Operation Epic Fury (62)

နောက်ဆုံးသတင်းမှာ အီရန်က ဟော်မုဇ်ဖွင့်ပေးပါမယ်၊ သူ့တို့ကို ပိတ်ဆို့ထားတာတွေ ဖယ်ပေးပါတဲ့။ နျူကိစ္စကျတော့ နောက်မှပြောရအောင်တဲ့။ CNN အကြည့်များပြီး ထရမ့်ကို ငပေါကြီးလို့ထင်နေပုံပါ။  နျူကိစ္စက ပထမလေ၊ နျူမပါရင် ဒီစစ်တောင် ဖြစ်ချင်မှ ဖြစ်လာမှာ။ US ကုလသံအမတ် Mike Waltz က အီရန်ကို “ဟော်မုဇ်က မင်းတို့ကျုံးနဲ့ ဆွဲတံတား မဟုတ်၊ toll road လည်း မဟုတ်လို့ အဲဒါနဲ့ အကြပ်ကိုင်ချင်တိုင်း ကိုင်နေလို့မရဘူး၊ အရေးကြီးတဲ့ ရေလမ်းကြောင်းတွေဆိုတာ အရေးကြီးလွန်းလို့ အနှောက်အယှက်မပြုဖို့လိုတယ်၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ ကမ္ဘာ့စီးပွားရေးကို ကာကွယ်ဖို့ အမေရိကန်နဲ့အတူ နိုင်ငံ ၁၀၀ကျော် သဘောတူထားကြပြီလို့ ပြောသွားပါတယ်။

အီရန်နိုင်ငံခြားရေးဝက အာရာ့ချီကတော့ ပြီးခဲ့တဲ့ သောက်ြာတုန်းက အမေရိကန်အဖွဲ့လာမယ့်အချိန်နဲ့ နဲနဲကြိုပြီး ပါကစ္စတန်ကိုသွား၊ ပြီးမှ အမေရိကန်နဲ့မတွေ့ပါဘူးလို့မူတော့ ထရမ့်က သူ့အဖွဲ့ မလွှတ်တော့ဘူး။ အဲဒီတော့မှ ပါကစ္စတန်ကပြန်၊ အိုမန်သွား၊ ပါကစ္စတန်ပြန်၊ ပြီးတော့ ရုရှားသွားနဲ့ အရူးမီးဝိုင်းလို ဖြစ်နေပါပြီ။ တရုတ်ကတော့ သူတို့အီရန်ကို ထောက်ပံ့နေတာ လက်ပူးလက်ကြပ် မိသွားတဲ့နောက် အာရာ့ချီကို ပေါ်ပေါ်ထင်ထင် မတွေ့ရဲဘူးထင်ပါရဲ့။

အာရာ့ချီ ရုရှားကို သွားပြီးတော့မှ အီရန်အမတ်တဦးဖြစ်တဲ့ Ebrahim Rezaei က ပါကစ္စတန်ဟာ သင့်တော်တဲ့ကြားဝင်သူမဟုတ်ဘူး၊ အိမ်နီးချင်းကောင်းဆိုပေမယ့် အမေရိကန်နဲ့ သိပ်နီးကပ်လွန်းတယ်၊ အမေရိကန်နဲ့ သဘောတူညီချက် မရတာ ပါကစ္စတန်ကြောင့်လို့ ဝေဖန်သွားပါတယ်။ ယူအေအီးက အီရန်အရာရှိတွေရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းထားတာနဲ့ လက်ဘနွန်ကိစ္စကို သူတို့ဘက်က လိုက်မပြောပေးလို့ မကြိုက်တဲ့သဘောပါ။ လက်တွေ့မကျ ရန်လိုတဲ့လူတွေဟာ ကျေးဇူးလည်း မသိတတ်ကြတာ သင်ခန်းစာပါပဲ။

