Operation Epic Fury (68)

မနေ့က အီရန်နဲ့ သဘောတူညီချက် ရဖို့နီးပြီဆိုပြီး ပရောဂျက်ဖရီးဒမ်းကို ခေတ္တရပ်တံ့ထားဖို့ ကြေငြာလိုက်ပြီးတာနဲ့ ဒီနေ့မှာ WTI ရေနံဈေးကျပြီး စတော့မားကက် ထောင်တက်သွားခဲ့တာမှာ စစ်မဖြစ်ခင် ၂ပတ်ကျော်ခန့်မှာ ရောက်ခဲ့တဲ့ အမြင့်ဆုံးအနေအထားကို ပြန်ရောက်လုလုပါပဲ။ အီရန်စစ်ကြောင့် သမ္မတထရမ့်ကို သူ့ပါတီတွင်းမှာတောင် လူကြိုက်နည်းနေပြီဆိုတဲ့ မီဒီညာရဲ့ လှိမ့်လုံးတွေကို ယုံနေသူများ မနေ့က ပဏာမရကပတွေကိုကြည့်ရင် ထရမ့်ထောက်ခံပေးတဲ့သူ အများစု နိုင်ကြတာကို တွေ့ရမှာပါ။

ဒီနေ့မှာတော့ သမ္မတထရမ့်က အီရန်ဟာ နျူလက်နက် လုံးဝမထုတ်လုပ်တော့ဖို့ တားမြစ်ချက်ကို သဘောတူလိုက်ပြီလို့ ကြေငြာပါတယ်။ အခုလိုကြေငြာချက်ဟာ အမေရိကန်က အီရန်ရဲ့ သန့်စင်ထားပြီး ယူရေနီယံကို ရယူမယ်လို့ သတင်းဌာနတွေကို ပြောကြားအပြီးမှာ ထွက်လာခဲ့တာပါ။ အခု သဘောတူညီမှုကတော့ ပဏာမအဆင့် သဘောတူညီချက်ဖြစ်ပါတယ်။ အပြီးသတ် သဘောတူညီချက်ရဖို့ ဆွေးနွေးကာလကို ရက် ၃၀ သတ်မှတ်ထားထားကြောင်း တချို့သတင်းတွေက ဖော်ပြပေမယ့် သမ္မတထရမ့်ကတော့ ရက်ကန့်သတ်မထားဘူးလို့ ပြောတယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။ အသေးစိတ်တွေကတော့ ဆွေးနွေးဆဲဖြစ်တဲ့အတွက် ထုံးစံအတိုင်းလေးတွေ ဖြစ်လာနိုင်သေးတာကို သတိပြုရပါမယ်။  

သမ္မတထရမ့်က အီရန်က သဘောတူထားတဲ့အတိုင်း ပေးလိုက်ရင် OEF လည်း ပြီးမယ်၊ ရေတပ်နဲ့ ပိတ်ဆို့ထားတာတွေလည်း အကုန်ပြန်ဖွင့်မယ်၊ သဘောမတူရင် အရင်ထက် အများကြီးပိုပြင်းတဲ့  ဗုံးပြန်ကြဲမယ်လို့ ဆိုပါတယ်။ CENTCOM ကွန်မန်ဒါကရော အစ္စရေးကပါ တိုက်စရာ ဖြတ်စရာ ကျန်နေသေးတယ်လို့ ပြောထားတာရှိတဲ့အတွက် အီရန်ဘက်က ကူလီကူမာ လုပ်လာခဲ့ရင် တပ်တွေက အဆင်သင့်စောင့်နေကြပါတယ်။

ဒီနေ့မှာ အီရန်ရေနံတင်သင်္ဘောအလွတ်တစီး အမေရိကန်တားဆီးမှုကို ကျော်ဖြတ်ပြီး အီရန်ဆိပ်ကမ်း ကို သွားဖို့ ကြိုးစားခဲ့ရာမှာ အမေရိကန်တပ်တွေရဲ့ အကြိမ်ကြိမ် သတိပေးချက်ကို အလေးမထားခဲ့တဲ့ အတွက် လင်ကွန်းလေယာဥ်တင်သင်္ဘောပေါ်က ဆူပါဟောနက် အင်ဂျင်၂လုံးတပ် အသံထက်မြန်တဲ့ တပ်လေယာဥ်က သွားရောက်ပြီး တက်မကို ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။ တက်မမရှိရင် ကွေ့ဖို့ ထိန်းဖို့ အလွန်ခက်သွားပါပြီ။ အီရန်ကပစ်ရင် ဘယ်သူထိထိ ဘယ်နေရာထိထိ ပစ်ပေမယ့် အမေရိကန်တွေက အရပ်ဖက်သင်္ဘောတွေကို လူမထိမယ့်အပိုင်း ပြင်လို့လွယ်မယ့်အပိုင်းတွေကို ရွေးပစ်တာပါ။

