သမ္မတထရမ့်က အီရန်နဲ့ ပတ်သက်ပြီး တရုပ်သမ္မတရှီနဲ့ အကြာကြီး စကားပြောဖို့ရှိကြောင်း၊ အလားအလာကောင်းဖို့ မျှော်လင့်ကြောင်း၊ ဘာလို့လဲဆိုတော့ အမေရိကန်တွေ အီရန်ကို ပိတ်ဆို့ထားတဲ့အပေါ် ဘာမှ ကန့်ကွက်တာမျိုး မရှိတဲ့အပြင် အီရန်ကို မကူပါဘူးလို့ သူကို ပြောကြားခဲ့လို့ဖြစ်ကြောင်း ပြောသွားပါတယ်။ အီရန်နဲ့ကိစ္စ မြန်မြန်အဆုံးသတ်အောင် တရုပ်က ကူပြောပေးဖို့လိုမလားဆိုတဲ့ သတင်းထောက်မေးခွန်းကိုတော့ ဘယ်သူ့အကူအညီမှ မလိုပါဘူးလို့ ဖြေကြားသွားပါတယ်။
သမ္မတထရမ့်ရဲ့ တရုပ်ပြည်ခရီးစဥ်မှာ တရုပ်တို့ ပထမဆုံး အလျော့ပေးလိုက်ရတာက မာကိုရူဘီယိုကို ၂ထပ်ကွမ်း ဆန်ရှင်ရော ဘန်းပါထားခဲ့တာကို ရူဘီယိုရဲ့ တရုပ်ဘာသာပြန်နာမည်ကို အရင်ကသုံးတဲ့ 卢比奥 (Lú bǐ ào) အစား စာလုံးအသစ်နဲ့ပေါင်းပြီး 鲁比奥 (Lǔ bǐ ào) အဖြစ် ဝင်ခွင့်ပေးလိုက်တာပါ။ ဆန်ရှင်ရုပ်တာတွေကတော့ သိက္ခာကျတယ်လို့ ယူဆကြတာဖြစ်ပြီး အခုလို လက်တလုံးခြား လုပ်တာကတော့ ဉာဏ်ကောင်းတယ်လို့ ယူပုံရပါတယ်။ မာကိုက သူ့ကို ဘန်းထားတာ သိပါလျက်နဲ့ တမင်လိုက်လာတာပါ။ ဆန်ရှင်ရုပ်ပေးပါတွေဘာတွေ အော်မနေပါဘူး။ ဒါပေမယ့် မျက်နှာမပျက်ချင်တဲ့ သူက လေယာဥ်မဆင်းခင် အဆင်ပြေအောင် စီစဥ်ပေးရတာပါပဲ။
မာကိုကို ဘာလို့ဘန်းသလဲ ဆိုတော့ ၂၀၂၀တုန်းက ဟောင်ကောင်မှာ လူမဆန်စွာ နှိပ်ကွပ်ခဲ့တာတွေနဲ့ ရှင်ကျန်းမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ရဲရဲဝံ့ဝံ့ ဝေဖန်ခဲ့လို့ပဲ ဖြစ်ပါတယ်။ သမ္မတထရမ့်ကလည်း မာကိုမပါပဲ သွားမှာ မဟုတ်တော့ ဆန်ရှင်နဲ့ ဘန်းထားတာကို ပြန်ရုပ်၊ ကော်ဇောနီလေးခင်းပြီး ကြိုရတော့မှာဖြစ်ပါတယ်။ တရုပ်တို့ အိုဘမကို လုပ်ခဲ့သလို လှေကားမပေး ကော်ဇောနီမခင်းပဲ လေယာဥ်နောက်ပေါက်က ဆင်းခိုင်းရင် ထရမ့်အစိုးရက ခံလိမ့်မည်မဟုတ်ဆိုတာ ဟောက်စားလူနပ်ကြီးတွေ သိကြပါတယ်။
ပေကျင်းကိုအသွား အဲဖို့စ်ဝမ်းပေါ်မှာ မာကိုကို အင်တာဗျူးကြတော့ မာကိုက ကမ္ဘာ့ကုန်သွယ်ရေး ဒီထက် ပိုမဆိုးလာခင် အီရန် ဟော်မုဇ်ကို ပြန်ဖွင့်ဖို့ တရုတ်ကို ဖိအားပေးစေချင်ပုံရပါတယ်။ ဖောက်စ်နဲ့အင်တာဗျူးမှာ မာကိုက ပေကျင်းဟာ အီရန်တွေ ပါရှန်းပင်လယ်ကွေ့မှာ အခုလို လုပ်နေတာတွေကို ရပ်တံ့ဖို့ ပိုပြီး တက်တက်ကြွကြွ ဖိအားပေးဖို့ မျှော်လင့်ကြောင်း၊ သူတို့အနေနဲ့ တရုပ်ကို ယုတ္တိရှိတဲ့ အကြောင်းတွေလည်း ပေးပြီးပြီဖြစ်လို့ ဒီအပတ် နှောင်းပိုင်းမှာ UN မှာ အီရန်ကိစ္စ ရှုတ်ချဖို့ အဆိုတင်ရင် သူတို့ဘက်က မကန့်ကွက်ဖို့ မျှော်လင့်ကြောင်း၊ အဲဒီအကြောင်း ၃ခုက အီရန်ကြောင့် တရုပ်သင်္ဘောတွေကိုယ်တိုင် ဟော်မုဇ်မှာ ပိတ်မိနေတယ်၊ အဲဒါက တခြားဒေသတွေနဲ့ စာရင် အာရှကို ပိုပြီး မတည်မငြိမ် ဖြစ်စေလိမ့်မယ်၊ တရုပ်ပစ္စည်းတွေ ရောင်းအားကျသွားမယ်၊ ဒီတော့ ပို့ကုန်ကျမယ်၊ ဒါကြောင့် တရုပ်အကျိုးစီးပွားအတွက် ဒီအီရန်ကိစ္စကို ဖြေရှင်းဖို့ လိုပါတယ်လို့ ချုပ်ပါတယ်။
မာကိုက တရုပ်ပြည်ဟာ ပထဝီနိုင်ငံရေးအရ အမေရိကန်ရဲ့ ထိပ်တန်းပြိုင်ဖက်ဖြစ်သလို သူတို့သေချာကိုင်တွယ်သင့်တဲ့ အရေးအကြီးဆုံး ဆက်ဆံရေးလည်း ဖြစ်ကြောင်း၊ တရုပ်ပြည်က အင်အားကြီးနိုင်ငံတခုဖြစ်တဲ့အပြင် ဆက်လက် ကြီးထွားနေဦးမှာ ဖြစ်တဲ့အပြင် တရုပ်အကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့ အမေရိကန်အကျိုးစီးပွား ဆိုတာလည်း ရှိနေမှာဖြစ်လို့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် ကာကွယ်/ ကိုင်တွယ်ထားဖို့ အရေးကြီးကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ အပိုင်းတွေလည်း ရှိလာနိုင်ကြောင်း ပြောကြားသွားပါတယ်။
သမ္မတရဲ့ ခရီးစဥ်မှာ လိုက်ပါသွားကြတဲ့သူတွေကလည်း ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့သူတွေချည့်ပါပဲ။ အဲဒီ စွန့်ဦးတီထွင်သူတွေနဲ့ စီးပွားရေးသမားတွေက စုစုပေါင်း ၁၃ ထရီလီယံတန်ဖိုးရှိတဲ့ ကုမ္ပဏီတွေကို ဦးဆောင်နေကြသူတွေ ဖြစ်ပါတယ်။ CNBC က Nvidia က ဂျေဆင်ကို ချန်ထားခဲ့တယ်ဆိုတဲ့ သတင်း ထုတ်လွှင့်လိုက်တော့ သမ္မတထရမ့်က CNBC အမှားတွေ တင်နေပါတယ်၊ ဂျန်ဆန်က အခု အဲဖို့စ်ဝမ်း ပေါ်မှာပါ။ အခုလို ဂျန်ဆန်၊ အီလွန်၊ တင်မ်၊ လာရီဖင်ခ်၊ စတီဖန်ရွှာ့ဇ်မန်၊ ကယ်လီအော့တ်ဘာ့ဂ်၊ အစရှိတဲ့ ဒိပ်ဒိပ်ကြဲတွေ ဒီခရီးစဥ်မှာ အတူလိုက်ပါလာတာ ဝမ်းမြောက်ဂုဏ်ံယူပါတယ်။ ငါက သမ္မတရှီကို ဒီလို အံ့မခန်းလူသားတွေနဲ့ ပူးတွဲအလုပ်လုပ်ကြဖို့ တရုတ်ပြည်ကို ဖွင့်ပေးပါလို့ တိုက်တွန်းဦးမှာပါ။ သူတို့တွေရဲ့ မျက်လှည့်လို ထက်လှတဲ့ အစွမ်းနဲ့ တရုပ်ပြည်ကို