အီရန်က သွေးတိုးစမ်းတဲ့အနေနဲ့ တီဟီရန်လေဆိပ်ကနေ လေကြောင်းပျံသန်းမှုတွေ ပြန်လည်စတင်တော့မယ်လို့ ကြေငြာထားပါတယ်။ ပထမဆုံးအပစ်ရပ် deadline နီးတုန်းက ရှိသမျှ ဘတ်စ်ကားတွေ စတဲ့ ကြီးကြီးမားမား ဟန့်တားနိုင်တာတွေကို တီဟီရန်လေဆိပ်ထဲ ကြဲသလို လုပ်ထားပြီး အမေရိကန်လေယာဥ်တွေ ဆင်းမရအောင် လုပ်ထားခဲ့တာပါ။ လေယာဥ်ခရီးစဥ်တွေ ပြန်စမယ့်အပေါ် ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က အီရန်လေကြောင်းတွေနဲ့ အလုပ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေကို ဆန်ရှင်ချရလိမ့်မယ်လို့ ကြေငြာသွားပါတယ်။ EU ကတော့ အီရန်ဆန်ရှင်ကို ဖယ်ရှားပေးဖို့ သိပ်စောလွန်းနေသေးတယ်၊ အခြေခံကျကျ ပြောင်းလဲမှုတွေ ဖြစ်ဖို့ လိုသေးတယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးဌာနက အီရတ်ကို ပေးပို့မယ့် ငွေသားသန်း၅၀၀ကို တားမြစ်လိုက်ခြင်းဖြင့် အီရန်နောက်ခံ ပေးထားတဲ့ စစ်သွေးကြွတွေဆီကို သွားမယ့် ငွေလမ်းကြောင်းတွေကို ဖြတ်တောက်လိုက်ပါတယ်။ ကုန်တင်လေယာဥ်နဲ့ သယ်လာတဲ့ငွေတွေကို block လုပ်လိုက်တာဟာ ဒီစစ်ဆင်ရေးစပြီးနောက် ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒီငွေက ၂၀၀၃ကတည်းက နယူးယောက်က Federal Reserve Bank မှာသိမ်းထားတဲ့ အီရတ်ရဲ့ ဆီရောင်းရငွေတွေပါ။ အီရတ်ကလည်း ဒီငွေမရရင် လစာတွေပေးဖို့၊ ဆေး၊ အစားအစာဝယ်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ အီရတ်ကို အီရန်က နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ထောက်ပံ့နေတာဖြစ်လို့ အီရန်အကြပ်အတည်းဖြစ်နေချိန်မှာ သူတို့လည်း ကြပ်တည်းကုန်တာ ဖြစ်ပါတယ်။

အီရတ်မှာရှိတဲ့ အမေရိကန်သံရုံးအပါအဝင် တနိုင်ငံလုံးက အမေရိကန်နဲ့ ပတ်သက်နေတာတွေကို အီရန်က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အီရတ်မှာ အီရန်ကြိုးကိုင်ထားတဲ့ စစ်သွေးကြွတွေ ရှိတဲ့အတွက် အီရန်က သေဘေးက အကြိမ်ကြိမ်လွတ်လာခဲ့တဲ့ Quds Force ကွန်မန်ဒါ ဗိုလ်မှူးချုပ် အစ္စမေလ်ကာနီက မကြာသေးမီကမှ အီရတ်ကိုသွားပြီး သူတို့လူတွေ ဝကခ ရွေးကောက်ပွဲနိုင်အောင် သွားကူခဲ့သေးတာပါ။ အမေရိကန်ကတော့ လောလောဆယ် ထိပ်က ပြေးနေတဲ့ ၂ယောက်လုံးကို မကြိုက်ဘူးလို့ ဆိုပါတယ်။

