ဖောက်ချီရဲ့ ဆီးနိတ်ကြားနာပွဲ

ဒီနေ့ ဆီးနိတ်ရဲ့ Homeland Security & Governmental Affairs Committee က ပြုလုပ်တဲ့ ဖောက်ချီရဲ့ လွှတ်တော်ကြားနာပွဲဟာ ပြည်သူအများရော သတင်းဌာနတွေပါ စိတ်ဝင်စားမှု များပြားခဲ့ကြပါတယ်။ ဖောက်ချီဟာလည်း ဘိုင်ဒန်/ အော်တိုပန်နဲ့ ပါဒန်ရထားပေမယ့် တော်တော်လေး တုန်လှုပ်နေပုံရပြီး အရင်လို ရန်ဒ်ပေါလ်ကို ကြက်ခေါင်းဆိတ်မခံ ပြန်ရန်တွေ့တာမျိုး ပြန်ချေတာမျိုး လုံးဝမရှိပဲ ရှေ့နေက အသင့်ရေးပေးထားပုံရတဲ့ စာရွက်ကို ဖတ်စဥ်မှာ လက်တွေတုန်နေတာကို တွေ့ရပါတယ်။ အော်တိုပန်နဲ့ ပါဒန်ဆိုရင် တရားမဝင်ဘူးလို့ ပြောနေကြတာရော ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖောက်ချီဒိုင်ယာရီဆိုပြီး စာမျက်နှာထောင်ကျော် ထွက်ထားတာရောကြောင့် ကြောက်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဖောက်ချီရဲ့ ဒိုင်ယာရီလို့ ထွက်နေတဲ့ဟာက တကယ့်ဒိုင်ယာရီမဟုတ်ပဲ ကွန်ပြူတာပေါ်က မှတ်တမ်းတွေပဲ ဖြစ်ပါတယ်။ လျို့ဝှက်သိမ်းဆည်းထားတဲ့ အစိုးရဆာဗာ ၁၂လုံးပေါ်မှာ ရှိနေတာကို ၈လလောက် အချိန်ယူပြီး ဖော်ထုတ်တွေ့ရှိလာတာပါ။ တကယ့်ဒိုင်ယာရီက ကိုယ်ရေးမှတ်တမ်းလို ဖြစ်တော့ တချို့က ကိုယ်ရေးကိုယ်တာတွေကို အခုလို မဖြန့်သင့်ဘူးလို့ ပြောကြပါတယ်။ အခုဟာက အစိုးရဆာဗာပေါ်က အစိုးရကိစ္စဖြစ်တဲ့အပြင် လူသန်းပေါင်းများစွာရဲ့ အသက်နဲ့ဆိုင်တာဖြစ်လို့ အများနဲ့ ဆိုင်ကို ဆိုင်နေပါပြီ။

ကြားနာပွဲဟာ လွှတ်တော်မှာဖြစ်ပြီး တရားရုံးမှာမဟုတ်တဲ့အတွက် လာရောက်အစစ်ခံတဲ့သူဟာ ပေးထားတဲ့ခုံမှာ ထိုင်ရပြီး ရှေ့နေက အတူထိုင်ခွင့်မရှိပါဘူး။ အဲဒါကို the National Institute of Allergy and Infectious Diseases (NIAID)ကို ၃၈နှစ်ကြာ ဦးစီးခဲ့ပြီး လွှတ်တော်မှာ အကြိမ်ပေါင်းများစွာ အစစ်ခံခဲ့ဖူးတဲ့ ဖောက်ချီက မသိစရာအကြောင်း လုံးဝမရှိပါဘူး။ ဒါပေမယ့် သူ့ရှေ့နေကလည်း အတင်းဖောက်ချီဘေးမှာ လာထိုင်နေသလို ဖောက်ချီကို မေးသမျှကိုလည်း သူက ဝင်ပြောနေလို့ ကော်မီတီဥက္ကဋ္ဌ ရန်ဒ်ပေါလ်က အစောင့်တွေကို ခေါ်ထုတ်သွားဖို့ ညွှန်ကြားခဲ့ရပါတယ်။ တရားရုံးမှာဆိုရင်တော့ အခုလိုလုပ်ရပ်ဟာ အချုပ်ကျမှာဖြစ်ပါတယ်။

