DNC က လက်ထဲမှာ ငွေသား ၁၆.၃သန်း ရှိပေမယ့် အကြွေး ၁၈.၅သန်း တင်နေတဲ့အတွက် သူတို့ရဲ့ ဌာနချုပ်ကို အပေါင်ထားပြီး ငွေ ၁၅သန်းချေးယူခဲ့ရပါတယ်။
RNC ကတော့ လက်ထဲမှာ ငွေသား ၁၂၈.၅သန်းရှိပြီး အကြွေးလုံးဝ မရှိပါ။
၂၀၂၄ ရကပတုန်းက ကမလာက ဘိုင်ဒန်ကိုဖယ်ပြီး ဝင်လာတဲ့ ၁၅ပတ်အတွင်း ၁.၁၅ဘီလီယံကျော် ရခဲ့ပေမယ့် ၁.၅ဘီလီယံသုံးခဲ့လို့ သန်း ၅၀၀ အကြွေးတင်ခဲ့ပါတယ်။ အဲဒါကို နောက်ပိုင်းမှာ ပါတီက post-election adjustment တွေလုပ်ပြီး ဆပ်ပေးခဲ့ရတာပါ။
မစ်တမ်းရကပလုပ်ဖို့ ၉၉ရက်ပဲ လိုတော့တဲ့အချိန်မှာ House နဲ့ Senate ကမ်ပိန်းကော်မီတီတွေကို အစဥ်အလာအတိုင်း ငွေချပေးတာမျိုး DNC က မလုပ်နိုင်တော့ပဲ သူတို့ဟာသူတို့တောင် မနည်းအလျင်မီအောင် ကြိုးစားနေရတာပါ။ DNC က မပေးနိုင်ပေမယ့် အမေရိကန်ကို ပျက်စီးစေချင်တဲ့သူတွေ အဖွဲ့အစည်းတွေ နိုင်ငံတွေက ပေးကြပါလိမ့်မယ်။ ဒီနေ့ပဲသတင်းတပုဒ်တွေ့လိုက်ပါတယ်။ တြုပ်က သမ္မတထရမ့်နဲ့ အမေရိကန်ပုံရိပ်ကို မှိုင်းတိုက်ဖျက်ဆီးဖို့ သန်း၁၀၀ သုံးထားတယ်လို့ ထလရက တွေ့ရှိထားပါတယ်တဲ့။
ပါတီပိုက်ဆံ သန်းဆယ်ဂဏန်းကိုတောင် အဖြစ်ရှိအောင် မစီမံနိုင်ရင် ပြည်သူ့အခွန်ဘဏ္ဍာနဲ့ ထရီလီယံနဲ့ချီတဲ့ နိုင်ငံဝောာ်ဘတ်ဂျက်ကြီး တခုလုံးကို ဘယ်လိုစီမံကြမှာပါလဲ။ ဒါက ပါတီစွဲ ပုဂ္ဂိုလ်စွဲနဲ့ မဆိုင်တော့ပါဘူး။ ကိုယ့်အနာဂတ်၊ ကိုယ့်ကလေးတွေအနာဂတ်၊ ကိုယ့်တိုင်းပြည်အနာဂတ် အားလုံးနဲ့ ဆိုင်သွားပါပြီ။