အီရန်က ဟော်မုဇ်ထဲ ဖြတ်ဖို့ကြိုးစားတဲ့ အမေရိကန်ကုန်တင်သင်္ဘောကို တလမ်းသွား ဒရုန်း၅ခုနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမေရိကန်တပ်တွေက ကြားဝင်ဖျက်ချပေးလိုက်ရပါတယ်။ ဆဋ္ဌမမြောက် ဒရုန်းပစ်ဖို့ ပြင်နေတဲ့ မြေပေါ်က ပစ်စင်ကိုလည်း ပစ်ခတ်ဖျက်ဆီးလိုက်ပါတယ်။ လက်ယားနေပုံရတဲ့ အီရန်ဟာ ကူဝိတ်ကိုလည်း ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ကူဝိတ်တပ်တွေက ကြားဖြတ်ပစ်ချခဲ့ရပါတယ်။ ခုလို အီရန်ရဲ့ တိုက်ခိုက်မှုက အပစ်ရပ်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုမတိုင်ခင် နာရီပိုင်းအလိုမှာ အီရန်အစိုးရတီဗီက ဟော်မုဇ်က ရေလမ်းကုန်သွယ်မှုတွေ ပြန်ဖွင့်ဖို့နဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုအဆုံးသတ်ဖို့အတွက် တရားဝင်မဟုတ်သေးတဲ့ အမေရိကန်နဲ့ နားလည်မှုစာချွန်လွှာမူကြမ်းကို ရရှိထားပြီဖြစ်ကြောင်း၊ အဲဒီထဲမှာ အမေရိကန်က အီရန်အနီးတဝိုက်က တပ်တွေ ပြန်ရုပ်ပေးသွားဖို့နဲ့ ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့၊ အီရန်ဘက်က ဟော်မုဇ်မှာ ကုန်သင်္ဘောတွေ သွားလာမှုကို စစ်မဖြစ်ခင်ကအဆင့်အထိ တလအတွင်း ပြန်ရောက်အောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။
အပြီးသတ်သဘောတူညီချက်ကို ရက် ၆၀အတွင်း ရရှိခဲ့ရင် ဒါဟာ UNSC resolution ကို ဖြေရှင်းပြီးတဲ့အနေနဲ့ အတည်ပြုပြီးဖြစ်ပါမယ်။ အဲဒီ ရက် ၆၀ အပစ်ရပ်သက်တမ်းတိုး ကနေ နျူကိစ္စကို ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး လောလောဆယ် သမ္မတထရမ့်ရဲ့ အတည်ပြုချက်ကို စောင့်နေတယ်လို့ သိရပါတယ်။ ဂါလီဘတ်ဖ်နဲ့ အာရာ့ချီတို့ မကြာသေးခင်က ကာတာနိုင်ငံကို သွားရောက်ခဲ့တာနဲ့ ပါကစ္စတန်ကို မသွားချင်ကြတာ၊ အီရန်မှာ ဆွေးနွေးမှုတွေ မလုပ်ချင်တာတွေက အီရန်ဘက်ကနေ ဘယ်သူက စီစဥ်နေပေးတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။
ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က အီရန်ရဲ့ Persian Gulf Strait Authority ဆိုတာကို ပျက်ရယ်ပြုလိုက်ပြီး ဆန်ရှင်သစ်ချထားလိုက်သလို ဟော်မုဇ်မှာ ဖြတ်သန်းခကောက်ခံတာကို လုံးဝသည်းခံမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် toll နဲ့တိုက်ရိုက် (သို့) သွယ်ဝိုက်ပြီး ပါဝင်ပတ်သက်နေသူတွေ အကုန်လုံးကို ပြင်းပြင်းထန်ထန် ပစ်မှတ်ထားမယ်လို့ အိုမန်ကိုပါ သတိပေးထားပါတယ်။ အီရန်က အိုမန်ကို ဟော်မုဇ်ထဲမှာ သင်္ဘောတွေကို ပူးတွဲစီမံလမ်းပြပေးဖို့ အဖော်ညှိပြီး သဘောတူညီချက်ရယူထားတာကြောင့် အခုလို သတိပေးလိုက်တာပါ။
