သမ္မတထရမ့်က လာမယ့် အင်္ဂါနေ့မှာ တိုင်းပြည်ရဲ့ လုံခြုံရေးအဆင့်မြင့်အရာရှိများနဲ့ Situation Room မှာ တွေ့ဆုံပြီး အီရန်အပေါ် စစ်ရေးအရ ဘယ်လိုအရေးယူမယ်ဆိုတာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။ ဒီနေ့လည်း ဘီဘီနဲ့ နာရီဝက်ခန့် ဖုံးပြောခဲ့ပါသေးတယ်။
အစ္စရေးရဲ့ Tomer rocket engine facility ဟာ အကြီးစားဖောက်ခွဲမှုတခုကို မနေ့ညက စမ်းသပ်ခဲ့ပါတယ်။ ဖောက်ခွဲမှုက ကြီးမားလွန်းတဲ့အတွက် ကောင်းကင်က မီးမှိုပွင့်ကြီးကို မိုင်ချီဝေးတဲ့ နေရာတွေကတောင် မြင်နိုင်ခဲ့ကြပြီး အစ္စရေးအလယ်ပိုင်း တုန်ခါသွားခဲ့ပါတယ်။ ပြည်သူတွေက ကြိုမသိခဲ့လို့ ခဏတာ အလန့်တကြား ဖြစ်သွားကြပေမယ့် အစိုးရရဲ့ ရှင်းလင်းချက်က ချက်ခြင်းဆိုသလို ထွက်လာခဲ့တာပါ။ အဲဒီ အစိုးရပိုင် တိုမာကုမ္ပဏီက အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ဖျက်ချမယ့် Arrow 2 နဲ့ Arrow 3 ဒုံးခွင်းဒုံးတွေအတွက် rocket engine ထုတ်ပေးတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားတွေနဲ့ အကျိုးစီးပွားတွေအပါအဝင် ဥရောပမှာ ၃လအတွင်း အကြမ်းဖက် တိုက်ခိုက်မှုပေါင်း ၁၈ခုအထိ ဖြစ်အောင် ကြိုးကိုင်ခဲ့တဲ့ အီရတ်နိုင်ငံသား ဟဇ်ဘိုလာအကြီးတန်းအရာရှိ Mohammad Baqer Saad Dawood Al-Saadi ကို ဒီအပတ်အစောပိုင်းက တူရ်ကီမှာ ဖမ်းမိခဲ့ပြီး အမေရိကန်ကို ခေါ်ယူလာကာ နယူးယောက်မှာ အာမခံမပေးပဲ ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ အသက် ၃၂နှစ်ရှိ Al-Saadi ဟာ အီရတ်နိုင်ငံသားဆိုပေမယ့် ၂၀၂၀တုန်းက အမေရိကန်က ဒရုန်းနဲ့ သုတ်သင်ခဲ့တဲ့ ဆိုလေမာနီနဲ့ နီးကပ်သူဖြစ်ပြီး IRGC နဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ကြပါတယ်။
အီရန်က လွှတ်တော်စပီကာ ဂါလီဘတ်ဖ်က ကမ္ဘာကြီးဟာ အစီအစဥ်သစ်ကိုသွားမယ့် လမ်းဝမှာ ရောက်ရှိနေပြီလို့ ပြောသွားပြီး ဟော်မုဇ်မှာ ဖြတ်သန်းခကောက်ခံပြီး သွားလာစေမယ့် အစီအစဥ်ကို မကြာခင် ကြေငြာလိမ့်မယ်လို့ ဆိုပါတယ်။ သမ္မတထရမ့်ကတော့ ငြိမ်းချမ်းရေးသဘောတူညီချက် မြန်မြန် မရခဲ့ရင် ဆိုးရွားတဲ့အချိန်နဲ့ ကြုံရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ နောက်သတင်းတပုဒ်မှာ IR က ဂါလီဘတ်ဖ်ကို တရုပ်ပြည်နဲ့ပတ်သက်တဲ့ ကိစ္စတွေအတွက် အထူးသံတမန်အဖြစ် ခန့်ဖို့ သမ္မတ Pezeshkian က အဆိုပြုတာကို မော့တာဘာက အတည်ပြုလိုက်တယ်လို့ အစိုးရမီဒီယာက ကြေငြာသွားပါတယ်။ ဒီရာထူးက သုတ်သင်ခံလိုက်ရတဲ့ အလီ လာရီဂျာနီ ကိုင်ထားခဲ့တဲ့နေရာပါ။