ဒီထက် အများကြီး အဆင့်ပိုတိုးတက်အောင် လုပ်ပေးသွားနိုင်ကြောင်း၊ နောက်နာရီအနည်းငယ်အတွင်း ငါတို့ဆုံတဲ့အခါ ငါ့ရဲ့ ပထမဆုံးတောင်းဆိုချက်ကို မြင်ရပါလိမ့်မယ်။ ငါတို့ ၂နိုင်ငံလုံးအတွက် အဲဒီထက် ပိုပြီး အကျိုးရှိတဲ့ အကြံဉာဏ် တခါ တခုမှ မကြားဖူး မမြင်ဖူးစေရဘူးလို့ ထရုသ်မှာ ရေးသွားပါတယ်။
၂၀၁၇ တရုပ်ပြည်ခရီးစဥ်တုန်းက သမ္မတထရမ့်ရဲ့ ယာဥ်တန်းနဲ့ လုံခြုံရေးအတွက် C-17 Globemaster III လေယာဥ် ၃စီးသာ လိုအပ်ခဲ့ပေမယ့် ခုတကြိမ်မှာတော့ တစီးကို ဝန်ချိန် ၈၅တန်ခွဲ သယ်ဆောင်နိုင်တဲ့ C-17 ၄စီးနဲ့ စုစုပေါင်း ၁၂ကြိမ် သယ်ယူပေးခဲ့ရပါတယ်။ ပေကျင်းမှာ အမေရိကန်အစိုးရ ကားပေါင်း ၅၀-၇၀ အထိ တွေ့ရတဲ့အတွက် ဒေသခံတွေက အံ့ဩမဆုံး ဖြစ်နေကြပါတယ်။ ပြည်သူဆိုရင်တောင် ပေကျင်းကို ပါမစ်ရမှ လာလို့ရတာဖြစ်လို့ နိုင်ငံခြားကကားတွေ ဘယ်လိုပါမစ်ရသလဲလို့ပါ မေးချင်နေကြပါတယ်။
သမ္မတထရမ့် မရောက်ခင်မှာတောင် ယာဥ်တန်းကြီးက ရင်သပ်ရှုမောဖွယ်အတိဖြစ်လို့ စောင့်ဆိုင်း ကြည့်ရှုကြတဲ့ ပြည်သူတွေ များပြားလျက် ရှိပါတယ်။ တရုပ်ပြည်က နယ်ဗေးလ်ရွိုင်ဆင်ဂမ် ထောက်ပံ့ထားတဲ့ အမေရိကန်က ၅၀၀၀စားတွေလို ဆဲရေးတိုင်းထွာခြင်းမျိုးစုံနဲ့ ဆန္ဒပြတာမျိုး မတွေ့ရပါဘူး။ Fox News က Bret Baier က ပေကျင်းက ကုန်းကျော်တံတားအောက်မှာ ရပ်ပြီး တီဗီ အစီအစဥ်တင်ဆက်နေတာကိုလည်း လုံခြုံရေးအင်မတန် စန်းစန်းတင့်လွန်းတဲ့ တရုပ်ရဲတွေက စောင့်ကြည့်တာတွေ၊ လာဖယ်ခိုင်းတာတွေ မရှိပါဘူး။
အကယ်၍သာ ဒီခရီးစဥ်က မနှစ်ကဖြစ်ခဲ့ရင် အနေအထားက တမျိုးဖြစ်ချင်ဖြစ်မှာပါ။ အမေရိကန်ရဲ့ ဗင်နီဇွဲလားနဲ့ အီရန်မှာ စစ်စွမ်းအားနဲ့ သမ္မတထရမ့်ရဲ့ ဇ၊ အစိုးရအဖွဲ့ဝင်တွေရဲ့ စွမ်းပကားတွေ မြင်တွေ့ရတာရယ်၊ တရုပ်ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ကမ္ဘာ့ကုန်သွယ်ရေး chokepoint တွေကို အမေရိကန်က ခြေသွက်လက်သွက်နဲ့ ဦးအောင် ဝင်ထိန်းနေတာရယ်၊ တရုပ်အတွက် အရေးကြီးတဲ့ ရေနံကို အမေရိကန်က အများဆုံးထုတ်လုပ်နေတာရယ်၊ ကမ္ဘာ့အခင်းအကျင်းကို ထရမ့်က ပြောင်းပစ်နေတာရယ်က ဒီခရီးစဥ်ကို ဘယ်သူက ပိုအလေးထားနေတယ်ဆိုတာ ပေါ်လွင်စေပါတယ်။
