Operation Epic Fury (83)

လက်ဘနွန်က ဟဇ်ဘိုလာတွေကို သမ္မတထရမ့်က အစ္စရေးဘက်ကို မပစ်ဖို့ တားမြစ်လိုက်ပြီး အစ္စရေးကိုလည်း လက်ဘနွန်ကို မတိုက်ဖို့ တားမြစ်ပြီး ရက်အနည်းငယ်မှာပဲ ပစ်ခတ်မှုတွေ ပြန်ဖြစ်လာပြီး အစ္စရေးက ဘေရွတ်ကို ပစ်ခတ်ခဲ့ပါတယ်။ အဲဒါကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်က အစ္စရေးမြောက်ပိုင်းကို ဒုံးတွေ ပစ်လွှတ်ခဲ့ပါတယ်။ အစ္စရေးက အများစုကို ဖျက်ချနိုင်ခဲ့ပေမယ့် ဒေသခံအများစုက ဗုံးခိုကျင်းတွေမှာ နေနေရပြီး တချို့ကလည်း မြောက်ဖက် တတိယအကြီးဆုံး ဟိုင်ဖာမြို့ကနေ တောင်ဖက်ကို ပြေးကုန်ကြပြီဖြစ်ပါတယ်။ အစ္စရေးက ဘေရွတ်ကို ပစ်ခတ်ခဲ့တာဟာ အကြီးအကျယ်ထိုးစစ်ဆင်တာမျိုးမဟုတ်ပဲ small targeted operation ဖြစ်တဲ့အတွက် ခေါင်းဆောင်အချို့ကိုသာ ပစ်မှတ်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းအချို့က ဖော်ပြကြပါတယ်။ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ၂ဦးသေဆုံးပြီး ၂၀ခန့် ဒဏ်ရာရတယ်လို့ သိရပါတယ်။ အီရန်ကလည်း အစ္စရေးက လက်တုန့်ပြန်ခဲ့ရင် ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကိုပါ ပစ်ခတ်မယ်လို့ ကျုံးဝါးထားပါတယ်။

အခုလို ပစ်ခတ်မှု အပြီးမှာ အီရန်အတွက် ဘာစကားပါးချင်သလဲဆိုတော့ ပစ်ချင်တာ ပစ်ပြီးပြီဆိုတော့ အပစ်ရပ်ပြီး ဆွေးနွေးတဲ့ဘက်ကို ပြန်လှည့်ပါ၊ သဘောတူညီချက်​ ရယူပါလို့ ပြောသွားပြီး အစ္စရေးကိုတော့ ဘေရွတ်ကို တိုက်ခိုက်ခဲ့မှုအတွက် စိတ်ပျက်မိကြောင်း၊ အစ္စရေးကလည်း အီရန်အပေါ် လက်တုန့်ပြန်တာမျိုး မလုပ်ပါနဲ့လို့ သမ္မတထရမ့်က ဖောက်စ်က ထရေယင့်စ်ကို ပြောလိုက်ပါတယ်။ အရင်ရက်က အီရန်နဲ့ သဘောတူညီချက်ရခဲ့ရင် လက်မှတ်ထိုးဖို့ မော့တာဘာ ခါမေနီနဲ့ တွေ့ဆုံမှာလားဆိုတဲ့ မေးခွန်းကို သမ္မတထရမ့်က တွေ့မယ်လို့ ပြန်ဖြေသွားပါတယ်။

စစ်ဆိုတာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြတာမှန်ပေမယ့် အမေရိကန်တို့ အစ္စရေးတို့က ရန်သူနဲ့ ပြည်သူကို ခွဲခြားပြီး မြင်တဲ့အတွက် ပစ်ရင် precision target ဆိုတဲ့ ကိုယ့်ကို ပြန်ထိခိုက်လာမယ့် စစ်ဘက်ပစ်မှတ်တွေကိုပဲ တိတိကျကျ ပစ်ခတ်ကြပြီး မဆိုင်တဲ့ပြည်သူတွေ မထိဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်။ အီရန်လို အကြမ်းဖက်တွေကတော့ ရန်သူနိုင်ငံက ပြည်သူလည်းရန်သူ၊  ရန်သူနိုင်ငံနဲ့ အလွမ်းသင့်တဲ့ နိုင်ငံတွေက လူတွေလည်း ရန်သူ၊ နောက်ဆုံး ကိုယ့်တိုင်းပြည်က ကိုယ်နဲ့ ပေါင်းစားမနေသူတိုင်းကိုပါ ရန်သူလို့ သတ်မှတ်တဲ့အတွက် အစ္စရေးပြည်သူထိခိုက်တာက သူတို့အတွက် အမြတ်လို့ပဲ တွက်ကြတာပါ။