အီရန်မှာ အင်တာနက် အဖြတ်ခံထားရတာ ၇၅ရက် ကျော်နေပြီဖြစ်လို့ စီးပွားရေး ဆက်သွယ်ရေးတွေ အခက်အခဲ ဖြစ်နေကြပါတယ်။ ရေနံရောင်းစားတဲ့နိုင်ငံဖြစ်ပေမယ့် တနေ့ကို ဓါတ်ဆီလိုအပ်ချက် လီတာ သန်း ၃၀ ရှိနေတဲ့အတွက် ဆီဆိုင်တွေမှာ ကားတွေ တန်းစီနေရပါတယ်။ မလုံလောက်ရတဲ့ အကြောင်းရင်းက မူလာတွေလက်အောက်မှာ လက်နက်စက်ရုံကလွဲလို့ ဘာမှအသစ်မလုပ်နိုင်ပဲ ရှားဘုရင်ခေတ်က စက်တွေကို သုံးနေရတာအပြင် ဆန်ရှင်ထိထားလို့ ပျက်တဲ့အစိတ်အပိုင်းတွေ မလဲနိုင်သလို စစ်အတွင်းမှာ အိမ်နီးချင်းနိုင်ငံတွေက လက်တုန့်ပြန်ပြီး ရေနံချက်စက်ရုံတွေကို ပစ်ခတ်ထားလို့ ဖြစ်ပါတယ်။
ရေနံတွေကလည်း ထည့်စရာမရှိတော့တာကို မပိတ်ပစ်ပဲ ခါ့ဂ်ကျွန်းတဝိုက်က ပင်လယ်ထဲကို စည်သောင်းနဲ့ချီပြီး စွန့်ပစ် ကြတော့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ဖြစ်နေပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေက ရေချိုကို ပင်လယ်ရေကနေ ချက်ယူရတာဖြစ်တော့ အခုလို ရေနံတွေ ပင်လယ်ထဲ စွန့်ပစ်တာက အီရန်တင်မက အခြားနိုင်ငံတွေရော ရေသတ္တဝါတွေကိုပါ ထိခိုက်စေမှာပါ။ အဲဒီလောက်ညစ်တဲ့ စိတ်ဓါတ်နဲ့ နျူသာပိုင်လိုက်လို့ကတော့ ဆိုတဲ့အခြေအနေမျိုးအထိ တွေးနိုင်စွမ်း ချို့တဲ့သူ အနည်းစုကလွဲလို့ ကျန်ကမ္ဘာ့ပြည်သူတွေက အဓမ္မသမားတွေ မင်းမူမှာ မလိုလားကြပါဘူး။
ယူအေအီးသာ အီရန်ကို ကျူးကျော်ပြီး ပါရှန်းပင်လယ်ကွေ့ထဲက အီရန်ထိန်းချုပ်ထားတဲ့ Lavan စတဲ့ကျွန်းတွေကို သိမ်းလာခဲ့ရင် အီရန်က ယူအေအီးနဲ့ ဘာရိန်း ကမ်းရိုးတန်းတလျောက်ကို သိမ်းယူဖို့ အဆင်သင့်ပြင်ထားပြီလို့ အီရန်အရာရှိတွေက ဆိုပါတယ်။ ဒီသတင်းဟာ သမ္မတထရမ့်က အမေရိကန် တပ်တွေအစား ယူအေအီးတပ်တွေကို အီရန်ရဲ့ Lavan ကျွန်းကို သိမ်းယူဖို့ အချက်ပေးလိုက်တယ်ဆိုတဲ့ သတင်းအပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ယူအေအီးရဲ့ တခုတည်းသော Barakah နျူပါဝါပလန့်ဝင်းထဲမှာ ဒရုန်းကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မီးလောင်မှုတချို့ ဖြစ်ပွားခဲ့ပေမယ့် နျူယိုစိမ့်မှုမရှိသလို လူထိခိုက်မှုလည်း မရှိခဲ့ပါဘူး။ အဲဒီဒရုန်းဟာ အနောက်ဖက်နယ်စပ်က လာတာဖြစ်တဲ့အတွက် ယူအေအီးက အီရန်ကို တိုက်ရိုက်မစွပ်စွဲခဲ့ပါဘူး။ ယူအေအီးရဲ့ အနောက်ဖက်မှာ အီရတ်၊ ဆော်ဒီနဲ့ ယီမင်တို့ ရှိနေတဲ့ထဲက အီရတ်နဲ့ ယီမင်မှာ အီရန် ထောက်ပံ့ပေးထားတဲ့ အကြမ်းဖက်တွေ ရှိနေတဲ့အတွက် သူတို့ကပစ်လွှတ်တာလည်း ဖြစ်နိုင်ပါတယ်။ အစ္စရေးက iron dome ပေးထားပေမယ့် အီရန်ဘက်က လာတာမဟုတ်လို့ မမိလိုက်တာလည်း ဖြစ်နိုင်တာပါပဲ။ ယူအေအီးက အခုလို အကြမ်းဖက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်လိုက်တဲ့ သိပ်အန္တရာယ်ကြီးတဲ့တိုက်ခိုက်မှုလို့ ဆိုပါတယ်။ ကာတာက အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး အီရန်ကို ဟော်မုဇ်နဲ့အကြပ်ကိုင် ဈေးဆစ်တာတွေ မလုပ်ဖို့ သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂လကျော်အတွင်း Al-Saadi လက်ချက်တွေက