ဖောက်ချီကို ဒီနေ့ဘာနေ့လဲ၊ ခင်ဗျားလည်စည်းက ဘာအရောင်လဲ၊ စတဲ့မေးခွန်းတွေကအစ အကုန်လုံးကို ခြေ/ဥ ပြင်ဆင်ချက် ၅ နဲ့ပဲ ကာပြီး ဘာကိုမှ ဖြေမသွားပါဘူး။ အဲဒီလောက်ကို ကြောက်နေတာပါ။ ခြေ/ဥပြင်ဆင်ချက် ၅ ကို ဒီနေ့တရက်ထဲမှာတင် ၁၁၁ကြိမ် သုံးသွားပါတယ်။ ခြေဥပြင်ဆင်ချက် ၅ မှာ အချက် ၅ချက်ပါပြီး ခုကိစ္စမျိုးက သူတို့ကို အပြစ်ရှိတယ်လို့ ထင်မြင်စေနိုင်တယ်ဆိုရင် သက်သေပြရန်/ အစစ်ခံရန်/ ထွက်ချက်ပေးရန် အတင်းအကြပ် စေခိုင်းခြင်း မပြုနိုင်ဆိုတဲ့ အပိုဒ်ပါ။ “pleading the fifth” လို့ ခေါ်ကြပါတယ်။

တကယ်ဆို အသက် ၈၅နှစ်ရှိပြီဖြစ်တဲ့ ဖောက်ချီက အလုံးစုံပါဒန် ရထားပြီးသားဖြစ်လို့ ပြစ်ဒဏ်ကျခံရမှာ မဟုတ်ပေမယ့် တနွယ်ငင်တစင်မက ပါလာနိုင်တာကြောင့် မဖြေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုသာဆိုရင် ကြောက်တဲ့သူက သူတယောက်ထဲ မဟုတ်နိုင်သလို သူကလည်း ရန်ဒ်ပေါလ်ကို ကြောက်တာ မဟုတ်နိုင်ပါဘူး။ ဘစ်ဖာမာနဲ့ ကမ္ဘာ့ရွာလက်တံက ရှည်သလို မတော်တဆဆိုတာလည်း ဖြစ်တတ်တယ်လေ။

အခုလိုမျိုး ကွန်ဂရက်စ်မှာ မေးသမျှကို 5th နဲ့ပဲ ထိုင်ကန်ထုတ်နေတော့ ဆီးနိတ်က criminal contempt လုပ်နိုင်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဘိုင်ဒန်လက်ထက်က ထရမ့်လက်ထောက် ၂ဦးဖြစ်တဲ့ ပီတာနဗာရိုးနဲ့ စတိဗ်ဘန်နွန်တို့ကို ဆီးနိတ်ဂျန်၆ကော်မီတီက စစ်ဖို့ခေါ်တုန်းက မလာတာရော executive privilege နဲ့ ပြောဖို့ငြင်းတာရောကြောင့် ထောင် ၄လစီ ကျခဲ့ပါတယ်။ ဂျန်-၆ ကိစ္စက ကဗလိုပဲ ဒီမိုကရက်တွေအာဏာသိမ်းမယ့် လုပ်ဇတ်ကြီးဖြစ်တာ ခုတော့ ပေါ်သွားပါပြီ။

မီဒီညာကတော့ ပလန်ဒဲမစ်တုန်းက ဖောက်ချီတို့ ဒီမိုကရက်တို့ဘက်ကနေ ဖာခဲ့ ဖေးခဲ့ကြသလိုပဲ အခုလည်း ဖောက်ချီမဖြေတာ ရန်ဒ်ပေါလ်အပြစ်လိုလို ရေးကြပြန်ပါတယ်။ ရန်ဒ်ပေါလ်ကလည်း ဆရာဝန်ပါပဲ။ ကဗတုန်းက အကူးခံလိုက်ရသလို ဆေးရုံတွေမှာ လိုက်ဆေးကုလုပ်အားပေးခဲ့သူဖြစ်လို့ ရောဂါအနေအထား ဥပဒေရဲ့ ဆေးရုံ ဆေးခန်း လူနာ တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတာတွေအပေါ် သက်ရောက်မှုတွေကို မျက်မြင်ကြုံခဲ့ရသူ ဖြစ်ပါတယ်။