ပရောဂျက်ဖရီးဒမ်း ရပ်ထားအပြီးမှာ အီရန်က ဟော်မုဇ်ကိုဖြတ်သန်းမယ့် သင်္ဘောတွေအတွက် သူတို့ဆိပ်ကမ်းတွေကို ရေလမ်းကြောင်းဝန်ဆောင်မှုတွေ၊ စက်ပစ္စည်း/နည်းပညာ ကူညီမှုတွေ၊ ဆေးအကူအညီတွေပေးဖို့ အသင့်ပြင်ထားတယ်လို့ ကြေငြာသွားပါတယ်။ ဒါဟာ အရင်က အီရန်သဘောတူခဲ့တဲ့ လူသားချင်းစာနာတဲ့ ကုန်စည်တွေအတွက် ဖြတ်ခွင့်ပြုမယ်ဆိုတာနဲ့ ဆက်စပ်နေနိုင်သလို ဒီရေလက်ကြားကို သူတို့ဘာသာ စီမံနိုင်တယ်လို့ ပြချင်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီနေ့မှာ အီရန်နိုင်ငံခြားရေးဝကက တရုပ်နိုင်ငံကို ရောက်ရှိပြီး ဝမ်ယိနဲ့ ဆွေးနွေးခဲ့ပါတယ်။ တရုပ်က “ရန်လိုမှုတွေ လုံးဝရပ်ဆိုင်းဖို့ဟာ အမြန်ဆုံးလုပ်ရမှာဖြစ်ပြီး ဆွေးနွေးပွဲတွေ ဆက်လုပ်နေဖို့ဟာလည်း အရေးအကြီးဆုံး ဖြစ်ကြောင်း၊ တရုတ်က အီရန်ရဲ့ ယုံကြည်စိတ်ချရတဲ့ ဗျူဟာမြောက်မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံတွေက ဟော်မုဇ်ကို လုံခြုံစိတ်ချစွာ ဖြတ်သန်းသွားလာနိုင်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို တုန့်ပြန်ဖို့ မျှော်လင့်ပါကြောင်း ပြောသွားပါတယ်။ အာရာ့ချီက တရုပ်ဟာ အီရန်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ပြီး ခုလိုအခြေအနေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုက ပိုခိုင်မာလာမယ်လို့ ပြောသွားပါတယ်။ တရုပ်က သမ္မတထရမ့် လာတော့မှာဆိုတော့ မယုတ်မလွန် ကိုယ်ယူချင်သလို ယူလို့ရတဲ့ သံတမန်စကားပဲ ပြောချိန်မှာ အီရန်ဘက်က ပိုမျှော်လင့်နေသံ ပေါက်နေတာပါ။

ဝါရှင်တန်နဲ့ ဆွေးနွေးနေတာနဲ့ပတ်သက်ပြီး အာရာ့ချီက ငါတို့ကတော့ ငါတို့ရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို အကောင်းဆုံး ကာကွယ်သွားမှာပါ၊ ငါတို့က မျှတပြီး ပြည့်စုံတဲ့ သဘောတူညီချက် ကိုပဲ လက်ခံပါမယ်လို့ ဆိုပါတယ်။

အီရန်ပြည်တွင်းမှာတော့ အမေရိကန်နဲ့ သဘောတူညီချက် ရတော့မယ်ဆိုတဲ့အပေါ် IRGC ဂျီဟတ်သမားတွေက ဒေါသထွက်ကြပြီး တရုပ်ပြည်ကို သွားတဲ့အပေါ်မှာတော့ မျှော်လင့်ချက် ကြီးနေကြတာကို တွေ့ရပါတယ်။

လက်ဘနွန်နဲ့က ဟဇ်ဘိုလာထွေ/တွင်းချုပ် Naim Qassem က အစ္စရေးနဲ့ လက်ဘနွန်ကြား တိုက်ရိုက်ဆွေးနွေးဖို့ ငြင်းဆိုထားပါတယ်။ တိုက်ရိုက်ဆွေးနွေးတာက နေတန်ယာဟူကို အလျော့ပေးသလို ဖြစ်နေမယ်လို့ အကြောင်းပြပြီး လက်ဘနွန်က ကျူးကျော်ရန်စခံရသူပါလို့ ပြောသွားသလို ဆွေးနွေးချင်ရင် ရန်လိုတာတွေ​ အရင်ရပ်ပါလို့ လို့ ပြောသွားပါတယ်။

လူဦးရေ ၆သန်းနီးပါးရှိတဲ့ လက်ဘနွန်ဟာ ၆၀-၆၅%ခန့်က ဆွန်နီနဲ့ ရှီအာရောနေတဲ့ မွတ်ဆလင်တွေ ဖြစ်ပြီး ၃၃-၄၀% က ခရစ်ယာန်တွေ ဖြစ်ကြပါတယ်။ ဟဇ်ဘိုလာက ၂သောင်းကနေ ၅သောင်းလောက်ပဲ ရှိတာပါ။ ဒါပေမယ့် သူတို့ကြောင့်ပဲ တိုင်းပြည်က မငြိမ်မသက် ဖြစ်နေရပါတယ်။

OEF မှာ ၂လခန့် တာဝန်ထမ်းဆောင်ခဲ့တဲ့ USS Gerald Ford လေယာဥ်တင်သင်္ဘောကြီးက ပင်လယ်ထဲမှာ ၃၁၇ရက်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး Norfolk, Virginia ကို ပြန်နေပြီဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ၆-၇လလောက်ပဲ ကြာတတ်ပေမယ့် လိုအပ်ချက်အရ ၉-၁၀လလည်း ဖြစ်သွားတတ်ပါတယ်။ ဒီတခါက စစ်မျက်နှာပေါင်းစုံမှာ တာဝန်တွေ များပြားတဲ့အတွက် ၁၁လနီးပါး စံချိန်တင် ကြာသွားတာ ဖြစ်ပါတယ်။

Leave a comment