အီရန်မှာ ရေနံတွေ ထားစရာမရှိတော့လို့ ရှိသမျှ အနားပေးထားတဲ့ VLCC သင်္ဘောအိုလွတ်တစီး၊  ကွန်တိန်နာတွေ၊ မသုံးတော့တဲ့ တိုင်ကီအဟောင်းတွေထဲထည့်၊ ပိုက်တွေနဲ့ ပို့လို့ရသလောက်ပို့၊ တရုတ်ပြည်ကို ကုန်ပို့တဲ့ ရထားလမ်းကို အရင်ရ ရေနံမပို့ဖူး၊ များများလည်းမဆံ့ပေမယ့် နဲနဲရသလောက်ပို့၊ ခါ့ဂ်ကျွန်း Jask တာမီနယ်က တိုင်ကီတွေက ၂၅ရက်နေ့ထဲက ပြည့်နေပြီ၊ ထည့်စရာ ပို့စရာမကျန်တော့ ရေနံတွင်းတွေ ပိတ်ပစ်မယ့်အစား လျှံမထွက်အောင် မီးရှို့ပစ်နေရပါတယ်။ ဂရီတာသမ်းဘတ်တို့ လေထုညစ်ညမ်းအောင်လုပ်တဲ့အီရန်ကို ဒီတိုင်းကြည့်နေကြတော့မှာလား။

၂၀၂၀တုန်းကလည်း ရေနံလှောင်ဖို့အလားတူပြဿနာ ဖြစ်ခဲ့ဖူးပါတယ်။ သိုလှောင်စရာတွေရဲ့ ၈၅% ပြည့်၊ သင်္ဘောတွေပေါ်မှာ စည် ၁၂၀သန်း ဖြစ်ခဲ့ပေမယ့် အဲဒီတုန်းက ခုလို အမေရိကန်ရေတပ်က ပိတ်ဆို့ထားတာမျိုး မရှိသလို တရုတ်စသည်ကို ခိုးရောင်းလို့ရတဲ့ ဈေးကွက် ရှိနေခဲ့တာပါ။

အီရန်အစိုးရက အခုလို ပြဿနာပေါင်းစုံ ဝိုင်းဝိုင်းလည်နေချိန်မှာ သူတို့အကြောက်ဆုံးက အမေရိကန် မဟုတ်ပါဘူး။ သူတို့ကြောက်တာ ပြည်သူတွေ ဇန်နဝါရီတုန်းကလို တပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြလာကြမှာကိုပါ။ အမေရိကန်က ပိတ်ဆို့ထားတဲ့အတွက် ပိုက်ဆံအဝင်၊ ကုန်ကြမ်းအဝင်၊ ကုန်ထုတ်လုပ်မှု၊ ပို့ကုန် စသဖြင့် လုံးဝနီးပါး ရပ်သွားခဲ့ရင် အနှေးနဲ့အမြန် ပြည်သူတွေ အုံကြွ လာကြတော့မှာပါ။ အဲဒီတော့မှပဲ တကယ့်အပြောင်းအလဲဖြစ်လာမှာဖြစ်ပါတယ်။ ကြက်ဥလိုပါပဲ၊ ပြင်ပအားနဲ့ကွဲရင် ပုတ်ပြီး အတွင်းကအားနဲ့ ကွဲထွက်လာနိုင်မှ အားကောင်းရှင်သန်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် Supreme National Security Council က ဘယ်လိုကာကွယ်ရမလဲလို့ ခေါင်းချင်းရိုက် နေကြတာပါ။