ကဗကာလအတွင်း ဖောက်ချီရဲ့ ဗလောင်းဗလဲနိုင်မှုက နှာခေါင်းစည်းမှာစတာပါ။ အစပိုင်းမှာ မတပ်ပါနဲ့၊ အလကားပါ၊ မထိရောက်တဲ့အပြင် လူအများလုဝယ်ရင် ဆေးဝန်ထမ်းတွေ မလောက်မင ဖြစ်ကုန်ပါမယ်လို့ ပြောခဲ့ရာကနေ နောက်တော့ ကူးစက်နိုင်နှုန်း သိပ်နည်းတဲ့ ကလေးတွေပါတပ်၊ တထပ်မလောက်ရင် နှစ်ထပ်တပ် ဆိုတဲ့အထိ ပြောင်းသွားတာပါ။ ပွတဲ့လူတွေလည်း အတော်ပွလိုက်ကြပါတယ်။ ကာလီဖိုးနီးယားက ဒီမိုကရက်အမတ် တက်လျူရှယ်ယာပါတဲ့ကုမ္ပဏီက တရုပ်လုပ်နှာခေါင်းစီး အရင် သိန်းဂဏန်း မြတ်နေရာကနေ မန်ဒိတ်လုပ်ပြီးတော့ သန်းရာဂဏန်းအထိ မြတ်သွားတာပါပဲ။

ပိုဆိုးတာကတော့ အိုင်ဗာမက်တင်ကို ပိတ်တာပါပဲ။ ဈေးချိုပြီး နိုင်ငံတိုင်းမှာ ပေါပေါများများ ရနိုင်တဲ့ အိုင်ဗာမက်တင်နဲ့ ကဗကုသလို့ ကောင်းသွားသူတွေ အများကြီးရှိလို့ ကုတဲ့ဆရာဝန်တွေကပါ ထွက်ပြောလာခဲ့ကြတာပါ။ အဲဒီဆရာဝန်တွေရဲ့ အသံတွေကို မီဒီညာ ဆိုရှယ်မီဒီညာက ဘန်းလုပ်၊ ဖျောက်ဖျက်၊ အဲဒီဆရာဝန်တွေကို အလုပ်ထုတ် စတဲ့ နည်းမျိုးစုံနဲ့ ညစ်ခဲ့ပါတယ်။ အိုင်ဗာမက်တင်ကို ဘာလို့ဘန်းသလဲဆိုတော့ အခုလို ဈေးချိုပေါများတဲ့ဆေးနဲ့ ကုသနိုင်မယ်ဆိုရင် ကကဆထုတ်စရာ မလိုတော့တဲ့အတွက် အရေးပေါ်ကာကွယ်ဆေးထုတ်ဖို့ အစိုးရဆီက ဘီလီယံချီတဲ့ ထောက်ပံ့ကြေး မရတော့မှာအပြင် ဈေးကွက်အကြီးကြီးတခုကိုပါ လက်လွှတ်လိုက်ရတော့မှာဖြစ်လို့ပါ။

တဖက်က ဈေးချို ပေါများတဲ့ဆေးကို ဆရာဝန်တွေ လုံးဝ မသုံးဖို့ ဘန်းလိုက်သလို တဖက်မှာလည်း လူတွေကို အကြောက်တရားကြီးစိုးအောင် နံပါတ်တွေကစား၊ အသေမများများအောင် နောက်ကျအောင်စောင့်ပြီးမှ အောက်ဆီဂျင်ပေး၊ လူအိုရုံတွေကို ပိုးကူးလုနာတွေပို့၊ ဆေးရုံတွေကို လူနာရှင်တွေ ပေးမလာပဲ ထင်တိုင်းကြဲ၊ မီဒီညာက ဒီနေ့ထိ လူဘယ်လောက်သေသွားပြီဆိုတာကိုပဲ နေ့တိုင်း အသားပေးပြနဲ့ ဝိုင်းပြီးကစားကြပါတယ်။

သေတဲ့လူတွေရဲ့ ရောဂါတွေက အမျိုးစုံ ဖြစ်နိုင်ပေမယ့် ကဗကာလမှာ အားလုံးလိုလိုက ကဗကြောင့်ချည့် ဖြစ်နေတာလဲ လူပိုကြောက်မှ ကကဆများများရောင်းရအောင်ပါ။ အဲဒါတောင် မကြောက်ကြလို့ ဆေးထိုးထားတဲ့လက်မှတ်မပါရင် ဘယ်မှမသွားရ၊ ဘာမှလုပ်မရ၊ ဘာမှ ဝင်စားလို့မရ ဖြစ်အောင်လုပ်၊ ပိုက်ဆံပေးရ/ အာမခံရှိမှဆိုရင် လူသိပ်မထိုးမှာစိုးလို့ အစိုးရက အခမဲ့ပေးတယ်လို့ လုပ်ကြပါတယ်။ အစိုးရက အခမဲ့ပေးတာက ပြည်သူ့အိတ်ထဲကပဲ လာတာပါ။