ဒီနေ့ပြုလုပ်သွားတဲ့ ဘဏ္ဍာရေးဝကရဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရန် deal နဲ့ပတ်သက်ပြီး ဝကက အသေးစိတ်သဘောတူညီချက်ရဖို့က ဖြေးဖြေးသွားမှရမယ်လို့ ဆိုပါတယ်။ အီရန်ပြည်သူတွေ အပါအဝင် လူအများက အမြန်ပွဲသိမ်းစေချင်ပေမယ့် အမေရိကန်တွေအတွက် အချိန်က ကိုယ့်ဖက်မှာ ဖြစ်တော့ အလျင်လိုစရာမလိုပဲ အကောင်းဆုံး deal ရအောင် စောင့်လို့ ရတယ်လို့ ပြောချင်ပါတယ်။ ဘက်ဆန့်က အီရန်ဆိပ်ကမ်းတွေကို ဆက်လက်ပိတ်ဆို့သွားမှာဖြစ်သလို အီရန်လေကြောင်းလိုင်းတွေ ကိုလည်း ဆင်းမရအောင်၊ ဆီဖြည့်မရအောင်၊ လက်မှတ်ရောင်းမရအောင် တားဆီးသွားမယ်လို့ ပြောသွားပါတယ်။
FIFA ကမ္ဘာ့ဖလားပွဲမှာ ပြည်ပရောက်အီရန်တွေက ခြင်္သေ့နဲ့နေပါတဲ့ အလံတွေနဲ့ အင်အားပြဖို့ စီစဥ်နေကြတဲ့အပေါ် FIFA က အဲဒီအလံကို ပိတ်ပင်ဖို့လုပ်နေတဲ့အတွက် အီရန်အဆိုးရကို ဆန့်ကျင်သူ တွေနဲ့ ပဋိပက္ခတွေ ဖြစ်နေကြပါတယ်။
အီရန်ကို အမေရိကန်က ဆန်ရှင်စလုပ်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် အီရန်က ဘာလို့ ရေနံတွေ ဆက်ရောင်းပြီး ဒုံးကျည်တွေ ဒရုန်းတွေ လုပ်ဖို့ ပိုက်ဆံရနေသေးတာလဲဆိုတော့ ဆန်ရှင်ကို ကြပ်ကြပ်မတ်မတ် မကိုင်တွယ်ခဲ့ကြလို့ပါပဲ။ အီရန်၊ ရုရှားနဲ့ ဗင်နီဇွဲလားတို့ကို ရေနံဆန်ရှင် လုပ်ထားခဲ့တာဖြစ်လို့ အဲဒီနိုင်ငံတွေက ရေနံကို သူခိုးဈေးနဲ့ ဝယ်မယ့် တြုပ်ကြီးက ရှဲဒိုးသင်္ဘောတွေနဲ့ ဝယ်ပါတယ်။
ရှဲဒိုးသင်္ဘောဆိုတာက အီရန်က ရေနံတင်လာတဲ့ သင်္ဘောက မလေးရှားကမ်းလွန် နိုင်ငံတကာရေပြင်မှာ ရေနံလာယူတဲ့ တရုပ်သင်္ဘောတွေထဲကို ပိုက်နဲ့ ပြောင်းထည့်ပေးတာ ဖြစ်ပါတယ်။ ပိုက်နဲ့မထည့်ခင် တစီးနဲ့ တစီး ဘေးချင်းယှဥ်ကာ ၁၁ပေလောက်ပဲ ခြားပြီး လှိုင်းတူတူစီးနိုင်အောင် ကြိုးတွေနဲ့ ထိန်းကြပါတယ်။ သင်္ဘောအကြီးက ဘမ်ပါတွေကို သင်္ဘောအငယ်ကို ထိခိုက်မိမှာစိုးလို့ နှိမ့်ထားရပါတယ်။ ရေနံတင်သင်္ဘောတွေက အကြီးကြီးတွေဖြစ်တော့ ၁၁ပေဆိုတာ တော်တော်ကို နီးကပ်နေတာပါ။ ရေနံတန်ကာအကြီးတစီးကို စည် ၂သန်းအထိ ဆန့်တာဖြစ်လို့ လာကဲ့တဲ့သင်္ဘော အရွယ်ပေါ် မူတည်ပြီး ပိုက်နဲ့ ဖြည့်ချိန် ၁ရက်ကနေ ရက်အနည်းငယ်အထိ ကြာတတ်ပါတယ်။