အီရန်နဲ့ စစ်စပြီးမှ အစ္စရေးက UAE ကို Iron Dome ကာကွယ်ရေးစနစ်နဲ့အတူ လည်ပတ်ဖို့ လိုအပ်တဲ့ ဘက္ထရီ၊ တပ်အင်အားတို့နဲ့အတူ ပို့လွှတ်လိုက်ပြီဖြစ်ပါတယ်။ အဲဒါဟာ အစ္စရေးနဲ့ အမေရိကန်ပြင်ပက နိုင်ငံကို ပထမဆုံး ပေးပို့ခြင်းဖြစ်ပါတယ်။ အီရန်က ယူအေအီးကို ဒုံးကျည်ပေါင်း ၅၅၀ကျော်၊ ဒရုန်းပေါင်း ၂,၂၀၀ကျော်နဲ့ ပစ်ခဲ့တာဖြစ်လို့ အစ္စရေးထက်ကို အများကြီးပိုများနေတဲ့အတွက် ရှိတဲ့စနစ်တွေ မနိုင်တော့လို့ အစ္စရေးနဲ့ အမေရိကန်တို့က ကူညီကာကွယ်ပေးခဲ့ရတာပါ။ အခုလိုအာရပ်-အစ္စရေး အချင်းချင်း စာနာ နားလည်မှုနဲ့ ကူညီနေကြတာဟာ သမ္မတထရမ့်ပထမသက်တမ်းတုန်းက ကြိုးပမ်းခဲ့တဲ့ Abraham Accords ရဲ့ ရည်ရွယ်ချက်ပါပဲ။ ပဋိပက္ခတွေများနေမှ ကမ္ဘာကြီးကို ထိန်းထားလို့ လွယ်မယ်ဆိုတဲ့ အနောက်အုပ်စုသီအိုရီအဟောင်းကြီးက အရင်အစိုးရတွေနဲ့အတူ ပြီးဆုံးသွားခဲ့ပါပြီ။ အခုက ထရမ့်ရဲ့ အတူတူအေးအေးချမ်းချမ်း စီးပွားရှာကြမယ်ဆိုတဲ့ ခေတ်ပါ။

UAE က ရေနံထုတ်လုပ်တဲ့ပမာဏနဲ့ ဈေးနှုန်းကို ထိန်းချုပ်ချင်တဲ့ OPEC နဲ့ OPEC+အဖွဲ့တွေကနေ နှုတ်ထွက်ပြီး သူ့နိုင်ငံလိုအပ်ချက်နဲ့အညီ လိုသလောက်ထုတ်ရောင်းဖို့ စီစဥ်နေပါပြီ။ အနှစ် ၆၀နီးပါး လက်တွဲခဲ့တဲ့ OPEC အဖွဲ့ကြီးကို မေ ၁ရက်နေ့မှာ နှုတ်ထွက်မှာဖြစ်ပါတယ်။ အီရန်က အိုပက်ရဲ့ quota စနစ်နဲ့ ဈေးထိန်းချုပ်တာကို အလွန်ကြိုက်သူဖြစ်ပါတယ်။ ရေနံက အီရန်ရဲ့ အဓိကပို့ကုန်ဖြစ်တာရယ်၊ ဆန်ရှင်တွေမိလို့ အောက်ဈေးနဲ့ ရောင်းရတာရယ်ကြောင့် ရေနံဈေးတက်မှ သူ့ proxy တွေကို ပိုက်ဆံပိုပေးနိုင်မှာ ပြည်သူကို ပိုကြပ်နိုင်မှာဖြစ်လို့ပါ။ အီရန်ဘက်သား ဒီမိုကရက်တွေလည်း ရေနံဈေးတက်မှာကို ကြိုက်ကြတာပါပဲ၊ ပြည်သူကြပ်တည်းမှ အစိုးရအပေါ် ပိုမှီခိုပြီး လူချမ်းသာ တွေကို မုန်းတဲ့ အာဏာရှင်ဆိုရှယ်လစ်ကို သွားချင်ကြမှာလေ။ အခု UAE က အိုပက်က ထွက်ပြီး ကြိုက်သလောက်ရေနံထုတ်လို့ရပြီဆိုတော့ ရေနံဈေးချက်ခြင်း အများကြီး ကျမလာရင်တောင် နိုင်ငံရေးအရ အမြတ်ထွက်တာပါပဲ။

Leave a comment