ဖောက်ချီက ဒိစတိတ်ရဲ့ လက်တံတခုဖြစ်တော့ နောက်လက်တံတခုဖြစ်တဲ့ ထလရကလည်း သူ့ရဲ့ gain of function research နဲ့ ဘစ်ဖာမာ ပတ်သက်နေတာတွေကို ဖုံးဖိပေးပါတယ်။ အဲဒီသုတေသနမှာ အန္တရာယ်များလှတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ဝူဟန်လက်ဘ်နဲ့ စမ်းသပ်ပြီး ထရီလီယံမြတ်နိုင်တဲ့ ယူနီဗာဆယ်ကကဆထုတ်ဖို့ ကြံကြပါတယ်။ လက်ဘ်က ထွက်လာတာလို့ မပြောပဲ လင်းနို့တွေ စားမိလို့ ဖြစ်သလိုလည်း သတင်းလွှင့်လိုက်ပါသေးတယ်။ အဲဒါလည်း ဒိစတိတ်လက်ပါးစေ ထလရကို ဝူဟန်ကိစ္စ အစဖျေောက်ထားဖို့ ဖောက်ချီက ညွှန်ကြားခဲ့လို့လို့ DNI တူလ်စီဂက်ဘတ်က ပြောသွားပါတယ်။ တူလ်စီက ဖောက်ချီကျမ်းကြိမ်ထွက်ဆိုခဲ့တာတွေနဲ့ လုံးဝကွဲလွဲတဲ့ ထလရမှတ်တမ်းတွေ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

တရုပ်အစိုးရပိုင် ဝူဟန်ကို ငွေပေးပြီး ကိုရိုနာဗိုင်းရပ်စ်သုတေသနတွေ လုပ်ခိုင်းထားတာရယ်၊ သမ္မတထရမ့်အောင်မြင်နေလို့ လူကြိုက်များနေတဲ့အတွက် သူတို့လူဒီမိုကရက်တွေ မနိုင်နိုင်တာသိလို့ စာတိုက်မဲလုပ်နိုင်အောင် လော့ဒေါင်းကာချာလ်လုပ်တာရော၊ သမ္မတထရမ့်က တရုပ်ကလေယာဥ်တွေ ပိတ်ပေမယ့် ပလိုးစီမက ချိုင်းနားတောင်းသွားပြီး အတင်းကြီး တရုပ်တွေလာပါသွားလုပ်တာရော၊ ဝူဟန်ကမှန်း ထင်ရှားလာတာတောင် တရုပ်ကို နဲနဲလေးမှ လေနဲ့တောင် မပစ်မှားတာရော ကြည့်လိုက်ရင် တရုပ်၊ ဒီမိုကရက်၊ ကမ္ဘာ့ရွာ၊ အားလုံးဟာ တကြိတ်ထဲ တဉာဏ်ထဲမှန်း သိသာပါတယ်၊ ဝူဟန်လက်ဘ်မှာလုပ်ခဲ့တဲ့သူတဦးကတော့ ဆိုရှယ်မီဒီယာမှာ ကြောက်လန့်တကြား သတိထွက်ပေးပြီး သူမလည်း ပျောက်သွားတော့တာပါပဲ။

ဖောက်ချီက ကဗကာလမှာ သူ့ရဲ့လုပ်ရပ်တွေက အဆိုးရွားဆုံးလို ဖြစ်ခဲ့ပေမယ့် သူ့ကို ပေးထားတဲ့ပါဒန်က ၂၀၁၄ကစပြီး အကျုံးဝင်နေပါတယ်။ ၂၀၁၄တုန်းက influenza, SARS, MERS ဗိုင်းရပ်စ်တွေနဲ့ ပတ်သက်ပြီး လုံခြုံမှုပြဿနာတွေ ရှိခဲ့လို့ ပန်ဒဲမစ်ဖြစ်လာနိုင်တဲ့ ပိုးတွေကို ပိုအန္တရာယ်ကြီးအောင် ပိုကူးလွယ်အောင် လုပ်နေတယ်ဆိုပြီး လူထုကြား အငြင်းပွားသံတွေ ကျယ်လောင်လာတဲ့အတွက် အဲဒီနှစ်အောက်တိုဘာမှာ ငွေပေးတာခေတ္တရပ်ဆိုင်းခဲ့ပါတယ်။