ဒီခရီးစဥ်မှာ ရှီဘက်က ၄ရက်လောက် လည်စေချင်ပေမယ့် ထရမ့်က တော့ ၂ရက်ခွဲပါပဲ။ ရောက်တာက ဗုဒ္ဓဟူးနေ့ညဆိုတော့ တကယ်တမ်းက အလုပ်အတွက်က ၁ရက်ခွဲပဲ ကျန်ပါတယ်။ ကြာသပတေးမှာ ရှီကိုယ်တိုင် သမိုင်းဝင် Temple of Heaven ကို လိုက်ပြမှာဖြစ်ပြီး ခေါင်းဆောင် ၂ဦးတည်း သီးသန့် (စကားပြန်အဖြစ် ရှီ့သမီးပါနိုင်) မိနစ် ၉၀ခန့် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ရှီက ပါတီတွင်း အားပြိုင်မှုတွေနောက်ပိုင်းမှာ ပိုပိုအထီးကျန်သလို ဖြစ်လာနေတယ်လို့ သုံးသပ်သူတွေက ဆိုကြပြီး သူ့ရဲ့ သံတမန်တွေကိုတောင် မယုံတော့တဲ့အခြေအနေ ဖြစ်နေပြီလားလို့ သိချင်နေကြပါတယ်။
ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က တရုပ်ပြည်ကို မဝင်ခင် ဂျပန်နဲ့ တောင်ကိုရီးယားကို သွားရောက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ တရုပ်စီးပွားရေးကို ကိုင်တွယ်နေတဲ့ တရုပ် ဒုဝကခ He Lifeng က စကော့ဘက်ဆန့်ကို လာရောက်တွေ့ဆုံခဲ့တာက ပေကျင်းမှာ ရှီလက်ခံနိုင်တဲ့ ရလာဒ်တွေ ထွက်လာအောင် ကြိုတင်ညှိနှိုင်းလိုတာ ဖြစ်ပုံရပါတယ်။
အမေရိကန်တို့ ပစ်ခဲ့တဲ့ ဒုံးတွေ ဗုံးတွေထဲက ဘန်ကာဘတ်စ်တာအပါအဝင် ၄ခုဟာ ပေါက်ကွဲခြင်းမရှိပဲ အီရန်ထဲကို ကျရောက်သွားခဲ့ပါတယ်။ အဲဒီထဲက ၃ခုဟာ ပစ်ခတ်စဥ်မှာ ပစ်မှတ်ရှာတဲ့ ဆင်ဆာလို အပိုင်းက ပျက်စီးသွားတဲ့အတွက် အီရန်ဘက်က အဝေးကနေ ဖောက်ခွဲဖျက်ဆီးလိုက်ရပြီး နောက်ဆုံးတခုကတော့ အဆင့်မြင့် အမေရိကန်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ အဲဒီအပိုင်းလေးကို ဖြုတ်လေ့လာချင်တဲ့အတွက် ပညာရှင်တွေပါ လာရောက်လေ့လာစဥ်မှာ ဗုံးကွဲသွားတဲ့အတွက် ပညာရှင် ၁၄ဦး သေဆုံးသွားတယ်လို့ ချိုင်းနားအော့ဆာ့ဗာက ဆိုပါတယ်။ တရုပ်က ပညာရှင်တောင် ပါနိုင်တယ်လို့ ဆိုပါတယ်။ တရုပ်က သူတို့ထွင်တယ်ဆိုတာမျိုး သိပ်ရှိလှတာမဟုတ်ပဲ အမေရိကန်နည်းပညာတွေကို ခိုးလို့ဖြစ်စေ ခုလို အပျက်အစီးတွေကို ပြန်ဝယ်ပြီးဖြစ်စေ ပြန်လေ့လာပြီး ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။
