ကာလီဖိုးနီးယားမှာ အင်္ဂါနေ့က ပဏာမရကပပြီးသွားပေမယ့် အခြားပြည်နယ်တွေမှာလို မဟုတ်ပဲ ၁၃ရက်ကြာ မဲရေတွက်မှာဖြစ်ပြီး ဇွန်လ ၁၅ရက်နေ့ကျမှ ပြီးစီးမယ်လို့ ပြည်နယ် Sec of State က ကြေငြာသွားပါတယ်။ ဖလော်ရီဒါလို ပြည်နယ်မှာ မဲရုံပိတ်ပြီး နာရီပိုင်းအတွင်း အကုန်ရေလို့ ပြီးပါတယ်။ ကြာလီဖိုးနီးယားက ဘာလို့ကြာတာလဲဆိုတော့ သူခိုးတွေ ကြီးစိုးနေလို့ပါလို့ ပြောရမှာပါ။ သူခိုးကြီးစိုးတော့ ပေါင်းစားလို့မရမယ့်သူမျိုး၊ အုပ်ချုပ်သူလူတန်းစားထက် အခွန်ထမ်းပြည်သူကို အလေးထားမယ့်လူမျိုးတွေ ဘယ်လိုမှ မနိုင်နိုင်အောင် နည်းမျိုးစုံနဲ့ ညစ်ပြီး သူတို့လူ မနိုင်မချင်းရေဖို့ အချိန်ဆွဲထားတာပါ။
ကာလီဖိုးနီးယားမှာတော့ မဲစာရင်းထဲမှာ ဖောင်းပွနေတာ ၉သိန်းလောက်ကို ရှိနေတာပါ။ အတိအကျက ၈၇၃,၀၉၂ ပါ။ အဲဒီထဲက တော်တော်များများက သေပြီး တချို့က ပြောင်းသွားပြီးတာ election cycle ၄ခု မကတော့ပါဘူး။ တချို့ဆို ၁၀နှစ်အထက် ဘာလှုပ်ရှားမှုမှ မရှိတာပါ။ အဲဒါက National Voter Registration Act ကို ဖောက်ဖျက်တာဖြစ်လို့ Judicial Watch က voter roll clean up လုပ်ဖို့ တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။
မဲစာရင်းဖောင်းပွတာက မဲမထည့်တာ ကြာနေတဲ့ သေပြီးသူ၊ ပြောင်းသွားပြီးသူဆိုရင် သူတို့က အဲဒီမဲတွေကို print ထုတ်ပြီး သူတို့လိုချင်တဲ့ဆီထည့်ပေးလို့ ရတယ်လေ။ အဲဒါကြောင့် မနိုင်မချင်းရေတာလို့ ဆိုကြတာပါ။ ကွန်ဆာဗေးတစ်များတဲ့မြို့က ကြိုတင်မဲပုံးတွေ ဖျက်ဆီးခံရတဲ့သတင်းတွေ၊ စာတိုက်က ကွန်ဆာဗေးတစ်မဲတွေ ဖျောက်ပစ်တဲ့ သတင်းတွေလည်း တက်နေတာပါပဲ။
တဦးကတော့ စနစ်ဘယ်လိုလဲဆိုတာ သိချင်လို့ သူ့အတွက် မဲကို print ထုတ်ပေးဖို့ မဲရုံကို သွားပြောပါတယ်။ အဲဒီတော့ ID မတောင်းပဲ မင်းရဲ့ နောက်ဆုံးနာမည်ရဲ့ ပထမစာလုံး ၃လုံး၊ ရှေ့နာမည်ရဲ့ ပထမစာလုံး ၃လုံးကို မေးပါတယ်။ အဲဒီနည်းနဲ့ နာမည်တွေ လျောက်ရွတ်လိုက်ရုံနဲ့ အဲဒီနာမည်နဲ့ ဆင်တာတွေကို print ထုတ်ခိုင်းလို့ ရပါတယ်။ ပြီးရင် အဲဒီ print ကို ယူပြီး သွားဖြည့်၊ ထည့်လိုက်ရုံပါပဲ။ မဲကောက်သင်းကောက်တာလိုပဲ အဲဒီလိုမဲပေးကြတာကို ပရော်ဖက်ရှင်နယ် လုပ်စားသူတွေ ရှိနိုင်ပါတယ်။