ဖောက်ချီနာမည်က အဲဒီလို ပန်ဒဲမစ်ဖြစ်လာနိုင်တဲ့ပိုးတွေကို မြန်မြန်ပြန့်အောင်နဲ့ ပိုသေနိုင်အောင် စမ်းကြတဲ့ သုတေသနက ဖောက်ချီနဲ့ ခွဲမရသလို Beaglegate ဆိုတဲ့ Beagle ခွေးကလေးတွေရဲ့ ခေါင်းကို ခြင်ထောင်လိုအိတ်နဲ့စွပ်ပြီး ခြင်အကိုက်ခံခိုင်းတာ၊ ပြီးရင်ဆေးတွေ အတင်းကျွေးပြီး စမ်းသပ်တာ၊ မအော်နိုင်အောင် အသံကြောဖြတ်ထားတာတွေ လုပ်ခဲ့တာတွေနဲ့လည်း ခွဲမရပြန်ပါဘူး။ လအတော်ရပြီးမှ ဖျက်ချခံရတဲ့ လူသန္ဓေသားတွေရဲ့ အစိတ်အပိုင်းတွေကို ကြွက်တွေမှာ စမ်းသပ်တဲ့ BLT sandwich လို့နာမည်ပေးထားတဲ့ သုတေသနကိုလည်း NIH က အကုန်အကျခံခဲ့တာပါ။

ဖောက်ချီက သမ္မတထက် လခများတဲ့ အစိုးရအဖွဲ့အစည်းတွေထဲမှာ အမြင့်ဆုံးရတဲ့သူဖြစ်သလို ပင်စင်လည်း များလှပါတယ်။ ဘစ်ဖာမာဘက်က ကကဆတွေကနေ အများကြီးလည်း ရဦးမှာပါ။ ဒါတောင် ဖက်ဒရယ်ဝန်ထမ်း ၈ယောက်ကို အသုံးချပြီး ရှိသမျှဆုလျောက်ခိုင်းပြီး ရသမျှဆုကြေး အကုန်ကြိတ်သေးတာပါ။ သူ့ဇနီးက NIH က bioethics မှာ ခေါင်းဆောင်ဆိုတော့ အဆင်သင့်လိုက်လေပေါ့။

လက်ရှိကျန်းမာရေးဝက ရောဘတ်ကနေဒီဂျူနီယာက ဖောက်ချီတို့ ပီဒိုဂိတ်စ်တို့ ဘစ်ဖာမာတို့ ကမ္ဘာ့ရွာတို့ အားလုံးပေါင်းပြီး ပြည်သူ့ကျန်းမာရေးနဲ့ ဒီမိုကရေစီကို တိုက်ခိုက်လာနေတဲ့အကြောင်းကို ၂၀၂၁ မှာထုတ်ခဲ့တဲ့ The Real Anthony Fauci ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ပါတယ်။ အဲဒီစာအုပ်က နောက်တော့ အုပ်ရေသန်းကျော်ရောင်းရပြီး နယူးယောက်တိုင်းမ်စ်ရဲ့ ရောင်းအားအကောင်းဆုံးစာရင်း ဝင်သွားပေမယ့် ထွက်ခါစက နယူးယောက်တိုင်းမ်စ်မှာ ပိုက်ဆံပေးပြီး ကြော်ညာပါမယ့်ဆိုတာကို ပေးမကြော်ငြာ၊ တနိုင်ငံလုံးအနှံ့ရှိတဲ့ စာအုပ်ဆိုင်ကြီး အတော်များများက တင်မရောင်း၊ စာကြည့်တိုက်တွေကလည်း တင်ဖို့ငြင်း၊ သတင်းစာတွေကလည်း စာအုပ်အကြောင်း မှတ်ချက်မပေး၊ အမေဇုန်က ရှဲဒိုးဘန်းလုပ်၊ ယူကျုကလည်း စာအုပ်လက်မှတ်ထိုးတဲ့ ဗီဒီယိုတွေ ဖြုတ်ချခဲ့လို့ ဆင်ဆာအလုပ်ခံရဆုံးစာအုပ်ပါလို့ ဆိုပါတယ်။

မနေ့က သမ္မတထရမ့်က အန္တရာယ်ရှိတဲ့ Gain of Function သုတေသနလုပ်ငန်းတွေအတွက် အစိုးရဘတ်ဂျက်ပေးနေရတာတွေအားလုံးကို ရပ်တံ့ဖို့ ပေါ်လစီချမှတ်ပေးလိုက်ပါပြီ။

Leave a comment