အဲဒီလို သင်္ဘောပြောင်းရတဲ့ ရည်ရွယ်ချက်က ဘယ်ကလာတဲ့ ရေနံမှန်းမသိအောင်လို့ပါ။ ရှဲဒိုးသင်္ဘောတွေက AIS ပိတ်ထားသလို နာမည်ကို ဆေးနဲ့ဖျက်/ တာလပတ်နဲ့ကာပြီး ရုပ်ဖျက်ထားကြပါတယ်။ လာကဲ့တဲ့ သင်္ဘောတွေက ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အလံကို အငှားတင်ထားတဲ့ တရုပ်သင်္ဘောတွေဖြစ်တော့ တရုပ်အဖွဲ့တွေနဲ့ လာကြပြီး တရုပ်ပြည်က ရေနံချက်စက်ရုံလေးတွေဆီ ဆက်မောင်းသွားကြပါတယ်။ အဲဒါကြောင့် အီရန်ကနေ တရုပ်ပြည်ကိုရောက်ဖို့ ၂-၃လလောက်အထိ ကြာသွားနိုင်ပါတယ်။ အဲဒီလို ဆန်ရှင်ရှောင်တာတွေကို မနှိမ်နှင်းခဲ့လို့ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ရှဲဒိုးသင်္ဘော တရာကျော်တဲ့အထိ များလာတာဖြစ်ပါတယ်။ အဲဒီရှဲဒိုးသင်္ဘောတွေက သင်္ဘောသားတွေက တခေါက်ကို ပုံမှန်ထက် ၁ထောင်- ၃ထောင်လောက်အထိ ပိုရကြတာပါ။ အီရန်က အဆိုပါနည်းနဲ့ တရုပ်ဆီကို တနှစ် ၃၀-၃၅ဘီလီယံဖိုး ရေနံရောင်းနေရတာ ဖြစ်ပါတယ်။
အီရန်လို အစ္စလာမ်ဘာသာရေးအစွန်းရောက်တွေ ကြီးစိုးတဲ့တိုင်းပြည်က အစ္စလာမ်တွေကို ရှယ်နှိပ်ကွပ်တဲ့ တရုပ်ကို ဘာလို့ဆရာတင်ထားလဲဆိုတာကိုကြည့်ရင် ဘာသာရေးကို အရောင်ပြထားတာဆိုတာ ရှင်းသွားပါလိမ့်မယ်။ တရုပ်ပြည်မှာ ကလေး ၅သိန်းပါတဲ့ မွတ်ဆလင် ၁.၈သန်းကို ကမ့်ပ်တွေကို ပို့ပြီး ဝက်သားစားခိုင်း၊ အရက်သောက်ခိုင်း၊ ဘာသာစွန့်ခိုင်းပြီး ကွန်မြူနစ်ပါတီကို ချီးမွမ်းခန်း ဖွင့်ခိုင်းကြတာပါ။ ကလေးတွေကို မိဘတွေနဲ့ ဝေးရာမှာကျောင်းအိပ်ကျောင်းစားပို့ပြီး ဟန်တရုပ်စာ၊ စီစီပီဝါဒတွေ သွပ်သွင်းပြီး ယဥ်ကျေးမှုတော်လှန်ရေး လုပ်ကြပါတယ်။
စီစီပီက ဘာသာရေးအစွန်းရောက်တွေ၊ အကြမ်းဖက်စိတ်ဓါတ်တွေဟာ ကူးစက်တတ်တဲ့ ရောဂါဆိုးလို့သဘောထားပြီး ဆေးရုံတက်ကုသဖို့ လိုသလိုမျိုး သတ်မှတ်ကြပါတယ်။ ထောင်ချီတဲ့ ဗလီတွေကိုလည်း ဖျက်ဆီး (သို့) ပြောင်းလဲအသုံးချပါတယ်။ အဲဒီလိုအစိုးရကို ခြေထောက်ဖက်နေတဲ့ အီရန်က ဘာသာကို အလေးထားတာ ဖြစ်နိုင်ပါ့မလား။ ဂေးကြီးကို ဆူပရင်းမ်လီဒါတင်ထားတာကရော ဘာသာကို အလေးထားတာ ဟုတ်ပါ့မလား။ အမေရိကန်နဲ့ အနောက်ကမ္ဘာမှာ အဲဒီဘာသာဝင်တွေ မဟုတ်တရုတ်လုပ်နေလို့ ဝေဖန်ရင် အစ္စလာမ်မိုဖိုးဘီးယားလို့ အူယားဖားယား စွပ်စွဲကြတဲ့ လစ်ဗြဲများက တရုပ်စီစီပီကိုတော့ နှာစေးနေကြတာကိုရော ဘယ်လိုယူရပါမလဲ။