ဂါဗာနာရွေးကောက်ပွဲမှာ လောလောဆယ် တတိယလိုက်နေတဲ့ Tom Steyer ဆိုတဲ့ ဘီလျံနာက သူ့ကိုယ်ပိုင်ပိုက်ဆံထဲက သန်း ၂၀၀ကျော်သုံးပြီး စတိဗ်ဟေလ်တန်ကို တိုက်ခိုက်ခဲ့ပေမယ့် ခုချိန်မှာ ရှေ့ဆုံးကပြေးနေတဲ့ ဟေလ်တန်နဲ့ မဲ ၄သိန်းကျော် ကွာနေပါသေးတယ်။ ဒါပေမယ့် မဲရေဖို့ ၁၃ရက်ကြာမယ်ဆိုတော့ Steyer က ပျော်ပါလေရော။ Count every vote တဲ့။ ဟုတ်ကဲ့၊ ဖလော်ရီဒါလည်း Count every vote ပါပဲ။ ကွာတာက ဖလော်ရီဒါမှာ မဲပေးရင် ID ပြရပြီး မဲပေးပြီးတာနဲ့ ကိုယ့်နာမည်ကို စာရင်းထဲက ဖျက်ပစ်လိုက်တာပါ။
စတေယာက ကိုယ်ပိုင်ပိုက်ဆံသုံးတယ်ဆိုတော့ ကျန်တဲ့လူတွေရော ဘယ်လိုရကြ သုံးကြလဲ သိချင်တာနဲ့ တူးဆွကြည့်မိပါတယ်။ ရှေ့ဆုံးကပြေးနေတဲ့ ဟေလ်တန်က အလှူငွေ တသောင်း သုံထောင် ရှစ်ရာနဲ့ အနည်းဆုံးရသူဖြစ်ပြီး Matt Mahan က ၂၁.၇သန်း၊ ဘာစေရာက ၁၃.၁သန်းနဲ့ စတေယာတောင် ၁.၄သန်း ရခဲ့ကြတာပါ။ ကန့်ကွက်သူတွေက သုံးကြတဲ့ငွေပမာဏမှာတော့ စတေယာက ၃၇.၁၂၅သန်း၊ ဘာစေရာက ၁၀.၃သန်းနဲ့ ဟေလ်တန်က ၂သန်းခွဲ ဖြစ်ပါတယ်။
Climate activist စတေယာကို ကန့်ကွက်ဖို့ သုံးတဲ့ ၃၇သန်းထဲမှာ Jobs PAC Coalition of CA Employers က ၁၅.၂၅သန်း (အဲဒီထဲမှာ ထိပ်ဆုံးကပါတာက PG&E နဲ့ Meta)၊ နောက်ထပ် PG&E ပါတဲ့ တဖွဲ့ကလည်း ၁၃.၆သန်း၊ CA Real Estate PAC နဲ့ CA Association of Realtors တို့ဦးဆောင်တဲ့အဖွဲ့က ၇.၀၅သန်း၊ CA Building Industry Association PAC က ၁.၂သန်း၊ CA Correctional Peace Officers က ၂သောင်းခွဲ ဖြစ်ပါတယ်။ ယူအန်ကတောင် ကလိုင်းမိတ်ချိန့်ကို မမှန်ပါဘူးလို့ ဝန်ခံပြီးတာကို ကလိုင်းမိတ်ကြွတက်သူလုပ်ချင်နေတော့ အိမ်ဆောက်မယ့်သူတွေ၊ အလုပ်အကိုင်သမားတွေက ကြောက်ပြီပေါ့။
