Operation Epic Fury (86)

အီရန်ကို လက်မှတ်မထိုးမချင်း ညတိုင်း အကြီးအကျယ်ဆော်ပြီး ခါ့ဂ်ကျွန်းနဲ့ ရေနံကို သိမ်းမယ်လို့ လုပ်နေဆဲနောက်ဆုံးမိနစ်နားမှာကျမှ အီရန်ဘက်က ညှိနှိုင်းပါမယ်ဆိုလို့ ပစ်ခတ်မယ့်အမိန့်ကို ပြန်ရုတ်ဆိုင်းလိုက်ကြောင်း သမ္မတထရမ့်က ကြေငြာသွားပါတယ်။ သဘောတူညီချက်က အီရန်ဘက်က လက်မှတ်ထိုးရုံပဲဆိုတော့ လုပ်မယ်ဆို နာရီပိုင်းအတွင်း ဖြစ်နိုင်ပါတယ်။ တကယ်ချပြီဟေ့ဆိုရင် လူတွေသေမှာ၊ ပျက်စီးမှာအပြင် ဟော်မုဇ်အကြာကြီးထပ်ပိတ်သွားလို့ ဆီဈေးတွေ ကုန်ဈေးနှုန်းတွေတက်မှာကို သမ္မတထရမ့်က မလိုလားတဲ့အတွက် စာရွက်ပေါ် လက်မှတ်ထိုးစေဖို့ကို အခွင့်အရေးပေးနေတာပါ။

CENTCOM ကလည်း ဟော်မုဇ်ကနေ လုံလုံခြုံခြုံ ဖြတ်သွားနိုင်ဖို့ လမ်းကြောင်းတွေ လုပ်ပေးထားကြောင်း၊ အီရန်နဲ့ မပတ်သက်တဲ့ ဘယ်ရေယာဥ်မဆို သွားလာနိုင်ကြောင်း၊ ပြီးခဲ့တဲ့ ၂လမှာ ရာနဲ့ချီတဲ့ သင်္ဘောတွေ ဖြတ်သွားခဲ့ကြောင်း၊ အမေရိကန်တပ်တွေက အီရန်ရဲ့ ရန်လိုမှုကနေ ကာကွယ်ပေးဖို့ အသင့်ရှိကြောင်း၊ အီရန်က ဟော်မုဇ်ကို ထိန်းချုပ်နေတာ မဟုတ်ကြောင်း ကြေငြာထားပါတယ်။

ထရမ့်မကြေငြာခင်မှာ အီရန်က ဘာရိန်း၊ ဂျော်ဒန်နဲ့ ကူဝိတ်တို့ကို ဒုံးကျည်တွေနဲ့ ဆက်တိုက်ပစ်ခတ် ခဲ့ပါတယ်။ အဲဒီ ၃နိုင်ငံလုံးမှာ အမေရိကန်တပ်စခန်းတွေရှိတာကြောင့် အဲဒီစခန်းတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ဂျော်ဒန်က ဒုံးကျည် ၂၀ကို ပစ်ချခဲ့ရပြီး ကူဝိတ်က လေပိုင်နက်ကို နာရီအတော်ကြာ ပိတ်ထားခဲ့ရပါတယ်။ ထိခိုက်မှု ရှိတယ်ဆိုတဲ့သတင်းတော့ မရှိသေးပါဘူး။ ဘာရိန်းမှာ ဒုံးကျည်တွေကို ပစ်ချရာက ထွက်လာတဲ့ အပိုင်းအစတွေကြောင့် ၁၁နှစ်သမီးတဦး ဒဏ်ရာရသွားပြီး ကားတွေ အိမ်တွေ ပျက်စီးမှုရှိခဲ့ပါတယ်။

အီရန်ဘက်က အခုလို တိုက်ခိုက်တာဟာ CENTCOM က အီရန်ရဲ့ စစ်ဘက်ထလရ ယန္တယားတွေ၊ ဆက်သွယ်ရေးစနစ်တွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေ၊ ဒုံးကျည်ပစ်တဲ့နေရာတွေနဲ့ ရေဒါတွေကို သန်းခေါင်ကျော်ကနေ အရုဏ်မတက်မီအထိ စုစုပေါင်း ၄နာရီကြာ ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ ဖြစ်ပါတယ်။ တီဟီရန်တဝိုက်မှာရော ဟော်မုဇ်နားက ဘန်ဒါအာဘက်စ်မြို့နဲ့ တောင်ဖက် ဆိပ်ကမ်းမြို့တွေမှာပါ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ တင်ပြကြပါတယ်။ ပစ်ခတ်မှုတွေထဲမှာ စစ်ရုံဝင်းတခု၊ စစ်တန်းလျားနဲ့ တီဟီရန်ပြင်ပက ဒေသန္တရ အစောင့်တပ်စခန်းတခု ထိသွားတယ်လို့ IRGC ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ရေဒါလည်းမရှိ၊ ဆက်သွယ်ရေးနစ်လည်းပျက်၊ လေ/ကာစနစ်လည်း မရှိရင် မျက်မမြင်၊ ဆွံ့အ နားမကြား ဖြစ်သွားတော့မှာပါ။

ထုံးစံအတိုင်း အီရန်အစိုးရသတင်းဌာနတွေက ထရမ့်ကြီး ကြောက်လို့ နောက်ဆုတ်သွားပြီလို့ ပြောကြပါတယ်။ ပြည်သူကတော့ FIFA က အစ္စလာမ္မစ်တော်လှန်ရေးမတိုင်ခင်က ခြင်္သေ့နဲ့နေ အလံကို ဘန်းပြီး သောင်းချီတဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ခဲ့တဲ့အစိုးရရဲ့ အလံနဲ့ ကမ္ဘာ့ဖလားပွဲမှာ ဝင်ဆင်နွှဲနေတာကို မကျေနပ်နေကြပါဘူး။ အီရန်အသင်းမှာ လိုက်ပါလာမယ့်သူတွေကို စီစစ်ရာမှာ ကစားသမားတွေနဲ့ နည်းပြတွေက ဝင်ခွင့်ရခဲ့ပေမယ့် အသင်းနဲ့အတူ လိုက်ပါလာမယ့် ကြီးကြပ်သူတွေဟာ အီရန်ဘောလုံးဖက်ဒရေးရှင်းတို့ IRGC တို့နဲ့ ပတ်သက်နေတဲ့အတွက် ဗီဇာထုတ်ပေးဖို့ အမေရိကန်က ပယ်ချထားပါတယ်။ အီရန်အသင်းက အမေရိကန်နယ်စပ်နား မက္ကဆီကိုဖက်က တီဟွားနားမြို့မှာ base camp ထားပြီး အမေရိကန်က ပွဲတွေကို ပွဲနေ့ကျမှ နေ့ချင်းပြန် လာကန်ဖို့ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

Leave a comment