စနေနေ့က ဟော်မုဇ်ရေလက်ကြားနဲ့ ပင်လယ်ကွေ့အိမ်နီးချင်းတွေကို ပစ်ခတ်ခဲ့တဲ့ အီရန်ရဲ့ ပဲ့ထိန်းဒုဲးကျည်တွေနဲ့ ဒရုန်းတွေကို အမေရိကန်တပ်တွေက ဖျက်ချပေးခဲ့တာအတွက်လည်း အီရန်က ဒေါပွပြီး ကူဝိတ်နဲ့ ဘာရိန်းတို့အပေါ် ပဲ့ထိန်းဒုံးကျည် ၇စင်း ပစ်လွှတ်ခဲ့ပါသေးတယ်။ ဒီနေ့ အစ္စရေးကို ဒုံးကျည် ၄စီးနဲ့ပဲ ပစ်ခတ်ခဲ့ပေမယ့် အရင်ကလို အစင်းပေါင်း ရာချီပစ်ခတ်တာမဟုတ်သလို ဖျက်ချဖို့ ခက်ခဲတဲ့ cluster munition တွေနဲ့ ပစ်ခတ်တာမဟုတ်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်တယ်လို့ သတ်မှတ်ပြီး သမ္မတထရမ့်က ဆွေးနွေးပွဲဆက်လုပ်ဖို့ အခွင့်အရေးပေးတာ ဖြစ်နိုင်ပါတယ်။ အီရန်ဘက်က ပစ်ခတ်တဲ့ ဒုံးကျည်အစင်းရေနည်းသွားတာက လက်ကျန်နည်းလို့လည်း ဖြစ်နိုင်သလို အမေရိကန်နဲ့ အစ္စရေးက ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့ရင် သူတို့ပဲအထိနာမှာဖြစ်လို့ ချုပ်တီးနေရတာလည်း ဖြစ်နိုင်တာပါပဲ။

အပြစ်မဲ့ပြည်သူကို ပစ်ခတ်သတ်ဖြတ်ချင်တဲ့ ရန်သူတွေ ဝိုင်းနေတဲ့ အစ္စရေးရဲ့ အနေအထားကိုကြည့်ရင် သူတို့ပြည်သူလုံခြုံဖို့အတွက် သူတို့ဘက်က လက်ဦးမှု ရယူဖို့ အရေးတကြီးဖြစ်နေတာကို လွန်တယ်လို့ ဆိုဖို့ ခက်ပါလိမ့်မယ်။

နောက်ဆုံးရသတင်းမှာတော့ အစ္စရေးကို အီရန်မွေးထားတဲ့ ယီမင်က ဟူသီအကြမ်းဖက်တွေက ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်လာတဲ့အတွက် တဲလ်လဗိဗ်တမြို့လုံး ဥဩဆွဲသံတွေ ဆူညံနေသလို မြို့ကလူတွေ ဗုံးခိုကျင်းတွေထဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ အစ္စရေးကလည်း အီရန်အလယ်ပိုင်းနဲ့ အနောက်ပိုင်းက စစ်ဘက်ပစ်မှတ်တွေကို ပစ်ခတ်ခဲ့ပြီး အီရန်အနောက်တောင်ပိုင်း ခူဇက်စတန်ခရိုင် Mahshahr ဒေသက ရေနံဓါတုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံဝင်းထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် စက်ရုံက တစိတ်တပိုင်း ပျက်စီးသွားပြီး ဒေသတဝိုက်မှာ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။