- မတ်လ ၉ရက် ဘယ်လ်ဂျီယံ Liege မြို့က ဂျူးဘုရားကျောင်းဗုံးခွဲမှု
- မတ်လ ၁၀ရက် တိုရွန်တိုက အမေရိကန်ကေင်စစ်ရုံး ပစ်ခတ်မှု
- မတ်လ ၁၃ရက် နယ်သာလန် ရော့တာဒမ်က ဂျူးဘုရားကျောင်း မီးရှို့မှု
- မတ်လ ၁၄ရက် အမ်စတာဒမ်က ဂျူးကျောင်းအပြင်မှာ ဗုံးခွဲမှု
- မတ်လ ၁၅ရက် အမ်စတာဒမ်က အမေရိကန်ပိုင် နယူးယောက်မယ်လွန်ဘဏ်ကို ဗုံးခွဲမှု
- မတ်လ ၂၃ရက် လန်ဒန်မှာ Hatzalah လူနာတင်ကားတွေကို မီးရှို့ခဲ့မှု
- မတ်လ ၂၃ ည Antwerp ဘယ်လ်ဂျီယံက ဂျူးရပ်ကွက်တခုမှာ ရပ်ထားတဲ့ကားကို မီးရှို့မှု
- မတ်လ ၂၈ရက် ပါရီက Bank of America အဆောက်အဦမှာ ဖောက်ခွဲရေးပစ္စည်း ထားခဲ့မှု
- ဧပြီ ၃ရက် နယ်သာလန်နိုင်ငံ Nijerk မှာ အစ္စရေးလိုလားတဲ့အဖွဲ့ကို ဗုံးခွဲရန်ကြိုးစားမှု
- ဧပြီ ၅ရက် နယူးယောက်က နာမည်ကြီးဂျူးဘုရားကျောင်းကို တိုက်ခိုက်ရန် ကြံစည်မှု (အဲဒီမှာ ဖောက်ခွဲပေးဖို့ ငှားခဲ့တဲ့ အရပ်ဝတ်ထလရကို ၁သောင်းပေးဖို့ သဘောတူခဲ့ပါတယ်။)
- ဧပြီ ၁၀ရက် ဂျာမဏီ မြူးနစ်က ဂျူးစားသောက်ဆိုင်ထဲကို ဗျောက်အိုး/ မီးရှူးမီးပန်းတွေ ပစ်ထည့်မှု
- ဧပြီ ၁၂ရက် Skopje မြောက်မက်ဆီဒိုးနီးယားမှာ ဘုရားကျောင်းမီးရှို့မှု
- ဧပြီ ၁၅ရက် လန်ဒန်မှာ မီဒီယာအဖွဲ့အစည်းတခုနဲ့ ဂျူးဘုရားကျောင်းတခုကို မီးရှို့မှု
- ဧပြီ ၁၇ရက် လန်ဒန်က ဂျူးဒါနပြုတဲ့နေရာတခုကို မီးရှို့မှု
- ဧပြီ ၁၈ရက် လန်ဒန်က ဘုရားကျောင်းတခုကို မီးရှို့မှု၊
- ဧပြီ ၂၉ရက် အမေရိကန်နဲ့ ဗြိတိသျှ နှစ်နိုင်ငံသားဖြစ်သူတဦးအပါအတွင် လန်ဒန်က ဂျူးအမျိုးသား ၂ဦးကို ဓါးနဲ့ထိုးမှု၊
အဲဒါတွေအပြင် LA နဲ့ Scottsdale AZ တို့က ဂျူးနေရာတွေရဲ့ ဓါတ်ပုံ၊ မြေပုံတွေကိုပါ သိမ်းဆည်း ရမိထားပါတယ်။
ဗင်နီဇွဲလားက မဒူရိုအတွက် နောက်ကွယ်က မသန့်ရှင်တဲ့ငွေတွေနဲ့ စီစဥ် ထောက်ပံ့ပေးနေတဲ့ ဘီလျံနာ Alex Saab ကို ကာရကာ့စ် ဗင်နီဇွဲလားမှာ ဖမ်းမိခဲ့ပြီး မနေ့က အမေရိကန်ကို ခေါ်ဆောင်လာခဲ့ပါတယ်။ ထရမ့်က ၂၀၂၀မှာ Saab အီရန်ကိုအသွား လာဘ်ပေးမှုနဲ့ ဖမ်းထားခဲ့ပြီး ၂၀၂၃မှာ ဘိုင်ဒန်အစိုးရက ပါဒန်ပေးခဲ့တာပါ။ သူက မဒူရိုကို စွဲထားတဲ့ အမှုတွေမှာ မျက်မြင်သက်သေ ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီလူကို ဖမ်းမိတာဟာ ထရမ့်တင်ပေးခဲ့တဲ့ မဒူရိုရဲ့အောက်က ဒုသမ္မတနဲ့ အဆင်ပြေ ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်တာကို ပြသနေပါတယ်။