CA အမတ်၊ CA ရှေ့နေချုပ်နဲ့ ဘိုင်ဒန်လက်ထက်မှာ ကျန်းမာရေးဝက လုပ်ခဲ့တဲ့ ဘာစေးရာကို ကန့်ကွက်ဖို့ သုံးတဲ့ ၁၀.၃သန်းထဲမှာ CA Realtors က ၂.၇၅သန်း၊ Pacific Southwest အလုပ်သမားများ PAC က ၂.၄၅သန်း၊ အင်ဒီးယန်းတွေက ၂သန်း၊ CA Medical Association က ၁.၄သန်း၊ Airbnb က ၁သန်း၊ CA လျှပ်စစ်လုပ်သားများက ၁သန်း၊ ဖဘ Meta က ၉သိန်းခွဲ၊ Chevron က ၅သိန်း၊ မက်ဒေါ်နယ်ဦးဆောင်တဲ့ Protect Small Biz က ၅သိန်း၊ DaVitta လူနာစောင့်ရှောက်ရေးက ၅သိန်းပါ။ ကျန်းမာရေးဝကဟောင်းကို Medical Association က ကန့်ကွက်တယ်ဆိုတော့ သဘောပေါက်ကြပေါ့။
ဟေလ်တန်ကို ကန့်ကွက်ဖို့သုံးတဲ့ ၂သန်းခွဲထဲမှာ ဘုရှ်ထောက်ခံတဲ့ Bill Bloomfield က ၁သန်း၊ Democratic Governors Association က ၇သိန်းခွဲ၊ CA Nurses Association PAC က ၅သိန်း၊ SEIU က ၂သိန်းခွဲပါ။ Bianco တို့လို ရီပါဘလစ်ကန်တွေက ဘုရှ်တို့လို establishment နဲ့ ယူနီပါတီသမားတွေ ဆိုတော့ သူတို့တွေက common sense သမား ဟေလ်တန်ကို မကြိုက်တာ မဆန်းပါဘူး။ LAလို အရမ်းအရမ်းကိုပြာတဲ့နေရာမှာတောင် ဟေလ်တန်က ဘာစေးရာထက် မဲ ၈သောင်းလောက်ပဲ ကွာပြီး ဒုတိယလိုက်နေတာပါ။
LA မြို့ဝန်ဝင်ပြိုင်တဲ့ realty TV star Spencer Pratt က ခုထိ ဒုတိယ လိုက်နေပါတယ်။ သူကလည်း common sense သမားပဲဆိုတော့ ပုံမှန်လူတွေ နားလည်တဲ့စကားပဲ ပြောပါတယ်။ နိုင်ငံရေးလုပ်စားသူတွေလို စကားလုံးကြီးကြီးနဲ့ လူနားမလည်တာတွေ မပြောပါဘူး။ အဲဒီလို လူနားမလည်အောင် ပြောသူတွေကိုတော့ နားလည်ချင်ယောင်ဆောင်တဲ့လူတွေကပဲ မဲပေးကြမယ် ထင်ပါတယ်။ လက်ရှိမြို့ဝန် ကာရင်ဘက်စ်က မနှစ်က မြို့မီးလောင်တုန်းက နိုင်အောင်မသတ်ပဲ နျူဆမ်လိုပဲ လလလလတွေပြောပြီး ရှောင်ဖယ်နေသူပါ။ Pratt က သူ့အိမ် အဲဒီမီးထဲ ပါသွားခဲ့သူ ဖြစ်ပါတယ်။ ခုထိ အိမ်တွေ ပြန်ဆောက်နိုင်အောင်မလုပ်ပဲ စိတ်ညစ်ပြီး ပြောင်းကုန်မှ အထပ်မြင့်ဆောက်မယ့်သူတွေကို ပေးချင်သူဖြစ်ပါတယ်။
ခုဟာက ပဏာမရကပဖြစ်တော့ ထိပ်ဆုံး ၂ဦးက နိုဝင်ဘာမှာမှ ထပ်ပြိုင်ရဦးမှာပါ။ သူခိုးကို မဲပေးမိရင်တော့ ထပ်ခါထပ်ခါ အခိုးခံနေရမှာပါပဲ။