Operation Epic Fury (84)

မနေ့ညက အမေရိကန်ရဲ့ အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Apache ရဟတ်ယာဥ်တစီးကို ဟော်မုဇ်မှာ ကင်းလှည့်နေစဥ် အီရန်ဒရုန်းက ပစ်ချခဲ့တဲ့အတွက် လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်တွင်းက လေကာစနစ်၊ ရေဒါအပါအဝင် နေရာ ၂၀ကို အမေရိကန်တပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ Kashm ကျွန်းမှာ ပေါက်ကွဲမှု အနည်းဆုံး ၆ခုခန့် ဖြစ်ပွားခဲ့ပြီး ဘူရှဲ၊ ဟာမာဒန်နဲ့ ဟော်မုဇ်နားက Sirik နဲ့ ဘန်ဒါအာဘာ့စ်ဆိပ်ကမ်းတွေ ထိခဲ့တယ်လို့ သိရပါတယ်။ CENTCOM က ခုလိုတိုက်ခိုက်မှုဟာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်တာသာဖြစ်ပြီး အီရန်ဘက်ကပစ်တာနဲ့ သက်ရောက်မှု အတူလောက်ပဲလို့ ဆိုပါတယ်။

အမေရိကန်အရာရှိတွေက အီရန်ဟာ အမေရိကန်ရဟတ်ယာဥ်ကို ရည်ရွယ်ပစ်ခတ်တာ ဟုတ်/မဟုတ် မသေချာပေမယ့် အဲဒီအချိန်မှာ ဟော်မုဇ်ထဲက သင်္ဘော/ ယာဥ်တွေဆီ ဒရုန်းတွေပစ်လွှတ်နေတာဖြစ်လို့ ရည်ရွယ်တာ ဟုတ်/မဟုတ်က အရေးမကြီးဘူးလို့ သုံးသပ်ပါတယ်။

ပစ်ချခံရတဲ့ ရဟတ်ယာဥ်က ပိုင်းလော့ ၂ဦးကို မောင်းသူမဲ့ ဒရုန်းဘုတ်က ဘေးမသီရန်မခ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ပေါင် ၁၀၀၀ အထိ သယ်ယူနိုင်တဲ့ အဆိုပါ Corsair ဒရုန်းဘုတ်ဟာ ၂၄ပေရှည်ပြီး AI နဲ့မောင်းနှင်တဲ့ Autonomous Surface Vehicle (ASV) ကို Saronic Technologies က ထုတ်လုပ်တာဖြစ်ပြီး ကယ်ဆယ်ရေးအတွက် ပထမဆုံးအကြိမ် အသုံးပြုတာဖြစ်ပါတယ်။ ၎င်းဟာ ရေမိုင် ၁၀၀၀အထိ သွားနိုင်ပြီး ၃၅ knots ထက်မြန်အောင် သွားနိုင်တာပါ။ ဒရုန်းဘုတ်ဟာ ပစ်မှတ်ကို ဖော်ထုတ်၊ ခြေရာခံ၊ နောက်ကလိုက်ပြီး ကြားဖြတ်နိုင်စွမ်းရှိပါတယ်။

အမေရိကန်တွေရဲ့ ပစ်ခတ်မှုအပေါ် အီရန်နိုင်ငံခြားဝက အာရာ့ချီက သူတို့ရဲ့ အင်အားကြီးတဲ့ တပ်မတော်ကြီးဟာ သူတို့ကို ခြိမ်းခြောက်/ တိုက်ခိုက်လာရင် မတုန့်ပြန်ဘူးဆိုတာ မရှိဘူး၊ ဘေးကင်းချင်ရင် ဒီဒေသကို စွန့်ခွာလိုက်ပါလို့ ခြိမ်းခြောက်သွားပါတယ်။ သူလည်း စီအန်အန် အကြည့်များနေပုံပါပဲ။ အမေရိကန်တွေ ကြောက်လွန်းလို့ ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင် ပြေးရတော့မလိုဖြစ်တာမျိုး မတွေ့မိပေမယ့် အီရန်ဘက်က လွန်ခဲ့တဲ့ ၂၄နာရီအတွင်း ဘာနဲ့မှမပစ်ပဲ ငြိမ်ချက်သားကောင်းနေတာတော့ လက်တွေ့ပါ။

Leave a comment