UAE က အမေရိကန်ဆီက ဝယ်ထားတဲ့ တိုက်လေယာဥ်တွေနဲ့ အီရန်ထဲက ရေနံပစ်မှတ်တွေကို ဗုံးသွားကြဲနေခဲ့တာပါ။ အဲဒါကို အမေရိကန်နဲ့ အစ္စရေးတို့သိသလို အီရန်လည်း သိပါတယ်။ ဒါကြောင့် သူတို့ကလည်း အပစ်ရပ်ကာလမှာတောင် UAE ကို သွားသွားပစ်တာပါ။ UAE က အီရန်ကအစိုးရကို အမြစ်ဖြုတ်ဖို့ ခြေစုံပစ်ဝင်လာပြီး အတက်ကြွဆုံး ဖြစ်နေပါတယ်။ တောင်ကိုရီးယားကတော့ သူ့ကုန်သင်္ဘောကို အီရန်က ပစ်ခဲ့တာအပေါ် လက်စားခြေမယ်လို့ ကြိမ်းထားပါတယ်။ ဘယ်လို လက်စားခြေမလဲဆိုတာ မပြောထားသလို စစ်သင်္ဘောလွှတ်မယ်လို့လည်း မကြားမိသေးပါဘူး။
အီရန်က အိမ်နီးချင်းတွေနဲ့ သူများသင်္ဘောတွေကို မဆင်မခြင်ပစ်ခတ်နေခဲ့ပေမယ့် ကူဝိတ်ကိုကျတော့ အီရန်မော်တော်ဘုတ်ကို ဥပဒေမဲ့ပစ်ခတ်ခဲ့ပြီး အီရန်နိုင်ငံသား ၄ဦးကို ဖမ်းဆီးထားတယ်လို့ စွပ်စွဲလိုက်ပါတယ်။ အီရန်နိုင်ငံခြားဝန် အာရာ့ချီက အီရန် ၄ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ X မှာ ပို့စ်လုပ်ထားပါတယ်။
IRGC ကလည်း အရင်လို ဟန်ဆောင်ပန်ဆောင်တောင် မလုပ်တော့ပါဘူး။ သူတို့ရဲ့ စပိဘုတ် တပ်မတော်ကြီးနဲ့ တက်ကုန် ရွက်ကုန်ဖွင့်ပြီး တိုက်မယ့်သဘောမျိုး အသံလွှင့်နေပါပြီ။ စပိဘုတ်တွေကို အလင်းရဲ့ အမြန်နှုန်းရှိပြီး ပိုက်ဆံမကုန်တဲ့ လေဆာလက်နက်နဲ့ အရည်ပျော်သွား ပေါက်ကွဲသွားအောင် လွယ်လွယ်လေးလုပ်လိုက်လို့ ရပါတယ်။ ဒရုန်းတွေ ဒုံးတွေကိုလည်း အရင်ထက် အဆင့်မြင့်တဲ့ လက်နက်တွေနဲ့ ခြေမှုန်းဖို့ ပြင်ထားပြီးပါပြီ။
သတင်းတွေမှာလည်း အရင်ကတည်းက အမေရိကန်ရဲ့ F-35 တွေ ပစ်ချခံရတယ်တို့၊ အမေရိကန်ဗုံးတွေက နျူဆိုက်တွေကို မထိဘူးတို့၊ အမေရိကန်ကြီး အထိနာနေပြီ၊ အီရန်နိုင်နေပြီ တို့ကစပြီး အခုဆို အီရန်က ယူရေနီယံတွေ ရွှေ့ထားလိုက်ပြီတို့၊ သိမ်းထားတဲ့ ဒုံးကျည်တွေရဲ့ ၉၀%နဲ့ ပစ်စင်တွေကို မြေအောက်က ပြန်တူးယူလာပြီတို့ စတဲ့ သတင်းတွေနဲ့ အီရန်ဘက်ကနေ မဲတင်းပေးကြပါတယ်။ အမေရိကန် Space Force က ဂြိုလ်တုနဲ့ အဆက်မပြတ် စောင့်ကြည့်နေတာ ဖြစ်လို့ တကယ်သာ ဟုတ်ရိုးမှန်ရင် အမေရိကန်က မသိစရာ မရှိပါဘူး။
အဲဒါကြောင့် သမ္မတထရမ့်က မီဒီယာတွေအနေနဲ့ အရှိကို အရှိ၊ အမှန်ကို အမှန်အတိုင်း မတင်ပြရင် အီရန်ကို မဟုတ်မဟတ်မျှော်လင့်ချက်တွေ ပေးသလိုဖြစ်နေမယ်လို့ ပြောသွားတာပါ။ အဲဒီလိုဖြစ်ရင် ဘယ်သူမှ အကျိုးမရှိပေမယ့် ထရမ့်အောင်မြင်တာဟာ အမေရိကန် အောင်မြင်တာလို့ မမြင်နိုင်ကြတဲ့ အမေရိကန်တွေကတော့ နည်းမျိုးစုံနဲ့ တိုက်ခိုက်နေကြဦးမှာပါ။