ဒီနေ့ဟာ သမ္မတကြီးထရမ့်ရဲ့ အသက် ၈၀ပြည့်မွေးနေ့ ဖြစ်ပါတယ်။ အီရန်နဲ့ စစ်ပွဲကို ဝင်စေ့စပ်ပေးကြသူတွေက ဒီနေ့ကို မှတ်မှတ်ရရ အီရန်နဲ့ သဘောတူစာချုပ် လက်မှတ်ထိုးနိုင်ဖို့ ဝိုင်းတွန်းကြဟန်တူပါတယ်။ ခပ်စောစောထဲက deal ရဖို့ နီးနေပြီ၊ e-signature ပဲလိုတော့တယ်၊ အဲဒါကို ကာတာရီတွေက တီဟီရန်မှာ ရောက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ မကြာခင်မှာပဲ သဘောတူညီချက် ရသွားပြီဆိုတဲ့သတင်း တက်လာပါတယ်။
သမ္မတထရမ့်ကလည်း သဘောတူညီချက်က ပြီးမြောက်သွားပါပြီ၊ အဲဒါကြောင့် ဒီသောက်ြာမှာ လက်မှတ်ထိုးပြီးကြတာနဲ့ သူ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခပေးစရာမလိုပဲ ပြန်ဖွင့်စေဖို့ အမိန့်ချလိုက်ကြောင်း၊ တချိန်ထဲမှာပဲ အမေရိကန်က အီရန်ကို ပိတ်ဆို့ထားတဲ့ သူတို့ရဲ့ရေတပ်တွေကို ချက်ခြင်းရုပ်သိမ်းပေးဖို့ အမိန့်ချကြောင်း ပို့စ်လုပ်ထားပါတယ်။ ဒီသောက်ြာလို့ ဆိုရတာက မိုင်းတွေ ရှင်းပေးဖို့ဖြစ်ကြောင်း၊ ဆီကလည်း ဒေသတွင်းမှာ အဝင်ရော အထွက်ပါရှိလာမှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ အဲဒီသတင်းထွက်ပြီး မကြာခင်မှာပဲ ဘရန့်ရေနံစိမ်းဈေးနှုန်းက မတ်လ ၅ရက်မတိုင်ခင်က ဈေးကို ပြန်ကျသွားပြီဖြစ်ပါတယ်။
အဆိုပါသဘောတူညီချက်လက်မှတ်ထိုးပွဲကို လာမယ့်သောက်ြာနေ့မှာ ဆွစ်ဇာလန်မှာပြုလုပ်မှာဖြစ်ပြီး ဘယ်သူတွေတက်ပြီး လက်မှတ်ထိုးကြမယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ဒုသမ္မတ ဂျေဒီက ပါဖို့ သေချာသလောက်ဖြစ်ပြီး သမ္မတကိုယ်တိုင် တက်ရောက်ဖို့ကလည်း ဖြစ်နိုင်ခြေတခုလို့ ဆိုပါတယ်။
အဲဒီသဘောတူညီချက်မရခင်မှာ ဟဇ်ဘိုလာတွေက အစ္စရေးကို ပစ်ခတ်ခဲ့တဲ့အတွက် အစ္စရေးက ဘေရွတ်ကို ပြန် မှာ လက်ဘနွန်လည်း ပါဝင်တယ်လို့ သတင်းတွေက ဆိုကြပေမယ့် အစ္စရေးက လက်ဘနွန့်ကနေ သူတို့တပ်တွေကို ရုပ်သိမ်းပေးဖို့ ငြင်းဆိုနေပါတယ်။ သူတို့ရဲ့ လုံခြုံရေးရည်မှန်းချက် ဖြစ်တဲ့ ဟဇ်ဘိုလာတွေ အစ္စရေးကို တိုက်ခိုက်နိုင်စွမ်းကို ဖျက်ဆီးပစ်ပြီးတဲ့အချိန်အထိ အစ္စရေးတပ်တွေက လက်ဘနွန်တောင်ပိုင်းမှာ လုံခြုံရေးဇုံလုပ်ထားဖို့ရှိတယ်လို့ ဆိုပါတယ်။
အစ္စရေးရဲ့ လက်ဘနွန်က တပ်မရုပ်မယ့်အချက်က အီရန်နဲ့ သဘောတူညီချက်ကို ပျက်စေမှာလားဆိုရင် အီရန်ဘက်ကလည်း သူ့တပည့်တွေကို နိုင်အောင်ထိန်းဖို့ လိုလာပါမယ်။ အီရန်ဘက်က နောက်ဆုတ်လိုက်ရင် ဆန်ရှင်တွေ ပိုင်ဆိုင်မှုထိန်းထားတာတွေ ထုတ်ပေးဖို့ ဝေးသွားမှာဖြစ်ပြီး အီရန်ဘက်က အဲဒီလိုဖြစ်စေချင်မှာ မဟုတ်တာတော့ အသေအချာပါပဲ။ ကလေးတွေလို စိတ်မထိန်းနိုင်လို့ တိုက်တာမျိုး မိုက်မဲရင်တော့ သူတို့ကိုဆော်ဖို့ သူတို့ကိုယ်တိုင် ဖိတ်ခေါ်သလိုပဲ ဖြစ်မှာပါ။