအခေါ်တွေကို ကိုယ့်ဖာသာပုံသွင်းယူတာမျိုး အလိုလို လုပ်သွားကြမှာပါ။ လိင် ၇၂မျိုးဆိုလည်း လက်ခံလိုက်ကြတာပဲလေ။ စာတော်တယ်၊ ဘယ်ကျောင်းက ဘာဘွဲ့ ဘာအဆင့် ဆိုတဲ့ credential ရလာတော့လည်း ကိုယ့်ကိုယ်ကို အထင်ကြီးသူတွေရဲ့ သဘာဝအတိုင်း သူများကို အထင်သေးတာတွေ ဖြစ်လာကြဦးမှာပါပဲ။ မတူတဲ့ဘဝတွေ အမြင်တွေကို လေးစားတတ်သူ ဆိုရင် စကားလုံးတွေနဲ့ပဲ ဖြေရှင်းမှာပါ၊ လက်/ သေနတ်/ အာဏာသုံးစရာ မလိုပါဘူး။

နောက်တချက်က တနေရာ တဘာသာမှာ ထူးချွန်သူဖြစ်လာရင် ကျန်နေရာ ကဏ္ဍတွေမှာပါ သူများထက် အလိုလိုနေရင်းသာနေသလို ထင်သွားတတ်ကြတာပါ။ လူတိုင်းကို မဆိုလိုပေမယ့် အဲဒီလိုလူမျိုးတွေက ဒီမိုကရက်တွေ ဆွယ်လို့ အကောင်းဆုံး ဖြစ်နေတတ်ပါတယ်။ ဥပမာ ဖက်ဆစ်ဆိုတာ ဘာလဲဆိုတာလည်း သိတယ်၊ မသိလည်း သိအောင်လုပ်နိုင်တယ်၊ ထရမ့်မူတွေ လုပ်ရပ်တွေနဲ့ ဖက်ဆစ်မူတွေ လုပ်ရပ်တွေ ဘယ်လိုမှ မတူတာ သိနိုင်တဲ့ အစွမ်းရှိပေမယ့် (ဆရာပြောတဲ့အတိုင်း) အတင်းကြီး တူတယ်လို့ ကိုယ့်ကိုယ်ကို လိမ်နေသူတွေထဲမှာ ခပ်ညံ့ညံ့ ခပ်ဖျင်းဖျင်းတွေထက် စာတော်သူတွေ အများကြီးပါနေတာ တွေ့ရမှာပါ။ အဓိကကတော့ ကိုယ့်ရဲ့ credential ကို identity လို့ယူပြီး စိတ်ကို နားလည်အောင် မကြိုးစားလို့ ဖြစ်ရတာပါ။

သမ္မတကတော်ကို မုဆိုးမလောင်းလို့ ပြောသွားတဲ့ ဂျင်မီကင်းမဲလ်ကို သမ္မတကတော်က ဒီလိုရုန့်ရင်းကြမ်းတမ်းတဲ့ အမုန်းစကားတွေ ပြောနေသူကို အိမ်တွေထဲ ညတိုင်း မပေးဝင်သင့်တော့ဘူး၊ ABC က ကာကွယ်ပေးနေတယ်ဆိုပြီး စည်းလွတ်ဘောင်လွတ် ပြောနေတာတွေ ရပ်သင့်ပြီ၊ လူ့အသိုင်းအဝိုင်းကို ထိခိုက်စေတဲ့ အဲဒီလို အပြုအမူတွေကို ဘယ်နှစ်ကြိမ် ခွင့်ပြုနေဦးမှာလဲ၊ ABC ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ဒီလိုစပ်ဆုတ်ဖွယ်တွေကို ခွင့်မပြုတဲ့ဘက်မှာ ရပ်တည်ဖို့ အချိန်တန်ပါပြီ လို့ ထုတ်ပြန်ကြေငြာသွားပါတယ်။

Secret Service Director Sean Curran က WHCA dinner မတိုင်ခင် ခြိမ်းခြောက်မှုတွေ အများကြီး တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီမိုကရက်ဘက်က တဦးဦးသာ အခုလိုအနေအထားနဲ့ ကြုံတွေ့ရရင် ရီပါဘလစ်ကန်တွေ အားရဝမ်းသာဖြစ်ဖို့ဝေးသလို ရှုတ်မချပဲ နှုတ်ဆိတ်နေတာမျိုးလည်း လုပ်ကြမှာမဟုတ်ပါဘူး။ တက်တက်ကြွကြွကို ရှုတ်ချပြစ်တင်ကြမှာပါ။ အခုတော့ သမ္မတမပြောနဲ့ ရက်ပိုင်းအတွင်း ကလေးမွေးတော့မယ့် ပြန်/ဝန်မလေးကိုတောင် ကလေးမွေးရင် အဆိုးရွားဆုံး ဝေဒနာ ခံစားရပြီး အဆိုးရွားဆုံး စုတ်ပြဲပါစေလို့ ဆိုရှယ်မီဒီယာတင်ဆုတောင်းခဲ့တာ ကျန်းမာရေးဝန်ထမ်း သူနာပြုမပါ။

အခုလို လုပ်ကြံဖို့ ကြိုးစားတော့လည်း CNN က ပြဿနာရဲ့ ရင်းမြစ်က အမုန်းတွေဖြန့်နေတဲ့ သူတို့ကိုယ်တိုင်ဖြစ်နေတာကို လစ်လျူရှုပြီး သေနတ်ကို အပြစ်ပုံချပါတယ်။ ဒီမိုကရက်တွေက ပစ်ခတ်မှုဖြစ်တိုင်း သေနတ်ကို အပြစ်ပုံချပြီး သေနတ်သိမ်းဖို့ လုပ်တာက အာဏာရှင်စနစ်ကို ဦးတည်နေတာပါ။ အဲဒီ သေနတ်သိမ်းတာ ဆင်ဆာလုပ်တာ စာအုပ်တွေသိမ်းတာ မီးရှို့တာတွေက ပြည်သူကို မျက်စိပိတ်၊ နားပိတ်၊ သူတို့ပြုသမျှ နုစေချင်တဲ့ နာဇီတွေ ဖက်ဆစ်တွေ လုပ်ကြတာပါ။ အဲဒီနေ့က ပွဲလုပ်တဲ့ ဟိုတယ်မှာ သေနတ်ပေါင်း ရာချီကိုင်ဆောင်ထားကြတဲ့ထဲက ဒီစိတ်စေတနာဆိုးရှိတဲ့လူရဲ့ သေနတ်ကပဲ အန္တရာယ်ပေးတာကို မြင်အောင်ကြည့်ကြဖို့ လိုပါတယ်။။  

Leave a comment