အမေရိကန်က နေတိုးနိုင်ငံတွေရဲ့ စစ်စခန်းတွေမှာရှိတဲ့ တပ်အင်အားတင်မက ယာဥ်လက်နက် ယန္တယားတွေကို ပြန်သိမ်းနေတာမှာ တိုက်လေယာဥ်တွေရဲ့ သုံးပုံတပုံ၊ ဗုံးကြဲလေယာဥ်တွေရဲ့ တဝက်ကို ပြန်သိမ်းထားပြီးဖြစ်ပါတယ်။ ရေငုပ်သင်္ဘောကတော့ လုံးဝကို ပေးမထားတော့တာပါ။ ဒါက ကြေငြာပြီး သိမ်းတာမဟုတ်ပါဘူး။ ဘရပ်ဆဲလ်စ်က နေတိုးဌာနချုပ်မှာ ထရမ့်ရဲ့ သံတမန်က briefing ပေးတာကို ရိုက်တာက တင်ပြထားတာဖြစ်ပါတယ်။ နေတိုးပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက သူတို့အနေနဲ့ အမေရိကန်အပေါ် အလွန်အမင်း မှီခိုခဲ့တာကို အသိအမှတ်ပြုသွားပါတယ်။ နေတိုးနိုင်ငံတွေက အမေရိကန်ရဲ့ စစ်ယာဥ်/လက်နက်တွေအပေါ် သူတို့ရဲ့ လုံခြုံရေး/ ကာကွယ်ရေးကို တည်ဆောက်ထားတာဖြစ်တယ်လို့ ဆိုလိုတာပါ။ ရုရှား-ယူကရိန်းစစ်ကလည်း မပြီးသေး၊ ဥရောပကလည်း ကာကွယ်ရေးအတွက် ခုမှ ပိုက်ဆံနဲနဲတိုးသုံးဖို့ ပြင်နေတာဆိုတော့ အဆင်သင့် ဖြစ်ဖို့က အဝေးကြီးမှာပါ။
ဥရောပက အမေရိကန်ကိုတင် မှီခိုခဲ့တာမဟုတ်ပဲ တရုပ်ကိုပါ မှီခိုမိနေခဲ့ရာက ခုတော့ နိုးထလာကြပြီ ဖြစ်ပါတယ်။ သူတို့ထက် အင်အားကြီးလာတဲ့ အမေရိကန်ကို ဆန့်ကျင်တဲ့အနေနဲ့ တရုပ်ရဲ့ ခါးပတ်လမ်း စီမံကိန်းကို အလျင်စလို လက်ခံလိုက်တာရယ်၊ ဈေးပေါတဲ့ တရုပ်ကုန်စည်တွေ၊ ဆိုလာပြားတွေ၊ လျှပ်စစ်ကားတွေ၊ မြေရှားတွေနောက်ကို လိုက်မိတာကနေ ခုတော့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို လျော့ချဖို့ ပြင်ဆင်နေရပါပြီ။ ခုထိတော့ G 7 ထဲမှာ အီတလီ တနိုင်ငံကပဲ တရုပ်နောက်လိုက်ခဲ့တဲ့ အဖြစ်ကို မှားယွင်းတယ်လို့ ဝန်ခံပါသေးတယ်။
ဥရောပကစွမ်းအင်အတွက် ရုရှားကို မှီခိုခဲ့တာက ယူကရိန်းနဲ့ စစ်ဖြစ်လိုက်ချိန်မှာ သူတို့အတွက် ထိခိုက်လွယ်တဲ့ အနေအထား ဖြစ်သွားခဲ့ပြီး တရုပ်နဲ့လည်း အဲဒီလို ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။ အခုဆို ဘရပ်ဆဲလ်စ်က တရုပ်ကုန်စည်တွေအပေါ် tariff ကောက်ပြီး ပြည်တွင်းထုတ်လုပ်မှုကို ကာကွယ်ထောက်ပံ့နေပါပြီ။ ဒါပေမယ့် နှစ်ပေါင်းများစွာ ပြည်တွင်းထုတ်လုပ်မှုကို လစ်လျူရှုခဲ့လို့ ခါးဆက်က ပြတ်လုနေပါပြီ။ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်ကို အာဏာရှင်နိုင်ငံတွေနဲ့ သွားချည်ထားရင် ဘယ်လိုနိဂုံးချုပ်နိုင်တယ်ဆိုတာ ကျဆင်းလာတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေကို ကြည့်ရင် သိနိုင်ပါတယ်။