ဒီနေ့မှာ အစ္စရေးနဲ့ ဆော်ဒီတို့က အီရတ်နယ်မြေထဲက အီရန်နောက်ခံပေးထားတဲ့ စစ်သွေးကြွတွေက ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေကို ဖျက်ချခဲ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်က ခုထိ အပစ်ရပ်ထားသလို ရေမိုင်းကို ထည့်မတွက်ဘူးဆိုရင် အီရန်ထဲကနေ တိုက်ခိုက်မှုအသစ် မရှိသေးပါဘူး။
အမေရိကန်က ၂ညဆက်တိုက် တိုက်ခိုက်မှုတွေ ရပ်ထားပြီးနောက်မှာ အီရန်ကလည်း တိုက်ခိုက်မှုတွေ ရပ်လိုက်ပြီလို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။ သူတို့ရဲ့ဗျူဟာက လက်တုန့်ပြန်ဖို့ ဖြစ်လို့ ဟိုဖက်ကမတိုက်ရင် သူတို့ကလည်း လက်တုန့်ပြန်တိုက်ခိုက်မှုတွေ မပြုတော့ပါတဲ့။ အမေရိကန်က ဆက်တိုက်နေရင် စစ်က ကျယ်ပြန့်လာမှာဖြစ်ကြောင်းနဲ့ ခုတောင် Bab-el-Mandeb ရေလက်ကြားကို ပြန့်နေပြီလို့ ဆိုပါတယ်။ အိမ်နီးချင်းတွေရဲ့ အရပ်ဖက်အဆောက်အဦတွေကို သူတို့က အရင်တိုက်တာကတော့ ငြင်းမရတဲ့ အမှန်တရားပါ။
အီရန်က MOU အရ ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်ရမှာဖြစ်ကြောင်း ပြောသွားပြီး ပါကစ္စတန်ကို အမေရိကန်နဲ့ ဂျနီဗာမှာ ဆက်လက်ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း အတည်ပြု လိုက်ပါတယ်။ MOU ပျက်သွားပြီလို့ ပြောခဲ့တာလည်း သူတို့ပါပဲ။ ဒီတခါဆွေးနွေးရင် ဟော်မုဇ်ကိစ္စကို အရင်ဆုံးဆွေးနွေးမှာဖြစ်ပြီး ပြီးရင် အမေရိကန်က ထိန်းသိမ်းထားတဲ့ အီရန်ပိုင်ဆိုင်မှုတွေအကြောင်း၊ နောက်ဆုံးမှ နျူကိစ္စအကြောင်း ဆွေးနွေးမယ်လို့ ပြောထားတာပါ။ သူတို့က ဟော်မုဇ်မှာ ကော်ရစ်ဒါ လမ်းကြောင်းသစ် လုပ်လိုက်တာကို ကန့်ကွက်ကြောင်းလည်း ပါကစ္စတန်ကို အသိပေးထားပါတယ်။
အီရန်လေသံကတော့ အတော်ဆွေးနွေးချင်နေပုံပါပဲ။ ဒါပေမယ့် စစ်တိုက်ရတဲ့အကြောင်းရင်းက နျူကိစ္စဖြစ်လို့ နျူကိစ္စကို နောက်ဆုံးမှာထားတာ အဓိပ္ပါယ်မရှိသလို ဟော်မုဇ်ကလည်း နိုင်ငံတကာ ရေလမ်းကြောင်းဖြစ်လို့ ဘာမှဆွေးနွေးစရာ မလိုတဲ့ကိစ္စပါ။ ပိုင်ဆိုင်မှုကလည်း အစကတည်းက MOU ပါအချက်တွေကို လိုက်နာရင် ဖြေလျော့ပေးမယ်လို့ ပြောထားပြီးသားဆိုတော့ ထပ်ဆွေးနွေးစရာ လိုမယ်မထင်ပါဘူး။ CENTCOM က ဟော်မုဇ်မှာ သင်္ဘောတွေ အမေရိကန်တပ်တွေရဲ့ စောင့်ရှောက်မှုနဲ့ ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။
ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mike Waltz က အီရန်အစိုးရထဲမှာ အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး အကွဲအပြဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ တချို့က ဆူပရင်းမ်လီဒါ ထံက လမ်းညွှန်မှုကို လိုချင်နေပြီး တချို့ကတော့ တခြားလမ်းကို ရွေးချင်ကြတယ်လို့ NBC ကို ပြောသွားတာပါ။ အဲဒီလိုအကွဲအပြဲဖြစ်နေတာက သံတမန်ရေးအရ ကျိုးကြောင်းဆီလျော်တဲ့ အဖြေတခုထွက်ဖို့ ခက်ခဲနေရတာလို့ သုံးသပ်သွားပါတယ်။
Mike Waltz ကပဲ ဆော်ဒီနဲ့ နျူစာချုပ်မှာ ယူရေနီယံသန့်စင်နိုင်တဲ့အချက် မပါဘူးလို့ အတည်ပြုသွားပါတယ်။ အီရန်က နျူပိုင်ဆိုင်ရင် ဆော်ဒီက သူလည်းပိုင်ရမယ်ဆိုတဲ့ ပြောဆိုချက်အပေါ် သံအမတ်ကြီးက အဲဒီနှစ်နိုင်ငံရဲ့ အခြေအနေက မတူကြောင်း၊ အီရန် နျူလက်နက်စမ်းသပ်မှု ပြုခဲ့ရင် နျူလက်နက် ပိုင်ဆိုင်ဖို့ ပြိုင်ဆိုင်ကြမှာဖြစ်ကြောင်း၊ အီရန်က အရပ်ဖက်သုံးဖို့ထက်မကတဲ့ ယူရေနီယံသန့်စင်မှုပြုနေတာ လက်ခံစရာမရှိကြောင်း ပြောသွားပါတယ်။
အီရန်ကို ၂၀၁၅မှာ ယူရေနီယံသန့်စင်ဖို့ ခွင့်ပြုခဲ့သူက အီရန်ကို ဘီလီယံချီတဲ့ ငွေသားတွေနဲ့ ကြက်ဥအဝ တိုက်ခဲ့သူ ဟူစိန်အိုဘမပါပဲ။ စာချုပ်ကတော့ ကလအုပ်ထုံးစံပါ၊ သူတို့ရဲ့ လက်နက်တွေကို လျော့ချပေးရင် အရပ်ဖက်သုံးဖို့အတွက် အနည်းငယ် သန့်စင်ခွင့်ပြုမယ်လို့ ဆိုတာပါ။ မြေအောက် တောင်အောက် လှိုဏ်ခေါင်းတွေမှာ လက်နက်တွေ ဖွက်ထားရင် ဟူစိန်ဘယ်သိနိုင်ပါ့မလဲ။ ယူရေနီယံသန့်စင်တာလည်း နဲနဲလား များများလား စစ်ဆေးတာ မရှိဘူးဆိုတော့ သိမှာတောင် စိုးနေသလားပါ။ ညံ့ဖျင်းလွန်းတာလား၊ တမင်အလေးသာပေးတာလား ဘယ်လိုထင်ကြပါသလဲ။ ဘာပဲဖြစ်ဖြစ် ဒီမိုကရက်အားလုံးက အီရန်အာဏာရှင်တွေဘက်ကဆိုတာတော့ အထင်အရှားပါ။
မနေ့က ဟော်မုဇ်ရေလက်ကြား အီရန်သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းပြင်ပမှာ ရေနံတင်သင်္ဘော တစီး ရေမိုင်းထိသွားလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ အီရန်မီဒီယာတွေက ဆိုပါတယ်။ ဘယ်နိုင်ငံက ဘာအလံတင်သင်္ဘောဆိုတာရော ထိခိုက်ဒဏ်ရာရ/မရ၊ ရေနံတွေဖိတ်စင်မှုရှိ/မရှိတို့ကို ဘယ်ကမှ တရားဝင်အတည်ပြုထားတာ မရှိသေးပါဘူး။ အရင်ရက်က သမ္မတထရမ့်က အီရန်လက်ချက်နဲ့ သင်္ဘောတွေ/ ကုန်စည်တွေ ပျက်စီးမှုဖြစ်ရင် အီရန်ပိုင်ဆိုင်မှုတွေထဲက နှိမ်ယူမယ်လို့ ပြောထားတော့ ဒီမိုင်းထိတဲ့သတင်းမှန်ခဲ့ရင် အီရန်ပေးလျော်ရမှာပါ။
အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့ထားမှုကို အနည်းဆုံး ၄ကြိမ် ကျော်ဖို့ကြိုးစားပြီး အီရန်ဆိပ်ကမ်းကို သွားဖို့ကြိုးစားခဲ့တဲ့ M/T Lavine ကို သတိပေးတာ နားမထောင်ခဲ့လို့ အင်ဂျင်ခန်းကို ပစ်ခတ်ခဲ့ရပါတယ်။ ဒါက ပိတ်ဆို့မှုပြန်လည်စတင်အပြီးမှာ ဒုတိယမြောက် ပစ်ခတ်မှုဖြစ်ပြီး ၂စီးပေါ်ကို တက်ရောက်စစ်ဆေးခဲ့ကာ ၁၇စီးကို ပြန်လှည့်စေနိုင်ခဲ့ပါတယ်။ အဲဒီ M/T Lavine ရေနံတင်သင်္ဘောဟာ အမေရိကန်ရဲ့ Office of Foreign Asset Control (OFAC) ဆန်ရှင် ၂နှစ် ကျခံထားရတဲ့ M/T Disha ကို အမည်ပြောင်းထားတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ယူအေအီးက ဟော်မုဇ်ဟာ အီရန်ပိုင်နက်မဟုတ်ပဲ ဒေသတွင်းနိုင်ငံတွေအားလုံးက အပြည့်အဝ ဖွင့်လှစ်ထားသင့်တယ်လို့ ကြေငြာသွားပါတယ်။ အားလုံးနဲ့သက်ဆိုင်တဲ့ အဆိုပါရေလက်ကျားမှာ လွတ်လပ်စွာသွားလာခွင့်ဟာ အရေးကြီးသလို အားလုံးရဲ့ တာဝန်လည်းဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ပြောကြားသွားတာပါ။
အာရာ့ချီကတော့ ယူကရိန်းက အီရန်သင်္ဘောတစီးကို (တာဝေးဒရုန်းနဲ့) ပစ်ခတ်ခဲ့တာဟာ အစ္စရေးရဲ့ တောင်းဆိုမှုကြောင့်လို့ စွပ်စွဲလိုက်ပြီး အဲဒီပစ်ခတ်မှုအပေါ် နိုင်ငံတကာရဲ့ တာဝန်ယူမှု/တာဝန်ခံမှု ရှိဖို့ တောင်းဆိုထားပါတယ်။ ဟော်မုဇ်မှာ သူတို့ပစ်ခဲ့တာတွေ မိုင်းချတာတွေအတွက် တာဝန်ယူမှု/ တာဝန်ခံမှုက ဘယ်မှာပါလဲ။ အီရန်က တီဟီရန်က ယူကရိန်းသံမှူးကို ခေါ်ယူသတိပေးခဲ့ပြီးနောက် လွှတ်တော် ဒု-စပီကာ Ali Nikzad က သူတို့ကိုပစ်တဲ့နိုင်ငံရော ပစ်ခတ်မှုစတင်ရာနယ်မြေရောက သူတို့ရဲ့ တရားဝင်ပစ်မှတ်တွေဖြစ်လို့ ယူကရိန်းရဲ့ အဆင်အခြင်မဲ့လုပ်ရပ်က ဒီတိုင်းပြီးမသွားဘူးလို့ ကြိမ်းဝါးသွားပါတယ်။ သူကြိမ်းတဲ့ထဲမှာ ယူကရိန်း၊ ဗြိတိန်နဲ့ ဘူလ်ဂေးရီးယားတို့ ပါဝင်ပါတယ်။
နန်းကျရှားဘုရင်ရဲ့သား ရီဇာပါလာဗီက သူ့ကို IRGC အရာရှိတချို့အပါအဝင် လုံခြုံရေးအရာရှိတွေက လျှို့ဝှက်ဆက်သွယ်ခဲ့ပြီး အစ္စလာမ္မစ်အစိုးရလက်အောက်မှာ ဆက်မနေချင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဆီးရီးယားသမ္မတ Ahmed Al-Sharaa က အစ္စရေးနဲ့ လုံခြုံရေးသဘောတူညီချက်တခု စာချုပ်နိုင်ဖို့ ကြိုးစားနေကြောင်း Al Jazeera နဲ့အင်တာဗျူးမှာ ပြောသွားပါတယ်။ အဲဒီသဘောတူညီချက်ဟာ ဆီးရီးယားရဲ့ ဂိုလန်ကုန်းမြင့်ပိုင်ဆိုင်မှုကို မထိခိုက်ပဲ နှစ်နိုင်ငံ ပြည့်ပြည့်ဝဝ ငြိမ်းချမ်းရေးရဖို့ လမ်းခင်းပေးနိုင်မယ်လို့ မျှော်လင့်တာဖြစ်ပါတယ်။ အစ္စရေးနဲ့ ကပ်နေတဲ့ ဂိုလန်ကုန်းမြင့်ကို အစ္စရေးက အာရပ်နိုင်ငံတွေက အစ္စရေးကို ပင်လယ်နီဘက် မသွားနိုင်အောင် တားဆီးခဲ့ရာက စခဲ့တဲ့ ၁၉၆၇ ခြောက်ရက်ကြာစစ်ပွဲ အပြီးမှာ သိမ်းယူသွားခဲ့တာပါ။ အခုလည်း လက်ဘနွန်က ဟဇ်ဘိုလာတွေ မြောက်ဖက်ကနေ အစ္စရေးကို ဝင်ဝင်တိုက်နေတဲ့အတွက် လက်ဘနွန်တောင်ပိုင်းကို လုံခြုံရေးအရ ကြားခံဇုံအဖြစ်ထားဖို့ သိမ်းထားပါတယ်။