Counterterrorism ကျွမ်းကျင်သူ ဒေါက်တာ အိုမာမိုဟာမက်က အလီခါမေနီကို ရှင်းပစ်ခဲ့တဲ့ လေကြောင်းစစ်ဆင်ရေးမှာ ကွန်ပေါင်းတခုထဲမှာနေတဲ့ နိုင်ငံခြားရေးဝန်ကြီးက ဘေးမသီရန်မခခဲ့တဲ့ ဖြစ်ရပ်ကိုကြည့်ပြီး သမ္မတထရမ့်က ခေါင်းဆာင်တွေအကုန်လုံးကိုရှင်းပြီး အီရန်ကို ဝင်အုပ်စီးချင်တဲ့ သဘောမျိုး မရှိတာ ထင်ရှားကြောင်း၊ အခုလို လုံးဝအနိုင်ပိုင်းလိုက်နိုင်တဲ့ အခြေအနေမှာတောင် သူ့ထုံးစံအတိုင်း တဖက်ကို ထွက်ပေါက်ပေးချင်တဲ့သဘောရှိတယ်လို့ထင်ကြောင်း သုံးသပ်သွားပါတယ်။ သုံးသပ်သူတွေက အမျိုးမျိုးသုံးသပ်ကြပေမယ့် ကမ္ဘာ့အခင်းအကျင်း ပြောင်းလဲဖို့၊ စစ်ကုန်ကျစရိတ် ပြန်ရနိုင်ဖို့တွေအပါအဝင် သူ့စိတ်ကြိုက် အခြေအနေကို မရောက်သေးတာရယ်​၊ ပြည်သူတွေ မနာစေဖို့တွေ ပါနိုင်ပါတယ်။

တီဟီရန်က ဝါရှင်တန်နဲ့ ဆွေးနွေးပွဲတွေက ပါကစ္စတန်လမ်းကြောင်းတွေကနေ ဆက်သွားနေကြောင်း၊ အမေရိကန်က တောင်းဆိုချက်တွေ ပြောင်းလဲနေပြီး ဘာလိုချင်မှန်းမသိဖြစ်နေတယ်လို့ ပြောကြောင်း အီရန်ဘက်က အခိုင်အမာ အားပေးနေတဲ့ စီအန်အန်က တင်ဆက်သွားပါတယ်။ လစ်ဗြဲမီဒီညာတွေ အားလုံးဟာ အီရန်စစ်အကြောင်း တင်ဆက်လိုက်တိုင်း အီရန်ဘက်ကို စာနာပြီး သူတို့ဒုက္ခပေးနေတဲ့ လူတွေဘက်ကို ဖော့ပြတာ တွေ့ကြရမှာဖြစ်သလို အယ်လ်ဇိုင်းမား/ အော်တိုပန်သမ္မတကို အင်မတန် ထက်မြက်သလိုလို၊ ဟန်းတားလက်ပ်တော့ကိစ္စကို လီဆယ်ပြီးပြောတာလိုလို ဖုံးဖိဖာဖော ပေးခဲ့ကြပြီး လတ်တလော မဲခိုးမှုအကြီးအကျယ် ဖြစ်ပွားနေတဲ့ ကာလီဖိုးနီးယားပဏာမရကပကိစ္စ၊ ပြည်သူ့ပိုက်ဆံကို ဘီလီယံနဲ့ချီပြီး လိမ်လည်နေတဲ့ ကိစ္စတွေကို ဘယ်သူမှ ကြိုးစားရှာဖွေ တင်ဆက်မယ်လို့ မရှိကြပါဘူး။ အဲဒါကြောင့် ဒီနေ့ သမ္မတထရမ့်က ဖောက်ပြန်တဲ့ သတင်းသမားတွေ ရှိနေတဲ့နိုင်ငံဟာ ဘယ်တော့မှ ကြီးကျယ်ကောင်းမွန် လာမှာ မဟုတ်ဘူးလို့ Meet the Press က Kristen Welker နဲ့ ဗျူးနေတုန်း ထထွက်မသွားခင် ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အခုကာလီဖိုးနီးယားမှာ လုပ်နေတဲ့ မဲရေပုံက ၂၀၂၀တုန်းက ဘိုင်ဒန်ကို အိမ်ဖြူပို့ခဲ့တာနဲ့ တပုံစံတည်းပါပဲ။ မိုးခဲပြီးတက်လာတဲ့ အယ်လ်ဇိုင်းမား/အော်တိုပန်ဘိုင်ဒန်ကို လေးစားညှာတာပြသလောက် မီဒီယာနဲ့ ဒိစတိတ်ရဲ့ တဖက်သတ် ထိုးနှက်နေတဲ့ကြားက လူထုက တခဲနက် ရွေးတင်လိုက်ကြတဲ့ သမ္မတကိုကျမှ လေးစားမှု နဲနဲလေးမှ မပြနိုင်ပဲ ရန်သူဘက်ကိုမှ ပင်းချင်ကြတဲ့ မီဒီညာကို ဆက်ကြည့်နေကြသူတွေက အသေဝနာစ ဗာလာနံဆိုတဲ့ ပထမဆုံးမင်္ဂလာကို မမေ့ကြဖို့ သတိပေးလိုက်ပါတယ်။

Leave a comment